Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, December 25, 2013

မြန်မာအမျိုးသမီး ဘောလုံးအသင်းနည်းပြ AFC ကို ကန့်ကွက်စာပို့မည်

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လု ပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံးနည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက် စာမျက်နှာက ဖေါ်ပြပါတယ်။

အဲဒီပွဲမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သူ Maria Robello နဲ့ သူ့ရဲ့ စည်းကြပ်ဒိုင် နှစ်ဦးရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ် AFC ကို သက်သေအထောက်အထား မှတ်တမ်းမှတ်ရာနဲ့တကွ တိုင်ကြားမှာဖြစ်တယ်လို့ မြန်မာအမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

အကြိုဗိုလ်လုပွဲမှာ အိန္ဒိယ ဒိုင်လူကြီး Maria Robello ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရလဒ်တစ်မျိုး ပြောင်းလဲ သွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အခုလို တိုင်ကြားလို့ ပြိုင်ပွဲရလဒ်ပြောင်းလဲသွားမှာ မဟုတ်ပေ မယ့် နောင်မှာ ဒီလိုအလားတူ အဖြစ်မျိုးမဖြစ်ရအောင် တိုင်ကြား ရတာဖြစ်ကြောင်း လည်း မြန်မာ အမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

ဒီအတွင်း လာမယ့် ၂၀၁၆ခုနှစ် ဆူဇူကီး ဖလားဘောလုံးပြိုင်ပွဲကို မြန်မာနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံက အိမ်ရှင်နိုင်ငံတွေအဖြစ် ပူးတွဲကျင်းပကြမယ်လို့ သိရပါတယ်။ အဲသလို ပူးတွဲကျင်းပဖို့ အာဆီယံဘောလုံး အဖွဲ့ချုပ် AFF က စနေနေ့က သဘောတူ အတည်ပြုလိုက်တာဖြစ်ပါတယ်။

RFA

No comments:

Post a Comment