Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 26, 2014

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (စနေသားသမီးများအတွက်)

  *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့် ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြ**့ သတိရှိစေချင်သည်။ နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။ နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း ထပ်ရရန်ရှိနေသဖြ**့ အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။

ပျော်စေချင်သောဆန္ဒနဲ့သာ ရေးလိုက်ပါတယ်ဗျာ အများကို ထိခိုက်အောင်ပြောဆိုလိုခြင်း ဆန္ဒအလျင်းမရှိပါကြောင်း . . .(ချမ်းမြေ့)

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment