Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 19, 2014

အတူရှိသင့်တယ် ..

ဆုပ်ကိုင်ထားစရာ မင်းလက်ဖ၀ါးလေး မရှိတဲ့အခါ
ငါ့လက်ကလေးလဲ အထီးကျန်နေတယ် ..
မင်းရဲ့ ခေါ်သံလေးကို စောင့်နေရင်းနဲ့
ငါ့ရဲ့ နားလည်း ပင်ပန်းနေပြီ .. ။
ငါ့ကို ကူညီပေးမယ့် မင်းရဲ့ အားအင်တွေ
ငါ့ကိုဂုဏ်ပြုပေးမယ့် မင်းရဲ့ ရယ်သံလေးတွေ
ခုချိန်မှာတော့ လိုအပ်နေပြီ .. ။
နှလုံးသား ၊ စိတ်နဲ့ ခံစားမှုအားလုံးမှာ
မင်းတစ်ယောက်ကိုပဲ လိုအပ်နေမိတာပါ
တို့ အတူရှိသင့်ပါရဲ့နဲ့ မရှိတဲ့အချိန်မှာ
မင်းရဲ့ ဂရုဏာနဲ့ဝေးနေတဲ့ ငါဟာလည်း ညိုးနွမ်းနေပါပြီ .. ။
အိပ်မက်တွေ ၊ မျှော်လင့်ချက်တွေ ၊ စီမံကိန်းတွေ
တို့လုပ်ခဲ့သမျှတွေ ပြန်တွေးရင်း
နားလည်မိတာ မင်းလဲငါ့လိုပဲ ဆိုတာပါ .. ။
တို့နှစ်ယောက်ဟာ ငါတို့အတွက် အဖေါ်ပါပဲ
တို့နှစ်ယောက်ဟာ ငါတို့အတွက် နှစ်သိမ့်ပေးစေတဲ့သူပါပဲ
တို့နှစ်ယောက်ဟာ ငါတို့အတွက် လမ်းပြပေးတတ်သူပါပဲ
တို့နှစ်ယောက်ဟာ ငါတို့အတွက် သူငယ်ချင်းပါပဲ
ပြောနိုင်တာတွေထက် ၊ တွေးနိုင်တာတွေထက်
ပိုချစ်ခဲ့ကြတာ တို့ပဲသိပါတယ် .. ။
ဘ၀ဆိုတာ တိုတောင်းတယ်
အထီးကျန်အချိန်တွေနဲ့ လျင်လျင်မြန်မြန်
ကုန်ဆုံးသွားမယ့်အစား
မင်းနဲ့ ငါ
တို့အတူရှိသင့်တယ် .. ။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment