Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, March 25, 2014

အချစ်မှတ်စု ( ၂ ) (ချမ်းမြေ့)

 ကိုယ့်အပေါ် တန်ဖိုး မထားတတ်သူကို
ချစ်ဖို့ မကြိုးစားကြပါနဲ့ . . ။

ကိုယ်က တန်ဖိုးရှိရင်
ကိုယ့်အပေါ် တန်ဖိုးထားပါလိမ့်မယ် . .။
တန်ဖိုးရှိအောင် ပြောဆို နေထိုင် ကျင့်ကြံ အားထုတ်ပါ။

ကိုယ့်အပေါ် တန်ဖိုးမထားတတ်သူ ဆိုရင်လည်း
ကိုယ့်အချစ်ကို တန်ဖိုးထားမှာ မဟုတ်လို့
ရှင်းရှင်းပဲ တိုက်တွန်း ပြောဆိုပါရစေ . .
သူ့ကို ချစ်ဖို့ မကြိုးစားပါနဲ့ . .။

တန်ဖိုးရှိတဲ့ အချစ် ဆိုတာ
စိတ်ရွှေငွေ ရာထူး စည်းစိမ် မဟုတ်ပါဘူး။
တန်ဖိုးထားတတ်တဲ့ စိတ်ဓါတ်
အပေါ်မှာသာ မူတည်ပါတယ် . . ။

တန်ဖိုးရှိတဲ့ အချစ်တွေရရှိနိုင်တဲ့
တန်ဖိုးရှိသောသူများဖြစ်နိုင်ကြပါစေ . .။

(မှတ်ချက်။ မည်သူ့ကိုမျှထိခိုက်လိုခြင်းမရှိပါ )
ညကတည်းကတင်မလို့ပါပဲ ဒါပေမဲ့ အရမ်းပင်ပန်းနေလို့အခုမှပဲလိုင်းကောင်းနေတာနဲ့ တင်လိုက်တာ ...။(ချမ်းမြေ့)

No comments:

Post a Comment