Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 26, 2014

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (တနင်္လာသားသမီးများအတွက်)

 “ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊ ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့် တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြ**့ ဘာအလုပ်မှ မရနိုင်သဖြ**့ ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ် ချောင်းရိုက်ခံရတတ်သဖြ**့ သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို ခွေးကျကျခြင်းများဖြစ်တတ်သဖြ**့ ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။ ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။ အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့ အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု သက်စေ့ကြွေးကြော်ပါ။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment