
အသက် ၃၀ အရွယ် မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ရော်ဘင်ဗန်ပါစီဟာ အသင်းနည်းပြ ဒေးဗစ်မိုရက်စ်နဲ့ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း အသစ်ထပ်တိုးဖို့ ဆန္ဒရှိကြောင်း ပြောကြားလိုက်ပါတယ်။
နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ရလဒ်ဆိုးရွားနေတဲ့ မန်ယူအသင်းကနေ နွေရာသီအပြောင်းအရွှေ့  ကာလမှာ ထွက်ခွာမယ်လို့ သတင်းတွေထွက်ခဲ့သူပါ။
“ တကယ်တမ်းတော့ ကျွန်တော်ဒီမှာ တော်တော်ပျော်ပါတယ်။ ကျွန်တော် အသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ခဲ့ တယ်။ အခုစာချုပ်မှာ ကျန်တဲ့နောက်ထပ်နှစ်နှစ်ကနေ နောက်ထပ်အကြာကြီးဆက်နေဖို့ လည်း ဆန္ဒရှိပါတယ်” လို့ ဗန်ပါစီက ပြောကြားသွားခဲ့တာပါ။
အတွင်းသတင်းတွေအရ ဗန်ပါစီဟာ မန်ယူအသင်းနည်းပြ ဒေးဗစ်မိုရက်စ်ရဲ့ လေ့ကျင့်ရေးနည်းစနစ်တွေကို အကြိုက်မတွေ့ ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း တနင်္ဂနွေနေ့ မှာ ယှဉ်ပြိုင်ရမယ့် ထိပ်သီးပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အတွက် ပွဲကြိုအင်တာဗျူးမှာတော့ ဗန်ပါစီဟာ မိုရက်စ်ဘက်က ရပ်တည်ပြောကြား သွားခဲ့ပါတယ်။
“ မန်ယူအသင်းအတွက် ဒေးဗစ်မိုရက်စ်က အသင့်တော်ဆုံးလူတစ်ယောက်ပါ။ ကျွန်တော် သူ့ လက်အောက်မှာ အလုပ်လုပ်ရတာ တကယ်ကျေနပ်ပါတယ်။ ကျွန်တော်တို့ အသင်း ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်”
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment