Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 19, 2014

Wi-fi talkie v1.3 for Android 1.4MB (အင်တာနက်မလို၊ဖုန်းဘေလ်မကုန် ပဲ ဖုန်းပြောမယ်၊Message ပို့ မယ်၊Data share မယ်)

 ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းသွားတက်တော့ ဒီကောင်လေးက update မဟုတ်သေးဘူးပေါ့ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းက ဖုန်းလိုင်းကောင်းဘူးလေဗျာ အဲဒီတော့ သူငယ်ချင်းတွေအားလုံးရဲ့ အဆောင်တွေက တစ်ဆောင်ဆောင်နဲ့တစ်ဆောင်ကပ်နေတာ အဲဒီ့တော့ ဘာလုပ်ရလဲဆိုတော့ ဒီ App လေးကို ဖုန်းထဲမှာ install မောင်းပြီး ၀ိုင်ဖိုင်ဖွင့် ဟိုဘက်က hospot ထောင်ပြီးတော့ ပြောစရာစကားရှိရင်ပြောရတယ် ပြောလို့အသံတွေမကြည်ရင် message ပို့တာပေါ့ဗျာ မဆိုးဘူးဗျ ကိုက်50 လောက်ကတော့ အေးအေးဆေးဆေးပဲဗျာ ကဲပြောနေတာနည်းနည်းလေရှည်သွားပြီ အောက်ကApp လေးကို ဒေါင်းလိုက်အုံးနော် ...
Zapya နဲ့ အသုံးပြုပုံခြင်း တူပါတယ်။ wi-fi talkie က Zapya လို Data တွေ
share လို့ရတဲ့အပြင် အင်တာနက်ဖွင့်စရာမလို ဖုန်းဘေမကုန်ပဲ
Message ပို့လို့ရတဲ့အပြင် Phone လဲ free ခေါ်ဆိုနိုင်ပါတယ်။
အကွာအဝေးအနေနဲ့ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး Wifi-hotspot မိသလောက်ထိ
Data share, message ပို့ phone ခေါ်ဆိုနိုင်ပါတယ်ခဗျာ …

အသုံးပြုပုံလေးကတော့ wi-fi talkie ကို install လုပ်ပါခဗျာ …
ပြီးရင် ဖွင့်ပါ။ wi-fi talkie Setting Preference ကိုသွားပါ။
Device name မှာ မိမိ နာမည်ရေးပါ။ ပြီးရင် Main Page ကိုပြန်သွားပါ။
ပြီးရင် Setting က Wi-fi Hotspot ကိုတစ်ချက်နှိပ်ပါ။ Wifi-hotspot ရှာနေပါလိမ့်မယ်။
တစ်ခြားဖုန်းတလုံးကနေ မိမိဖုန်းကို ဆက်သွယ်လိုပါက။ တစ်ခြားဖုန်းတလုံးမှာလဲ
wi-fi talkie install လုပ်ထားဖို့တော့လိုပါတယ်။ မိမိဖုန်းနဲ့ တခြားဖုန်းနဲ့ wi-fi talkie
ကိုဆက်သွယ်အသုံးပြုလိုပါက ပထမတစ်လုံး သည် Server ထောင်ရမည်ဆိုတာ
အားလုံး သဘောပေါက် နားလည်ပြီးလောက်ပါပြီ။ ဒါဆို နောက်ဖုန်းတစ်လုံးကို ဖုန်းက 
wifi ကိုဖွင့်ရမှာဖြစ်ပါတယ်။ ဖုန်းက Wifi ကို ဖွင့်ပြီး မိမိ ဆက်သွယ်လိုသော သူ connect ကိုချိန်ဆက်လိုက်ပါ။
ပြီးနောက် wi-fi talkie ထဲမှနေ၍ connect လုပ်ခြင်းဖြင့် Data share နိုင်သလို Message ပို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။
wi-fi talkie သည် ဖုန်း ၂ လုံးထဲ ချိတ်ဆက်လို့ရတာမဟုတ်ပဲ ဖုန်းပေါင်းများစွာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Download
============
Direct Download l Dev-Host l Mirror

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment