ဟာသလေးတွေမတင်ဖြစ်တာကြာပြီနော် နည်းနည်းပျင်းနေရင် ဖတ်ရအောင်လို့ပါ ဟုတ်ပြီးလား ပရိတ်သတ်ကြီး အားပေးအုံးနော် (ချမ်းမြေ့)
ယုံစမ်းပါ ခင်ရယ်...
အိမ်ထောင်သက် အတန်အသင့်ရပြီး လင်မယားနှစ်ဦးကျီစယ် ကလူပြုနေကြစဉ်.....ဇနီးဖြစ်သူက မေး၏။
ဇနီး ။ "မောင်...ကျွန်မ သေသွားရင် နောက်တစ်ယောက်ထပ်ယူဦးမှာလား....ဟင်"
ကျား။
ခင်ကလွဲရင် ဘယ်သူ့ကိုမှ စိတ်မကူးပါဘူးကွယ်၊ အဲ...ဒါပေမယ့်....
အသက်ကြီးလာရင်တော့ အဖော်လိုတယ်
မဟုတ်လား...အဲဒီအချိန်ကျရင်တော့"
ဇနီး။ "အင်းလေ...ဒါလည်းဟုတ်တာပဲ...ယူပေါ့...ဒါနဲ့...မောင်ယူမယ့် မိန်းမနဲ့..ဒီအိမ်မှာပဲ နေမှာလားဟင်"
ကျား။ "ဒီအိမ်က မောင့်စိတ်တိုင်းကျ ဆောက်ထားတာ ခင်ရဲ့....ရောင်းပစ်ရမှာ နှစ်မြောစရာကြီး.. ဒီတော့ဒီအိမ်မှာပဲ နေရမှာပဲ"
ဇနီး။ "ဒါဆို...အိပ်တော့ ဒီကုတင်ပဲလား...."
ကျား။
"ဒီကုတင်ကလည်း...မောင်တို့ မင်္ဂလာဦးတုန်းက...စိတ်ကြိုက်အော်ဒါမှာပြီး
လုပ်ထားတာ ခင်ရဲ့...ရောင်းမပစ်ရက်ပါဘူး...ဒီကုတင်ပေါ်မှာပဲ အိပ်ရမှာပဲ..."
ဇနီး။ (မကျေနပ်သောသောလေသံဖြင့်) " ထားပါတော့ ...ဒါဆို ခင့်အ၀တ်အစားတွေလည်း သူက ယူဝတ်မှာပေါ့...ဟုတ်လား..."
ကျား။ (ကပျာကယာဖြင့်) "ဟာ....ဒါတော့စိတ်ချ...လုံးဝမ၀တ်ဘူး...သူကခင့်ထက် "၀" တယ်"။ ။ နောက်တစ်မျိုးက
‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး
လေပါးကို ပြောစမ်း။’’
‘‘ မြေ-လေ-မီး...ပြီးတော့...ပြီးတော့...’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’
ရောမမြို့ကြီးတည်ဆောက်ချိန်
‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
‘‘ ညမှာပါ’’
‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
‘‘ ဆရာပဲပြောတယ်လေ။ ’’
‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’
ရူပဗေဒ
‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ
ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
ဆက်သွယ်လိုလျှင်
‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’
ကျွန်တော့်အဖေပါ
မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-
‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’
မှန်ပေမယ့် မှားတယ်
‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’
‘‘ မသိဘူးဆရာ။’’
‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’
‘‘သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’
မှန်တော့မှန်ပါရဲ့
‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’
စီအေတီ
‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’
အမေးနှင့် အမေး
‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment