Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Sunday, December 29, 2013

Everything Home Launcher (လိုတရ Launcher)

Launcher အဆန်းလေးတစ်ခု တွေ့လိုက်ပြန်ပြီ။ သူလန်းပုံက ..
တမူထူခြားပြန်တယ်။ Everything ဆိုတဲ့အတိုင်း မိမိ စိတ်ထဲမှ အလိုရှိရာကို
တောင့်တလို့ရတဲ့ လိုတရ Launcher တစ်ခုလို့ညွှန်းလိုက်ချင်ပါတော့တယ်။
Launcher အများစုမှာ ကိုယ်ပိုင် Themes များစွာ ထုတ်လုပ်ထားပါတယ်။ Themes တွေပြောင်းလဲပြီး အသုံးပြုတတ်တဲ့ သူတွေအတွက် Everything Home ကတော့ စိတ်ကျေနပ်မှုအပြည့်ဝ ပေးပါလိမ့်မယ်။

Themes တွေကို install လုပ်စရာမလိုပဲ ပြောင်းလဲပေးပါလိမ့်မယ်။
Everything Home Launcher ကို ဖုန်းထဲ ထည့်လိုက်တာနဲ့ ..
သင်အလိုရှိရာ Themes များစွာလဲ တစ်ခါတည်း ပိုင်ဆိုင်သွားပါပြီ။
internet connection တော့ လိုအပ်ပါတယ်။ လန်းပုံလေးက ဒီလို။
What's on your mind? ဆိုပြီး စာတန်းလေးနဲ့ မေးပါလိမ့်မယ်။
internet ချိတ်ထားပြီး သင်စိတ်ထဲရှိရာကို ရေးလိုက်ပါ။

ဥပမာ mr.bean လို့ရေးလိုက်ရင် Everything Home ရဲ့ Themes မှာ
Mr.Bean Themes အဖြစ် ပြောင်းလဲသွားပါတော့တယ်။
wallpaper လဲ mr.bean ပုံဖြစ်သွားပါတယ်။ Google ကိုနှိပ်ရင်လဲ ..
Mr.Bean အကြောင်းတွေ ရှာပြီးသား ဖော်ပြပါမယ်။ youtube ဖွင့်လဲ
Mr.Bean video တွေ တန်းတက်လာပါလိမ့်မယ်။ အမိုက်စားကြီးဗျ။
ကျွန်တော် Myanmar ဆိုပြီး ရိုက်ကာ ကလိကြည့်ပါတယ်။
မြန်မာပြည်မြေပုံကြီး wallpaper ဖြစ်သွားကာ Myanmar themes အဖြစ်
ချက်ချင်းပဲ ပြောင်းသွားတယ်။ google map ၀င်ကြည့် Myanmar မြေပုံ၊
Everything Home မှာပါတဲ့ icon တွေအကုန်လုံးနီးပါး မြန်မာအကြောင်းတွေ
ဖော်ပြကုန်တော့တယ်။ ဒီလိုစိတ်ကူးဆန်းဆန်းနဲ့ဖန်တီးထားတာကို ..
အတော်လေးစား သဘောကျမိတယ်။

အဲ့ဂလိုတွေ ဖန်တီးပေးနေတော့ Everything Home နဲ့ဆိုရင် ..
ကျွန်တော်တို့ဖုန်းက အမြဲတမ်း ဆန်းသစ်နေမှာ သေချာပါတယ်။
Beta Version ပဲ ရှိပါသေးတယ်။ Full Version သာထွက်လာခဲ့ရင် ..
ပိုပြီး အသေးစိတ် အချက်လက်တွေကို ဖော်ပြပါလိမ့်မယ်လို့ အာမခံထားပါတယ်။ သီချင်းချစ်သူတွေအတွက်လဲ ရေလည် ဂွတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားအဆိုတော်နာမည်သာ ရိုက်လိုက်ပါ။ သူ့ပုံ wallpaper နဲ့အတူ သူ့အကြောင်းတွေ အကုန်လုံး Theme အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ သီချင်းရှာရ လွယ်သွားပြီး ကိုယ့်အကြိုက်တွေကို ချက်ချင်းရှာပေးတာဖြစ်လို့ ကျေနပ်စရာပါပဲ။

Launcher ဒီဇိုင်းကလဲ သပ်ရပ်ပြီး လှတယ်။ ကိုယ့်ဖုန်းထဲမှာ ထည့်ထားတဲ့ app တွေကိုလဲ ကဏ္ဍအလိုက် folder သဘောမျိုး စုစည်းပေးသွားတယ်။ လိုတရ Launcher ကို အခုပဲ ကလိကြည့်လိုက်တော့။ Android 4.0 နဲ့အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

dropbox

copy

ဖုန်းမှာ သူများတွေ မကိုင်ရဲအောင် Battery ကုန်ခါနီးပုံစံလေး လုပ်ထားမလား

ကျွန်တော်ကတော့ လုပ်ထားတယ်ဗျ ဘာဖြစ်လို့လဲဆိုတော့ ထက်ကောင်းဝေနဲ့တွေ့ရင် အမြဲတမ်းလုပ်ဖြစ်ပါတယ် သူကတွေ့ရင် ကျွန်တော့ဖုန်းကို အမြဲတမ်းကလိတယ်လေ အဲဒါကြောင့်ဗျ ကလိတော့လည်း ဘာကလိမှန်းလဲမသိဘူး အကုန်လျှောက်လုပ်တာ သူ့ရှေ့ကိုဖုန်းမကိုင်သွားရဲဘူး ကျွန်တော်အကျင့်ကလည်း ကျွန်တော့ဖုန်းကိုလာကိုင်ရင်လည်းသိပ်မကြိုက်ဘူးလေ အဲဒါကြောင့် သူက တမင်းရွှဲ့ကိုင်တာလားမသိဘူးဗျ ဒါပေမဲ့ အခုတော့ရပြီလေ ဟိဟိ သယ်ရင်းတို့လဲ ဒေါင်းလိုက်အုံးနော်
ဘက်ထရီ ကုန်ခါနီးလို့ ငါ့ဖုန်း ဘက်ထရီကုန်တော့မယ်ကွာ မကိုင်နဲ့တော့ လို့ ကိုယ့်ဖုန်း ကလိနေတဲ့ သူငယ်ချင်းတွေ ကို ပြောလို့ရအောင် ဒီ application လေးတော့ ထည့်ထားသင့်တယ် နော့ ...

Fake Battery (Cupcake 1.02)

သုံးရတာလည်း ရိုးရှင်းပါတယ် ... အောက်ကလင့်လေးကနေ ဒေါင်းလိုက်ပါဗျာ ...

click here to download

မြန်မာ Android Application များ One Click Download ရယူနိုင်သော Website

မြန်မာ Android App များစွာကို တစ်ချက်နှိပ်ရုံဖြင့် download ဆွဲနိုင်သော နေရာလေးပါ။
လိပ်စာကတော့ freemyanmarandroidmarket.blogspot.com

ပျော်ရွှင်ပါစေ။

Myanmar Songs (မြန်မာ app နော်)

Myanmar Songs

မြန်မာ MTV များကို အားရပါးရ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဖန်တီးထားသူကတော့ THE DOT CO ဖြစ်ပါတယ်။ MTV များကို YouTube Link တွေနဲ့ ချိတ်ဆက်ပေးထားတာဖြစ်လို့ ..
မိမိဖုန်းထဲမှာ YouTube (သို့) Web Browser တစ်ခုခုဖြင့် ကြည့်ရှုနိုင်ပါတယ်။ search box ပါရှိလို့ MTV များကို စာရိုက်ကာ ရှာဖွေနိုင်ပါတယ်။ သီချင်းချစ်သူတွေအတွက် up to date MTV များကို ရှာဖွေ ကြည့်ရှုနိုင်မယ့် Media App လေးဖြစ်ပါကြောင်း ညွှန်းလိုက်ပါတယ်။
သဘောကျရင် Play Store မှာ သွားရောက် အားပေး comment ရေးပေးကြပါ။ ဒါမှ developer တွေအတွက် အားတစ်ခုဖြစ်စေမှာပါ။ မြန်မာ app လေးတွေ ဖန်တီးကြသူများအား အစဉ်လေးစားလျှက် .........။

download -
 
play store

dropbox

copy
 
zippyshare

ပျော်ရွှင်ပါစေ။

*** အသုံးဝင် Android Facebook Application များ ***

ချမ်းမြေ့

Facebook ကိုဖုန်းကနေ အသုံးပြုသူတွေအတွက် ဒီပို့စ်ကို ရေးလိုက်ပါတယ်။
Facebook နဲ့ပက်သတ်ပြီး အသုံးဝင်တဲ့ app တွေဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။ ကဲ ဘာတွေလဲ ကြည့်ရအောင် ..

*** FB Touch ***
ဒါကတော့ Facebook ကို အမြန်သုံးနိုင်မယ့် app တစ်ခုပါ။ connection မကောင်းတဲ့အချိန်မျိုးမှာ Facebook ကို ဖွင့်ကြည့်နိုင်ပါတယ်။ Offical Facebook နဲ့ တစ်ပုံစံတည်း တူအောင် ဖန်တီးထားပါတယ်။
ကျွန်တော် တင်ပေးပြီးသားပါ။ တကယ်မြန်ဆန်စွာ အသုံးပြုနိုင်ပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

*** TiKL TouchTalk WalkieTalkie ***
ဒါကတော့ Facebook ပေါ်ကသူငယ်ချင်းတွေနဲ့ ဝေါ်ကီတော်ကီ သဘောမျိုး တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားပြောနိုင်မယ့် app ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Voice Chat လုပ်လို့ရပါတယ်။Group Voice Chat အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။ ကျွန်တော် အရင်က တင်ပေးပြီးသားပါ။ အဆင်ပြေပါတယ်။

*** My Album ***
ဒါကတော့ Facebook ပေါ်မှာ ဓါတ်ပုံတွေကို download/upload လုပ်နိုင်တဲ့ ..
app ဖြစ်ပါတယ်။ ဓါတ်ပုံတွေ သိမ်းဆည်းထားချင်သူများ၊ ပုံအသစ်တွေ တင်ချင်သူများ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ လူကြိုက်များသော FB Photo downloader app ဖြစ်ပါတယ်။ Tags အလုပ်ခံထားရတဲ့ ပုံတွေကိုပါ download ပြုလုပ်နိုင်ပါတယ်။ SD card အောက်က MyAlbum ဆိုတဲ့ folder ထဲမှာ ပုံတွေကို save ပေးပါတယ်။

*** First Cover ***
Facebook Timeline Cover ပုံတွေကို ပြောင်းလဲပေးနိုင်တဲ့ app တစ်ခုပါ။ cover ပုံတွေ အများကြီး ရှာဖွေပြီး ပြောင်းလဲနိုင်ပါတယ်။ မိမိ Timeline ပေါ်ကို အလွယ်တကူ စိတ်ကြိုက် cover များရှာဖွေပြီး
ပြောင်းလဲနိုင်ပါတယ်။

*** my ChatDroid for Facebook ***
Facebook Chatting app တစ်ခုပါ။ မြန်ဆန်ပြီး အသုံးပြုရတာ အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ Chatting သီးသန့် အသုံးပြုချင်သူတွေအတွက် အဆင်ပြေပါတယ်။ Facebook app ကိုဖွင့်ပြီး
အသုံးပြုရတာမဟုတ်တော့ စက်လဲ မလေးတော့ဘူးပေါ့။

တစ်ခြားအသုံးဝင် facebook apps တွေ ကျန်ပါသေးတယ်။ အခုတင်ပေးလိုက်တာတွေကတော့ သယ်ရင်းတို့ မသိတာများမယ်ထင်ပြီး တင်ပေးလိုက်တာပါ။ တစ်ချို့ app တွေကတော့ နာမည်ကြီးတွေဆိုတော့ သိလောက်မယ်ထင်ပြီး မတင်တော့ပါဘူး။ စမ်းကြည့်လိုက်ကြပါဦး။
ကျွန်တော်လဲ တစ်ညနေလုံး ဒါတွေပဲ ထိုင်ကလိပြီး အခုမှ တင်ဖြစ်တာပါ။ ကဲ .. အားလုံးပဲ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ app တွေကို စုစည်းပြီး zip file အနေနဲ့တင်ပေးလိုက်ပါတယ်။

download - (15MB)

box

dropbox

** ကဗျာ ရသ စာစုများကို အလှဆင်နိုင်သော Textgram Pro **

ပို့စ် - ချမ်းမြေ့

Facebook ပေါ်မှာ တော်တော်များများ ခံစားချက် စာစုတွေကို
ဒီဇိုင်းလှလှတွေနဲ့ ပြင်ဆင်ပြီးတော့ တင်ကြတယ်။ ကဗျာတွေ ..
ရသစာတွေကို တွေ့ကြတယ်မလား။ အဲ့လို အလှဆင်ဖို့ ..
photoshop နဲ့ကွန်ပျူတာမှာ စာရေး အလှဆင် .. ပြီးတော့မှ ..
jpeg နဲ့ save ပြီး fb ပေါ် တင်ကြတာ များပါတယ်။
အခု ကျွန်တော် တင်ပေးလိုက်တဲ့ Textgram Pro ဟာဆိုရင် ..
အဲ့လိုမျိုး ကဗျာ၊ စာစုလေးတွေကို အလှပဆုံး ဖန်တီးပေးမယ့်
app တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာ လုံးဝ မသုံးပဲ ဖုန်းထဲမှာတင်
ကဗျာ စာစုတွေကို စိတ်တိုင်းကြ လှလှပပ ဖန်တီးနိုင်ပါတယ်။
မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

Textgram Pro ရဲ့ လုပ်ဆောင်နိုင်ချက်တွေကတော့ ...

** emoji ခေါ် ရုပ်ပြောင်တွေ အသုံးပြုနိုင်တယ် **
** ဆန်းသစ်သော Templates များစွာ ပါဝင်တယ် **
** Backgroud အလန်းစားတွေ အများကြီး ပါဝင်တယ် **
** Fonts style များစွာ အသုံးပြုနိုင်တယ် **
** Text effects မျိုးစုံ ပါဝင်တယ် **
** Frame မျိုးစုံဖြင့် အလှဆင်နိုင်တယ် **
** Stickers များစွာနဲ့ အလှဆင်နိုင်တယ် **
** Filter များဖြင့် အလှဆင်နိုင်တယ် **
** Facebook သို့ အလွယ်တကူ Share နိုင်တယ် **

လိုအပ်ရင် online ချိတ်ပြီး Backgrouds , Frames , Stickers တွေကို ..
download ဆွဲကာ ရယူနိုင်ပါသေးတယ်။ ကဲ .. အဆင်မပြေဘူးလား။
ခံစားချက်တွေကို Photoshop နဲ့ အပင်ပန်းခံပြီး ရေးမနေနဲ့တော့။
Textgram Pro နဲ့ ဖုန်းထဲမှာတင် အလွယ်တကူ ဖန်တီးလိုက်တော့ဗျာ
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (12MB)

dropbox
 
megacloud

mediafire

*** Android Phone ဖြင့် မျက်လှည့်ပြခြင်း ***

ကျွန်တော် သူငယ်ချင်းတွေအတွက် ဆန်းဆန်းပြားပြားဖြစ်စေမယ့် App လေးတွေ ရှာပြီးတော့ ပြန်လည်မျှဝေပေးမယ်နော်

ကျွန်တော့်ဘော်ဒါတွေအတွက် ထူးထူးခြားခြား မျက်လှည့်ပြနိုင်မယ့် app နှစ်ခုကို

တင်ဆက်ပေးလိုက်ပါတယ်။ ပိုက်ဆံပေးပြီး ၀ယ်ရတဲ့ app တွေပါ။ ဖုန်းနဲ့မျက်လှည့်ပြလို့ရတဲ့ app အလန်းစားတွေပေါ့ဗျာ။ ကျွန်တော် Review သေချာရေးပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေဗျာ။

*** Balloon Pop Magic ***

ပထမဆုံး တင်ဆက်လိုက်တဲ့ မျက်လှည့်ကတော့ Balloon Pop Magic
ဖြစ်ပါတယ်။ ကျွန်တော်က မျက်လှည့်ဆရာဆိုပါစို့ .. ပုံ(၁)မှာပြထားတဲ့အတိုင်း Balloon Pop မှာ Balloon (၄)လုံး ပါရှိပါတယ်။ သင်ကြိုက်နှစ်သက်ရာ Balloon တစ်လုံးကို ရွေးလိုက်ပါ။ အဲ့ဒီ အလုံးကို ကျွန်တော်က လက်ခုပ်တီးပြီး ဖောက်ပြပါမယ်။ ကြိုက်ရာရွေးလို့ရတယ်။ ရွေးတဲ့အလုံး ပေါက်သွားအောင်
လက်ခုပ်တစ်ချက်ပဲ တီးပြီး ဖောက်ပြမယ်။ သင်ထောက်ပြတဲ့ Balloon က ကျွန်တော် လက်ခုပ်တီးတာနဲ့ပေါက်သွားမယ်ဆိုရင် အံ့သြသွားမလား။ ကြိုက်တာထောက် .. ထောက်တဲ့အလုံးကို ဖောက်ပြမယ် .. ဟဲဟဲ

( Balloon Pop Magic ရဲ့ လျို့ဝှက်ချက် )
နောက်ခံ Background ပုံမှာ တိမ်တွေ ပြေးလွှားနေပါတယ်။ ထိုတိမ်များထဲတွင် အထူးသတ်မှတ်ထားသော တိမ်ပုံစံတစ်ခုပါရှိပါတယ်။ App ထဲတွင် ထိုတိမ်ပုံစံကို ဖော်ပြပေးထားပါတယ်။ ထိုတိမ်ရဲ့ အမြှီးပိုင်းက
ကိုယ်ဖောက်ချင်တဲ့ Balloon ပေါ်ရောက်တဲ့အခါ လက်ခုပ်တီးလိုက်ပါ။ Balloon ပေါက်သွားပါမယ်။ တစ်ခုသတိပြုရမှာက Sound Sensitivity ပါ။ Options ထဲဝင်ပြီး Sound Sensitivity ကို ကိုယ်နဲ့အဆင်ပြေသလို ချိန်ညှိပါ။ ဟန်ဆောင်ကောင်းအောင်လို့ အနည်းငယ်တော့ လေ့ကျင့်ရပါမယ်။
ကဲ .. မိုက်တယ်မလား။ လက်ခုပ်တီးရင် ရွေးထားတဲ့ အလုံးပေါက် Cool :D
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
............................................................................................

*** Magic Paper ***

ဒီမျက်လှည့်ပြကွက်လေးကလဲ အတော်လန်းပါတယ်။ ပုံ(၂)မှာ ပါတဲ့အတိုင်း Symbol များစွာထဲမှ ကြိုက်နှစ်သက်ရာ Symbol တစ်ခုကို ရွေးလိုက်ပါ။ Symbol များတွင် နံပါတ်များ ပါရှိပါတယ်။ ဥပမာ နံပါတ်(26)ပါရှိတဲ့ Symbol ကို ရွေးလိုက်တယ်ဆိုပါစို့ .. ရွေးလိုက်တဲ့ ဂဏန်းကို ခွဲလိုက်ပါ။
2 နဲ့ 6 .... ဟုတ်တယ်နော် .. ပြီးရင် ခွဲထားတဲ့ နှစ်ခုကို ပေါင်းလိုက်ပါ။
2+6 = 8 ... (8)ဆိုတဲ့ ဂဏန်းကို ရပါမယ်။ ပြီးရင် မူလရွေးထားတဲ့ ဂဏန်း (26)ထဲကနေ (8)ကို ပြန်နုတ်ပါ။ 26-8=18 ... (18) ဆိုတဲ့ ဂဏန်းကိုရပါမယ်။ (18)ဂဏန်းပါတဲ့ Symbol ပုံကို ပြန်မှတ်သားပါ။ စိတ်ထဲကနေ မှတ်လိုက်ပါ။ သေချာစိုက်ကြည့်ပြီး မှတ်ထားပါ။ အိုကေ .. မှတ်ထားပြီးရင် Continue ကိုနှိပ်လိုက်တာနဲ့ သင့်စိတ်ထဲက မှတ်သားထားတဲ့ Symbol ပုံက Magic Paper မှာ ဖြည်းဖြည်းချင်းပေါ်လာပါလိမ့်မယ်။ လုံးဝ အလန်းပါ။

အစကတော့ ကျွန်တော် တော်တော် လန့်သွားတယ်။ ကိုယ် စိတ်ထဲကနေ မှတ်ထားတဲ့ ပုံကို ဘယ်လိုလုပ်များ သိသွားတာလဲဆိုပြီးတော့ဗျာ။ နောက်မှ App ကို သေချာလေ့လာကြည့်တော့ သူ့ရဲ့ လှည့်ကွက်လေးကို သွားတွေ့မိတယ်။ ဘယ်လို လှည့်ကွက်လုပ်ထားလဲဆိုတာ သူငယ်ချင်းကိုယ်တိုင်ပဲ လေ့လာကြည့်တော့ဗျာ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်တယ်။

ကဲ .. သူငယ်ချင်းအပေါင်းသင်းတွေကို ဒီ မျက်လှည့် app နှစ်ခုနဲ့ မျက်လှည့် ပြနိုင်ပါပြီ။ ဟန်ပါပါနဲ့ တကယ့် မျက်လှည့်ဆရာ ပုံစံ ဂိုက်တော့ ဖမ်းထားနော်။ အရင်ဆုံး သေချာလေ့ကျင့်ပြီးမှ ပြရင် .. သူငယ်ချင်းတွေ အံ့သြသွားမှာပါ။ အားလုံးပဲ ပျော်ရွှင်ပါစေဗျာ .. ထူးခြား ဆန်းသစ်တဲ့ Android App တွေကို ကြိုးစားတင်ဆက်နေမယ့် 

...............................................................................
download - Balloon Pop Magic (1MB)

dropbox

box
 
copy

SKY BOYS GROUP (ကောင်းကင်ကောင်လေးများအဖွဲ့) ချမ်းမြေ့

♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော Android Application များ ♥♥ စုထားတယ်နော် (ချမ်းမြေ့)

အဓိကကတော့ သူငယ်ချင်းတွေအတွက်နဲ့ ကျွန်တော့ချစ်သူလေးအတွက်ပါ

♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော
Android Application များ ♥♥

ဒီပို့စ်ကို ကျွန်တော် ရေးချင်နေတာကြာပါပြီ။ ဒါပေမဲ့ လိုအပ်တဲ့ app တွေ ထပ်ရှာပြီး စုဆောင်းနေရတဲ့အတွက် မတင်ဖြစ်နိုင်ဖြစ်နေတာပါ။ 

အခုတော့ App လေးတွေ တော်တော်စုံလင်သွားပြီမို့ ကျေနပ်တာနဲ့ တင်ပေးလိုက်ပါပြီ။
ခေါင်းစဉ်ပါ အတိုင်းပါပဲ ချစ်သူ(ကျား၊မ) ကို ရင်ခုန်ကြည်နူးသွားအောင် ဒီ app လေးတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကတော့ Mr.AD ရဲ့ ချစ်သူစုံတွဲတွေကို ပါရမီဖြည့်ပေးတဲ့ တင်ဆက်မှုလေးတစ်ခုပေါ့ဗျာ။

♥♥ ၀ လာလို့ စိတ်ညစ်နေလား ချစ်သူ ♥♥

ကိုယ့်ကိုကိုယ် ၀ လာပြီဆိုပြီး စိတ်ညစ်နေတဲ့ ချစ်သူကို စက္ကန့်ပိုင်းအတွင်း ပိန်သွားအောင် လုပ်ပြပြီး ရင်ခုန်ကြည်နူးသွားစေချင်ရင်တော့ Cymera ဆိုတဲ့ Photo edit app က ကူညီပေးပါလိမ့်မယ်။ Cymera မှာ Beauty menu အောက်က Slim ဆိုတဲ့ ထူးခြား ဆန်းသစ်တဲ့ function လေးက သင့်ချစ်သူရဲ့ ပုံရိပ်ကို စက္ကန့်ပိုင်းအတွင်း ပိန်ပြီးသွယ်လျသွားအောင် လုပ်ပေးပါလိမ့်မယ်။ Photoshop နဲ့ဖန်တီးနေစရာမလိုဘူး။ လုပ်ရတာလဲ လွယ်မှလွယ် ချစ်သူရဲ့ ပုံရိပ်တွေကို အလှပဆုံး ဖန်တီးပေးမယ့် app ဖြစ်ပါတယ်။

♥♥ ချစ်သူဆီကို ချစ်စရာကောင်းတဲ့ Text Art တွေနဲ့ SMS ပို့မယ် ♥♥

ချစ်သူဆီကို SMS ပို့တဲ့အခါ စာနဲ့အတူ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ text art ဒီဇိုင်းလေးတွေနဲ့ ပူးတွဲပြီးပို့လိုက်ရင် ချစ်သူ ရင်ခုန် ကြည်နူးသွားမှာ သေချာပါပဲ။ အဲ့ဒီအတွက် CoolText - Funny ဆိုတဲ့ app လေးက ကူညီပေးပါလိမ့်မယ်။ ချစ်သူဆီမှာ ဒီ app သွင်းထားစရာမလိုပါဘူး။ စာသားတွေမှာပါတဲ့ အက္ခရာတွေကိုပဲ အလှဆင်ပြီး ပို့ပေးမှာဖြစ်တဲ့အတွက် နှစ်ယောက်စလုံးမှာ app ရှိစရာမလိုအပ်ပါဘူး။ ကိုယ့်ဘက်မှာပဲ ရှိနေရင် ပို့လို့ရပါပြီ။
ဒီလောက်ဆို သဘောပေါက်ပီမလား .. ဟဲဟဲ .. :)

♥♥ ကြည်နူးစရာကောင်းတဲ့ Happy Couple Live Wallpaper ♥♥

ချစ်သူကို လက်ဆောင်ပေးလို့ကောင်းတဲ့ live wallpaper လေးပါ။
ကောင်လေးက ကောင်မလေးကို အနမ်းလေးတွေ ပေးနေတယ်။
လုံးဝ Cute ပါပဲ။ ချစ်သူ ဒီ wallpaper ကိုမြင်လိုက်ရင် အသည်းယားပြီး ချစ်သွားမှာ သေချာတယ်။ ချစ်သူနဲ့တွေ့တုန်း Zapya ကိုဖွင့် ဒီ app လေးကို ပို့ပေးလိုက်။ ချစ်သူ သဘောကျပြီး သင့်ကို wallpaper ထဲကလို အာဘွားပေးမှာ မြင်ယောင်သေး :D

♥♥ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေကို Love Frames နဲ့အလှဆင်မယ် ♥♥

ချစ်သူနဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေကို Love Frames app နဲ့ ချစ်စရာကောင်းအောင် ဖန်တီးလို့ရပါတယ်။ Frame တွေအများကြီးပါတယ်။ ပါဝင်တဲ့ Frame တွေကလဲ အရမ်းလန်းတယ်ဗျာ။ ကြည်နူးစရာတွေအပြည့်ပဲ။ ချစ်သူနဲ့ချိန်းတွေ့တုန်း နှစ်ယောက်တွဲပုံလေးတွေကို Love Frames နဲ့..
အတူတူ ထိုင်ကလိကြရင်း ကြည်နူးမှုတွေ အတိုင်းမသိ ခံစားနေကြမှာ မြင်ယောင်သေး :)

♥♥ ချစ်သူနဲ့အတူ ဖုန်းထဲမှာ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်မယ် ♥♥

LoveByte ဆိုတဲ့ app လေးကတော့ ချစ်သူစုံတွဲတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ app ဖြစ်ပါတယ်။ internet connection တော့လိုအပ်ပါတယ်။ LoveByte ကိုဖွင့်ပြီး Register လုပ်ရပါမယ်။ ကိုယ့်ချစ်သူလဲ Register လုပ်ရမယ်။ ဒါမှ နှစ်ယောက်စလုံး Chatting လုပ်နိုင်ပါမယ်။ online ပေါ်မှာ နှစ်ယောက်တစ်ကမ္ဘာလေး တည်ဆောင်တဲ့သဘောပေါ့။ LoveByte နဲ့ဘာတွေလုပ်လို့ရလဲဆိုတော့ ကိုယ့်ချစ်သူနဲ့ ဘယ်နှစ်ရက် လျောက်လည်ဖူးလဲလို့မှတ်သားလို့ရတယ်။
ချစ်သူနဲ့ပက်သတ်ပြီး ခံစားမှုတွေကို Note ထဲမှာ ရေးမှတ်ထားလို့ရတယ်။
ချစ်သူတွေဖြစ်ကြတာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာ မှတ်သားထားလို့ရတယ်။
ဓါတ်ပုံတွေကိုလဲ နေရာ၊ရက်စွဲ၊ အချိန်တွေရေးပြီး သိမ်းဆည်းထားလို့ရပါတယ်။ ချစ်စရာကောင်းတဲ့ ပုံတွေနဲ့ sms ပို့တဲ့ function ပါတယ်။ ချစ်သူတွေအတွက် အသုံးဝင် function တွေနဲ့ ကြည်နူးစရာကောင်းတဲ့ app တစ်ခုပါ။ ကိုယ့်ချစ်သူနဲ့ အမှတ်တရများစွာကို LoveByte နဲ့အတူ သိမ်းဆည်းထားရင်း ထာဝရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ :)

ဒီလောက်ဆို သဘောကျ ကျေနပ်ကြရဲ့လားဗျ။

အားလုံးသော ချစ်သူတွေ ချစ်ခြင်းခိုင်မြဲ ထာဝရ လက်တွဲနိုင်ကြပါစေဗျာ။

application တွေကို ဒေါင်းရအဆင်ပြေအောင် Zip file နဲ့ချုံ့ပြီးတင်ပေးလိုက်ပါတယ်။ file size က (41MB) ဖြစ်ပါတယ်။ နည်းနည်းတော့ သည်းခံပြီး ဒေါင်းပေးပါနော်

download -

box

zippyshare

*** ရေလည်လန်းတဲ့ FUNLocker ***

*** ရေလည်လန်းတဲ့ FUNLocker ***

Screen Locker အလန်းစားတွေ ထားချင်ရင်တော့ FUNLocker က တကယ်လန်းတယ်။ ရယ်စရာတွေလဲ ပါတယ်။ ဒီဇိုင်းဆန်းတဲ့ အလန်းစား Locker Themes တွေကို ရယူဖို့ အင်တာနက်လေးတော့ ဖွင့်ထားရပါမယ်။ FUNLocker ကို install လုပ်ပြီး see more theme ဆိုတာကို နှိပ်ကာ Themes များစွာကို အခမဲ့ ရယူနိုင်ပါတယ်။ Piano Theme လေးကို အတော် ကြိုက်တယ်ဗျာ။
Lockscreen က Piano ဖြစ်သွာတယ်။ တစ်ခုချင်းတီးနေရင် မပွင့်ဘူး။
Key အားလုံး တန်းစီပြီး တီးလိုက်ရင် Lock ပွင့်သွားတယ်။ လန်းတယ်။

နောက် ချစ်သူစုံတွဲတွေအကြိုက် စုံတွဲဓါတ်ပုံလေးတွေကို Frame လှလှလေးတွေနဲ့ Lockscreen လုပ်ထားလို့ရတယ်။ သူငယ်ချင်းတွေကို ကြွားဖို့ မျက်နှာမှတ်ပြီး ဖွင့်နိုင်တဲ့ Lockscreen ,
Guitar , Drum , Gun ... အများကြီးပဲဗျာ ရေလည် လန်းတယ်ဗျို့။ ရယ်စရာ Lockscreen themes တွေလဲ အများကြီး ရှိတယ်ဗျာ။ လူငယ်တွေအကြိုက် ဆန်းသစ်လှပသော Locker Themes များစွာရှိလို့ တကယ်လန်းတဲ့ app လေးဖြစ်ပါကြောင်း ပြောကြားရင်း down လိုက်ပါ
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

dropbox

copy
 
ပျော်ရွှင်ပါစေ။

** စုံလင်စွာ အသုံးပြုနိုင်မယ့် Active Lockscreen **

Lockscreen အများစုမှာ ပါဝင်တဲ့ function တွေက Lock ဖွင့်တာ၊ Phone Call လုပ်တာ၊ SMS ဖွင့်တာ၊ Mute လုပ်တာ၊ Camera ဖွင့်တာ .. စသဖြင့် function အနည်းငယ်သာ Lockscreen မှာ
အသုံးပြုနိုင်ပါတယ်။ Active Lockscreen မှာတော့ Lockscreen တစ်ခုမှာတင် အသုံးပြုနိုင်တဲ့ function အများကြီး ပါဝင်နေပါတယ်။

** Call **
Call လုပ်ရာမှာ ကိုယ်အမြဲဖုန်းခေါ်လေ့ရှိတဲ့ Contact လေးခုကို ..
Lockscreen မှာ သတ်မှတ်ပေးထားလို့ရပါတယ်။ Lockscreen မှာတင် ..
တစ်ခါတည်း တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပါတယ်။ အလွန်အဆင်ပြေပါတယ်။

** Message **
Message ဖွင့်ရာမှာလဲ SMS တစ်မျိုးတည်းတင်မဟုတ်ပဲ သင့်ဖုန်းမှာ fb messenger , Gmail , imo .. အစရှိတဲ့ message app တွေကိုလဲ Lockscreen မှာ တစ်ခါတည်း တန်းဖွင့်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

** Camera **
Camera ဖွင့်ရာတွင်လဲ ဖုန်းမှာပါတဲ့ built in camera အပြင် သင်ထည့်ထားတဲ့ တစ်ခြား camera app များကိုလဲ ဖွင့်နိုင်ပါတယ်။

** Apps **
Application များကိုလဲ (၈)မျိုးအထိ Lockscreen မှာ shortcut အနေဖြင့် ဖန်တီးထားလို့ရပါတယ်။ Lock ဖွင့်ရင်း ကိုယ်သုံးချင်တဲ့ App ဆီကို တစ်ခါတည်းတန်းဖွင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

** Themes **
Active Lockscreen အတွက် ဆန်းသစ်လှပတဲ့ Theme များစွာကိုလဲ Play Store မှာ အခမဲ့ ရယူနိုင်ပါသေးတယ်။ Theme တွေက အတော်လေးလန်းတယ်ဗျာ။ အားရပါးရသာ ယူကြပေတော့။

Active Lockscreen မှာ ထည့်ထားချင်တဲ့ App များကို Setting ထဲသွားပြီး ..
Select your shortcuts ဆိုတဲ့အောက်မှာ စိတ်တိုင်းကျ သတ်မှတ်ပေးနိုင်ပါတယ်။ Active Lockscreen ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ ၊ မပြေကတော့ ဒေါင်းပြီး စမ်းကြည့်လိုက်ပါ။ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်တဲ့ Lockscreen တစ်ခုဖြစ်ပါတယ်။

download - (3MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

*** လန်းပါပေ့ Hovering Controls ရယ် ***

 *** လန်းပါပေ့ Hovering Controls ရယ် ***

App အလန်းလေးတွေ တင်ပေးပါဆိုတဲ့ ဘော်ဒါများအတွက် Hovering Controls ဆိုတဲ့ App အလန်းလေး တင်ပေးတယ်ဗျာ။ Proximity Sensor ဆိုတာကို အားလုံး သိကြမယ်ထင်ပါတယ်။
ဖုန်းရဲ့ရှေ့ကင်မရာ နားမှာရှိတဲ့ အမဲရောင် အကွက်လေးက Proximity Sensor ဖြစ်ပါတယ်။ သူက ဖုန်းလာတဲ့အခါ နားနဲ့ကပ်ရင် Screen Off ဖြစ်အောင်လုပ်ပေးတဲ့ Sensor ပေါ့ဗျာ။
အဲ့ဒီ Proximity Sensor ကို အသုံးပြုပြီး မိမိဖုန်းကို ခိုင်းကြည့်မယ်။ Hovering Controls App နဲ့ ခိုင်းလိုက်ကြစို့ဗျာ

Hovering Controls နဲ့ ဘာတွေလုပ်နိုင်လဲဆိုတော့ ..

- Proximity Sensor ပေါ်သို့ လက်ဝါးဖြင့် ညာဘက်ကို ယိမ်းတဲ့အခါ ..
မိမိကြိုက်နှစ်သက်ရာ App တစ်ခုခုကို ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ နှစ်ဖက်စလုံး နှစ်ခါ ယိမ်းရင် နောက်ထပ် App တစ်ခု
ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ မယိမ်းပဲ အပေါ်တည့်တည့် အုပ်မိုးထားတဲ့အခါမှာလည်း
နောက်ထပ် App တစ်ခု ဖွင့်ခိုင်းလို့ရတယ်။

ဖွင့်လိုသော App များကို မိမိစိတ်ကြိုက် သတ်မှတ်ပေးထားလို့ရတယ် ..
ကျွန်တော်ကတော့ အမြဲသုံးလေ့ရှိတဲ့ Page Manager , Facebook , Fast Reboot .. အဲ့သုံးမျိုးသတ်မှတ်ပေးထားတယ်

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး နောက်ထပ် သုံးနိုင်တာတွေက ..

- သီချင်းနားထောင်နေတဲ့အခါ ဘယ်၊ညာ ယိမ်းပြီး အပုဒ်ကျော်နိုင်မယ်။

- ဖုန်း call ၀င်လာတဲ့အခါ နားနဲ့ကပ်လိုက်တာနဲ့ အလိုလို ဖုန်းကိုင် ပြီးသားဖြစ်အောင် လုပ်နိုင်တယ်။

- ဖုန်းပြောနေရင်း Speaker ဖွင့်ချင်တဲ့အခါ ဖုန်းကို Shake လုပ်ပြီး ဖွင့်နိုင်တယ်။

- Gallery ထဲမှာ ဓါတ်ပုံတွေ ကြည့်တဲ့အခါလဲ ဖုန်းကို ထိစရာမလိုဘူး။ လက်ဝါးနဲ့ အသာလေး အပေါ်ကနေ ယိမ်းလိုက်တာနဲ့ နောက်တစ်ပုံ ပြောင်းပေးတယ်ဗျ။ Gallery မှာ သုံးမယ်ဆိုရင်တော့ မိမိဖုန်းက Root လုပ်ထားဖို့ လိုအပ်ပါတယ်။

- Internet Browser တွေနဲ့ web page တွေကြည့်တဲ့အခါမှာ လက်ဝါးနဲ့ အောက်ကို ဆွဲချလိုက်ရင် Scroll Down , လက်ဝါးနဲ့ အပေါ်ကို နှစ်ခါ တက်လိုက်ရင် Scroll up လုပ်ပေးပါတယ်။
ဒါကိုလဲ Root လုပ်ထားတဲ့ဖုန်းမှ အသုံးပြုနိုင်ပါမယ်။

ဘယ်လောက်လန်းလဲ။ ကျွန်တော်တော့ အရမ်းသဘောကျတယ်။ Unlock Screen အထိတောင် လက်ဝါးနဲ့ယိမ်းပြီး ဖွင့်နိုင်တယ်လို့ဆိုပါတယ်။ ကျွန်တော်စမ်းကြည့်တော့ ဖုန်းနဲ့မကိုက်လို့လားမသိဘူး ..
အလုပ်မလုပ်ဘူး။ အဲ့ဒါကိုတော့ ဖုန်းတိုင်းရချင်မှ ရပါမယ်။ ကျန်တာတွေလဲ ဖုန်းတိုင်းတွင် အသုံးပြုနိုင်မယ်လို့ သေချာမပြောနိုင်ဘူး။ ကျွန်တော် စမ်းကြည့်တာတော့ တော်တော်များများ အသုံးပြုလို့ရတယ်။ကိုယ့်ဖုန်းမှာသုံးလို့ရလားဆိုတာ သိချင်ရင် ကိုယ်တိုင် ကလိကြည့်ဗျာ။
တစ်ခြား အသုံးဝင် function များလဲ ကျန်ပါသေးတယ်။အဓိကအသုံးဝင်တာတွေကိုပဲ ရေးပေးလိုက်တာပါ။ Android 2.3 နှင့်အထက်ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 
copy

zippyshare

Facebook window တဲ့ ရှယ်လန်းတယ်

 facebook window

Facebook သုံးရင်း ဖုန်းကလိချင်တဲ့သူတွေအတွက် ရေလည်လန်းတဲ့ facebook window ဆိုတာလေး တင်ပေးလိုက်တယ်။ ဒါလေးရှာတွေ့တာ အရမ်းပျော်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ..
အရင်ကဆိုရင် facebook သုံးနေချိန် သီချင်းဖွင့်ချင်တာ၊ SMS ဖတ်ချင်တာ၊ တစ်ခြား ကိစ္စတွေ လုပ်ချင်ရင် facebook app ကို ပိတ်ရပါတယ်။ ဒါမှမဟုတ် home key နှိပ်ပြီး ပြန်ထွက်ရပါတယ်။ အလုပ်ရှုပ်တယ်ဗျ။
အခုတော့ faceboook window ဆိုတာလေးနဲ့ အဆင်ပြေသွားပါပြီ။ facebook ကို window တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်။ ချုံ့၊ ချဲ့ ပြုလုပ်နိုင်တယ်။ facebook function ကိုလဲ အပြည့်ဝ အသုံးပြုနိုင်ပါတယ်။ Hide လုပ်ထားလို့လဲရတယ်ဗျ။ ပြန်သုံးချင်ရင် တစ်ချက်နှိပ်ပြီး ပြန်ဖွင့်ရုံပဲ။
မြန်မာစာလဲ အဆင်ပြေတယ်ဗျာ။ သေးသေးကွေးကွေးလေးအထိ ချုံ့ထားနိုင်တယ်။ ဓါတ်ပုံတွေ zoom ဆွဲကြည့်သလို လက်ညိုး လက်မ သုံးပြီး ချုံ့၊ ချဲ့ လုပ်နိုင်တယ်။ file size က 90KB လေးပဲ ရှိတယ်ဗျာ .. လုံးဝ အလန်း :) Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

CallHeads

CallHeads

CallHeads ဆိုတဲ့ Caller ID အလန်းစားတစ်ခုကို မိတ်ဆက်ပေးမယ်။ ဖုန်းဝင်လာတဲ့အခါ ID စက်ဝိုင်းထဲမှာ Contact ပုံတွေနဲ့ ဖော်ပြပေးမယ့် Call receive app ဖြစ်ပါတယ်။ Animation များဖြင့် ဖော်ပြပေးလို့ အလန်းစားပါပဲ။ Animation သုံးမျိုးပါဝင်ပါတယ်။ ဂိမ်းကစားတာပဲဖြစ်ဖြစ်
ဘာပဲလုပ်နေနေ ဖုန်းဝင်လာတာနဲ့ စက်ဝိုင်းလေးနဲ့အတူ ဖော်ပြပါမယ်။ စက်ဝိုင်းကို ဘယ်၊ ညာ၊ အောက် ရွှေ့ပြောင်းပြီး ဖုန်းလက်ခံတာ ၊ မကိုင်တာ၊ ခဏစောင့်ခိုင်းတာ တွေ လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး floating ဖြစ်လို့ caller id စက်ဝိုင်းလေးကို ကြိုက်တဲ့နေရာ ရွေ့ထားလို့ ရပါတယ်။ ဖုန်းဝင်လာတဲ့အခါ ကိုယ်လုပ်နေတာလဲ ဆက်လုပ်ရင်း ..
အ၀င် call ကို ကိုင်နိုင်သွားပါမယ်။ သုံးကြည့်ဗျာ အမိုက်စားလေးပဲ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.3MB)

dropbox

copy

Saturday, December 28, 2013

Automatic Call Recorder Pro v3.62 for android(latest version)

Android phone/tablet ကိုင်ဆောင်သူတွေ အတွက် မိမိပြောထားသော ဖုန်း အ၀င်၊အထွက် Call များကို အသံကြည့်ကြည့်လင်လင်နဲ့ အသံဖမ်းထားပေးနိုင်မယ့် ဆော့ဝဲလ်လေး Automatic Call Recorder pro ကိုတင်ပေးလိုက်ပါတယ်..start recoreding နှိပ်ထားရုံနဲ့ဖုန်းအ၀င်အထွက် ခေါ်ဆိုမှုများကို အသံဖမ်းပေးထားနိုင်ပြီး မလိုအပ်ပါက stop recording လုပ်ထားရုံပါပဲ.အသံဖမ်းထားလိုတဲ့ ဖုန်းနံပါတ်ကို လည်း select လုပ်ပြီးထားနိုင်ကာ ဖမ်းထားပြီးသမျှ ဖုန်းခေါ်ဆိုမှုများကိုလည်း share လုပ်ပေးနိုင်ပါသေးတယ်..Call recorder တွေထဲမှာတော့ အသံကြည်ကြည်လင်လင်နဲ့ ဖမ်းထားပေးနိုင်တာကြောင့် နာမ်မည်ရထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်.. Google Play မှာလည်း 26.23 ဒေါ်လာနဲ့ ဈေးကြီးနေဆဲ့ဖြစ်ပြီး Myanmar Mobile App Store မှာ Freedownload ရယူနိုင်ပါပြီ..
http://www.mediafire.com/download/47lght7n2dzt9tl/uploaded+by+www.myanmarmobileapp.com%28Myo+Minn+Thant%29-Automatic+Call+Recorder+Pro+v3.62+.apk