Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, December 25, 2013

ရန်ကုန်တွင်ကရိန်းဖြင့်ဖမ်းဆီးခဲ့သည့်ကားငါးစီးတွင် တစ်စီးလိုင်စင်မဲ့ဖြစ်နေ

ရန်ကုန် တိုင်းဒေသကြီးရှိ ယာဉ်မရပ်ရ နေရာများတွင် စည်းကမ်းမဲ့ရပ် နားခဲ့သည့် ဖမ်းဆီးခံယာဉ်စီး ရေ၉ဝဝကျော်အနက် ယာဉ်စီး ရေ ၂ဝဝခန့်မှာ လိုင်စင်မဲ့ယာဉ် များဖြစ်နေကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ''အချိန် တစ်လကျော်အတွင်းမှာ ဖမ်းမိ တဲ့ကားအစီးရေ ၉ဝဝကျော် ရှိတယ်။ ၆ဝဝကျော်က လာ ရွေးပြီးပြီ။ လာမရွေးတဲ့ ၂၀ဝ ကျော်က Without တွေဖြစ် နေတယ်။ အခုချိန်အထိလဲလာမ ရွေးကြဘူး''ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ပြောသည်။

ယင်းကဲ့သို့ ဖမ်းမိထားသည့် ယာဉ်အများစုမှာ အိမ်စီးမို ဒယ်မြင့်ကားများဖြစ်ပြီး ယင်း တို့ကို ယခုအချိန်တွင် ပြည်လမ်း ရှိ ရှင်စောပုကားဝင်းတွင် ထား ရှိလျက်ရှိကြောင်း၊ လာမရွေး သည့်ကားများကို အချိန်တစ် ခုထိသာစောင့်ဆိုင်းမည်ဖြစ် ပြီး ယင်းအချိန်အတွင်းလာမ ရွေးပါက လေလံစနစ်ဖြင့်ထုတ် ရောင်းသွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

 ရန်ကုန်မြို့တော်ကို မြို့ တော်အင်္ဂ࿿ါရပ်နှင့်အညီဖြစ်စေ ရန်နှင့် မြို့တော်အတွင်း ယာဉ် စည်းကမ်း လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက် အကူဖြစ်စေရန်၊ ယာဉ်ကြော ပိတ်ဆို့မှုလျော့နည်းကာ အများ ပြည်သူ သွားလာရေးအဆင် ပြေစေရန်၊ ယာဉ်မရပ်ရနေရာ များတွင် စည်းကမ်းမဲ့ရပ်နား ထားသောယာဉ်များကို စီမံချက် များဖြင့် ဖမ်းဆီးရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအင်ဂျင်နီ ယာဌာန (လမ်းနှင့်တံတား)၊ လိုင်စင်ရုံး၊ မ.ထ.သ၊ ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံး၊ လျှပ်စစ် ရုံး စသည်တို့မှအရာရှိများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ ထိုသို့လိုက်လံဖမ်းဆီး သည့်အဖွဲ့တစ်ဖွဲ့တွင် အထက် ပါဌာနများမှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးနှင့် ပူးပေါင်းကာ အဖွဲ့ဝင်၁၅ဦးခန့် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ယာဉ်ကြောပိတ်ဆို့သည့် အဓိ က လမ်းမကြီး ၃ရလမ်းတွင် အချိန်ကြာမြင့်စွာရပ်သည့် ယာဉ် များကို ကရိန်းဖြင့် ဆွဲယူဖမ်း ဆီးခြင်းများကို နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ တစ်နေ့လျှင် လေးဖွဲ့နှုန်းဖြင့် ပြုလုပ်လျက် ရှိရာ ဒီဇင်ဘာ ၁၂ရက်မှစပြီး ယာဉ်ကြောကျပ်သည့် လမ်း၂၀ ကို ထပ်မံတိုးမြှင့်ကာဖမ်းဆီး မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား) မှ တာဝန်ရှိသူတစ်ဦးက ''အဲဒီ လမ်းတွေမှာ ရပ်ထားတဲ့ကား တွေကို ငါးမိနစ်အထိ ရပ်ခွင့်ပေး တယ်။ ငါးမိနစ်ကျော်ရင် ဒီကား ကိုဖယ်ပေးဖို့  Hand speaker တွေနဲ့ အော်တယ်။ မလာဘူး ဆိုရင်တော့ ကရိန်းပေါ်တင် တယ်''ဟု ပြောသည်။အဖမ်းခံရသည့် ကားများ အနေဖြင့် ကရိန်းခ ကျပ်ငါး သောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာတရားရုံးတွင် ဒဏ်ငွေ ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment