Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, March 4, 2014

နွေရာသီကို ပူလွန်းလို့ မကြိုက်ဘူးလို့ဆိုတဲ့ နန်းခင်ဇေယျာ

ပြိုင်ပွဲတွေမှတစ်ဆင့် အနုပညာလောကထဲ ကို ဖြေးဖြေးနဲ့မှန်မှန်ဝင်ရောက်လာတဲ့ နန်းခင်ဇေယျာက ခုဆိုရင် ဗီဒီယိုကား ၃ကားမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပြီး လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းကိုတော့ ‘ခုရိုက်နေတဲ့ဇာတ်ကားမှာ ညီမနဲ့ အတူ ရဲအောင်၊ မိုးအောင်ရင်တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ တပြားသု ပါ။ ကားနာမည်ကတော့ မသေချာသေးလို့ ပြောလို့မရသေးဘူး။ ဒီဇာတ်ကားလေးဟာ ပရိသတ်အတွက် ထူးခြားမှုတွေနဲ့တွေ့ရမယ့်ဇာတ်ကားလေးပါ။ အတည်ဟာသလေးလို့ ပြောလို့ရပါတယ်။ မိန်းမနဲ့ယောင်္ကျားကွဲလွဲချက်လေးတွေကို ရိုက်ပြထားတာဖြစ်ပြီး အပြင်မှာဖြစ်နေတဲ့ဟာတွေကို ရိုက်ပြထားတာပါ။’လို့ သူမက ပြောပါတယ်။
နွေရာသီနဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်ကိုတော့ သူမက ‘အရမ်းပူတယ်။ အပြင်မှာ ထွက်ရိုက်ရတဲ့ ဆင်းလ်တွေဆို အသားအရေ တော်တော်လေးထိတယ်။ နွေရာသီမှာ အနွေးထည်ဝတ်ရင်လဲ ပူတော့ အေးတဲ့ အသားလေးတွေကို လက်ရှည်ဝတ်ရတယ်။ နွေရာသီဆိုရင် နယ်မှာနေလို့ကောင်းတယ်။ ရှမ်းပြည်မှာဆိုရင်ပေါ့။ ဒီမှာကတော့ပူလာပြီ။ နွေရာသီကို မကြိုက်တဲ့အထဲမှာ ပါတယ်။ နွေရာသီဆို ဘယ်နားသွားနေရမလဲဆိုတာပဲ တွေးနေမိတယ်။ နွေရာသီမှာ ခရီးမထွက်ဘူး။ သင်္ကြန်ကလည်း ခုထိ ဘယ်မှာကျဖြစ်မယ်မသိသေးဘူး’တဲ့။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment