Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, March 13, 2014

တညတည်းနဲ့ နှစ်ခါခြောက်သည့်သရဲ

အဲ့ညက အကို့သူငယ်ချင်းအသုဘ ရက်လည်ဖို့ညပေါ့။
တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့မှဗျာ ဂိမ်းဆိုင်ကနေ
ကျွန်တော် နောက်ကျမှ ပြန်ရောက်တယ်။
၉း၀၀ လောက်ပေါ့ဗျာ။အိပ်ရာပေါ်လဲလှဲ အိပ်ပျော်သွားတာ။
မစောပါဘူးဗျာ မနက်၈နာရီက သွားတာလေ။
ကျွန်တော်လဲအိပ်ပျော်သွားရော အကို သရဲအခြောက်ခံရတာ ဒီလိုဗျ။

အိမ်မှာက အိမ်သာ၂လုံးထားတယ်။အိမ်ထဲမှာ တလုံးအပြင်မှာတလုံး။
အိမ်ထဲက ဟာက ရေချိုးခန်းနဲ့တွဲထားတာ။အကိုက အမြဲတမ်း
အထဲက အိမ်သာမလွတ်လပ်လို့ဆိုပြီး အပြင်ပဲသွားသွားတက်တယ်။
ဒါမဲ့ ထူးထူးဆန်းဆန်းဗျာ အဲ့နေ့မှ သူက ၁၂နာရီလောက်ဗိုက်အောင့်တယ်။
ခါတိုင်းလိုပဲ အပြင်က အိမ်သာကို သူသွားတယ်ဗျာ။

အဲ သူလည်း ၀င် ထိုင်ပြီးသိပ်မကြာဖူးဗျာ။အနောက်ဖက် ရပ်ကွက်က
ခွေးတွေ အူတာ တောက်လျောက်တဲ့ဗျာ။ဒီလိုဗျာ တောက်လျောက်ဆိုတာ
သုံးလမ်းမြောက်က စပြီး ခွေးတွေဝိုင်းအူတာ နှစ်လမ်းမြောက် တလမ်းမြောက်
အဲ့လိုပေါ့တောက်လျောက်ကြီး လိုက်အူတာ။ပြီးတော့
အိမ်ရဲ့ ခြံစည်းရိုးနားလည်းကျရော တိခနဲ့ ရပ်သွားတယ်။

တခုခုတော့ တခုခုပဲဗျ။ ဒီလောက် အူနေတဲ့ခွေးတွေ ဘာလို့
တိခနဲ ရပ်သွားတာလဲနော်။ အဲ့အချိန် မှာ အကိုသိလိုက်ရတာတော့
ကြက်သီမွေးညင်း တွေထလာတယ်တဲ့။ ပြီးလည်းပြီးရော
အေးစိမ့်စိမ့်ကြီးဖြစ်လာတယ်တဲ့ဗျာ။ ရုတ်တရက်ကြီး ဗြုန်းဆို
သူနှာခေါင်းထဲဝင်လာတဲ့အနံ့လည်းရရော ရေကမန်းကတမ်းဆေးပြီး
အိမ်သာတံခါးပြေးပိတ်။ပြီးတော့ အိမ် တံခါးပိတ်ပြီး အိမ်ပေါ်ပြေးတက်တာ
လူကြီးတွေတောင်နိုးသွားတယ်ဗျာ။

၂ ရက်လောက် အဲ့အကြောင်မပြောဘူး။
အခုတောင် တော်တော်လေးကြာမှ သိရတာ။ ဒါတောင်အကုန်မဟုတ်ဘူး။
အကိုကလည်း ပေါ့သေးသေးတော့မဟုတ်ဘူး။ငယ်ငယ်လေးထဲက သူရဲခေါ်တန်း
ကစားလာတာဗျ။ဒါမဲ့သူဘာတွေ့လဲတော့မသိဘူးဗျာ။ပြီးတော့အဲ့ဒီညမှာပဲ
ကျွန်တော့် ဖေဖေ ကြားရတာ အကို့ကို ခြောက်ပြီးမှနော်။
ဖေဖေ့ ခေါင်းရင်းက အုတ်နံရံကို ရိုက်ထည့်တာ ဘုန်းခနဲမည်တယ်တဲ့ဗျာ။
ပြီးလည်းပြီးရော ဘာသံမှမကြားရတော့ဘူးတဲ့။ဖေဖေလည်
အမျှဝေပြီး ပြန်အိပ်တာပဲတဲ့ဗျာ။
========================
ဒါတွေက ကျွန်တော်ယုံကြည်ရတဲ့သူတွေက ပြောတဲ့စကားမို့
အဖြစ်မှန်လို့ ပြောရဲပါတယ်။မယုံချင်လည်းမယုံကြပါနဲ့ဗျာ။

ကျေးဇူးတင်ပါတယ် ဖတ်ပေးလို့။

by သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း (facebook page)

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment