ရှင်းလင်းရေးဆော့ဝဲတွေ အများကြီ:ထည့်သွင်းထားရင်လည်း စက်ဟာမလိုအပ်ဘဲ လေးလာတတ်ပါတယ်။ App တွေလည်းသုံးရင်ကြည့်သုံးပေါ့ဗျာ ကျွန်တော့သူငယ်ချင်းကိုထက်တစ်ယောက် တွေ့တဲ့App ကို ဖုန်းထဲထည့်ပြီး တန်းပြီးတော့လက်ကလိတာ ပြီးလည်းပြီးရော ဖုန်း Firmware ကျလို့ဆိုပြီး ကျွန်တော့ဆီ ရောက်လာပြီး ဖုန်း Firmware ပြန်တင်ခိုင်းတယ် ဘာပဲပြောပြော စိတ်ဆင်းတော့ရဲ တာပေါ့မဟုတ်ဘူးလား ကိုယ့်ဖုန်းလေးပျက်သွားရင် ငါ့ဖုန်းလေးပျက်သွားပြီဟလို့ ဘယ်သူမှ ပျော်ပြီးထကမနေဘူးမို့လား နောက်တစ်ခုပြောချင်တာကတော့ AntiVirus အကြောင်းပေါ့ဗျာ.။
~Virusနဲ့ပတ်သက်လို့ကတော့Dr,wed anti virusက အသင့်တော်ဆုံးပါ။
~rootဖောက်ထားတဲ့ဖုန်းတွေမှာ super userနဲ့super suတို့ကို လုံးဝဖျက်မပစ်သင့်ကြောင်းပါ။
အကြောင်းကတော့ rootဆိုတာ ပထမဆုံးမူလထုတ်လုပ်သူရဲ့ ပိုင်ဆိုင်သော Androidစနစ်ပါ။ ဥပမာ Huaweiဆိုရင် ဖုန်းရဲ့Android systemကို Huaweiရဲ့တည်ဆောက်ထားတဲ့စနစ်ကပိုင်တာပါ။အဲဒီပိုင်ဆိုင်မှုကိုချိုးဖောက်ပြီး မိမိစိတ်တိုင်းကျနီးပါးအသုံးပြုလို့ရအောင် ချိုးဖျက်ခြင်းrootဖောက်ခြင်းလို့ ကျွန်တော်နားလည်ပါတယ်။ အကယ်၍ rootမဖောက်ဘဲ တချို့Applicationတွေထည့်သွင်းအသုံးပြုလို့ လုံးဝမရပါဘူး။
ဒီနေရာမှာ ထူးခြားတာက Apkတစ်ခုကို မိမိဆုံးဖြတ်ချက်နဲ့ ထပ်မံinstallပြုလုပ်နိုင်ရအောင် super userကနေroot permissiomတောင်းရပါတယ် (ဥပမာ box လေးနဲ့ပြတယ်လေ Allow နဲ့ Deny ပြီးတော့ refuse နဲ့ allow ဆိုပြီး အခုနောက်ပိုင်း root ဖောက်တဲ့ Tools တွေနဲ့ဆိုရင် refuse နဲ့ allow ပဲ ပြနေတာကိုလေ့လာတွေ့ရှိရတယ်ခင်ဗျ)။ အဲဒီမျိုးဆော့ဝဲတွေတွေ့ဖူးပါလိမ့်မယ်။
~နောက်တစ်ခုက Android assitentလို ဆော့ဝဲမျိုးလည်း ထည့်ထားသင့်ပါတယ်။
Internal memoryနဲတဲ့ဖုန်းတွေမှာ Apkတွေကို memory cardထဲ့သို့ ရွေ့ဖို့ရာ ခွင့်ပြုသောApkများကို မဖြစ်မနေရွေ့ရပါတယ် ဒါမှ ဖုန်းmemoryဟာ နေရာကျယ်ဝန်းလာပီး လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။
stroage~Defalt stroageမှာ SD cardကိုတော့ ချိန်းထားပေးပါနော်။
အဲဒီလိုချိန်းပီးလို့ Apkတွေကို SD cardထဲရွေ့ဖို့ရာဆော့ဝဲမရှိဘူးဆိုရင်တောင် setting~Application or Mange Applicationကိုနိုပ် ဆော့ဝဲတစ်ခုခြင်းကိုနိုပ်ပီး Move to SD Cardလို့ပေါ်ရင် နှိပ်ပ်သာနှိပ်ပါလုံးဝမမှားပါဘူး။ Move to phoneဆိုရင်တော့ မနိုပ်ပါနဲ့တော့
*Move to SD cardဆိုရင် ပုံသေတာမှတ်ထားပေးပါ၊ နှိပ်သာနှိပ်ပါ။
တချို့ဖုန်းတွေမှာတော့ Move to internal stroageလို့ ပါသလို့ Move to phone stroageလို့
*အထူးသတိပေးလိုတာက Link 2Dဆိုတဲ့ အပြာရောင် မမ်မိုရီကတ်ပုံစံ ဆော့ဝဲလေးပါ အဲဒီဆော့ဝဲကတော့ သိပ်ကိုကြမ်းတမ်းပါတယ် ဘယ်Applicationမဆို SD cardထဲကို ရွေ့လို့ရပါတယ်။ အန္တရာယ်သိပ်ကြီးပါတယ် ကျွန်တော်ကိုယ်တိုင်လည်းမသုံးဘူးဗျ ဒါပေမဲ့သယ်ရင်းတွေကိုလည်း အဲဒီဆော့ဝဲကို လုံးဝမသုံးစေချင်ပါဘူးခင်ဗျာ တကယ်လို့သုံးမိတယ်ဆိုရင်တောင် သတိလေးတော့ထားပေါ့ဗျာ တကယ်လို့မှားရင်တော့ မော်စကိုကို ဗီဇာနဲ့ ပတ်စပို့စ် မပါလည်း ရောက်သွားနိုင်တယ်ဆိုတာမမေ့နဲ့နော်....ဟိဟိဟိ.........................။(ချမ်းမြေ့)
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment