Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 19, 2014

အဆိုအမိန့်များ(သူငယ်ချင်းအားလုံးအတွက်)

(၁) အောင်မြင်ခြင်းဆိုတာ ရယူခြင်းမဟုတ်ဘူး လုပ်ဆောင်ခြင်းဖြစ်တယ်

အောင်မြင်ခြင်းဆိုတာ ကျွန်တော်တို့လုပ်နိုင်သလောက် အကောင်းဆုံးလုပ်တာဖြစ်တယ်။
အောင်မြင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းဖြစ်တယ်။ ရယူခြင်းမဟုတ်ဘူး။
ကြိုးစားတာဖြစ်တယ်၊ အောင်နိုင်တာမဟုတ်ဘူး။ (Wynn Davis)

(၂) လူ့ဘ၀က ခက်ခဲပင်ပန်းတယ်

လူ့ဘ၀မှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိတယ်။ အဲဒီပြဿနာတွေကို ကျွန်တော်တို့ညည်းညူမှာလား? ဖြေရှင်းမလား? (M. Scott Peck)

(၃) လူ့ဘ၀က ပျော်စရာတွေနဲ့ပြည့်နေတယ်

ရင်ဖွင့်ပြီးရယ်မောတယ်ဆိုတာ လူတွေရဲ့မွေးရာပါ အဆင့်အမြင့်ဆုံးအတတ်ပညာဖြစ်တယ်။ (Norman Cousins)

(၄) ရွေးချယ်ခြင်းကို မှီခိုပြီး ကျွန်တော်တို့အသက်ရှင်တယ်

လူ့လောကထဲ လာမှာလားလို့ ဘုရားသခင်က ကျွန်တော်တို့ကို မမေးခဲ့ဘူး။ လူ့လောကထဲလာဖို့ ကျွန်တော်တို့မှာ ရွေးချယ်ခွင့်မရှိပေမယ့် ဘ၀မှာ ဘယ်လိုရှင်သန်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ရွေးခွင့်ရှိခဲ့
တယ်။ (Henry Ward Beecner)

(၅) စိတ်သဘောထားဆိုတာ ရွေးချယ်ခြင်းတစ်မျိုးဖြစ်တယ်

လူ့ဘ၀မှာ ပိုင်ဆိုင်သမျှအရာအားလုံး လုယူနိုင်ပေမယ့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လုယူလို့မရတဲ့အရာတစ်ခုတော့ရှိတယ်။ အဲတာကတော့ ကိုယ်ရွေးချယ်တဲ့ စိတ်နေသဘောထားနဲ့ လွတ်လပ်မှုပဲဖြစ်တယ်။ (Viktor Frankl)

(၆) အကျင့်စရိုက်ဆိုတာ အောင်မြင်ခြင်းရဲ့သော့ချက်ဖြစ်တယ်

အောင်မြင်သူနဲ့ ရှုံးနိမ့်သူကြားမှာ မတူညီတဲ့အချက်တစ်ချက်ရှိတယ်။ အဲတာကတော့ မတူညီတဲ့ အကျင့်စရိုက်ဖြစ်တယ်။ (Og Madino)

(၇) ကျေးဇူးတုန့်ပြန်ခြင်းဆိုတာ အရမ်းကောင်းတဲ့အကျင့်ဖြစ်တယ်။

ကိုယ့်မှာမရှိတဲ့အရာတွေနဲ့ အပြစ်မဆိုပါနဲ့.... ကိုယ်မှာရှိတဲ့အရာတွေကို တန်ဖိုးထားပါ။ (H. Stanley Judd)

(၈) လူ့ဘ၀ကို ရိုသေလေးစားခြင်းပေါ်မှာ အခြေခံထားပါ

ဘယ်လိုအကြောင်းအရာ၊ အခြေအနေမှာပဲဖြစ်ဖြစ် တခြားလူကိုယ့်ကိုယ် ဘယ်လိုပြုမှုဆက်ဆံစေချင်တယ်ရင် ကိုယ်လည်း ဘယ်လိုပြုမှုဆက်ဆံပါ။ (Matthew Chapter 7 Lesson 12)

(၉) ရိုးသားခြင်းဆိုတာ အကောင်းဆုံးနည်းဗျူဟာဖြစ်တယ်

အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လူလူချင်းဆက်ဆံရေး၊ အလုပ်သမား၊ ကုန်သည်ပွဲစား၊ ပညာရေး၊ မိသားစုနဲ့ ဒုစရိုက်နိမ်နင်းရာမှာပဲဖြစ်ဖြစ် ရိုးသားခြင်းက အကောင်းဆုံးနည်းဗျူဟာဖြစ်တယ်။ ရိုးသားခြင်းက လူအချင်းချင်းဆက်ဆံရေးကို အထိရောက်ဆုံး၊ အကြာရှည်ဆုံး ထူထောင်ပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ (Ramsey Clark)

(၁၀) ညင်သာပြေပြစ်တဲ့ အပြောအဆိုက အရာအားလုံးကို အောင်နိုင်တယ်

လောကကြီးမှာ ကောင်းမွန်တဲ့အားပေးစကားလောက် အင်အားကြီးတဲ့အရာမရှိဘူး။ အပြုံးလေးတစ်ပွင့်၊ ပျော်ရွှင်စေတဲ့ စကားလေးတစ်ခွန်း၊ မျှော်လင့်ချက်ပြည့်တဲ့ စကားတွေက တစ်ဘက်သားကို ခွန်အားဖြစ်စေတယ်။ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ "မင်း လုပ်နိုင်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ပြောပေးပါ။ ( Richard M. Devos)

(၁၁) စစ်မှန်တဲ့ အရင်းခံက ရင်ထဲကလာတာဖြစ်တယ်

သင်ဟာ မည်သူမည်ဝါဖြစ်ဖြစ်၊ အသက်ဘယ်လောက်ကြီးကြီး တကယ်လို့ အောင်မြင်ခြင်းကို တစ်သက်ပိုင်ဆိုင်ချင်တယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို တကယ့်ရင်ထဲမှာ အရင်းခံသင့်တယ်။ (Panl J. Meyer)

(၁၂) ရည်မှန်းချက်ဆိုတာ စိတ်ကူးအိပ်မက်ရဲ့ အောက်ခြေမျဉ်းဖြစ်တယ်

ရည်မှန်းချက်ရှိသူတွေ အောင်မြင်တယ်ဆိုတာ သူတို့ဟာ ဘယ်ကဘယ်လို ရှေ့ဆက်လှမ်းရမယ်ဆိုတာကို သိလိုဖြစ်တယ်။ (Earl Nightingale)

(၁၃) ကြိုးကြိုးစားစား လုပ်ဆောင်ခြင်းက ဘာနဲ့မှနှိုင်းလို့မရဘူး

ဘ၀အတွက် အကောင်းဆုံးဆုလဒ်က "ထိုက်တန်တဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးပဲဖြစ်တယ်" (Theodore Roosevelt)

(၁၄) ရယူခြင်းရှိသလို ဆုံးရှုံးခြင်းလည်းရှိတယ်

ကိုယ်ဘာကိုလိုချင်သလဲ ဆုံးဖြတ်ပါ၊ ဘာနဲ့ ကိုယ်လှဲလှယ်နိုင်မလဲ ဆုံးဖြတ်ပါ။ အစီအစဉ်တွေ ရှင်းရှင်းလင်းလင်းချပါ။ ပြီးရင် စပြီး အလုပ်လုပ်ပါ။ (H. Lamar Hunt)

(၁၅) အောင်မြင်သူတွေက အချိန်တွေကို ဖန်တီးတယ်

အချိန်ဆိုတာ ဘ၀ဖြစ်တယ်။ ပြောင်းပြန်မစီးဘူး၊ နောက်တစ်ကျောပြန်မလာဘူး။ အချိန်ဖြုန်းနေတာဟာ ဘ၀ဖြုန်းနေတာပဲဖြစ်တယ်။ အချိန်ကို ဖမ်းဆုပ်တာဟာ ဘ၀ကို ဖမ်းဆုပ်တာပဲဖြစ်တယ်။ ဘ၀ကို ပြည့်ပြည့်၀၀ အသုံးချတာဖြစ်တယ်။ (Alan Lakein)

(၁၆) မိမိကိုယ်ကိုယ် လေးစားမှုဆိုတာ အောင်မြင်မှုတစ်မျိုးဖြစ်တယ်

မိမိကိုယ်ကိုယ်လေးစားမှုဆိုတာ သင့်ရင်ထဲ အနက်ရှိုင်းဆုံးနေရာကလာတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မှုတစ်ခုဖြစ်တယ်။ (Denis Waitley)

(၁၇) စိတ်ဓာတ်တစ်ခု ကြီးပြင်းရှင်သန်ဖို့ အာဟာရနဲ့ လေ့ကျင့်မှုတွေလိုတယ်

ခန္ဓာကိုယ်နဲ့ စိတ်ရဲ့သဟဇာတဖြစ်မှုက ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အဆုံးအဖြတ်ပေးတယ်။ (Dr. Carl Thoresen)

(၁၈) လူတိုင်းမှာ ရှုံးနိမ့်တဲ့အတွေ့အကြုံရှိတယ်

တကယ်လို့ ရှုံးနိမ့်ခြင်းကို သင်လက်ခံနိုင်ရင် ရှုံးနိမ့်ခြင်းထဲကနေ သင် သင်ယူပါ။ တကယ်လို့ ရှုံးနိမ့်ခြင်းဆိုတာ အရောင်ခြယ်ထားတဲ့ပျော်ရွှင်မှုလို့ သင်ယုံကြည်ရင် ရှုံးနိမ့်ခြင်းထဲကနေ အကောင်းကို ရှာယူပါ။ အောင်နိုင်ခြင်းရဲ့ အခြေခံနဲ့စွမ်းရည်ကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ (Joseph Sugarman)

(၁၉) လူ့ဘ၀အခြေခံတရားတွေကို စိတ်ပါလက်ပါ တွေ့ကြုံခံစားပါ

ဒါဟာ ကျွန်တော်ရဲ့လျှို့ဝှက်ချက်ဖြစ်တယ်။ အရမ်းရိုးရှင်းတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကို စိတ်နဲ့တွေ့မြင်ခံစားမှ တကယ့်အမှန်တရားကိုတွေ့တယ်။ (The Little Prince/Antoine de Saint-Exupery)

(၂၀) အခြေခံအကျဆုံးနည်းက လူကောင်းတစ်ယောက်ဖြစ်ဖို့ပါပဲ

ကိုယ်လုပ်နိုင်တဲ့သလောက် ကောင်းမှုတွေလုပ်ပါ။ ကိုယ်သိတဲ့နည်းနဲ့ ကောင်းမှုတွေလုပ်ပါ။ (John Wesley)

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment