Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, March 26, 2014

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (ကြာသပတေးသားသမီးများအတွက်)

 မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြ**့ ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင် ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။ ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြ**့ ဘုရားတရားလုပ်ချိန်တန်ပြီဟု ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြ**့ ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင် “ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment