Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Friday, March 21, 2014

နွေရာသီမှာ အရောင်တောက်တောက်တွေ ၀တ်တာမျိုးရှောင်စေချင်တယ်လို့ ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

 နှလုံးသားအရင်းအနှီး သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်ကို သူ့ရဲ့ နွေရာသီစိတ်ခံစားချက်၊ ဖက်ရှင်နဲ့ အသားအရေအတွက် မေးမြန်းကြည့်လိုက်တဲ့အခါ ‘နွေရာသီနဲ့ ပတ်သက်တဲ့ ခံစားချက်က ငယ်ငယ်တုန်းကနဲ့တော့ မတူတော့ဘူးပေါ့။ ငယ်ငယ်တုန်းကဆို နွေရာသီရောက်ပြီဆိုရင် ကျောင်းသုံးလပိတ်တော့ ပျော်တယ်။ အခုချိန်နွေရာသီ ကတော့ အရင်ကနဲ့ကို မတူတော့ပဲ၊ တအား ပိုပူပြင်းလွန်းပါတယ်။ အလုပ်လုပ်ရတာလည်း အဆင်မပြေ ဖြစ်စေပါတယ်။ လူရဲ့ အင်အားတွေကို ပိုပြီးပင်ပန်းစေတယ်။ နွေရာသီမှာ အရောင် တောက်တောက်တွေ ဝတ်ဆင်တာကို ရှောင်စေချင်တယ်။ အိုင်းရင်းကတော့ သီချင်းသွင်းဖို့ သွားရမယ်ဆိုရင် ကိုယ်ပေါ်မှာ လွတ်လွတ် လပ်လပ်ရှိပြီး ချောင်ချောင်ချိချိဖြစ်မယ့် အဝတ်အစားမျိုးတွေ ဝတ်ပြီးသွားတယ်။ ရှိုးပွဲဖျော်ဖြေဖို့ ရှိရင်တော့ အရောင်တွေ ဘာတွေမရွေးတော့ပဲ ရှိုးပွဲအတိုင်း ဝတ်ဆင်ပါတယ်။ အပြင်သွားရင်တော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ လုံခြုံမှုရှိတဲ့ပုံစံမျိုးပဲ ဝတ်ဖြစ်ပါတယ်။ အပြင်သွားမယ် ဆိုရင်တော့ Lotion ကတော့ လိမ်းဖြစ်ပါတယ်။ နွေရာသီမှာက Lotion လိမ်းရင်တောင် ချွေးပြန်တတ်တော့ အဆင်မပြေဘူး။ အဲဒီ့တော့လိုအပ်မှ လိမ်းဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်တော်ညက အိုင်းရင်းနဲ့ အိမ်မက်ထဲမှာတွေ့တုံး နည်းနည်းဗျူးတာဗျ အဲဒါတွေကိုပရိသတ်တွေသိအောင် ပြန်တင်ပေးတာနော် ....မယုံမရှိနဲ့ဗျတကယ်ပြောတာ။

(ချမ်းမြေ့)

No comments:

Post a Comment