Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, March 27, 2014

အောင်ခြင်းရှစ်ပါး

jas
ဗားရှင်း - ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - အန်းဒရိုက် - ၂.၂ နှင့် အထက်
လိုအပ်သော အန်းဒရိုက် - ၈၂.၀ မီဂါဘိုက်
ကူးယူသည့် အရေ အတွက် - 10 
 ယနေ့အချိန် ကလေးငယ်လေးများ ဟာ မြတ်စွာဘုရားရှင်လက်ထပ် ဟောကြားအောင်မြင်တော်မူခဲ့သော အောင်ခြင်းရှစ်ပါးအကြောင်းကို အသေချာမသိရှိကြချေ။ထို့ကြောင့် ဤအသုံးချပရိုဂရမ်တွင် မြတ်စွာဘုရားရှင်လက်ထပ် အောင်မြင်တော့မူခဲ့သော ပုဂ္ဂိုလ် (၈) ဦးအကြောင်းကို ရုပ်ပုံလေးများ နှင့်တကွ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ဖြင့် သိရှိနားလည်လွယ်ရန်ဖော်ပြထားပါတယ်။ ရုပ်ပြပုံများကိုလည်း ချုံ့/ချဲ့၍ ကြည့်နိုင်ပါသည်။
 
http://www.jas.com.mm/upload/screenshot/aungchineightpar1.png 

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်

(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။

(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။

သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။

သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။

(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့

သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။

အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။

(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။

(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။

(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။

(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။

သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။

(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။

သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။

(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။

အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။

(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။

သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။

သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။

ခံစားချက်ကို အရမ်းအလေးထားတတ်တဲ့သူတွေက ဒီလိုမျိုးလေးဖြစ်တတ်တယ်

1 . ကိစ္စတစ်ခုကို အကြာကြီးတွေးတတ်ပြီး မဟုတ်တာတွေစဉ်းစားတတ်တယ်

2 . ကျေနပ်လွယ်ပြီး ဒဏ်ရာရလွယ်တယ်
3 . အပယ်ခံထားရသလိုမျိုးကြီးတချိန်
လုံးခံစားနေမိတယ်

4 . သံသယများတတ်တယ် ဒါပေမဲ့အမြဲတမ်းအကောင်းဘက်ကတွေးတတ်တယ်
5 . နည်းနည်းလေး ပြသာနာဖြစ်တာနဲ့ ယုံထင်ကြောင်ထင်တွေစဉ်းစားနေတတ်တယ်
6 . ဘာမှန်းမသိတဲ့အထီးကျန်ဆန်မှု ဘယ်လိုမှမခုခံနိုင်တဲ့ကြောက်ရွံ့ မှုတွေရှိတတ်တယ်
7 . ကိုယ့်ကို ဘယ်သူကမှစိတ်ထဲမှာအလေးမထားကြဘူးလို့ အမြဲတွေးနေတတ်တယ်
8 . တကယ်စိတ်ပါလာတဲ့အခါ ဘာကိုမှဂရုမစိုက်ပဲလုပ်တတ်တယ်
9 . တခါတလေကျ လောကကြီးထဲပျောက်ကွယ်သွားချင်တဲ့စိတ်ကူးတွေရှိတတ်တယ်
10 . တစ်ယောက်တည်းလမ်းလျှောက်ရင်မြန်တယ်
11 . သူငယ်ချင်းတွေရှေ့ မှာတော့ပျော်ပျော်နေတတ်ပြီး တစ်ယောက်တည်းရှိနေချိန်ဆို စိတ်ဓာတ်တွေကျနေတတ်တယ်

အနမ်း

၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်
ကြပါတယ်...
၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...

၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...

၎) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....

၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....

၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....

၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....

၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....

၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက် အချိန်တွေသုံးကြရပါတယ်...

၁၀) အကြာဆုံးအနမ်းဟာ ၁၉၈၄ ခုနှစ်က ချီကာဂိုမြို့မှာဖြစ်ခဲ့ပြီး ၁၇ ရက်နဲ့ ၁၀ နာရီခွဲ ကြာခဲ့ပါတယ်... ရုပ်ရှင်ကားထဲက အကြာဆုံးအနမ်းဟာ ၁၉၄၀ ခုနှစ်က You're in the Army Now ဆိုတဲ့ ဇာတ်ကားမှာ Jane Wyman နဲ့ Reg Toomey တို့ နမ်းခဲ့ပြီး ၁၈၅ စက္ကန့်ကြာ ရင်ချင်းအပ်ပြီး နမ်းခဲ့ကြတာဖြစ်ပါတယ်... 

၁၁) အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ရဲ့ အီတလီနိုင်ငံမှာ နမ်းနေတာကို တွေ့မြင်တဲ့ စုံတွဲတွေဟာ အတင်းလက်ထပ်ပေးစားခြင်းခံခဲ့ရပါတယ်...

၁၂) ရုပ်ရှင်ဇာတ်ကားတွေထဲက အကြော်ကြားဆုံးအနမ်းဟာ Gone With the Wind ဇာတ်ကားထဲက Clark Gable နဲ့ Vivien Leigh တို့ရဲ့ အနမ်းဖြစ်ပါတယ်... တကယ်တော့ Gable ရဲ့ သွားတုနဲ့ ဝီစကီနံ့ထွက်တဲ့လေတွေကြောင့် Leigh ကို တုန်ခါနေတဲ့အထိ မသက်မသာဖြစ်စေခဲ့ပါတယ်....

၁၃) အနမ်းပေးခြင်းဟာ အလှအပကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်... နမ်းခြင်းဖြင့် သင့်ရဲ့ မျက်လုံးတွေကို တောက်ပစေပြီး သင့်အရေပြားကို ဝင်းမွတ်စေပါတယ်...

၁၄) အနမ်းခံရတာများတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပိုပြီးကြင်နာတတ်တဲ့သူတွေဖြစ်လာကြပါတယ်....

မေတ္တာဟာ နေရာတိုင်းမှာ ရှိပါတယ်

အရေးတယူဆက်ဆံသူ မရှိလို့ အားငယ်လာတတ်တာဟာ အနီးမှာရှိသူတွေကို မမြင်ဘဲ၊ အဝေးမှာရှိသူများကို မှန်းမျှော်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ လူ့ သဘောသဘာဝအရ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးလွန်းတာကြောင့်ပါ။

အားငယ်တတ်သူတွေဟာ အထီးကျန်တာကနေ စတာပဲ။ အထီးကျန်တတ်သူ တော်တော်များများဟာ ကိုယ့်ခံယူချက်က ပတ်ဝန်းကျင်ဆိုတာနဲ့  သဟဇာတ မဖြစ်တဲ့အတွက် တစ်ယောက်တည်းနေရင်း က ဖြစ်သွားတာပါ။

အမှန်တကယ်က သူတစ်ပါး ခံစားချက်ကို လစ်လျူရှုတာကြောင့်လည်း ပါတာပေါ့။ ကိုယ်က ဖြစ်ချင်တာတွေ ရှိပေမယ့်၊ အခြားသူအတွက့် ဖြစ်သင့်တာလေးတစ်ခုတော့ လုပ်ပေးသင့်ပါတယ်။ မေတ္တာဟာ အသွားအပြန်ရှိတာတော့ ယုံတယ်မလား။

မေတ္တာ မထားနိုင်ကြလို့ အထီးကျန်တာတွေ၊ အားငယ်တာတွေ ဖြစ်လာတာပါ။ လောကမှာ အပေါဆုံးအရာက မေတ္တာတရားပါ။နေရာတိုင်းမှာ မေတ္တာတရားကို ရှာလို့ ရနိုင်တယ်။ သို့ သော် ကိုယ့်မေတ္တာတော့ အရင်းပြုရပါမယ်။

လောကကြီးက ကိုယ်ပေးသလောက် ကိုယ့်ကို ပြန်ပေးတယ်ဆိုတာ ကြားဖူးမှာပါ။ ကိုယ့်မပေးလို့ ကိုယ်မရတာဘဲ ဖြစ်မှာပါ။ ဒါကြောင့် ဘ၀မှာ အထီးကျန်ခြင်း၊ အားငယ်ခြင်း မဖြစ်ရအောင် သူများရဲ့ အထီးကျန်ခြင်း၊ အားငယ်ခြင်းကို မိမိက ဖြည့်ဆီးပါဝင်ပေးလိုက်ပေါ့။

Android Phone ကိုင်ဆောင်သူများအတွက် Myanmar Facebook Apk

“Androids များအတွက် မြန်မာ Facebook Application တစ်ခုတင်ပေးလိုက်ပါတယ်။

သိပ်ဆန်းဆန်းပြားပြား ကြီးတော့မဟုတ်ပါဘူး။မြန်မာမူပြုထာခြင်းဖြစ်ပါတယ်။
အခြားသော Facebook မြန်မာ Apk တွေနဲ့ မတူပဲ ထူးခြားချက်ကတော့
အားလုံးနီးပါးမြန်မာလို့ မြင်ရမှာဖြစ်ပါတယ်။မြန်မာလို့ အသုံးပြုရတာကို ကြိုက်နှစ်သက်တဲ့
သူငယ်ချင်းများရှိရင် အောက်မှာဒေါင်းဖို့လင့်ပေးထားပါတယ်။
ကျနော်ပေးတဲ့ Apk ကို ဖုန်းထဲ့ မှာ Install မလုပ်ခင် မိမိ တို့ ဖုန်းထဲ့မှာ အရင်သုံးနေတဲ့
Facebook Apk ကိုတော့ဖြတ်ပြစ်ရပါမယ်။ ဖြတ်ပြီးပြီးဆိုမှ ကျနော်ပေးတဲ့
မြန်မာဖေ့ဘုတ် ကိုစတင်ဖုန်းထဲ့ မှာ Install လုပ်ပြီးအသုံးပြုပါခင်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေ။

Map of Yangon For Android (ရန်ကုန်သွားမယ့်သူငယ်ချင်းတွေအတွက်ဒီကောင်လေးက အထောက်အကူပြုလောက်မယ်ထင်ပါတယ်)

ရန်ကုန်မြို့ရဲ့မြေပုံကို Android မှာထည့်ပြီး သွားလာနိုင်ဖို့ ထုတ်လုပ်ထားတာဖြစ်ပါတယ်.. လမ်း၊ မြို့နယ် စုံလင်ပြီး အထင်ကရနေရာတွေအပြင်-
  • ATMs ( ငွေထုတ်စက်)
  • Banks
  • Bus Terminal
  • Clinics
  • Embassy
  • Hospitals
  • Hotels
  • Jewellery Shops
  • Parks
  • Restaurants
  • SPA
  • Super Market
  • TAP
  • University
စတဲ့ မသိမဖြစ်နေရာတွေကို ဦးစားပေးဖေါ်ပြထားလို့ ကျွန်တော့်လို တောသားတစ်ယောက်တောင် မျက်စိလည်တဲ့ အခက်အခဲက ကျော်လွှားနိုင်ပါတယ်..

အဆင်ပြေပါစေ..
Download From Solidfiles  

သီချင်နားထောင်ဖို့အတွက် အကောင်းဆုံး - jetAudio Music Player Plus v3.9.3 APK

jetAudio Music Player Plus v3.9.3 APK

သီချင်းနားထောင်ရသာဝါသနာပါသူများအတွက် Android Phone မှာ သီချင်တွေကိုနားထောင်နိုင်ဖို့အတွက် အကောင်းဆုံး Player တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ JetAudio Player လေးတစ်ခုတင်ပေးလိုက်ပါတယ် ဗျာ။ Jet Audio Player ကတော့ PC မှာကတည်းက နာမည်ကြီးပြီးလူသုံးများတဲ့ Player ဖြစ်ပါတယ်။ အခု Android Version မှာထွက်လာတဲ့ Player ကိုလေ့လာကြည့်ရသလောက်တော့ သူ့မှာ Audio အတွက် Feature အများကြီးပါဝင်ပါတယ်။ အသံတွေကို မိမိလိုသလိုချိန်ညှိနိုင်မယ့် Equalizer လည်းပါဝင်ပါတယ်။ အချို့သော သီချင်းတွေမှာအသံတွေတိုးနေလို့နားထောင်ဖို့အဆင်မပြေရင်လည်း အခု JetAudio Player နဲ့ အသံကိုမြှင့် တင်ပြီးနားထောင်မယ်ဆိုရင် အဆင်ပြေပြေနားထောင်နိုင်မှာဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ File Type ကတော့ MP3, WAV, OGG, FLAC, M4A, MPC, TTA, WV, APE, MOD စတာတွေအပြင်အခြားသော Audio Format ပေါင်းများစွာကိုလည်း Support လုပ်ပေးနိုင်ပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

jetAudio Music Player Plus - screenshot thumbnail  jetAudio Music Player Plus - screenshot thumbnail  

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

ဘိလိယက်ဝါသနာရှင်များအတွက် - Pool Break Pro 3D v2.4.0 APK

ဘိလိယက် ကိုဝါသနာပါသူများအတွက် အမိုက်စား ဘိလိယက် Game လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Pool Break Pro 3D နောက်ဆုံးထွက် Version လေးပါ။ မြင်ကွင်းတွေ ရုပ်ထွက်တွေကတော့ 3D အတိုင်းဘဲ အတော်လန်းပါတယ်။ ကစားရဖို့အတွက်လည်း ဘိလိယက်ကစားနည်းပေါင်းများစွာကိုထည့်သွင်းပေးထား ပါတယ်။ ကွန်ပြူတာနဲ့ နှစ်ယောက်ယှဉ်ပြိုင်နိုင်သလိုဘဲ သူငယ်ချင်းအချင်းချင်းလည်း ယှဉ်ပြိုင်နိုင်ပါတယ်။ ကစားတဲ့ပုံစံတွေကို နမူနာကြည့်နိုင်ဖို့အတွက် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ ကစား လို့ရမယ့်ကစားနည်းတွေကိုလည်း အောက်မှာရေးပြထားပါတယ်ဗျာ။

Pool Break Games Include:

  • US 8-Ball Pool 
  • UK 8-Ball Pool 
  • 9-Ball Pool 
  • 10-Ball Pool 
  • 3-Ball Pool 
  • 6-Ball Pool 
  • One Pocket Pool 
  • Straight or 14.1 Continuous Pool 
  • Carom (or 3-cushion) Billiards 
  • Pool Drills 
  • Place-n-Shoot Pool 
  • Regular Snooker 
  • Snooker 6-Reds
  • Snooker 10-Reds 
  • Carrom (three board styles) 
  • Crokinole 
 
Wednesday, March 26, 2014

မြန်မာလူမျိုးတိုင်း တက်ညီလက်ညီ သောင်းကျန်းတဲ့ပွဲမို့ သင်္ကြန်ဆိုရင် ပျော်တယ်လို့ ပြောတဲ့ ကျော်ထွဋ်ဆွေ

 အားလုံးသိပြီးသားဖြစ်တဲ့ Rock Star အဖွဲ့ဝင် ကျော်ထွဋ်ဆွေကတော့ သင်္ကြန်ဖီလင်၊ သင်္ကြန်ဘယ်မှာရှိမယ်ဆိုတဲ့အကြောင်း ခုလို ဖွင့်ဟသွားပါတယ်။ ‘အခုလတ်တလောက ပုဂံက ပြန်လာတယ်။ သင်္က်ြန်အခွေကလောလောဆယ်ထွက်ထားတယ်။ Hello Music သင်္ကြန်ခွေပေါ့။ သင်္ကြန်ကတော့ ရန်ကုန်မှာပဲရှိဖို့များမယ် ထင်တယ်။ ရန်ကုန်တစ်ခုနဲ့ မန်းလေးတစ်ခုက စကားပြောနေတုန်း မို့လို့လေ။ အရင်နှစ်တုန်းက 69.4မဏ္ဍပ်လုပ်ဖြစ်တယ်။ ဒီနှစ်က မလုပ်ဖြစ်တော့လို့ပါ။ သင်္ကြန်နဲ့ပတ်သတ်ပြီး ပျော်တယ်။ မြန်မာလူမျိုးတိုင်း တက်ညီလက်ညီသောင်းကျန်းကြတဲ့ပွဲပေါ့။ ဒီနှစ်ကတော့ သင်္ကြန်ဖက်ရှင်နဲ့ပတ်သတ်ပြီး အဟောင်းတွေပဲ ၀တ်ဖြစ်မှာပါ။ အသစ်ဝယ်ရမှာ နှမြောတယ်လေ။ ပြီးတော့ ဒီနှစ်က အလုပ်နဲ့ပဲ ထိုင်ဖြစ်မယ်။ ချစ်သူနဲ့မဏ္ဍပ်တူမတူတော့ မပြောတတ်သေးဘူး။ သင်္ကြန်နဲ့ပတ်သတ်ပြီး အရင်နှစ်ကတော့တာဝန်ကြီးတယ်။ ဒီနှစ်ကတော့ ကိုယ်ကအလုပ်နဲ့ပဲဆိုတော့လေ။ မနှစ်ကတော့ကိုယ်က လုပ်တာဆိုတော့ တာဝန်ကြီးတာပေါ့။ သင်္ကြန်မှာ အပြင်ထွက်ရင် ခေါင်းလိမ်းဆီနဲ့ မျက်မှန်ကတော့ ကျွန်တော့် အတွက် မပါမဖြစ်ပါပဲ။ ဆိုမှာကတော့ သင်္ကြန်သီချင်းတွေများမယ်။ နောက်ပြီးတော့ သင်္ကြန်နဲ့လိုက်တဲ့ ဒီမိုကရေစီသီချင်းတွေ ဆိုမယ်။ နိုင်ငံရေးမပါတဲ့ လွတ်လွတ်လပ်လပ် သီချင်းတွေဆိုမယ်။ သင်္ကြန်မှာ ပရိသတ်ကြီး အားလုံးနှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောနိုင်ကြပါစေ။ အလုပ်မရှိသေးတဲ့လူတွေလဲ အလုပ်အကိုင်တွေ အဆင်ပြေပါစေ။ ၀င်ငွေတွေ အများကြီးတိုးပါစေ။ အလုပ်ရှိတဲ့သူတွေလဲ ရာထူးတွေတိုးပါစေလို့ဆုတောင်းပေးပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ကတော့ အိမ်မှာပဲအိပ်ဖြစ်မယ်ထင်ပါတယ်။’လို့ သူက ပြောပြသွားပါတယ်။

သင်္ကြန်က သူမအတွက် ပုံမှန်ပါပဲလို့ဆိုတဲ့ မော်ဒယ် Mဆိုင်းလူ

 ချစ်စဖွယ်ကောင်းတဲ့ မျက်နှာဟန်ပန်လေးရော၊ အင်တာနေရှင်နယ်အဆင့်မီ ကိုယ်နေဟန်ထား ကြောင့်ပါ မော်ဒယ်လောကမှာ နာမည်ရရှိနေသူ မော်ဒယ်လ် Mဆိုင်းလူကို သူမရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက် တစ်ချို့ကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘ညီမ အခု လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာမှသိပ်မလုပ်ဖြစ်ဘူး။ ပြီးတော့ သင်္ကြန်အတွက်လည်း သိပ်မသေချာသေးဘူး။ ခရီးထွက်ဖြစ်ရင်လည်း ထွက်ဖြစ်မယ်။ မဏ္ဍပ်ထိုင်ဖြစ်ရင်လည်း ထိုင်ဖြစ်မယ်။ သေချာပြောလို့တော့ မရသေးပါဘူး။ အရင်နှစ် သင်္ကြန်တွေ တုန်းကဆိုရင် ညီမက ခရစ်ယာန် ဖြစ်တဲ့အတွက် ကန့်ပဲ အမြဲတမ်းဝင်ဖြစ်တာများပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး စိတ်ခံစားချက် ပြောရမယ် ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ခံစားချက်ကတော့ ဘယ်တူနိုင်မလဲနော်။ တစ်ယောက်တစ်မျိုးစီပေါ့။ ညီမအတွက်ကတော့ သင်္ကြန်ဆိုတာ မြန်မာနှစ်သစ်ကူး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပုံမှန်ပါပဲ။ ပျော်တော့ပျော်ပါတယ်။ တအားကြီးတော့ မဟုတ်ဘူးပေါ့။ သင်္ကြန်မှာ ရေပက်ခံတော့ မထွက်ဖြစ်ဘူး။ ဒါပေမဲ့ မဏ္ဍပ်တော့ ထိုင်ဖူးပါတယ်။ မဏ္ဍပ်ထိုင်ရတာလည်း နေအရမ်းပူတယ်လို့ ခံစားရတယ်။ ပြီးတော့ နေပူပူထဲမှာ ရေပက် နေရတယ်ပေါ့။ သင်္ကြန်မှာဖြတ်သန်းကြမယ့် ပရိသတ်ကြီးအားလုံးပဲ ပျော်သာပျော်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် မပျက်စီးစေပါနဲ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ြပီးနေထိုင်၊ သွားလာ၊ ပျော်ကြပါ’လို့ သူက ဆိုပါတယ်။

ဒီနှစ်သင်္ကြန် မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူရှိမယ်လို့ပြောတဲ့ နန်းဆုရတီစိုး

 အနုပညာစာမျက်နှာတွေပေါ် တွေ့ရနည်းလာတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး ခုလတ်တလောဘာတွေ အလုပ်ရှုပ်နေတယ်ဆိုတာရော၊ သူမအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ ၂၀၁၄ အတွက်သင်္ကြန်ရင်ခုန်သံတွေကို မေးမြန်းကြည့်ဖြစ်တဲ့အခါ သူမက ‘နန်းဆု အခုက ပုသိမ်ပြီးမယ်၊ နောက် ၀ါးခယ်မပြီးသွားရင် ဖားကန့်ထပ်သွားရမယ်၊ အဲ့ဒါတွေပြီးရင် မန္တလေးမြို့တော်ဝန်မှာသီချင်းတွေလိုက်ဆိုမယ်။ နန်းဆုအခွေလေးက အဲဒါတွေပြီးမှဆက်ရိုက်ကူးမှာပါ။ ကြားရက်လေးတွေမှာတော့ အမ်တီဗီရိုက်ကူးဖို့အတွက် ပြင်ဆင်မှုလေးတွေ လုပ်နေရတာပေါ့နော်။ သင်္ကြန်ကျရင်တော့ မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူ သီချင်းတွေဆိုမယ်။ သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုက လူတိုင်းရင်ခုန်သလို နန်းဆုလဲ ရင်ခုန်ပါတယ်။ ပရိသတ်တွေနဲ့တူတူ နှစ်သစ်ကို ကူးရမယ်ဆိုတော့ ပိုပြီးလဲရင်ခုန်တယ်။ ပိုပြီးလဲ ၀မ်းသာတယ်။ အကျေနပ်ဆုံးပါပဲ။ ပရိသတ်တွေနဲ့ နှစ်သစ်ကို တူတူကူးရတယ်ဆိုတော့ ဘ၀မှာ မင်္ဂလာရှိတာပေါ့နော်။ နှစ်တိုင်းက နန်းဆု မန္တလေးမြို့တော်ဝန်မှာကြီးပဲ။ မနှစ်က တစ်နှစ်ထဲ ရန်ကုန်မှာ နေချင်လို့လေ။ ရန်ကုန်မှာ သူငယ်ချင်းတွေက နိုင်ငံခြားကပြန်ရောက်နေလို့လေ။ သင်္ကြန်ပြီးရင် အပန်းဖြေ ခရီးထွက်ဖို့ရှိတယ်။ ပရိသတ်ကြီးအားလုံးနှစ်သစ်မှာစိတ်သစ်လူသစ်နဲ့အသစ်အသစ်တွေအားလုံးဖန်တီးနိုင်ကြပါစေ။ ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။ သင်္ကြန်မှာ မိုးမမြင်လေမမြင်ပျော်နိုင်ကြပါစေလို့နန်းဆုက ဆုတောင်းပေးပါတယ်’တဲ့။

သင်္ကြန်မှာ ချစ်သူနဲ့ သူငယ်ချင်းတွေအားလုံးကို ရေလောင်းချင်တယ်လို့ဆိုတဲ့ လွှမ်းပိုင်

ရက်ပ်ပါတွေထဲမှာ ပရိသတ်တွေ နှစ်ခြိုက်တဲ့ ဘိုကေအဆိုတော် လွှမ်းပိုင်ရဲ့ သင်္ကြန်ဖီလင်အကြောင်း နည်းနည်းမေးမြန်းဖြစ်တဲ့အခါ သူက ‘ဒီနှစ် သင်္ကြန်က ရန်ကုန်ကမြို့တော်ဝန်မဏ္ဍပ်မှာ ရှိပါမယ်။ သင်္ကြန်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က အရမ်းပျော်ပါတယ်။ သင်္ကြန်ရောက်ခါနီးမှာ ပြောင်းလဲသွားတတ်တဲ့ ရာသီဥတုလေးကို ကြိုက်တယ်။ မနှစ်က Sky Net ,69.4ရယ်ထိုင်တယ်။ ဒီနှစ်က အကူးတွေ ရှိဦးမယ်ထင်တယ်။ မြို့တော့ဝန်အပြင်ကို မသေချာသေးဘူး။ သီချင်းကိုတော့ အမြူးတွေကို ဦးစားပေးဆိုပါမယ်။ အရင်နှစ်တွေတုန်းကနဲ့ ဒီနှစ်ကသင်္ကြန်ကို စိတ်ထဲမှာ သိပ်မရောက်ဖူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ နေ့နဲ့ညမှားနေလို့။ သင်္ကြန်မကျခင်မနက်ခင်းလေးက အဓိပ္ပါယ်ရှိတာကို အခုကျွန်တော်က မနက်မှာအိပ်၊ညမှာနိုး အဲလိုဖြစ်နေတယ်။ သင်္ကြန်မှာ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်သူငယ်ချင်းအားလုံးကို ရေလောင်းချင်တယ်။ သင်္ကြန်ကတော့သူငယ်ချင်းတွေနဲ့နှစ်တိုင်းဖြတ်သန်းတာများတယ်။ ကိုယ့်ချစ်သူပါတော့ ပိုဂရုစိုက်ရတယ်။ အာရုံနောက်ရတယ်။ သူ့ကိုစတဲ့သူတွေနဲ့ဆိုတော့လေ။’လို့ သူက ပြောပါတယ်။
ငယ်ဘ၀အကြောင်းကိုလည်း သူက ‘သူငယ်ချင်းတွေနဲ့လည်တယ်။ ကျွန်တော်က မဏ္ဍပ်ထိုင်ရတာမကြိုက်ဘူး။ တစ်နေရာထဲမှာ နေရတာထက်စာရင် လျှောက်လည်ရတာကို ပိုကြိုက်တယ်။ သင်္ကြန်အပြင်သွားရင် မျက်မှန်တို့၊မျက်နှာဖုံးတို့ကို အမြဲယူတယ်။ အသားမဲမှာ စိုးလို့လေ။ ဒီနှစ်ကတော့ ကျွန်တော်ပေါ့ပေါ့ပါးပါးနဲ့ရေစိုရင်ခြောက်မြန်မဲ့ဟာမျိုးပေါ့။ အသားအရေပိုင်းကတော့ ဂရုစိုက်ရပါတယ်။ ထူတဲ့ဟာဝတ်တာမျိုးရှိတယ်။ပေါ့ပေါ့ပါးပါးဝတ်တာမျိုးလဲရှိတယ်။စိတ်ကူးပေါက်ရင် ပေါက်သလိုပေါ့။ သင်္ကြန်နဲ့ပတ်သတ်တဲ့ အမှတ်တရက ကျွန်တော်သီချင်းစဆိုခါစ အချိန်တုန်းက Sky Net မဏ္ဍပ်မှာ Sound Box အောက်ကို ခြေထောက်ချလိုက်တာ ချော်ကျသွားတယ်။ အဲဒါလေးကတော့ အမှတ်တရပါပဲ။ သင်္ကြန်မှာ ပရိသတ်အားလုံး သူငယ်ချင်းတွေနဲ့ လည်မဲ့သူပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မဲ့သူပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းမူးတဲ့ခါကျရင် အဖွဲ့ထဲမှာဆွဲဖို့ အတွက်တစ်ယောက်ကတော့ အရက်မသောက်ပဲ နေပေးပါ’တဲ့။

လျှပ်စစ်တွက်ချက်နည်း APK

လျှပ်စစ်တွက်ချက်နည်း apk လေးပါ
သူ့ကိုကျေညက်၇င် တော်ယုံ အင်ဂျင် နီယာလေးတေကို
နား၇င်းအုပ် လို့၇တယ် ခိခိ

တွဲဖက်မစားသင့်သော အစာများ (ဟာသ)

 အရင်တင်ပေးပြီးသားလေးပါ သဘောကျလို့နောက်တစ်ခေါက်ထပ်တင်လိုက်တာနော်

၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်
အားလုံးလိုက်နာရမယ်နော်......... ရီမောပျော်ရွှင်ပါစေ  ...........။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (စနေသားသမီးများအတွက်)

  *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့် ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြ**့ သတိရှိစေချင်သည်။ နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။ နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း ထပ်ရရန်ရှိနေသဖြ**့ အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။

ပျော်စေချင်သောဆန္ဒနဲ့သာ ရေးလိုက်ပါတယ်ဗျာ အများကို ထိခိုက်အောင်ပြောဆိုလိုခြင်း ဆန္ဒအလျင်းမရှိပါကြောင်း . . .(ချမ်းမြေ့)

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (သောကြာသားသမီးများအတွက်)

သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။ အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။ အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင် သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့် ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက “ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန် ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု မာန်နဲ့ဘာနဲ့ သွားခေါက်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (ကြာသပတေးသားသမီးများအတွက်)

 မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြ**့ ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင် ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။ ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြ**့ ဘုရားတရားလုပ်ချိန်တန်ပြီဟု ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြ**့ ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင် “ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (ဗုဒ္ဒဟူးသားသမီးများအတွက်)

 ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း မဟုတ်သဖြ**့ ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက် အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (အင်္ဂါသားသမီးများအတွက်)

 ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့် အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင် ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန် ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။ နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊ ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြ**့ ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (တနင်္လာသားသမီးများအတွက်)

 “ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊ ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့် တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြ**့ ဘာအလုပ်မှ မရနိုင်သဖြ**့ ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ် ချောင်းရိုက်ခံရတတ်သဖြ**့ သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို ခွေးကျကျခြင်းများဖြစ်တတ်သဖြ**့ ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။ ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။ အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့ အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု သက်စေ့ကြွေးကြော်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း

 ခုနှစ်ရက်သားသမီးများ ရှေ့ဘာဖြစ်မလဲ သေမလား လေဖြတ်မလား ဖြစ်ချင်တာဖြစ် ချက်ချင်းအကောင်းပကတိစွမ်းတယ့် ယတြာ တွေနဲ့ မှန်ကန်တယ့် အနာဂတ်ကို သိချင်ပါသလား အောက်မှာ ဖတ်ပါ

တနင်္ဂနွေသားသမီးများအတွက် အထူးယတြာ
 “နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို ထင်ရှားစွာတွေ့မြင်နေရသဖြ**့ အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့် ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။ အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့် အကြောင်းပါသွားသဖြ**့ အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြ**့ အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။

♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော Android Application များ ♥♥ စုထားတယ်နော် (ချမ်းမြေ့)

 အဓိကကတော့ သူငယ်ချင်းတွေအတွက်နဲ့ ကျွန်တော့ချစ်သူလေးအတွက်ပါ

♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော
Android Application များ ♥♥

ဒီပို့စ်ကို ကျွန်တော် ရေးချင်နေတာကြာပါပြီ။ ဒါပေမဲ့ လိုအပ်တဲ့ app တွေ ထပ်ရှာပြီး စုဆောင်းနေရတဲ့အတွက် မတင်ဖြစ်နိုင်ဖြစ်နေတာပါ။ 

အခုတော့ App လေးတွေ တော်တော်စုံလင်သွားပြီမို့ ကျေနပ်တာနဲ့ တင်ပေးလိုက်ပါပြီ။
ခေါင်းစဉ်ပါ အတိုင်းပါပဲ ချစ်သူ(ကျား၊မ) ကို ရင်ခုန်ကြည်နူးသွားအောင် ဒီ app လေးတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကတော့ Mr.AD ရဲ့ ချစ်သူစုံတွဲတွေကို ပါရမီဖြည့်ပေးတဲ့ တင်ဆက်မှုလေးတစ်ခုပေါ့ဗျာ။

♥♥ ၀ လာလို့ စိတ်ညစ်နေလား ချစ်သူ ♥♥

ကိုယ့်ကိုကိုယ် ၀ လာပြီဆိုပြီး စိတ်ညစ်နေတဲ့ ချစ်သူကို စက္ကန့်ပိုင်းအတွင်း ပိန်သွားအောင် လုပ်ပြပြီး ရင်ခုန်ကြည်နူးသွားစေချင်ရင်တော့ Cymera ဆိုတဲ့ Photo edit app က ကူညီပေးပါလိမ့်မယ်။ Cymera မှာ Beauty menu အောက်က Slim ဆိုတဲ့ ထူးခြား ဆန်းသစ်တဲ့ function လေးက သင့်ချစ်သူရဲ့ ပုံရိပ်ကို စက္ကန့်ပိုင်းအတွင်း ပိန်ပြီးသွယ်လျသွားအောင် လုပ်ပေးပါလိမ့်မယ်။ Photoshop နဲ့ဖန်တီးနေစရာမလိုဘူး။ လုပ်ရတာလဲ လွယ်မှလွယ် ချစ်သူရဲ့ ပုံရိပ်တွေကို အလှပဆုံး ဖန်တီးပေးမယ့် app ဖြစ်ပါတယ်။

♥♥ ချစ်သူဆီကို ချစ်စရာကောင်းတဲ့ Text Art တွေနဲ့ SMS ပို့မယ် ♥♥

ချစ်သူဆီကို SMS ပို့တဲ့အခါ စာနဲ့အတူ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ text art ဒီဇိုင်းလေးတွေနဲ့ ပူးတွဲပြီးပို့လိုက်ရင် ချစ်သူ ရင်ခုန် ကြည်နူးသွားမှာ သေချာပါပဲ။ အဲ့ဒီအတွက် CoolText - Funny ဆိုတဲ့ app လေးက ကူညီပေးပါလိမ့်မယ်။ ချစ်သူဆီမှာ ဒီ app သွင်းထားစရာမလိုပါဘူး။ စာသားတွေမှာပါတဲ့ အက္ခရာတွေကိုပဲ အလှဆင်ပြီး ပို့ပေးမှာဖြစ်တဲ့အတွက် နှစ်ယောက်စလုံးမှာ app ရှိစရာမလိုအပ်ပါဘူး။ ကိုယ့်ဘက်မှာပဲ ရှိနေရင် ပို့လို့ရပါပြီ။
ဒီလောက်ဆို သဘောပေါက်ပီမလား .. ဟဲဟဲ .. :)

♥♥ ကြည်နူးစရာကောင်းတဲ့ Happy Couple Live Wallpaper ♥♥

ချစ်သူကို လက်ဆောင်ပေးလို့ကောင်းတဲ့ live wallpaper လေးပါ။
ကောင်လေးက ကောင်မလေးကို အနမ်းလေးတွေ ပေးနေတယ်။
လုံးဝ Cute ပါပဲ။ ချစ်သူ ဒီ wallpaper ကိုမြင်လိုက်ရင် အသည်းယားပြီး ချစ်သွားမှာ သေချာတယ်။ ချစ်သူနဲ့တွေ့တုန်း Zapya ကိုဖွင့် ဒီ app လေးကို ပို့ပေးလိုက်။ ချစ်သူ သဘောကျပြီး သင့်ကို wallpaper ထဲကလို အာဘွားပေးမှာ မြင်ယောင်သေး :D

♥♥ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေကို Love Frames နဲ့အလှဆင်မယ် ♥♥

ချစ်သူနဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေကို Love Frames app နဲ့ ချစ်စရာကောင်းအောင် ဖန်တီးလို့ရပါတယ်။ Frame တွေအများကြီးပါတယ်။ ပါဝင်တဲ့ Frame တွေကလဲ အရမ်းလန်းတယ်ဗျာ။ ကြည်နူးစရာတွေအပြည့်ပဲ။ ချစ်သူနဲ့ချိန်းတွေ့တုန်း နှစ်ယောက်တွဲပုံလေးတွေကို Love Frames နဲ့..
အတူတူ ထိုင်ကလိကြရင်း ကြည်နူးမှုတွေ အတိုင်းမသိ ခံစားနေကြမှာ မြင်ယောင်သေး :)

♥♥ ချစ်သူနဲ့အတူ ဖုန်းထဲမှာ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်မယ် ♥♥

LoveByte ဆိုတဲ့ app လေးကတော့ ချစ်သူစုံတွဲတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ app ဖြစ်ပါတယ်။ internet connection တော့လိုအပ်ပါတယ်။ LoveByte ကိုဖွင့်ပြီး Register လုပ်ရပါမယ်။ ကိုယ့်ချစ်သူလဲ Register လုပ်ရမယ်။ ဒါမှ နှစ်ယောက်စလုံး Chatting လုပ်နိုင်ပါမယ်။ online ပေါ်မှာ နှစ်ယောက်တစ်ကမ္ဘာလေး တည်ဆောင်တဲ့သဘောပေါ့။ LoveByte နဲ့ဘာတွေလုပ်လို့ရလဲဆိုတော့ ကိုယ့်ချစ်သူနဲ့ ဘယ်နှစ်ရက် လျောက်လည်ဖူးလဲလို့မှတ်သားလို့ရတယ်။
ချစ်သူနဲ့ပက်သတ်ပြီး ခံစားမှုတွေကို Note ထဲမှာ ရေးမှတ်ထားလို့ရတယ်။
ချစ်သူတွေဖြစ်ကြတာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာ မှတ်သားထားလို့ရတယ်။
ဓါတ်ပုံတွေကိုလဲ နေရာ၊ရက်စွဲ၊ အချိန်တွေရေးပြီး သိမ်းဆည်းထားလို့ရပါတယ်။ ချစ်စရာကောင်းတဲ့ ပုံတွေနဲ့ sms ပို့တဲ့ function ပါတယ်။ ချစ်သူတွေအတွက် အသုံးဝင် function တွေနဲ့ ကြည်နူးစရာကောင်းတဲ့ app တစ်ခုပါ။ ကိုယ့်ချစ်သူနဲ့ အမှတ်တရများစွာကို LoveByte နဲ့အတူ သိမ်းဆည်းထားရင်း ထာဝရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ :)

ဒီလောက်ဆို သဘောကျ ကျေနပ်ကြရဲ့လားဗျ။

အားလုံးသော ချစ်သူတွေ ချစ်ခြင်းခိုင်မြဲ ထာဝရ လက်တွဲနိုင်ကြပါစေဗျာ။

application တွေကို ဒေါင်းရအဆင်ပြေအောင် Zip file နဲ့ချုံ့ပြီးတင်ပေးလိုက်ပါတယ်။ file size က (41MB) ဖြစ်ပါတယ်။ နည်းနည်းတော့ သည်းခံပြီး ဒေါင်းပေးပါနော်

download -

box

zippyshare

Tuesday, March 25, 2014

မိန်းကလေးများ၏ ညို့ချက် (၈) ချက် (ချမ်းမြေ့)

 ၈ ချက်ပဲရှိမယ်လို့တော့ထင်တာပါပဲဗျာ ဘာဖြစ်လို့လဲဆိုတော့ (၈)ချက်ထဲမှာအားလုံးလိုလိုပါနေလားလို့ပါဗျာ ကဲ ဆောင်ရန်ရှောင်ရန်ပေါ့ဗျာ နော့ ကျွန်တော်ကတော့ ဒီပို့စ်ကိုတင်ချင်နေတာကြာပြီ ဒါပေမဲ့  တမင်တကာမတင်သေးတာ အခုမှပဲတင်လိုက်တာ ဘာဖြစ်လို့လဲ ဆိုတော့အကြောင်းရှိလို့ပါ ကဲမိန်းမောတော်မူကြပါစို့လားဗျာ............

ညို့ချက် (၁)
=======
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။
အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်
"သိတံ" လို့ ခေါ်တယ်။
(မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ...ဟိဟိ)

ညို့ချက် (၂)
=======
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
=======
တစ်ချို့ မိန်းကလေးလေးတွေကျတော့
ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။
(အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ။
နောက်မှ (ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
=======
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။
အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။
(ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး
အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။
သတိထားကြနော်
လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး
ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက်
မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
==========
တစ်ချို့မိန်းကလေးတွေကျတော့
စကားကို မကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။
အဲ့ဒါ ကတော့ ညှို့ချက် နံပါတ်ငါး "မန္ဓ၀ါစာ" လို့ခေါ်တယ်။
(ချစ်တယ်ဆိုတဲ့ အဖြေကို
မပေးချင် ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ ။
နောက်တော့လည်း အတင်းအဖျင်းပြောရင်
အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
=======
မျက်လုံးထောင့်ကပ်ကြည့်တာ
ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။
(ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင်
သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ။
ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ
မျက်စောင်းတွေချည်း တဒိုင်းဒိုင်း
အထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
========
တစ်ခုခုဖြစ်တာနဲ့ရော အကြောင်းအမျိုးမျိုးကြောင့်ရော အစုံပေါ့ဗျာ မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။
(သနားရာကနေ ဟင်း ဟင်း ဟင်း
ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ
အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
=======
မခံချင်အောင် စကားနာထိုးတာက
ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။
(စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ
အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ ..... အဟိ)

အခုဖော်ပြခဲ့တာကတော့
ယောက်ျားလေးတွေကို ကျအောင်
ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

သတိထားပြီး လွတ်အောင်သာ ရှောင်ကြပေတော့ ကျွန်တော်သူငယ်ချင်း သက်နိုင်ထွန်းနဲ့ ကိုထက်တောင်မှ
ညို့ချက် (၇)နဲ့ သွားညှိတယ်ဗျ  သက်နိုင်က မုဆိုးမနဲ့ညှိပြီး ကိုထက်က နှစ်ခုလပ်နဲ့သွားညှိတယ်လေ ဒါပေမယ့်ပြောသာပြောရပါတယ် ဒီကောင်တွေက ဟိုဟာကိုတွေ့ရင် ဟိုဟာကအငြိမ်မနေတတ်ဘူးလေ အဲဒီ့တော့ ဘယ်ရှောင်နိုင်မလဲဗျာ သက်နိုင်ဆိုရင် ရုံးချိန်းတွေဘာတွေတောင်တက်လိုက်ရသေးတယ်၊ ကိုထက်ကတော့ သူ့ရွာက အုပ်ချုပ်ရေးမှူးရုံးမှာတင်ပဲ ကံကောင်းထောင်းမစွာနဲ့ ပြတ်သွားလို့ပေါ့ ဒီကြားထဲ ကျော်လင်းဦးကလည်း ဘယ်ကကောင်မလေးကို နှိုက်မြည်းလို့ဆိုလားပဲ အချုပ်ထဲကို 9 ညအိပ် 10 ခရီးပျော်ပွဲစားထွက်လိုက်ရသေးတယ်တဲ့ ကျွန်တော်ကလည်း သူတို့တွေဖြစ်တဲ့အချိန်မှာ မသိဘူးလေ တရားစခန်းသွားဝင်နေတာလေ တရားစခန်းကထွက်မှသိတာဗျ လွန်ခဲ့တဲ့ 8 လလောက်ကပေါ့                
ကဲ သယ်ရင်းများအားလုံးလည်း အဲလိုမဖြစ်ရလေအောင် အနော့သူငယ်ချင်းလေးတွေကို ဥပမာထားပြီး ရှောင်ရလေအောင် ပြောပြထားပေးတယ်နော်
သတိနဲ့တော့နေပေါ့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့........ဟဲဟဲ။
ယောကျာင်္းလေးများသတိထားနိုင်ရန် . . ။
(ချမ်းမြေ့။ ကောင်းကင်ကောင်လေးများ)

အချစ်မှတ်စု ( ၂ ) (ချမ်းမြေ့)

 ကိုယ့်အပေါ် တန်ဖိုး မထားတတ်သူကို
ချစ်ဖို့ မကြိုးစားကြပါနဲ့ . . ။

ကိုယ်က တန်ဖိုးရှိရင်
ကိုယ့်အပေါ် တန်ဖိုးထားပါလိမ့်မယ် . .။
တန်ဖိုးရှိအောင် ပြောဆို နေထိုင် ကျင့်ကြံ အားထုတ်ပါ။

ကိုယ့်အပေါ် တန်ဖိုးမထားတတ်သူ ဆိုရင်လည်း
ကိုယ့်အချစ်ကို တန်ဖိုးထားမှာ မဟုတ်လို့
ရှင်းရှင်းပဲ တိုက်တွန်း ပြောဆိုပါရစေ . .
သူ့ကို ချစ်ဖို့ မကြိုးစားပါနဲ့ . .။

တန်ဖိုးရှိတဲ့ အချစ် ဆိုတာ
စိတ်ရွှေငွေ ရာထူး စည်းစိမ် မဟုတ်ပါဘူး။
တန်ဖိုးထားတတ်တဲ့ စိတ်ဓါတ်
အပေါ်မှာသာ မူတည်ပါတယ် . . ။

တန်ဖိုးရှိတဲ့ အချစ်တွေရရှိနိုင်တဲ့
တန်ဖိုးရှိသောသူများဖြစ်နိုင်ကြပါစေ . .။

(မှတ်ချက်။ မည်သူ့ကိုမျှထိခိုက်လိုခြင်းမရှိပါ )
ညကတည်းကတင်မလို့ပါပဲ ဒါပေမဲ့ အရမ်းပင်ပန်းနေလို့အခုမှပဲလိုင်းကောင်းနေတာနဲ့ တင်လိုက်တာ ...။(ချမ်းမြေ့)

အချစ်မှတ်စုလေးပါ (ကိုယ်ပိုင်ပုံဖော်ရေးသားသည်)ချမ်းမြေ့

 ယောင်္ကျားကောင်း ပီသသော သူများအဖို့ . .
အားကိုးထိုက်တဲ့သူ ဖြစ်အောင်သာ ကြိုးစားပါ . .။
ခနတာ အထင်ကြီးခံရတာမျိုး မဖြစ်ပါစေနဲ့ . .။
ကိုယ့်အရည် အချင်း စစ်စစ်တွေနဲ့
ဘ၀ကို သရုပ်ဖေါ်ပါ . .။

သူဟာ ကိုယ့် ဘ၀အတွက် မရှိမဖြစ်လို့
ခံစားနေရပြီ ထင်နေပြီ သတ်မှတ်ပြီ ဆိုရင်
သေချာတယ် . .
မင်းရှုံးဖို့ ပြင်ပေတော့ . . ။

သူ့ ဘ၀အတွက်သာ ကိုယ်ဟာ
မရှိ မဖြစ် တန်ဖိုးရှိတဲ့သူ ဖြစ်ပါစေ . .။

တန်ဖိုးရှိစွာ အချစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ . .။

သမီးရည်းစားဘ၀ရဲ့စေညွှန်ရာလမ်းစဉ်များ (၁) (ချမ်းမြေ့) ကိုယ်ပိုင်ခံစားချက်ဖြင့်ရေးသားခြင်းဖြစ်ပါသည်။

 လူတိုင်းမှာခံစားတတ်တဲ့နှလုံးသားဆိုတာရှိသလို ချစ်တတ်တဲ့စိတ်၊ မုန်းတတ်တဲ့စိတ်နဲ့ မုန်းချင်နေရဲ့သားနဲ့မုန်းလို့မရတဲ့စိတ် ဆိုပြီးများသောအားဖြင့် ရှိကြတယ်။ အဲဒီ့အထဲမှာ ကျွန်တော်ရဲ့ဘလော့ပရိတ်သတ်တွေထဲကလည်းပါရင်လည်းပါနိုင်တာပေါ့ဗျာ ............ ။
ပထမဆုံး ကိုယ်မှာအချစ်ဆိုတာဘယ်ကစဖြစ်လာတာလဲဆိုတာ သိသလား????? ကျွန်တော်သိသလောက်ပေါ့ဗျာ
များသောအားဖြင့် ကိုယ်ကစိတ်ဝင်စားနေသူရဲ့ အပြုအမူလေးတွေက တစ်ထောင့်တစ်နေရာကနေ အမှတ်တမဲ့နဲ့ ဦးနှောက်ကိုအသိမပေး နှလုံးသားကိုမီးစိမ်းပြပြီး ပတ်စ်ပို့စ်မပါ ဗီဇာမပါပဲ စတင်ဝင်ရောက်လာတဲ့ပုံစံလေးကို အချစ်စဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့် ကျွန်တော်ပြောလိုက်မယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကြုံဖူးလို့ပါ။ ကျွန်တော်ကအရမ်းခံစားတတ်တယ်၊ နာကျည်းတတ်တယ်။ ဒါပေမဲ့အရမ်းကြီးတော့မချစ်တတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှလုံးသားနဲ့ဦးနှောက်က ဟန်ချက်ညီညီသဘောတူခေါင်းမညိတ်သေးလို့ပေါ့ဗျာ မဟုတ်ဘူးလားသယ်ရင်းတို့ရာ...........စဉ်းစားကြည့်လိုက်ပါ့လား ကျွန်တော်ဒီစာကိုရေးနေတာ ကိုယ့်စိတ်ထဲမှာအရမ်းခံစားပြီးရေးနေရတယ်ဆိုတာနားလည်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုတိုင်လည်းခံစားနေသလို သူများတွေရဲ့စိတ်ထဲကိုလည်း ခံစားပြီးရေးနေလို့ပါ။ ကျွန်တော်ပြောချင်တဲ့ရည်ရွယ်ချက်ကိုရောက်ဖို့အတွက် အပေါ်ကအချက်လေးတွေကို တမင်သက်သက်ပြောပြနေတာပါ ......။

ကဲကျွန်တော် သာဓကတစ်ခုပြောပြမယ်ဗျာ..
ကျွန်တော် First Year တုန်းကပေါ့ဗျာ
ကျွန်တော် ရည်းစားမထားတတ်သေးဘူးဗျ၊ ဒါပေမဲ့မကြာပါဘူး သူငယ်ချင်းတွေရဲ့လမ်းညွှန်ပေးမှုကြောင့်ရည်းစားတစ်ယောက်ရသွားတယ်ဗျ၊ ဘယ်လိုရသွားမှန်းလဲမသိဘူး သူကကိုယ့်ရည်းစားတော့သိနေတယ်လေ ဒါပေမဲ့နှစ်နှစ်ကာကာကြီးချစ်တယ်လည်းမဟုတ်ဘူးဗျ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်မှာ ထူးဆန်းတဲ့စိတ်တစ်မျိုးရှိတယ်ဗျ အဲဒီ့စိတ်ကိုဘာနဲ့အလားသဏ္ဍာန်တူလဲဆိုတော့ မှန်နဲ့တူတယ်ဗျ ဘာဖြစ်လို့လဲဆိုတော့ နှစ်ယောက်သားရင်းရင်းနှီးနှီးစကားပြောဖြစ်ရင်သိသာတယ်ဗျ ကိုယ်စိတ်ထဲမှာ အရမ်းကြီးခံစားချက်တွေထားပြီး တလေးတစားစကားပြောနေတဲ့အချိန်မှာ သူ့ရင်ထဲမှာကိုယ့်ကို ဘယ်လိုနေရာ နံပါတ်ဘယ်လောက်မှာပေးထားလဲဆိုတာကို သိနိုင်တယ်ဗျာ ဆရာတော့မဟုတ်ပါဘူး ကိုယ်ပိုင်အတွေ့အကြုံလေးပါ ဒါပေမဲ့တစ်ခုပြောရအုံးမယ် သူကကျွန်တော့်ထက်ကြီးတယ်၊ ဖြစ်ပုံကဒီလိုဗျ!!!!

ကိုယ့်အကြောင်းကိုယ်ပြောရတာလည်း ပက်လက်လှန်ပြီးတံတွေးထွေးရသလိုပဲဗျာ ဟိဟိဟိ။
တစ်နေ့မှာပေါ့လေ သူနဲ့ကျွန်တော်နဲ့ တောမတောင်ပေါ်ကိုထွက်သွားတယ်ဗျ အဲဒီ့မှာကျွန်တော်ကိုသူက ဘာပြောလဲဆိုတော့ .....မေးခွန်းလေးတစ်ခုမေးလိုက်တယ် နင်ငါ့ကိုချစ်တာသေချာလားတဲ့ ကျွန်တော်ကလည်းအဲဒီ့အချိန်မှာဘာပြန်ပြောလဲဆိုတော့ အင်းသိပ်သေချာတာပေါ့လို့ ဘယ်လောက်ထိအောင်သေချာသလဲဆိုရင် မနက်ခင်းမိုးလင်းတိုင်း အရှေ့အရပ်ကထွက်နေကျနေထက် အများကြီးသေချာတယ်လို့ပြောလိုက်တယ်။ ကျွန်တော်ကလည်းပြန်မေးလိုက်တယ် ချစ်တယ်ဆိုတာဘာလဲ လို့ သူမေးတာသာဖြေလိုက်ရတယ် ချစ်တယ်ဆိုတာကောင်းကောင်းမသိဘူးလေ သူကိုအဲလိုလဲမေးလိုက်တော့ သူကဘာပြန်ပြောလဲဆိုတော့ ခဏလေးတဲ့ သူကရေသောက်လိုက်သေးတယ် ဒီကဂရုတစိုက်နဲ့မေးနေတာကိုရေသောက်လိုက်နေကြာစေ့လှမ်းစား လုပ်နေလိုက်သေးတယ် လုပ်ပေါက်ကလုပ်ပေါက်က အချိုးတစက်ကလေးမှမပြေဘူး ဆိုလိုတာက သေချာတွေးနေတဲ့ပုံစံလေးနဲ့ပြောပေါ့ ဒီကစိတ်ဝင်တစားနားထောင်နေတာကို နောက်ပြီးတော့ မိရွှေချောကဘာပြောလဲသိလား မသိဘူးလို့ပြန်ပြောတယ်ဗျာ အဲဒီ့ကထဲက ကျွန်တော်ကစိတ်ထဲမှာနည်းနည်းပေါ့သွားတယ်ဗျ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထက်လည်းကြီးတယ်ဗျာ ကိုယ့်ကို နည်းနည်းပါးပါးဆုံးမဖို့နေနေသာ သူ့ကိုပြန်တောင်သင်ပေးရမယ့်ကိန်းဆိုက်နေသေးတယ်လို့ပေါ့ အဲဒီအတိုချုံးပြောထားတာနော် အဲဒါလိုမျိုးစိတ်ကျတော့ အဆင့်လေးက ချစ်ချင်လာတဲ့စိတ်ပဲလို့ပြောလို့ရတယ်ဗျ ဘာဖြစ်လို့လဲဆိုတော့ ချစ်မိသွားတာလို့ပြောလို့မရတော့ဘူးလေ သူ့ပုံစံက ကိုယ်နဲ့က လွယ်လွယ်နဲ့ပေါင်းစပ်လို့မရတဲ့ အနေအထားမှာရှိတယ်လို့ ကျွန်တော်သတ်မှတ်လိုက်တယ်ဗျ ဘာလို့လဲသိလား ချစ်ချင်လာတဲ့စိတ်လေးကို နှစ်ယောက်စလုံးသဘောပေါက်နေရင် အတူတူဆွေးနွေးတိုင်းပင်ပြီး ပေါင်းစပ်မယ်ဆိုရင် အရမ်းချစ်ဖို့ကောင်းတဲ့ဘ၀လေးကို ပိုင်ဆိုင်လာမှာလို့လေ ဒါပေမဲ့အခုကျတော့ ကိုယ်နဲ့သူနဲ့ဘယ်လိုမှ ပေါင်းစပ်လို့မရဘူးဆိုပြီးသတ်မှတ်လိုက်တာ ကိစ္စပြတ်ပြီး လိမ်ဖယ်လိမ်ဖယ်နဲ့ ဒီအတိုင်းပဲ Firs Year ကို ဟန်ဆေင်မှုတွေနဲ့ပဲနေလာခဲ့တာပါဗျာ.........။

ဒါပေမဲ့ဒီမှာသံဝေကတစ်ခုရလိုက်တယ် ဘာလဲသိလား အချစ်စစ်ကိုရှာရတာမလွယ်ကူပါလား ဆိုတာကိုပေါ့..........(ချမ်းမြေ့)

Face book ကို စတိုင်အသစ်အဆန်းနဲ့သုံးချင်တဲ့သူတွေအတွက် For Android

https://play.google.com/ မှာတော့ ဘတ်ခြောက်ဆယ်ပေးရပါတယ် 
Download>>>mediafire (or)dropbox
Required Android O/S : 2.3+

ယောင်္ကျား ၊ မိန်းမတို့အကြောင်း

"လူ့လောကကြီးဟာ ၊ ယောင်္ကျားတွေနဲ့ မိန်းမတွေ အလုပ်ရှုပ် နေကြတာပါ" တဲ့။

ဒီစကားကို ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်စဉ်ကာလက "မိ ၊ မော် ၊ မေ ၊ မ" ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ "ကာတွန်းဝင်းမောင်" ပြောခဲ့တာပါ။ အစက သိပ်သဘောမပေါက်ဘူး။ နောက်ပိုင်း အသက်အရွယ် ရလာလေလေ ၊ ဒီစကားလေးကို ပိုပြီး သဘောပေါက်လာပါတယ်။

ဟုတ်တာပေါ့ဗျာ။ လူ့လောကကြီးမှာ "ယောင်္ကျားတွေ အလုပ်ရှုတ်နေရတာ ၊ မိန်းမတွေ အတွက် ဖြစ်သလို ၊ မိန်းမတွေ အလုပ်ရှုတ်နေကြတာလည်း ယောင်္ကျားတွေ အတွက်" မဟုတ်ဘူးလားဗျာ။

ယောင်္ကျားတွေ ပညာတွေကို သင် ၊ စီးပွားရေးတွေ လုပ် ၊ ငွေကို ကြိုးစားရှာနေကြတာ မိန်းမတွေ အတွက်မဟုတ်ဘူးလား။ မိဘအတွက် ရှာဖွေနေတဲ့သူကတော့  မရှိသလောက် ရှားပါတယ်။ မိန်းမတွေ အလှပြင်ဆိုင်သွားကြ ၊ အ၀တ်အစားအမျိုးမျိုး ၊ ဖက်ရှင် အမျိုးမျိုး နဲ့ ၀တ်ကြ စားကြ ၊ လှသထက် လှအောင် အမျိုးမျိုး လုပ်နေကြတာကလည်း ယောင်္ကျားတွေကို ဆွဲဆောင်ဖို့ ၊ ကိုယ့်ရီးစား ကိုယ့်လင်ယောင်္ကျား ကိုယ့်ကို အမြဲ စိတ်ဝင်စားနေအောင် အလုပ်ရှုတ်နေကြတာ မဟုတ်ဘူးလား ။

ဒါကြောင့် ဆိုရိုးစကား တစ်ခုဖြစ်ပေါ်လာတယ် မဟုတ်လား။ လောကကြီးဟာ ယောင်္ကျားနဲ့ မိန်းမ (၂)မျိုးတည်း ရှိနေလို့သာ ။
(၃)မျိုး ရှိရင်မလွယ်ဘူး ဆိုတဲ့ စကား။ ကြားဘူးမှာပေါ့။

ယောင်္ကျားတို့အကြောင်း ၊ မိန်းမတို့အကြောင်းကို ဟာသနှောထားတဲ့ စာတိုပေစ တွေကို ကျွန်တော့်ဘ၀ တစ်လျှောက်လုံး အတော်
များများ ဖတ်ခဲ့မှတ်ခဲ့ဘူးတဲ့ အထဲက ထိထိမိမိ ရှိလှတဲ့ အကြောင်းအရာ နှစ်ခုကို ဖောက်သည်ပြန်ချ လိုက်ပါတယ်။

(၁) မိန်းမတို့ အကြောင်း
-------------------------

အိမ်နီးနားချင်း အိမ်ထောင်သည် အမျိုးသမီး (၂)ယောက် ဈေးအသွားလမ်းမှာ တွေ့ကြရင်း စကားရပ်ပြောနေကြပါတယ်။ ဈေးက ပြန်လာတဲ့ မိန်းမနာမည်က ဒေါ်ဝ ၊ ဈေးကို သွားနေတဲ့ မိန်းမက ဒေါ်လှ ဆိုပါစို့။

ဒေါ်လှ ။ ။ ဟော ၊ မ၀တို့တော့ ဈေးတောင် ပြန်လာပြီ။ ကျွန်မကတော့ ခုမှ ဟန်ပြင်တုန်း။ ဒါထက် စကားမစပ် မနေ့ညက ဘာဖြစ်ကြတာတုန်း။ ညသန်းကောင်ကြီး ဆူလို့ညံလို့ . . . ရှင်တို့အိမ်ဖက်က ။

ဒေါ်ဝ ။ ။ မပြောချင်ပါဘူး မလှ ရေ။ အိမ်က အကောင်ပေါ့။ အလုပ်တော့ ကောင်းကောင်း မလုပ်ဘဲ ဟိုအရေတွေကို နေ့တိုင်းသောက် ၊ ပြီးတော့ မူးရင်လည်း ကောင်းကောင်းမနေဘဲ ၊ မိန်းမကို ဟိုလူနဲ့ စွပ်စွဲ ဒီလူနဲ့ စွပ်စွဲ နဲ့ ၊ ညကတော့ ကျုပ်လည်း မခံနိုင်လွန်းလို့ ပြန်ပြီး လုပ်တာ ၊ ဘာပြောကောင်းမလဲ ။ သူတစ်ပြန်ကိုယ်တစ်ပြန်ပေါ့။ သူကလည်း ကျမကို ရိုက် ၊ ကျမကလည်း ပြန်ပြီး ကုတ်ဆွဲ နဲ့ ၊ နပမ်းလုံးကြတာ ၊ တော်သေးတယ် ၊ ရက်ကွက်လူကြီးတွေ ရောက်လာလို့။

ဒေါ်လှ ။ ။ ဟုတ်ပါ့တော် ။ ကျမတို့တောင် အိပ်ပျော်နေရာက လန့်နိုးလာတယ်။ အင်း - ရှင့်မလည်း ဒီယောင်္ကျား နဲ့ တစ်ဒုက္ခနော်။ ပြောရရင် ယောင်္ကျားတွေလည်း ဘယ်ယောင်္ကျားမှ ကောင်းပါဘူးတော်။ ဒီပုပ်ထဲ ဒီပဲတွေ ချည်းပါဘဲ။ ဒါနဲ့ ဈေးက ဘာတွေ ၀ယ်ပြီး ပြန်လာတုန်း။

ဒေါ်ဝ ။ ။ မှိုလေးတွေတော်ရေ့ ။ ရာသီပေါ် ဖက်သွပ်မှိုလေးတွေလေ ။ သူများတွေ ၀ိုင်းဝယ်နေတဲ့ကြားက ကျုပ်ဖြင့် အတင်းလု ၀ယ်လာရတယ်။ ''အိမ်ကလူက မှိုဟင်းဆို သိပ်ကြိုက်တာလေ'' ။

ဒေါ်လှ ။ ။ သြော် သြော် ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။

-----------------------------------------------------------

အဲဒါကတော့ မိန်းမတွေရဲ့ သဘာဝပါဗျား။ သဘောပေါက်ပါရဲ့နော်။ လာဦးမယ်ဗျာ ၊ ယောင်္ကျားတို့ သဘာဝ ။ ဆဲတော့ မဆဲကြနဲ့နော်။

အချိန်ကတော့ ဆောင်းအကုန် နွေအကူးကာလ နေ့လည်ပိုင်း အချိန်အခါလေးမှာပေါ့ဗျာ။

ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ "ဆံသဆရာ" နဲ့ "ဆံပင်ညှပ်သူ" နှစ်ဦး ဆံပင်ညှပ်ရင်း ထွေရာလေးပါး ဟိုအကြောင်း ဒီအကြောင်း ပြောဆိုနေကြပါတယ်။ အဲဒီအချိန်မှာ ဆိုင်ရှေ့နေပူကျဲကျဲမှာ လေပွေ လေရူးလေးတစ်ချက် တိုက်ခတ်လိုက်ပြီး ဖုန် နဲ့ အမှိုက်တွေဟာ လေပွေလေရူးနဲ့အတူ လွင့်ပျံ တက်နေတာကို ကြည့်ရင်း ဆံပင်ညှပ်ဆရာက ပြောလိုက်ပါတယ်။

ဆံသ ဆရာ ။ ။ ဟိုမှာတွေ့လား ။ နွေရောက်မယ် မကြံသေးဘူး ၊ လေရူးတွေ တိုက်နေတာ။ မနေ့က အဖြစ်ကို ခင်ဗျားကို ပြောရဦးမယ်။ မနေ့က လည်း ကျွန်တော် ခုလိုဘဲ လမ်းဘက်ကို လှည့်ပြီး ဆံပင်ညှပ်ပေးနေတုန်းပေါ့ဗျာ။ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာတယ်ဗျ။

ကောင်မလေးက ကိုယ်လုံးကိုယ်ပေါက်က လှသလား မပြောနဲ့၊ တစ်တစ်ရစ်ရစ်ကလေး ။
အသားက ဖြူဖြူ ၊ ထမီအနီလေးကို တင်းရင်းနေအောင် ၀တ်ပြီး လမ်းလျှောက်လာတာ ကျွန်တော်ဖြင့် ဆံပင်ညှပ်တာတောင် ရပ်ထားရတယ် ၊ ကြည့်ကောင်းလို့။

အဲဒီတုန်းဗျာ ၊ ခုနကလို လေပွေပေါ့ ၊ ကောင်မလေးနား ကပ်ပြီး တိုက်ချ လိုက်တာ ဘာပြောကောင်းမလဲ ၊ ကောင်မလေး ၀တ်ထားတဲ့ ထမီ တိုတိုလေးဟာ လေပွေနဲ့ အတူ အပေါ်ကို လွင့်ပျံ တက်သွားတော့တာဘဲဗျာ ။

ဆံပင် ညှပ်သူ ။ ။ ဟာ ! ဟုတ်လား ။ ကောင်မလေးတော့ တော်တော့်ကို ရှက်သွားမှာပေါ့နော်။ လူတွေက အများကြီး မဟုတ်လား။

ဆံသ ဆရာ ။ ။ ရှက်မှာပေါ့ဗျာ။ အို ဒီနားမှာ ရှိတဲ့ ယောင်္ကျားမှန်သမျှ ၀ိုင်းကြည့်ကြတာ ။ ကောင်မလေးလည်း ထမိန်ကို ကဗျာကယာ ဆွဲချပြီး ပြေးလိုက်တာဆို လုံးနေတာဘဲ။

ဆံပင် ညှပ်သူ ။ ။ ကျွန်တော်ထင်တယ်ဗျ။ ကောင်မလေးက အသားကဖြူဖြူဆိုတော့ အဲဒီအချိန်မှာ ရှက်လွန်းလို့ သူ့မျက်နှာဟာ နီရဲနေမှာဘဲ နော်။ ဟုတ်လား။

ဆံသ ဆရာ ။ ။ အင်း အဲ အဲ ။ မျက်နှာ နီရဲနေလားတော့ မသိဘူးဗျ။ ဘာပြုလို့လည်း ဆိုတော့ အဲဒီ အချိန်မှာ ကျွန်တော် ကောင်မလေး မျက်နှာကိုတော့ မကြည့်မိလိုက်ဘူးဗျ။

ဆံပင် ညှပ်သူ ။ ။ သြော် ဟုတ်လား ။ အင်းပေါ့ ။ မျက်နှာကို ဘယ်ကြည့်မိပါ့မလဲ။ ဟုတ်တာပေါ့ဗျာ။

--------------------------------------------------------------------------

ဒါကတော့ ယောင်္ကျားတို့အကြောင်း ပေါ့ဗျာ။ ခင်ဗျား ၊ ကျွန်တော် ၊ ကြီးကြီး ငယ်ငယ် ယောင်္ကျားတွေ အားလုံး ဒီလို ချည်းပါဘဲဗျာ။ မဟုတ်ဘူးလား။ မဆဲနဲ့နော်။

ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။

မှော်ဆရာမှတ်တမ်း ၁ မှ ၇ ထိ

၁၉၆၉ ခုနှစ်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် SEA GAMES ဖွင့်ပွဲ သမိုင်းဝင်ရှားပါးပုံလေးပါ.

======================================
၅ ကြိမ်မြောက် SEA GAMES ပွဲမှာ
★ မြန်မာ ( Burma) ရွှေ (၅၇) ခုနဲ့ ပထမ။
★ ထိုင်း (Thailand) ရွှေ (၃၂) ခုနဲ့ ဒုတိယ။
★ စင်္ကာပူ ( Singapore) ရွှေ (၃၁) ခုနဲ့ တတိယ။
-----------------------------------------------
အသီးသီးရရှိခဲ့ပြီး မြန်မာတို့ရဲ့ SEA GAMES ရွှေခေတ်ကာလကြီးလည်းဖြစ်ပါတယ်။

မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ

မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။

ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Model ဖြစ်သော Boeing 777-200 သည် သမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်သည် ။ ထို့အတူ အင်ဂျင် ၁ လုံးပျက်စီးပါက ကျန် အင်ဂျင် ၁ လုံးဖြင့် လေပေါ်တွင် ၃ နာရီနေနိုင်သော ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ကြရသည် ။

ပထမဆုံးBoeing 777-200 လေယာဉ် မတော်တဆ မှုဖြစ်ခဲ့သော Asiana လေကြောင်းလိုင်း အပြီး ယခု မလေးရှား အဲလိုင်း ပျက်ကျမှုသည် လေယာဉ်၏ ချွတ်ယွင်းမှုဖြစ်မည်ဆိုပါက MH370 - Boeing 777-200 လေယာဉ်အမျိုးအစားတွင် ဒုတိယ မြောက် ပျက်ကျသည့် လူသေဆုံးမှုအများဆုံးသော လေယာဉ်ဖြစ်ပေလိမ့်မည် ။
လွန်ခဲ့သော မတ်လ ၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ ခန့်တွင်မူ အဆိုပါ မလေးရှား အဲလိုင်း ပိုင် ဘိုးရင်း ၇၇၇-၂၀၀ မော်ဒယ် (ကမ္ဘာ့စိတ် အချရဆုံးလေယာဉ်အမျိုးအစားကြီး) ရုတ်တရက် ပျောက်ဆုံးနေပါသည်ဆိုသော အခါ ကမ္ဘာ့ နိုင်ငံတိုင်းသည် မေးခွန်းများစွာ ၊ အံအားသင့်မှုများစွာ ဖြင့် ကမ္ဘာဂြိုလိ၏ တတိယ အကြီးဆုံးသော သမုဒ္ဒယာ ဖြစ်သည့် အဒ္ဒိယ သမုဒ္ဒယာ အတွင်း ပိုက်စိပ်တိုက် ရှာကြရတော့သည် ။
ထိုသို့ ရှာဖွေမှု ရက်များအတွင်း နိုင်ငံတကာ အကူအညီများ (မြန်မာအပါအဝင်) အပြင် ...

သတင်းပေးမှုများ ၊ နိုင်ငံတကာ မှော်ပညာရှင်များ ၊ နိုင်ငံတကာ ဗေဒင်ပ ညာရှုင်များ ၊ နိုင်ငံတကာ ဘာသာ အလိုက် လူစွမ်းကောင်းများသည် နိုင်ရာ ဆိုင်ရာ ပညာများဖြင့် လေယာဉ်ကြီးအား ရှာဖွေ ကြရာ လေယာဉ် ရှာဖွေသည့် ဂိမ်း ဖြစ်သော Bomoh App အထိ ပင် နာမည်ကြီး ခဲ့ကြလေသည် ။
ယနေ့မူ ထိုသူများ အားလုံး ပညာစွမ်းပြ ရှာဖွေခဲ့ကြသောလေကြောင်း အမှတ် MH 370 လေယာဉ်ဖြစ်သည့် Boeing 777-200 အမျိုးအစားသည် တောင်အိဒ္ဒိယ သမုဒ္ဒယာ တွင် အပိုင်းအစ သေးသေး လေးအဖြစ်ဖြင့် မနည်းရှာဖွေ ခဲ့ရပြီး ထိုလေယာဉ်ပေါ်ပါဝင်သော ခရီသည် ၂၂၇ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၂ လုံး အသက်ရှင်မည် မဟုတ်ကြောင်းကို မလေးရှား ရုပ်သံ ဌာနများတွင် ယခု ကြော်ငြာပြီဖြစ်သည် ။

ထိုသို့ကြော်ငြာခဲ့ပြီးနောက် လေကြောင်း ပညာရှုင်များအားလုံး ထို MH 370 လေကြောင်းသည် အဆိုပါပျက်ကျရာ နေရာသို့ မည်မျှသော လေယာဉ်ဆီဖြင့် ပျံသန်းသည်ဆိုသည်ကို အဖြေအတိအကျရရှိကြတော့မည်ုဖြစ်ကြောင်း လည်း သတင်းဌာနများက ရေးသားသွားခဲ့သည် ။

Ref - http://www.stuff.co.nz/world/asia/9863247/Flight-MH370-crashed-in-Indian-Ocean-no-survivors

MH 370 သယ်ဆောင်သွားခဲ့သော လေယာဉ် ပေါ်တွင်ပါဝင်သည့် ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး ပေါင်း ၂၃၉ ဦးထဲမှ တစ်ဦး (သို့) တစ်ဦး ထက်မက မှ အသက်ပေးအဆုံးစီရင်မှု (သို့) အသေခံ သေကြောင်းကြံမှု ကို ကျူးလွန်ကြောင်း လေယာဉ် ပျက်ကျရာနေရာ က သက်သေခံနေပြီဖြစ်ပေသည် ။

MH370 လေယာဉ် ပျောက်ဆုံးသော ၈.၃.၂၀၁၄ နံနက် ၁ နာရီ ၄၀ မှ ယနေ့တိုင် မီဒီယာများရေးသားခဲ့သော သတင်း အပုဒ်ရေ သောင်းပေါင်းများစွာ ကို အခြေခံသော်ငြား မည်သူ ၊ မည်သည့်အတွက် MH370 အားယခုလို အဆုံးသတ်သည်ကို မူ ယနေ့မည်သူမျှ မသိရှိနိုင်သေးပေ ။

စတင် ပျောက်ဆုံးကာစကတည်းက စိတ်ဝင်စားစရာကောင်းခဲ့သော MH370 သည် .. ယနေ့ည မျက်ရည်များစွာကြား အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း Malaysia's Prime Minister Najib နှင့် ညီဝမ်းကွဲ (ပို့ဆောင်ရးဝန်ကြီးဌာန သရုပ်ဆောင်ဝန်ကြီး) Hishammuddin Hussein တို့မှ တစ်ဦးမှ အသက်မရှင်ကြောင်း ကြော်ငြချာက်တွင် အဆုံးသတ်ပြီဖြစ်လေသည် ။

ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး လေယာဉ် အကြမ်းဖက်မှု အဖြစ် စံချိန်တင်သွားခဲ့သည့် Malaysia Airline MH370 (Boeing 777-200) ကွာလာလမ်ပူ - ပှကျင်းဇတ်လမ်းသည် ယနေ့မှ စတင်ကာ ပိုမိုစိတ်ဝင်စားစရာကောင်းတော့မည်ဟု မှတ်ချက်ချရတော့မည်ဖြစ်သည် ။
ယနေ့တိုင် အဖြေရှာမရသော ဇတ်လမ်းဖြင့် အဆုံးသတ်ခဲ့သည့် MH370 အကြောင်း နိုင်ငံတကာ မီဒီယာများမှ "အဖြေမရှိသေးသော မေးခွန်း ၅ ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆက်လက်ရေးသားနေမည် ကိုလည်း တွေ့ကြ ရမည်ဖြစ်လေသည် ။ ....

မည်သို့ပင်အဆုံးသတ်စေ ...
သားတစ်ယောက်အတွက် ပူဆွေးနေမည့် မိခင် ၊ ဖခင်များ ..
အဖေတစ်ယောက်အတွက် တစ်ကြော်ကြော်မေးနေဦးမည့် သား ၊ သမီးများ ...
ခင်ပွန်းတစ်ဦးအတွက် ကြေကွဲနေမည့် ဇနီးသည်များ ....
ဇနီးသည်တစ်ဦးအတွက် ယူကြုံးမရဖြစ်နေမည့် ခင်ပွန်းများ ....
ညီ တစ်ယောက်အတွက် ရင်ကွဲနေမည့် အကိုများ ...
အကိုတစ်ဦးအတွက် အစားထိုးမရတော့မည့် ညီများ..
ညီမတစ်ယောက်အတွက် မျက်ရည်ကျနေမည့် အမများ ...
အစ်မတစ်ယောက်အတွက် သောကပင်လယ်ဝေနေမည့် ညီမများ ...

ထို့အတူ
အလုပ်ရှင်တစ်ဦး အား ကြိုဆိုနေသော ဝန်ထမ်းများ ...
ခရီးသည်များအတွက် ဝန်ဆော်ငမှုပေးနေမည့် လေယာဉ်ဝန်ထမ်းများ...
ရိုးသားစွာ ဝမ်းရေးအတွက် ရှာဖွေနေသော သူများအားလုံး ..
ထိုသူများ၏ မိသားစုဝင်များအားလုံးသည် ...
ယနေ့ ဆိုးရွားစွာ ပူဆွေးနေမည်ကို နားလည်ကြေကွဲရင်..

***Pray for MH370 passenger's and Crew's Families***

Facebook အသစ်ထွက်လာပြန်ပြီ - Facebook v9.0.0.0.11 (Photo Comment 100% & Video Download 100%)

ဒီနေ့လေးမှာဘဲ Facebook version အသစ်ထွက်လာပြန်ပါပြီဗျာ။ ဒီတစ်ခါမှာလည်း Photo Comment နဲ့ Video Download အဆင်ပြေနေပါတယ်။ အခု Version အသစ်ရဲ့ထူးခြားချက်ကတော့ အရင် Version ထက်သုံးရတာပိုမြန်လာတယ်ဗျာ။ ကျွန်တော်လည်းရရချင်း တင်ပေးလိုက်တော့ ဒီလောက်ပဲစမ်းရသေး တယ်ဗျာ။ သေချာတာတစ်ခုကတော့ 100% Error ကင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးမှတင်ပေး လိုက်တာပါ။ ဟန်းဆက် သုံးလုံးနဲ့စမ်းပြီးအဆင်ပြေပါတယ်။ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။

Friday, March 21, 2014

Facebook အကောင့်ဝယ်ယူချင်သော သူငယ်ချင်းများဖတ်ပေးပါရန်......

ကျွန်တော် အခု Facebook အကောင့်လေးတွေလုပ်ရောင်းတာ အခြေအနေကဘယ်လိုဖြစ်နေလဲဆိုတော့ အကောင့်လိုချင်တဲ့ ညီအစ်ကိုမောင်နှမတွေက အကောင့်လုပ်ခိုင်းတယ်ဗျ။

ကျွန်တော်က အကောင့်တစ်ခုကို မများတဲ့နှုန်းထားနဲ့ယူပါတယ် ဒါပေမဲ့ အကောင့်ဝယ်တဲ့သူက၀ယ်မယ် ကျွန်တော်ကလုပ်ပေးတယ် ဒါပေမဲ့ အကောင့်တစ်ခုကိုသုံးထောင်ပဲရတယ်ဗျာ သုံးထောင်ကို ကျွန်တော်က အကောင့်လုပ်ခိုင်းတဲ့သူက ကျွန်တော်နဲ့အရမ်းဝေးနေတယ်ဆိုရင် ပိုက်ဆံယူရတာသိပ်အဆင်မပြေဘူးလေ သူ့ဆီသွားယူမယ်ဆိုရင်လည်း ရတဲ့ပိုက်ဆံနဲ့သွားတဲ့စရိတ်က ဘာမှမကျန်တဲ့အပြင် ကိုယ်ကတောင်စိုက်ချင်စိုက်ရအုံးမယ်

အဲဒီ့တောဗျာ ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကျွန်တော်မှာကလည်း Credit ကဒ်ကလည်းမရှိ Paypal အကောင့်ကလည်းမရှိ ကျွန်တော့်မှာရှိရင်တောင် တစ်ဖက်ကမရှိရင် ကျွန်တော်လည်းဘာမှမလုပ်တတ်ဘူးလေ ကျွန်တော်ကလယ်ဝေးမြို့နယ်ထဲမှာပဲနေတယ် လယ်ဝေးကသယ်ရင်းတွေအတွက်က ကိစ္စ္မရှိဘူးခင်ဗျ။

အဝေးကသူငယ်ချင်းတွေအတွက်ကျတော့ နှစ်ဦးနှစ်ဖက်သိပ်ပြီးတော့အဆင်မပြေဘူးလေ အဲဒါကိုကျွန်တော်စဉ်းစားကြည့်တယ် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ပေါ့ဗျာ ကျွန်တော်ကလည်း Facebook အကောင့်ကို လောလောဆယ်အတိုင်းအတာမှာ လွယ်လွယ်လေးနဲ့ရရင်မဆိုလိုပါဘူး ရလာတဲ့အကောင့်ကိုလည်း Security ခိုင်မာအောင် လုပ်ပေးရသေးတယ်ဗျ။

ညတွေလိုင်းကောင်းမှထလုပ်ရတယ်ဗျ  အိပ်ရေးပျက်တာပေါ့ဗျာ မနက်ခင်းရုံးတက်ရသေးတယ်လေ။ အဲဒါကြောင့်ပါ ...........။

အဲဒီ့တော့ဒီလိုလုပ်ပါလား ကျွန်တော်နဲ့ဝေးတဲ့အစ်ကိုညီအစ်ကိုမောင်နှမများအားလုံးက ကျွန်တော့်ဆီက အကောင့်ဝယ်ပြီဆိုပါတော့ အဲဒီ့မှာ အခုလျှောက်တဲ့အပြင် နောက်တစ်ယောက်ပါ ရှာပြီးမှ လျှောက်ပေးပါ၊ အကောင့်တစ်ခုကို 3000 ဆိုတော့ နှစ်ခုကို 6000 ကျတယ်ဗျာ ဒါပေမဲ့ အဝေးကနေပဲ GSM 5000 Kyats ရှိတဲ့ ဖုန်းငွေဖြည့်ကဒ်ရဲ့ လျှို့ဝှက်နံပါတ်ဂဏန်းလေးတွေကို မတ်ဆေ့ခ်ျနဲ့အရင်ပို့ပေးပါ ပြီးတာနဲ့ ပို့ပေးတဲ့သူဆီကို Facebook အကောင့်ကို ချက်ချင်းပြန်ပို့ပေးပါ့မယ်လို့ တောင်းဆိုသောသဘောထားအနေဖြင့် ကျွန်တော်တို့ရဲ့အလုပ်ကိစ္စအဆင်ပြေစေရန်အတွက်  မေတ္တာရပ်ခံပါစေခင်ဗျာ။

ဒီလိုမှမဟုတ်ရင် ကိုယ်တိုင်လာပါအဆင်ပြေပါတယ် ကျွန်တော့်အနေနဲ့ကတော့ အဆင်ပြေပါတယ် ကိုယ်တိုင်လာလေအဆင်ပြေလေပါပဲ ဗျာ ဟုတ်ပြီလား
 ဒါမှကျွန်တော်တို့ရဲ့အလုပ်ကအဆင်ပြေမှာမို့လို့ပါ။

အပေါ်ကကျွန်တော်ပြောသလိုမျိုး အဆင်ပြေတယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အကောင့်နာမည်လေးတွေကို မတ်ဆေ့ခ်ျလေးနဲ့ပို့ပေးပါ မလွဲရလေအောင်လို့ပါနော်
အဲလိုပို့လိုက်ရင် ကျွန်တော်အမြန်ဆုံးအကောင့်လုပ်ပြီးပို့ပေးပါမယ်။
ဆက်သွယ်ရန်ဖုန်းနံပါတ် - 09420764273 ၊ 09448543590၊ 09254228063
ရှေ့ဆုံးကကျွန်တော့်ဖုန်းနံပါတ်ပါ၊ နောက်ဖုန်းနှစ်လုံးက ကိုထက်ကောင်းဝေနဲ့ ကိုသက်နိုင်ထွန်းတို့ရဲ့ ဖုန်းနံပါတ်ပါ ကျွန်တော့်ဖုန်းဆက်လို့မရခဲ့သည်ရှိသော် ကိုထက်ကောင်းဝေနဲ့ ကိုသက်နိုင်ထွန်းတို့အား ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ...........................။

ကျွန်တော်ဘလော့အား  ကြည့်ရှုအားပေးနေကြကုန်သော ပရိသတ်အပေါင်းများ -
မင်္ဂလာအပေါင်းခညောင်းလို့
စိတ်ကျေနပ်စရာကောင်းသော
မိမိတို့နဲ့ထပ်တူထပ်မျှရှိမည့်
ဆန္ဒအပေါင်းဖြင့်
 ပြီးပြည့်စုံပြီး အရာရာအောင်မြင်ရပါစေသား...................
ဆုတောင်းလျှက်....။ (ချမ်းမြေ့-ကောင်းကင်ကောင်လေးများအဖွဲ့)

★★Call Recorder Apk v1.5.5 Final + Full Version ★★

အ၀င် Calls အားလုံးကို Record လုပ်ပေးနိုင်တဲ့ Apk လေးပါ။မည်သည့်အ၀င် Call ကိုသာ Record လုပ်
မယ်ဆိုတာကိုလည်းသက်မှတ်ပေးနိုင်ပါသေးတယ်။New Update လေးမို့ချက်ချင်းတင်ပေးလိုက်တာပါ။
Icon ကနေ settings->recording ကိုသွားပြီးမိမိလိုသလိုသက်မှတ်ပါ။Android 2.2 အထက်ကစပြီးအသုံး
ပြုနိုင်ပါတယ်။နောက်ထပ်လုပ်ပိုင့်ခွင့်တွေကိုအောက်မှဖတ်ပါ။

This program records phone calls from the phone line on some phones. Such recording is not usually available out-of-the-box, it needs hardware support in your OS kernel and root access. If your device has no such support, the program still records phone calls, but you need to select Android API in settings->recording and the recording will most likely proceed from the microphone, not from the line.http://mm-knowledgeinfo.blogspot.com/2014/02/inpixio-photo-filters-and-effects.html
★★နည်းပညာမြို့တော်★★

နွေရာသီမှာ အရောင်တောက်တောက်တွေ ၀တ်တာမျိုးရှောင်စေချင်တယ်လို့ ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

 နှလုံးသားအရင်းအနှီး သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်ကို သူ့ရဲ့ နွေရာသီစိတ်ခံစားချက်၊ ဖက်ရှင်နဲ့ အသားအရေအတွက် မေးမြန်းကြည့်လိုက်တဲ့အခါ ‘နွေရာသီနဲ့ ပတ်သက်တဲ့ ခံစားချက်က ငယ်ငယ်တုန်းကနဲ့တော့ မတူတော့ဘူးပေါ့။ ငယ်ငယ်တုန်းကဆို နွေရာသီရောက်ပြီဆိုရင် ကျောင်းသုံးလပိတ်တော့ ပျော်တယ်။ အခုချိန်နွေရာသီ ကတော့ အရင်ကနဲ့ကို မတူတော့ပဲ၊ တအား ပိုပူပြင်းလွန်းပါတယ်။ အလုပ်လုပ်ရတာလည်း အဆင်မပြေ ဖြစ်စေပါတယ်။ လူရဲ့ အင်အားတွေကို ပိုပြီးပင်ပန်းစေတယ်။ နွေရာသီမှာ အရောင် တောက်တောက်တွေ ဝတ်ဆင်တာကို ရှောင်စေချင်တယ်။ အိုင်းရင်းကတော့ သီချင်းသွင်းဖို့ သွားရမယ်ဆိုရင် ကိုယ်ပေါ်မှာ လွတ်လွတ် လပ်လပ်ရှိပြီး ချောင်ချောင်ချိချိဖြစ်မယ့် အဝတ်အစားမျိုးတွေ ဝတ်ပြီးသွားတယ်။ ရှိုးပွဲဖျော်ဖြေဖို့ ရှိရင်တော့ အရောင်တွေ ဘာတွေမရွေးတော့ပဲ ရှိုးပွဲအတိုင်း ဝတ်ဆင်ပါတယ်။ အပြင်သွားရင်တော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ လုံခြုံမှုရှိတဲ့ပုံစံမျိုးပဲ ဝတ်ဖြစ်ပါတယ်။ အပြင်သွားမယ် ဆိုရင်တော့ Lotion ကတော့ လိမ်းဖြစ်ပါတယ်။ နွေရာသီမှာက Lotion လိမ်းရင်တောင် ချွေးပြန်တတ်တော့ အဆင်မပြေဘူး။ အဲဒီ့တော့လိုအပ်မှ လိမ်းဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်တော်ညက အိုင်းရင်းနဲ့ အိမ်မက်ထဲမှာတွေ့တုံး နည်းနည်းဗျူးတာဗျ အဲဒါတွေကိုပရိသတ်တွေသိအောင် ပြန်တင်ပေးတာနော် ....မယုံမရှိနဲ့ဗျတကယ်ပြောတာ။

(ချမ်းမြေ့)

စာချုပ်နဲ့ လုပ်ရတာက ပိုပြီးတော့ အဆင်ပြေတယ်လို့ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်

 ၂၀၁၁ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်ဖူးပွင့်သခင်ကို  Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ လက်ရှိမှာ စာချုပ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်ပြီး အနုပညာ အလုပ်လုပ်ကိုင်ရတဲ့ အပေါ်မှာ သူမရဲ့စိတ်ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ ‘ ညီမ Lucky Boss နဲ့စာချုပ်ချုပ်ထားတာ ပြည့်သွားပြီ။ ဒါပေမဲ့ 5-NetWork နဲ့ စာချုပ်ချုပ်ထားတာက ကျန်သေးတယ်။ တခြား ထုတ်လုပ်ရေးတွေကနေ ကမ်းလှမ်းလာရင် ညီမသတ်မှတ်ထားတဲ့ အရာတွေနဲ့ ကိုက်ညီပြီး လွတ်လပ်ခွင့်ပေးထားမယ်၊ အခြားကုမ္မဏီတွေနဲ့လည်း ရိုက်ခွင့်ပေးမယ်ဆိုရင် စာချုပ်ချုပ်ပြီး ရိုက်ကူးသွားမယ်။ အခု ညီမချုပ်ခဲ့တဲ့ ချုပ်ထားတဲ့ ကုမ္မဏီတွေကလည်း ချုပ်နှောင်မထားဘူး။ အပြင် ကုမ္မဏီတွေနဲ့ ရိုက်ခွင့်ပေးထားတယ်။ သူတို့ကလည်း နားလည်ပေးတယ်။ တစ်လတစ်ကား ပုံမှန်ရိုက်ပေးဖြစ်သလို အားရင်လည်း အားသလို ၂ကား၃ကား ရိုက်ပေးဖြစ်တယ်လေ။ အဲဒီ့လို အပြန်အလှန် နားလည်ပေးတော့ ပြဿနာမရှိဘူး။ အသစ်တစ်ယောက်အနေနဲ့တော့ စာချုပ်နဲ့ ရိုက်ရတာ ပိုကောင်းပါတယ်။ ကားရိုက်ဖို့က အရေးကြီးပါတယ်။ ဒါမှ ကိုယ်ရိုက်ထားတဲ့ ကားလေးတွေ ထွက်လာရင် ပရိသတ်က ကိုယ့်ကို သိကြမှာလေ။ လခစားနဲ့ နေ့စား သမားတွေလိုပေါ့။ ကိုယ့်မှာ စာချုပ်ချုပ်ထားတာရှိတော့ တစ်လ ဘယ်နှစ်ကား ရိုက်ရမလဲဆိုတာ ရှိတယ်လေ။ အဆက်အသွယ် မပြတ်သွားဘူး။ ကိုယ့်ကို ခေါ်မှရိုက်ရမှာထက် ကိုယ်ရိုက်ဖို့ ကုမ္မဏီရှိတော့ အဆင်ပြေတာပေါ့။ မကြိုက်တဲ့ ကာရိုက်တာတွေ ရှိရင်လည်း သူတို့နဲ့ညှိုလို့ရတယ်။ ဒါကြောင့် ညီမအတွက် စာချုပ်နဲ့လုပ်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါကလည်း တစ်ချို့က မတူဘူးပေါ့။ ညီမကတော့ စာချုပ်ရှိပေမဲ့ လွတ်လွတ်လပ်လပ်နဲ့ အနုပညာအလုပ်တွေလုပ်ရတော့ အဆင်ပြေပါတယ်’လို့ သူမက ဆိုပါတယ်။

Latest Viber 4.3.0.705 (19 March 2014) (Viber ခရေစီတွေအတွက်နော်...)

Viber အသစ်ထွက်လေး ဒေါင်းစမ်းပြီး သုံးကြည့်လိုက်ပါတယ်
ဘာမှတော့ထွေထွေထူးထူး ပိုမပါသွားပါဘူး
bug fix တွေလုပ်ထားတာကလည်း in app purchase မှ
ကျွန်တော်တို့ဆီမှာမရတော့ sticker ၀ယ်လို့မရဘူးပေါ့
အဲစနစ်ကို ပိုပြီးကောင်းမွန်အောင် သူက ဒီ version
မှာ လုပ်ပေးလိုက်တာပါ ။ အခု version မှာတော့ Group ကို လွယ်လွယ်
ကူကူ create လုပ်နိုင်ပါတယ် 
file Size:20MB
<< ဒီမှာ ဒေါင်းပါ >>ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

ဒီဇိုင်းအသစ် တွေနဲ့ အတူ ထွက်ရှိလာတဲ့ Go Locker 2.16

GO Locker screenshot 5 4GO Locker screenshot 4 3
ယနေ့အချိန်ထိ Download လုပ်သူပေါင်း 50 million ရှိလာတဲ့
Go Locker ချစ်သူများအတွက် အသစ်ထွက်တဲ့ version
2.16 ကိုတင်ပေးလိုက်ပါတယ် ... March 17 2014 ကထွက်ရှိခဲ့တာ
ဖြစ်တာကြောင့် မနေ့က ထွက်တာပါ ။ ဒီ free version
မှာတော့ UI အသစ်နဲ့ themes တွေပါဝင်ပြီး
Animation lock ကိုလည်း free version
မှာသုံးနိုင်မှာပါ
File Size: 4.8MB