Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Sunday, December 29, 2013

** ကဗျာ ရသ စာစုများကို အလှဆင်နိုင်သော Textgram Pro **

ပို့စ် - ချမ်းမြေ့

Facebook ပေါ်မှာ တော်တော်များများ ခံစားချက် စာစုတွေကို
ဒီဇိုင်းလှလှတွေနဲ့ ပြင်ဆင်ပြီးတော့ တင်ကြတယ်။ ကဗျာတွေ ..
ရသစာတွေကို တွေ့ကြတယ်မလား။ အဲ့လို အလှဆင်ဖို့ ..
photoshop နဲ့ကွန်ပျူတာမှာ စာရေး အလှဆင် .. ပြီးတော့မှ ..
jpeg နဲ့ save ပြီး fb ပေါ် တင်ကြတာ များပါတယ်။
အခု ကျွန်တော် တင်ပေးလိုက်တဲ့ Textgram Pro ဟာဆိုရင် ..
အဲ့လိုမျိုး ကဗျာ၊ စာစုလေးတွေကို အလှပဆုံး ဖန်တီးပေးမယ့်
app တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာ လုံးဝ မသုံးပဲ ဖုန်းထဲမှာတင်
ကဗျာ စာစုတွေကို စိတ်တိုင်းကြ လှလှပပ ဖန်တီးနိုင်ပါတယ်။
မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

Textgram Pro ရဲ့ လုပ်ဆောင်နိုင်ချက်တွေကတော့ ...

** emoji ခေါ် ရုပ်ပြောင်တွေ အသုံးပြုနိုင်တယ် **
** ဆန်းသစ်သော Templates များစွာ ပါဝင်တယ် **
** Backgroud အလန်းစားတွေ အများကြီး ပါဝင်တယ် **
** Fonts style များစွာ အသုံးပြုနိုင်တယ် **
** Text effects မျိုးစုံ ပါဝင်တယ် **
** Frame မျိုးစုံဖြင့် အလှဆင်နိုင်တယ် **
** Stickers များစွာနဲ့ အလှဆင်နိုင်တယ် **
** Filter များဖြင့် အလှဆင်နိုင်တယ် **
** Facebook သို့ အလွယ်တကူ Share နိုင်တယ် **

လိုအပ်ရင် online ချိတ်ပြီး Backgrouds , Frames , Stickers တွေကို ..
download ဆွဲကာ ရယူနိုင်ပါသေးတယ်။ ကဲ .. အဆင်မပြေဘူးလား။
ခံစားချက်တွေကို Photoshop နဲ့ အပင်ပန်းခံပြီး ရေးမနေနဲ့တော့။
Textgram Pro နဲ့ ဖုန်းထဲမှာတင် အလွယ်တကူ ဖန်တီးလိုက်တော့ဗျာ
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (12MB)

dropbox
 
megacloud

mediafire

No comments:

Post a Comment