skip to main  |
      skip to sidebar
          
ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည် (ချမ်းမြေ့)
 
 မန်ယူ တိုက် စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ မှုကြောင့် တစ်လ 
အထိ အနား ယူရ တော့မည်ဟု သိရ သည်။ ရှက်တာ ဒိုးနက်ကို တစ်လုံး တည်းသော 
ဂိုးဖြင့် အနိုင်ရ ခဲ့သော ပွဲစဉ်တွင် အနိုင်ဂိုး ရစေမည့် ထောင့် ကန်ဘော ကန်
 တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ယင်း အတွက် ကြောင့် ၎င်းအ 
နေဖြင့် မန်ယူ အသင်း ၏ပွဲစဉ် (၇) ပွဲအထိ အနား ယူရဖွယ်ရှိ နေသည်။ ထို့အပြင် 
မန်ယူ နည်းပြ မိုရက်စ် ကလည်း ရွန်နီနှင့် တွဲဖက်၍ ခြေစွမ်း ပြနေသည့် ဗန်ပါစီ အနား ယူရ ခြင်းမှာ မိမိတို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ သွားသည်။
 
 “ရှက်တာ ဒိုးနက်နဲ့ ပွဲမှာ အနိုင်ဂိုး ရစေမယ့် ထောင့်ကန်ဘော ကန်တင်ရာ 
ကတစ်ဆင့် ဗန်ပါစီ ပေါင်ကြွက် သား ဒဏ်ရာ ရခဲ့ပြီး အဲဒီ အတွက် တစ်လကြာ အနား 
ယူရပါ တော့မယ်။ ရွန်နီနဲ့ ဗန်ပါစီ နှစ်ဦး ပေါင်း စွမ်းဆောင်မှု ကောင်းနေ 
ချိန်မှာ ဗန်ပါစီ ဒဏ်ရာရသွားတာ ကျွန်တော်တို့ အသင်း အတွက် ကံဆိုးမှု 
တစ်ရပ်ပါပဲ”ဟု မိုရက်စ်က ပြောသည်။ မန်ယူမှာ အဲဗာတန်၊ နယူး ကာဆယ် တို့နှင့်
 ပွဲစဉ် များတွင် အိမ်ကွင်း (၂) ပွဲဆက် ရှုံးနိမ့် ခဲ့ပြီး လာမည့် တနင်္ဂနွေ 
နေ့တွင် ဗီလာနှင့် အဝေးကွင်း ပွဲစဉ် ကစား ရန်ရှိနေသည်။
 
No comments:
Post a Comment