Tuesday, December 17, 2013
ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်
Subscribe to:
Post Comments (Atom)
Tuesday, December 17, 2013
ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်
 
 
 ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... 
နားရွက်မှာရှိတဲ့ အာရုံကြောတွေ ကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ 
လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက် ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို
 ပျောက်ကင်းပါလိမ့်မယ်....
 
 ၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် 
ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့အသံကို မကြားနိုင်ဖြစ်နေပါသလား.... 
ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြု ပါ... 
ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....
 ၃) သန့်စင်ခန်းဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ 
အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း 
အခင်းကြီးငယ်သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း 
စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို 
အာရုံလွှဲပြောင်းပေးနိုင်ပါတယ်.... 
 ၄)ဆရာဝန်ကသင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ...
 ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက 
ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ 
ကန့်သတ်ထားစေနိုင်ပါတယ်...
 ၅) နှာစေးနေလို့ 
နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်းပိတ်နေတဲ့အခါမျိုးမှာ 
သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ 
လက်တစ်ချောင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် 
ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေ တာတွေ 
လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်.... 
 ၆) 
အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး 
အရမ်းပြည့်အင့်ကာအိပ်ချင်လာပြီ ဆိုရင် ဘယ် 
ဘက်ကိုစောင်းပြီးလှဲလျောင်းပါ...ဒီပုံစံဟာသင့်အစာအိမ်ကိုအစာပြွန်ထက်ပိုနိမ့်တဲ့အနေအထားမှာရှိတဲ့အတွက်
 
အစာချေ ရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး 
အစာချေရည်တွေသင့်လည်ချောင်း ထဲကမထွက် လာအောင်ထိန်းပေးထားနိုင်ပါတယ်... 
 ၇)သင်သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့လက်မနဲ့လက်ညိုးကြားက 
လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာက 
အာရုံကြောဟာ ခံတွင်းကနာကျင်မှုဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို 
ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်... 
 ၈) 
သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး 
ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခု ကို ဆုပ်ကိုင်ထားရပါတယ်... 
ဘာကြောင့်လဲဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက 
ဟန်ချက် ထိန်းတဲ့အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး 
အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က 
နောက်ထပ်ရည်ညွန်းမှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်း က ရပ်အောင် 
လုပ်ဆောင်ပေးပါတယ်.... 
 ၉) နှာခေါင်းသွေးယိုတဲ့အခါ 
နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက်သွားဖုံးပေါ်က အခွက်လေးထဲမှာ 
ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေးဖိပေးပါ... 
နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ 
လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွားစေနိုင်ပါတယ်... 
 
၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် 
(စုပ်) ရင်း လျှော့ ချနိုင် ပါတယ်... vagus လို့အမည်ရတဲ့ အာရုံကြောဟာ 
နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် 
သင်တည်ငြိမ်မှုရလာပါလိမ့်မယ်... 
 ၁၁) ရေထဲမှာ ခဏလောက် 
အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက်တဝကြီးရှူတာ 
ပုံမှန် ထက်မြန်မြန်ပြင်းပြင်းရှူတာမျိုးလုပ်မယ့်အစား 
ရှူသွင်းရှူထုတ်ခြင်းကို အချိန်တိုအတွင်းများများ လုပ်ဆောင် လိုက်ပါ... 
ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင်ပိုရသလို ခံစားရစေပြီး 
အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင်ပါလိမ့်မယ်.... 
 ၁၂) 
ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး 
ခေါင်းထဲထိ ထိုးကိုက်တာမျိုးဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze 
လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံအတိုင်း 
အပြားလိုက်ဖိကပ်ထားပါ... လျှာနဲ့နေရာများများထိနိုင်သမျှ 
ထိအောင်ကပ် ထားပေးရ ပါမယ်... brain 
freezeဟာခံတွင်းနံရံမှာ ရှိတဲ့အာရုံကြောကိုအလွန်အမင်းအေးစေ တဲ့ 
အခါဦးနှောက်ကခန္ဓာကိုယ်တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် 
ဖြစ်လာတာပါ... ဒါကြောင့် 
သင့်ဦးခေါင်းကိုနာကျင်ကိုက်ခဲတဲ့အထိ အပူပေးတဲ့လုပ်ဆောင်ချက်တွေ 
လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး 
အနွေးဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက 
သက်သာစေပါတယ်.... 
 ၁၃)သင့်ရဲ့လက်တွေအိပ်ပျော်တဲ့အခါမှာလက်တွေဟာ 
ဘေးတစ်ဘက်တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေ ပါ တယ်... ဒီအခါမှာ 
လက်တွေကပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက်လာပါတယ်... 
လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ 
အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် 
ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေအိပ်ပျော်တယ်ဆိုတာ 
ခန္ဓာ ကိုယ်အောက် ပိုင်းကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... 
ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်.... 
 ၁၄)
 ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း 
မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်.... 
 
Subscribe to:
Post Comments (Atom)

 
 


 

 
 
No comments:
Post a Comment