Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 26, 2014

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း

 ခုနှစ်ရက်သားသမီးများ ရှေ့ဘာဖြစ်မလဲ သေမလား လေဖြတ်မလား ဖြစ်ချင်တာဖြစ် ချက်ချင်းအကောင်းပကတိစွမ်းတယ့် ယတြာ တွေနဲ့ မှန်ကန်တယ့် အနာဂတ်ကို သိချင်ပါသလား အောက်မှာ ဖတ်ပါ

တနင်္ဂနွေသားသမီးများအတွက် အထူးယတြာ
 “နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို ထင်ရှားစွာတွေ့မြင်နေရသဖြ**့ အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့် ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။ အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့် အကြောင်းပါသွားသဖြ**့ အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြ**့ အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment