Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, March 13, 2014

ဒိတ်ဒိတ်ကြဲ ဗီစီဒီထွက်နိုင်အောင် အမြန်ဆုံး ကြိုးစားနေပါတယ်လို့ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာနဲ့ပတ်သတ်ရင် အောင်မြင်မှုတွေ တပွေ့တပိုက်နဲ့ ပရိသတ်အားပေးမှု အရှိန်အဟုန်ကောင်းကောင်းရရှိထားသူကတော့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ပဲပါပဲ။ သူရေးတဲ့ သီချင်းနဲ့ အခွေဖန်တီးမှုအပိုင်းက အချိန်ကာလတစ်ခုပြီးမှ ပရိသတ်ဆီ အမြဲရောက်ပေမယ့် ရောက်သမျှ သီချင်းတိုင်းနဲ့ထွက်သမျှ အခွေတိုင်းဟာ  ပရိသတ်ရဲ့ရင်ထဲကို စူးစူးနစ်နစ်ဝင်ရောက်ခဲ့တာပါ။ သူဖန်တီးရိုက်ကူးတဲ့ ဇာတ်ကားအရေအတွက်က နည်းပေမဲ့ ရိုက်သမျှဇာတ်ကားတိုင်းက ပေါက်လွန်းသူမို့ ဒီ၂၀၁၄ ထဲမှာရော ပရိသတ်ကို ဘယ်လိုဖန်တီးမှုတွေနဲ့ထပ်မံဆွဲဆောင်ဦးမလဲဆိုတာ မေးမြန်းဖြစ်တဲ့အခါ ‘ခုက ဒိတ်ဒိတ်ကြဲအခွေမှာ ကျန်နေတဲ့ သီချင်းလေးတွေက မရိုက်ရသေးတာ၂ပုဒ်နဲ့ လက်ကျန်လေးတွေကို အပြတ်ဖြတ်မယ်။ အဲဒါက အမှန်အရင်ထွက်ဖို့ကို ကြာနေတာ။ ကြားထဲမှာ ဓါတ်ရှင်ရိုက်သူများဆိုတဲ့ ဇာတ်ကားကြီးကို ၀င်ရိုက်လိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်သီချင်းခွေကို ခဏ နောက်ဆုတ် ထားရတယ်။ ရှေ့မှာကျတော့ ရှိုးပွဲတွေသွားဆိုတာနဲ့ ဗီဒီယိုကားရိုက်တွေရှိတာနဲ့ ဖျော်ဖြေပွဲတွေသွားတာနဲ့ အခွေကို ဒါရိုက်တာ သရုပ်ဆောင်တွေနဲ့ရက်ညှိပြီး ရိုက်လိုက်၊ ခဏထားထားလိုက်နဲ့ ဖြေးဖြေးချင်းသွားနေရတာပေါ့။ အဲဒီအတွက် ကျွန်တော့် ပရိသတ်တွေကိုလဲ အနူးအညွတ်ကိုတောင်းပန်ပါတယ် ။ ပရိသတ်တွေကလဲ မေးနေကြပြီ။ မျှော်လင့်နေကြပြီ။ စိုင်းစိုင်းရဲ့ဒိတ်ဒိတ်ကြဲ အခွေမှာ ဘယ်လို မျိုးလေးတွေပါမလဲ ဘယ်လိုကြည့်ရမလဲဆိုတာကို ကျွန်တော်နားလည်တဲ့အတွက် အတတ်နိုင်ဆုံး အမြန်ပြီး အောင်ရိုက်နေပါတယ်။ ဗီဒီယိုကားကျတော့လဲ အဲဖက်မှာအားပေးနေတဲ့ပရိသတ်ကရှိတော့ ရိုက်ပြီးသား ကားမထွက်သေးရင်တောင် မရိုက်တော့ဘူးလားလို့ မေးနေတဲ့သူတွေရှိတဲ့အတွက် နှစ်ဖက်စလုံးကို မျှပြီးလုပ်နေရတဲ့အချိန်မှာ ကိုယ်တိုင်လဲ ကြိုးစားပြီး မြန်မြန်လေးလုပ်နေပါတယ်။ ပြီးတော့ ဒိတ်ဒိတ်ကြဲအခွေထွက်ပြီးရင် နောက်တစ်ခွေအတွက် ဆက်လုပ်မယ်။ သီချင်းတွေရေးမယ်။ ခုချိန်မှာမအားရတဲ့အထဲ သီချင်းကလဲ အရမ်းရေးချင်နေတယ်။ ပရိသတ်ကိုပြောနိုင်တာကတော့ သူတို့အတွက်ပဲ အရမ်းကြိုးစားနေတဲ့အတွက် အချစ်ရေးက တစ်ယောက်တည်းပါ။ ထုတ်ပြန်ပြောပြစရာ ဘာဆိုဘာမှမရှိသေးပါဘူး’တဲ့။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment