Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 19, 2014

ဗန်ပါစီရဲ့ ဟက်ထရစ်ဂိုးနဲ့ မန်ယူအသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်

ပထမအကျော့ပွဲစဉ်က အိုလံပီယာကော့စ်အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ယူတို့ ဟာ အိုးထရက်ဖို့ ဒ်မှာ ၃-၀ နဲ့ ပြန်လည်အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖိအားတွေနဲ့ ရုန်းကန်နေ ရတဲ့ မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်အတွက်လည်း အသက်ရှူချောင်သွားခဲ့တာပါ။
အခုပွဲစဉ်မှာ အသင်းနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းထွက်နေတဲ့ နယ်သာလန်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက သူ့ ရဲ့ မန်ယူကစားသမားဘ၀ တတိယမြောက်ဟက်ထရစ် ကို သွင်းယူပေးခဲ့ပြီး မန်ယူအသင်းကို နောက်တစ်ဆင့်တက်လှမ်းစေနိုင်ခဲ့ပါတယ်။
ပွဲချိန် ၂၄ မိနစ်မှာ အိုလံပီယာကော့စ်ကစားသမား ဂျို့ စ်ဟိုးဘက်စ် က ဗန်ပါစီကို ဂိုးဧရိယာထဲမှာ လူချခဲ့လို့  မန်ယူအသင်း ပယ်နယ်တီရရှိခဲ့ပြီး ဗန်ပါစီကပဲ ညာဘက်ထောင့်ကို အသာအယာကန်သွင်းကာ အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ တစ်ဂိုးပေးလိုက်ရတဲ့ အိုလံပီယာကော့စ်ဟာ မန်ယူဘက်ကို ပြန်လည်ထိုးစစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာ ဒေးဗစ်ဖူစတာ ရဲ့ အပိုင်ခေါင်းတိုက်ဂိုးကို ဒီဂီယာ ကာကွယ်နိုင်ခဲ့လို့ မန်ယူအသင်း သက်သာ သွားခဲ့တာပါ။ ဒီပွဲစဉ်မှာ အိုလံပီယာကော့စ်ဟာ ရှုံးနိမ့်ခဲ့ရပေမယ့် မန်ယူအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ နဲ့  ဦးဆောင်ကစားသွားနိုင်ခဲ့တာကို တွေ့ ရပါတယ်။
ပထမပိုင်းပြီးဆုံးဖို့ အနည်းငယ်အလိုမှာ ၀ိန်းရွန်နေး ပေးပို့ တဲ့ဘောလုံးကို ဗန်ပါစီကပဲ ဘယ်ခြေနဲ့  ညာဘက်ထောင့်ကို ကန်သွင်းခဲ့ပြီး ၂-၀ နဲ့  ၂ပွဲပေါင်းရလဒ် ၂-၂ ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၅ မိနစ် အကြာမှာ ၀ဲလ်ဘတ်ကြောင့်ရတဲ့ ဖရီးကစ်ကို ဗန်ပါစီက သူ့ ရဲ့ ဟက်ထရစ်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ မန်ယူ အသင်း ၃-၀ နဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။
အခုရာသီမှာ ရလဒ်ဆိုးတွေများပြားနေတဲ့ မန်ယူအသင်းနဲ့ နည်းပြ ဒေးဗစ်မိုရက်စ် တို့ အတွက်တော့ အခုပွဲစဉ်ဟာ စိတ်ကျေနပ်စရာရလဒ်ကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။
တစ်ဖက်ပွဲစဉ်ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ ဇင်းနစ်တို့ ပွဲစဉ်မှာ ဧည့်သည် ဇင်းနစ်အသင်းက ၁-၂ နဲ့ အနိုင်ရရှိခဲ့ပေ မယ့် ပထမအကျော့က အိမ်ကွင်းမှာ ၂-၄ နဲ့ ရှုံးနိမ့်ထားခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ဒေါ့မွန် ၅- ၄ ဇင်းနစ် ကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ဒေါ့မွန်အသင်းက တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
Ref: bbc.com

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment