Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, June 25, 2014

♪ ဖုန်းခေါ်ဆိုသူရဲ့ပုံကို အပြည့်ပေါ်စေတဲ့ - Ultimate Caller ID Screen HD v10.3.4 APK (Full Version) ♫

Ultimate Caller ID Screen HD Pro v10.3.3 APK  ဒီတစ်ခါတော့ Call Screen HD ဆိုတဲ့ Android Application လေးတင်ပေးလိုက်ပါတယ်ဗျာ။ နောက်ဆုံးထွက် Version အသစ်လေးပါဘဲ။ ဒီကောင်လေးကဘာတွေလုပ်ပေးနိုင်သလည်းဆိုရင် ဖုန်းခေါ်ရင်ဘဲဖြစ်ဖြစ် ဖုန်းပြောရင်ဘဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ ပုံကို Screen ပေါ်မှာ အပြည့်ပေါ်စေမှာဖြစ်ပါတယ်ဗျာ။ တစ်ဖက်လူရဲ့ ပုံကိုတော့ Contact မှာထည့်ပေးထားဖို့လိုပါတယ်ဗျာ။ နောက်ပြီး ဖုန်းလက်ခံတဲ့အခါမှာ နှိပ်တဲ့ Answer နဲ့ End ကိုလည်း စတိုင်ပြောင်းပြီး ထားနိုင်ပါသေးတယ်။ ဒါ့အပြင် Call Block Feature ကိုပါထည့်သွင်းထားပါ တယ်ဗျာ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး Phone Call နဲ့ပတ်သက်ပြီး အခြားသော Feature များစွာ ကို အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။ အသေးစိတ်ရေးပေးထားပါတယ်နော်။ နမူနာကြည့်နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။   တစ်ခုဘဲသတိပြုရမှာပါ ။ အခုတင်ပေးလိုက်တဲ့ App ကို Full Version အဖြစ်အသုံးပြုချင်တယ်ဆိုရင်တော့ Ultimate Caller ID Screen HD Pro v10.3.2 ကိုအရင်ဆုံး Install လုပ်ပါ။ ပြီးသွားမှ Ultimate Call Screen License v1.5 ကိုထပ်ပြီး Install လုပ်ပါ။ ဒါဆိုရင် Contact တွေကို ကန့်သတ်ချက်မရှိထည့်သွင်းနိုင်ပြီဖြစ်ပါ တယ်ဗျာ။  Cover art  Ultimate Caller ID Screen Pro - screenshot thumbnail  Ultimate Caller ID Screen Pro - screenshot thumbnail  Ultimate Caller ID Screen Pro - screenshot thumbnail   Ultimate Caller ID Screen Pro - screenshot thumbnail  Ultimate Caller ID Screen Pro - screenshot thumbnail   Ultimate Caller ID Screen Pro - screenshot thumbnail  **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  **  Step-2. "5sec". လောက်စောင့်ပေးပါ။  **  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။  **  Step-4. Download Link ကျလာပါလိမ့်မယ်။  **  အဆင်ပြေပါစေဗျာ။  Download   Download

X-Men Days of Future Past

မကြာသေးခင် ရက်ပိုင်းကမှ ရုံတင်ထားတဲ့ကားလေးပါ။ တော်တော်လေးတော့ ကြည်ပါတယ်။ မကြည့်ရသေးသော သူများ ဒေါင်းကြည့်လိုက်ပါဗျာ

  ဒေါင်းရန်

http://adf.ly/pmoOd

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

ရည်းစားဟောင်းနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကြိုးစားတဲ့အခါ ကိုယ့်အနေနဲ့သိထားသင့်တဲ့ အချက်(၅ )ချက်

လမ်းခွဲထားပြီးသား ရည်းစားဟောင်းက ခုတလောကိုယ့်ကို ပြန်ဆက်သွယ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပြတ်ထားတာ မကြာသေးတော့ သံယောဇဉ်ကလည်း နည်းနည်းရှိနေသေးတာမို့ သူဖုန်းဆက်ရင်လည်း ကိုင်လိုက်မိတယ်။ sms ပို့ရင်လည်း ပြန်ပို့နေမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောပေမယ့် သူက ခုပြန်ကပ်နေတော့ ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ သူနဲ့ပြန်ကြိုက်ဖို့ လုံးဝမဖြစ်နိုင်တော့ ဘူး။ သူ့ရဲ့ချဉ်းကပ်နည်းတွေထဲက ရှောင်ရမယ့်အရာတွေနဲ့ ကိုယ့်စိတ်ကိုကိုယ် ပြတ်ပြတ်သားသားဖြစ်နိုင်ဖို့ အခြေအနေတွေကို သိထားဖို့လိုပြီပေါ့။
၁။သူငယ်ချင်းလိုပဲ နေကြရအောင် ဆိုတဲ့ ထောင်ချောက်ထဲ ၀င်မသွားမိပါစေနဲ့။
ပြတ်ပြီးခါစ အတွဲတစ်တွဲဟာ ချက်ချင်းလက်ငင်းကြီး သူငယ်ချင်းဖြစ်သွားတာမျိုး ရှိရင်တောင် တော်တော်လေးရှားမှာပါ။ သူငယ်ချင်းအမည်ခံပြီး ကိုယ့်ဆီက ပြန်လာဖို့ ထောင်ချောက်တစ်ခု ဖန်တီးနေတာလို့ စိတ်ထဲမှာ သိထားပါ။ သူ့ကြောင့် ကိုယ်ဘယ်လောက်နာကျင်ခံစားခဲ့ရသလဲ ဆိုတာကို တွေးပါ။ ကိုယ်ခံစားခဲ့ရတာတွေအတွက် ကိုယ်ဟာ သူ့ဆီက ဝေးဝေးပြေးဖို့ လိုနေပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
၂။ဖုန်းတွေဆက်၊ ဒရာမာအကွက်တွေထဲ မနစ်မျောပါနဲ့။
ပြတ်သွားကာမှ ဖုန်းတွေပြန်ဆက်တာမျိုး၊ လက်ဆောင်ပစ္စည်းလေးတွေ ပို့တာမျိုးတွေ လုပ်ရင် ဒါမျိုးတွေ မလုပ်ဖို့ ပြတ်ပြတ်သားသားပြောပါ။ တိုက်ဆိုက်မှုတစ်ခုခုရှိတိုင်း ကိုယ့်ကိုအသိပေးနေတာမျိုးတွေ၊ ကိုယ်ကြိုက်တဲ့သီချင်းလေး ရေဒီယိုမှာလာနေလို့ ကိုယ့်ဆီလှမ်းဖုန်းဆက်တဲ့ အကွက်မျိုးတွေ သူလုပ်တဲ့အခါ မနစ်မျောသွားပါစေနဲ့။
၃။ညဘက်အပြင်ထွက်တဲ့အခါ၊ လျှောက်လည်တဲ့အခါမျိုးတွေမှာ သူငယ်ချင်းတွေ ပါပါစေ။
ဒီလိုအချိန်မှာ ယောင်္ကျားလေးဆိုရင် ယောင်္ကျားလေးအချင်းချင်း၊ မိန်းကလေးဆိုရင်လည်း မိန်းကလေးအချင်းချင်း တွဲတာပဲကောင်းပါတယ်။ ညဘက် ကလပ်သွားရင်လည်း မိန်းကလေး သူငယ်ချင်းအုပ်စုလိုက်ကြီး သွားတာမျိုး၊ နေ့ခင်းဘက်လျှောက်လည်ရင်လည်း အုပ်စုလိုက် လည်တာမျိုးပဲ ဖြစ်သင့်ပါတယ်။
၎။သူ sms ပို့တဲ့အခါ ပြန်ပို့တာမျိုး လုံးဝမလုပ်ပါနဲ့။
ကိုယ်က သူနဲ့ပြန်အီတာမျိုး မဟုတ်ရင်တောင် သူ sms ပို့လာရင် ကိုယ့်ဘက်က ဒေါနဲ့မောနဲ့ sms ပြန်ပို့တာမျိုး၊ ဘယ်လောက်မုန်းကြောင်း၊ ဘယ်လောက်နာကျင်ကြောင်း ပြန်ပို့တာမျိုးတွေ ဘာမှမလုပ်ပါနဲ့။ ဘာဆိုဘာမှ ပြန်မပို့တာဟာ သူ့ကိုလုံးဝ လျစ်လျူရှုလိုက်ပြီဆိုတာ ပြသခြင်းပါပဲ။
၅။ကိုယ့်အခန်းထဲမှာ ကိုယ့်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် စာသားတွေ ကပ်ထားပါ။
သူမရှိပဲ ကိုယ်နေနိုင်တယ်၊ ကိုယ်ဟာ ဘာမဆိုလုပ်နိုင်တယ်၊ တစ်ဦးတည်း၊ တစ်ယောက်တည်း လောကဓံကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ်ဆိုတဲ့  စကားပုံတွေ၊ စာသားတွေ ကပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် ကြိုးစားပါ။

သူနဲ့မြဲပြီဆိုတာ သေချာသွားစေတဲ့ အချက်များ

ကိုယ်တွဲနေတဲ့ ချစ်သူနဲ့ ရေရှည်လက်တွဲသွားနိုင်မှာလား၊ မြဲမှာလားဆိုတာ သူနဲ့ကိုယ်ကြားမှာ ပြုမူနေတဲ့အရာတွေကို ကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်ပါတယ်။
၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်စကားဆိုဖြစ်တယ်။
ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း သူ့ကိုပြောဖြစ်တယ်။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင် ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။
၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။
အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက ကျန်းမာရေးကောင်းတယ်။ ကျန်းမာရေးလိုက်စားတဲ့သူ တစ်ယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။ ကိုယ့်ရည်းစားက ကျန်းမာရေးချူချာလွန်းလို့  စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။
၃။စကားပြောပုံဆိုပေါက်ကအစ တူနေတယ်။
သူနဲ့ကိုယ်နဲ့တူတဲ့ အချက်တွေ အများကြီးရှိနေတယ်။ သူနဲ့တွေးခေါ်နေတဲ့အရာတွေပါ တဖြည်းဖြည်းတူလာသလို ပြောလိုက်တဲ့စကားတွေလည်း အတူတူဖြစ်နေတတ်တယ်။ စကားပြောပုံဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့ ဒါဟာ အဆုံးထိလက်တွဲရမယ့် သူတွေပဲပေါ့။
၎။အမြဲတမ်း နမ်းဖြစ်တယ်။
တစ်လကို တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ သူနဲ့တွေ့တိုင်း နှစ်ဦးသားကြည်ကြည်နူးနူး အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။
၅။သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။
ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ ရုပ်ရှင်ကြည့်ကြတာမျိုး၊ ဒင်နာစားကြတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့ ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။
၆။ရုပ်ရှင်အတူတူကြည့်ရင်း အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။
ကိုယ့်ချစ်သူနဲ့အတူ ပေါက်ပေါက်အတူတူစားရင်း အချစ်ဇာတ်လမ်းလေးတွေ၊ အိမ်ထောင်ရေးဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအကြောင်းလည်း တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။ ဒါဟာ နှစ်ဦးသားနားလည်မှုပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။
၇။စိတ်ကအလိုလို ခံစားမိနေတယ်။
ဒီတစ်ခါတော့ ငါသူနဲ့မြဲပြီဆိုတာ စိတ်ခံစားမှုအရသိနေတယ်။ အရင်အခါတွေတုန်းကလို မဟုတ်ဘူး။ သူနဲ့ဘယ်တော့မှ ခွဲမှာမဟုတ်ဘူးဆိုပြီး စိတ်ကအလိုလို သိနေတာမျိုးဟာလည်း ယုံချင်စရာကောင်းတဲ့အချက်ပါပဲ။

ကိုယ့်ချစ်သူကို သ၀န်တိုသင့်တဲ့ အချိန်တွေက ဘယ်လိုအချိန်တွေ ဖြစ်သင့်သလဲ

ကိုယ့်ချစ်သူကောင်လေးကို အကြောင်းမရှိ အကြောင်းရှာပြီး သ၀န်တိုနေတာမျိုး၊ ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ မေးနေတတ်တဲ့သူ ဘယ်သူကမှ မဖြစ်ချင်ပါဘူး။ ဖြစ်နေရင်လည်း ဒါဟာ ရေရှည်မြဲဖို့ မလွယ်တဲ့ ဆက်ဆံရေးအဖြစ်ကို ဦးတည်သွားပါလိမ့်မယ်။ ကိုယ့်ချစ်သူကောင်လေးကို တကယ် သ၀န်တိုသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့
၁။ သူက အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းအတွက် အကြံဥာဏ်ယူရတော့မယ်ဆိုရင် အမေ ဒါမှမဟုတ် သူ့ သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲယူတယ်။
ကိုယ့်ချစ်သူရည်းစားက အလုပ်အတွက်ပဲဖြစ်ဖြစ်၊ တခြားအရေးကြီးတဲ့အရာတွေအတွက် ဆုံးဖြတ်ချက်ချရတော့မှာပဲဖြစ်ဖြစ် အကြံဥာဏ်ဆိုရင် ကိုယ့်ဆီက ဘယ်တော့မှမယူဘူး။ ကိုယ်ပြောသလိုလည်း မလုပ်ဘူး။ သူ့အမေဆီက ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် သူ့သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲတောင်းလေ့ရှိတယ်။ ကိုယ်ကလွဲပြီး တစ်ခြားသူတွေရဲ့ အကြံဥာဏ်အမြဲယူနေတတ်တယ်။
၂။ညဘက်တွေဆိုရင် ကိုယ်နဲ့တွေ့ဖို့ထက် သူ့သူငယ်ချင်းတွေနဲ့ပဲ အမြဲရှိနေတတ်တယ်။
ကိုယ်နဲ့တွေ့ဖို့ဆို အကြောင်းတစ်ခုခုကြောင့် ပျက်သွားတာမျိုး ရှိနေတတ်ရင်တောင် သူ့သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့တော့ အမြဲအတူတူရှိနေတတ်တယ်။ ကိုယ်နဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ယှဉ်ရွေးပါဆိုရင် သူငယ်ချင်းတွေဆီပဲ ရောက်သွားတော့တာပဲ။ ဒီတော့ တဖြည်းဖြည်းခံစားလာရတာက ကိုယ်က သူငယ်ချင်းတွေလောက်တောင် အရေးမပါဘူး။ ပထမဦးစားပေးနေရာမှာ ဘယ်တော့မှ မရှိဘူး။
၃။သူရဲ့အောင်မြင်မှုတစ်ခုခုဆို တခြားသူတွေနဲ့ပဲ အတူအောင်ပွဲခံလေ့ရှိတယ်။
အလုပ်မှာ ရာထူးတိုးတာပဲဖြစ်ဖြစ်၊ အလုပ်မှာ လစာတိုးတာ စတဲ့အရာတိုင်းကို တခြားသူတွေနဲ့အတူ အောင်ပွဲခံလေ့ရှိပေမယ့် ကိုယ်နဲ့ဆိုရင်တော့ ဒီသတင်းကို အသိပေးရုံကလွဲပြီး ဘယ်တော့မှ ပွဲလုပ်ပေးတာမျိုး မရှိဘူး။ ကိုယ့်ကိုအဖက်လုပ်ပြီး ပြောနေတာကိုပဲ ကျေးဇူးတင်ဆိုတာမျိုးပေါ့။ အဲ့ဒီအချိန် အောင်ပွဲခံဖို့အတွက် အလုပ်က အတွင်းရေးမှုးမလေး၊ လုပ်ဖော်ကိုင်ဖက်ကောင်မလေးတွေက သူ့ကို စောင့်နေရမှာကို အားနာတယ်ဆိုပြီး ကိုယ့်ကို ထားသွားခဲ့တာချည်းပဲ။
၎။သူကြိုက်တဲ့ မင်းသမီးအကြောင်း ပါးစပ်မစေ့အောင်ကို ပြောတတ်တယ်။
ကိုယ်နဲ့ရော သူနဲ့ပါ ဘယ်လိုမှ မပတ်သက်တဲ့ အခြားတစ်ယောက်ကို သ၀န်တိုရတာ နည်းနည်းတော့ အာရုံနောက်စရာပါပဲ။ ဒါပေမယ့် သူက အချိန်တိုင်း အဲ့ မင်းသမီး ဘယ်လိုလှကြောင်း၊ ဘယ်လိုဆက်စီဖြစ်ကြောင်း၊ ဆံပင်ပုံစံပြောင်းသွားပြန်ပြီ၊ ဘာလုပ်ပြန်ပြီ စတာတွေကို တရစပ်ပြောနေတတ်သူ ဆိုရင်တော့ သ၀န်တိုရတာ အမှားမဟုတ်ဘူးပေါ့။

အချစ်ရေးမှာ နှစ်ဦးသား ပိုနွေးထွေးစိုပြေစေဖို့ သိထားရမယ့် အချက်များ

တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုတာနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်၊ ယုံကြည်မှုတွေ ခိုင်မြဲအောင် ကြိုးစားရတော့မှာပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အချက်ကလေးတွေကြောင့် သင့်ရဲ့အချစ်ရေးဟာ ပျက်ပြားသွားနိုင်သလို အဲ့ဒီ ဘာမဟုတ်တဲ့ အချက်တွေကြောင့်ပဲ သင်တို့ဟာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရရှိနိုင်ပါတယ်။ ကိုယ်ချစ်သူနဲ့ ပိုခိုင်မြဲတဲ့ သံယောဇဉ်မျိုး ရရှိစေဖို့နဲ့ နှစ်ဦးသား ဒီအချစ်ရေးမှာ သက်တောင့်သက်သာနဲ့ ပိုမိုနွေးနွေးထွေးထွေးရှိစေဖို့အတွက် ဒီအချက်ကလေးတွေက ကူညီပေးပါလိမ့်မယ်။
၁။sms ပို့တဲ့အခါ လေး၊ ငါးခြောက်ခါ ဖတ်ပြီးမှ ပို့တာမျိုးရှောင်ပါ။
တစ်ခါတစ်လေ sms ပို့တော့မယ်ဆိုရင် ငါရေးထားတာ အမှားပါသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့ အထပ်ထပ်အခါခါ ဖတ်ပြီးမှ ပို့တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ်စာလုံးပေါင်းမှားပြီး ပို့လိုက်တာဟာ သူ့အတွက် အနှောက်အယှက်ဖြစ်စရာ အကြောင်းမရှိပါဘူး။ အတိအကျ၊ ပြည့်ပြည့်စုံစုံကြီးဖြစ်အောင် ကြိုးစားလုပ်ယူနေမှသာ တစ်ဖက်လူအတွက် ငြီးငွေ့စရာဖြစ်လာမှာပါ။ အထပ်ထပ်အခါခါပြင်ထားတဲ့ sms မှာလည်း ပထမဆုံး ရိုက်ရိုက်ပြီးချင်း ပို့တာလောက်တော့ ရင်ခုန်ဖွယ် မဖြစ်တော့ဘူးလေ။
၂။သူနဲ့ချိန်းတွေ့တဲ့အချိန်မှာ စားချင်တာစားပါ။
နှစ်ဦးသား စားစရာမှာခါနီး ငါ ဘာဂါစားရင် ပါးစပ်တွေ ပေကျံကုန်မလား၊ ဟိုဟာစားရင်ကောင်းပါ့မလား၊ ဒီဟာစားရင် ကောင်းပါ့မလာဆိုပြီး သိပ်တွေးမနေပါနဲ့။ ကိုယ်စားချင်တဲ့အရာကို စားပါ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနေပါ။
၃။မိတ်ကပ်မပါပဲ ကိုယ့်ကို ကိုယ့်ချစ်သူ တွေ့သွားမှာ မစိုးရိမ်ပါနဲ့။
ကိုယ့်ကို တကယ်ချစ်မြတ်နိုးတဲ့သူကတော့ ကိုယ့်မျက်နှာပေါ်မှာ မိတ်ကပ်မပါလည်း ချစ်မှာပါပဲ။ မိတ်ကပ်မပါတဲ့ ကိုယ့်မျက်နှာကို မြင်ဖူးသွားပြီး ကိုယ့်ကိုသူက လှလိုက်တာလို့ ဆိုနေတုန်းဆိုရင် သင်လည်း ယုံကြည်မှုပိုတိုးတာပေါ့။ ဒါ့အပြင် သူ့ရှေ့မှာ ပဲများပြီးနေစရာမလိုတော့ဘူးလေ။ သက်တောင့်သက်သာ ဘယ်လောက်ဖြစ်သလဲ။
၎။သူရှေ့မှာ အိပ်ပျော်သွားတဲ့အခါ ဟန်ဆောင်ပြီး အိပ်တာမျိုး လုပ်မနေပါနဲ့။
ကိုယ့်ချစ်သူရှေ့မှာ အိပ်ပျော်သွားလို့ အိပ်နေတုန်း ယောင်တာမျိုးဖြစ်မှာ၊ ဟောက်မိတာမျိုးဖြစ်မှာတွေကို တွေးမကြောက်ပါနဲ့။ ကိုယ်အရင်တုန်းက အိပ်သလိုပဲ လွတ်လွတ်လပ်လပ်အိပ်ပါ။
၅။ငိုတဲ့အခါ ကိုယ့်ရဲ့မျက်နှာကို ကွယ်ဝှက်ထားတာမျိုး မလုပ်ပါနဲ့။
ငိုနေတဲ့ ကိုယ့်ရဲ့မျက်နှာက ရုပ်ဆိုးတယ်လို့ ခံစားရတယ်ဆိုရင်တောင် ကိုယ့်ချစ်သူရှေ့ ဟန်ဆောင်ပန်ဆောင် ငိုနေတာမျိုးတွေ လုပ်မနေပါနဲ့။ ဟန်ဆောင်ခြင်းက လူကို ပင်ပန်းစေတာကြောင့်ပါ။
၆။ကိုယ့်ငယ်ငယ်တုန်းက ပုံလေးတွေ သူ့ကိုထုတ်ပြပါ။
ကိုယ်အလယ်တန်းကျောင်းတက်တုန်းက ပုံတွေ သူကတောင်းကြည့်တဲ့အခါ ပြလိုက်ပါ။ ကိုယ်တကယ်ချစ်တဲ့သူဆိုရင် ဒါတွေကို သိုဝှက်မထားသင့်ပါဘူး။ သူ့ဆီကလည်း ပြန်တောင်းကြည့်ပေါ့။
၇။ကိုယ့်ဘဏ်ကတ်ထဲက ငွေအကြောင်း သူသိသွားလည်း အရေးမကြီးပါဘူး။
ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်၊ သူ့မှာဘယ်လောက်ရှိတယ်၊ ကိုယ်ကတစ်လဘယ်လောက်သုံးတယ်ဆိုတာမျိုးတွေက ချစ်သူအချင်းချင်း ဖွင့်ဟသင့်တဲ့အရာတွေပါ။ ဒါတွေက လိမ်ညာစရာမလိုပါဘူး။ ရှိရင်ရှိတယ်၊ မရှိရင် မရှိဘူး ပွင့်လင်းသင့်ပါတယ်။

ချိန်းတွေ့တဲ့အခါတိုင်း အမျိုးသားတွေကပဲ ကုန်ကျစရိတ်ပေးရမှာလား

ဘိုးဘွားတွေခေတ်တုန်းက သူတို့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ဘယ်သူကုန်ကျခံမယ်ထင်လဲ။ သေချာပါတယ် အဖိုးပဲ ဖြစ်မှာပါ။ တဖြည်းဖြည်း အချိန်တွေကုန်လာပြီး မိဘတွေခေတ်မှာဆိုရင်ရော ဘယ်သူဖြစ်နိုင်လို့လဲ အဖေပဲနေမှာပါ။ အကြာသေးခင်တုန်းက နိုင်ငံခြားတက္ကသိုလ်မှာ အမျိုးသမီး ၁၇၀၀၀ ကို သူတို့ရဲ့ အတွေ့အကြုံအရ မေးခွန်းတွေမေးလိုက်တော့ ၄၄%က ကုန်ကျစရိတ်မျှရှင်းပေးဖို့ မစဉ်းစားခဲ့ပါဘူးလို့ ဆိုခဲ့ကြပါတယ်။ ၃၉%အမျိုးသမီးတွေထွက်ဆိုချက်အရ ငွေရှင်းဖို့ ကမ်းလှမ်းတဲ့အချိန်မှာ အမျိုးသားတွေဘက်ကနေ အစဉ်အလာတစ်ခုအနေဖြင့် ကုန်ကျစရိတ်ကို သူတို့ပေးမယ်ဆိုပြီး အတင်းငြင်းကြတယ် ဆိုပြီး ပြောဆိုခဲ့ကြတယ်။
ကောင်းလေးတစ်ယောက်က “ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ညနေစာစားကြတယ်။ ကျွန်တော်ပဲ ငွေရှင်းလိုက်ပါတယ်။ သိပ်ပြသနာမရှိပါဘူး။ နောက်လေးခါငါးခါချိန်းတွေ့တဲ့နောက်ပိုင်းမှာ ကျွန်တော်ကပဲ ဆက်ပြီးငွေရှင်းခဲ့ပါတယ်။ သူမကနေ ဝိုင်းရှင်းပေးဖို့ ကမ်းလှမ်းတာမရှိသလို ကျွန်တော်ကလည်း မတောင်းခဲ့ပါဘူး။ ပြသနာဖြစ်ပြီး လမ်းခွဲခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်သိပ်ပြီး အဲကိစ္စကို ထည့်မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်တစ်ယောက်တည်းကပဲ ကျွန်တော်တို့ရဲ့ ပတ်သက်ခြင်းအတွက် ရင်းနှီးမြုပ်နှံခဲ့တာပါ။ ငွေရေးကြေးရေးကော၊ ချိန်းတွေ့ဖို့အတွက်ရောပဲ။” ဆိုပြီးတော့ သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြောဆိုခဲ့ပါတယ်။
အဲဒါဆိုရင် သင့်ရဲ့ချိန်းတွေ့တဲ့အချိန်တွေမှာ ငွေကြေးကိစ္စကို ဘယ်လိုလုပ်သင့်သလဲ။ ပထမဆုံးအနေနဲ့ အမျိုးသမီးတွေ သိထားသင့်တာကတော့ အမျိုးသားတွေဟာ သင့်ထက်တော့ ကုန်ကျစရိတ်ရှင်းဖို့ ပိုပြီး အိုကေ ကြတယ်ဆိုတာပါပဲ။ အစောပိုင်းမှာ ဖော်ပြထားတဲ့ မေးမြန်းချက်တွေအရ ၈၄%အမျိုးသားတွေကနေ ကျန်ကျစရိတ်တွေရှင်းဖို့ တတ်နိုင်ကြတယ်။ ၆၄%ကျပြန်တော့လည်း ပထမဆုံးချိန်းတွေ့ပြီးနောက်ပိုင်းတွေမှာ အမျိုးသမီးတွေကလည်း ရှင်းသင့်တာပေါ့လို့ ပြောကြပြန်တယ်လေ။
အကြံပေးချင်တာကတော့ အမျိုးသမီးများအနေဖြင့် သင့်ရဲ့ချစ်သူ(သို့)ရည်းစားကို ဂရုစိုက်တယ် ဒါမှမဟုတ် သင်တို့ရဲ့အနာဂတ် ပတ်သက်မှုတွေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ ပထမဆုံး ချိန်းတွေ့ပြီး နောက်ပိုင်းမှာတော့ သင့်အနေနဲ့လည်း ကုန်ကျစရိတ်တွေကို ခွဲဝေပြီးတော့ ရှင်းဖို့ပဲဖြစ်ပါတယ်။ ကံမဆုံလို့ လမ်းခွဲကြတယ်ဆိုရင်တောင်မှ “နင်က အရမ်းကပ်စေးနှဲတယ်၊ သူ့ရဲ့ပိုက်ဆံတွေနဲ့ပဲ ချိန်းတွေ့ခဲ့ကြတာမလား” ဆိုတဲ့ SMS ကိုယ့်ဆီရောက်မလာဖို့ ကြိုတင်ရှောင်ထားနိုင်တဲ့နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ချစ်ခြင်း နဲ့ ကြာရှည်ခံနိုင်တဲ့ ပတ်သက်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ညနေစာ ကုန်ကျစရိတ်ထက်ဝက်လေးကို သင်အနေနဲ့လည်း ပေးသင့်တယ်မဟုတ်ဘူးလား။

ကိုယ့်ထက် အသက်ပိုကြီးတဲ့ ချစ်သူမမတွေကို မပြောသင့်တဲ့ စကားများ

ကိုယ့်ချစ်သူ ကိုယ့်ထက်အသက်ပိုကြီးတဲ့ မမဖြစ်နေတယ်ဆိုပါစို့။ သူတို့ရဲ့စိတ်ထဲမှာ တစ်ခါတစ်လေ ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရည်းစားဖြစ်နေရတာနဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုတွေ၊ အားငယ်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဘေးပတ်ဝန်းကျင်၊ ရွယ်တူသူငယ်ချင်းတွေရဲ့ အပြောအဆိုတွေကို ဆန့်ကျင်ပြီး ကိုယ့်ကိုချစ်ခဲ့ရတဲ့ ချစ်သူမမကို တစ်ခါတစ်လေ ကိုယ်အပြောမတတ်လို့ ထပ်ပြီး စိတ်ဆင်းရဲသွားရတာမျိုး မဖြစ်စေဖို့ ဒီလိုစကားမျိုးတွေကို ရှောင်ပါ။
၁။ ဟာ ဘာလို့အမြဲတမ်း နောက်မှာဖြစ်နေရတာလဲ။ မောတတ်လိုက်တာလည်း လွန်ပါရောလို့ မရေရွတ်မိပါစေနဲ့။
သူဟာ အသက်အရွယ်ကြောင့် ကိုယ့်ထက် သွားတာလာတာ နှေးတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် ကိုယ့်ထက်အသက်ကြီးပေမယ့် ကိုယ့်ကိုရှေ့ဆောင်လမ်းပြပဲဖြစ်စေချင်တာမို့ သူရှေ့မထွက်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၂။အားလုံးတူတူသောက်မယ်ဆို နည်းနည်းမှ မသောက်နိုင်တာ စိတ်ပျက်တယ်လို့လည်း မဆိုမိပါစေနဲ့။
ငယ်ငယ်တုန်းကလို one shot သောက်ရမယ့်အလုပ်တွေ မလုပ်ချင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူသောက်ချင်တာလေးကိုပဲ အိနြေ္ဒရရ သောက်ခိုင်းလိုက်ပါ။ ၀ိုင်ခွက်လေးနဲ့ဆိုလည်း အဆင်ပြေတာပဲလေ။
၃။တညလုံး သောင်းကျန်းမယ်ဆို အမြဲတမ်း ငြင်းနေတာပဲလို့ အပြစ်မတင်ပါနဲ့။
ရှိုးပွဲတွေသွားမယ်။ ပြီးရင် သောက်မယ်။ ပြီးတာနဲ့ ကလပ်ဆက်သွားပြီး တစ်ညလုံးကဲမယ့်အလုပ်တွေ သူစိတ်မ၀င်စားရင် အပြစ်မတင်ပါနဲ့။ သူ့အသက်အရွယ်ကြောင့် သူဒါတွေ မလုပ်ချင်တော့ဘူးဆိုတာ နားလည်ပေးပါ။
၎။တစ်နေရာရာသွားရင် ပိုက်ဆံပေးပြီး ဒါလေး ရေတွက် ပေးပါဦးဆိုပြီး မလုပ်ပါနဲ့။
ရှော့ပင်သွားတယ်ဆိုပါစို့။ အင်္ကျံဖိုးရှင်းတာကအစ မုန့်စားလို့ မုန့်ဖိုးရှင်းတာကအဆုံး အားလုံး သူမကိုချည်း မလုပ်ခိုင်းပါနဲ့။ သူမက ငွေကိုင်ဆိုရင်တောင် ကိုယ်ကအလိုက်သိသိ လုပ်ပေးရမယ်လေ။
၅။ဆုံးမတာမျိုးတွေ လုံးဝလက်မခံနိုင်ဘူးလို့ သူမကို မဆိုပါနဲ့။
တစ်ချို့အရာတွေမှာ သူမက အသက်အရွယ်ပိုကြီးနေတာကြောင့် ကိုယ့်ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောဆိုတာမျိုးကို လာဆုံးမမနေနဲ့လို့ ပိတ်မပြောလိုက်ပါနဲ့။ ဒီလိုစကားမျိုးက ရွယ်တူမျိုးမှာ ပြဿ      နာမဖြစ်ပေမယ့် ကိုယ့်ထက်ကြီးတဲ့ ကိုယ့်ချစ်သူကို ပြောရင်တော့ သတိထားသင့်ပါတယ်။
၆။နောက်ဆုံးထားခဲ့တဲ့ ရည်းစားက ကိုယ့်ထက်ငယ်တော့ အားလုံးလိုက်ပံ့ပိုးပေးနရတယ်၊ မင်းလိုမဟုတ်ဘူးလို့ မပြောမိပါစေနဲ့။
ချစ်သူမမက တည်ငြိမ်တာ ဟုတ်ပါတယ်။ ရင့်ကျက်တာမို့ ကိုယ့်ဘာသာကိုရပ်တည်နိုင်နေပြီဆိုတာလည်း မှန်ပါတယ်။ ဒါကို အရင်ရည်းစားနဲ့ နှိုင်းပြီး မပြောပါနဲ့။ ကိုယ့်ဘက်က ဘာမှမထောက်ပံ့ပေးရတော့လို့ ၀မ်းသာလွန်းနေတယ်ဆိုတာမျိုးကလည်း မဖြစ်သင့်ဘူးလေ။
၇။လက်ထပ်ချင်နေပြီလား (သို့) ကလေးလိုချင်နေပြီလား။ ဒီမှာက အဆင်သင့်မဖြစ်သေးဘူးလို့ လုံးဝ လုံးဝ မဆိုမိပါစေနဲ့။
ကိုယ့်ထက်အသက်ကြီးတယ်ဆိုတာကို ထည့်ထည့်တွက်ပြီး ကိုယ်နဲ့လက်ထပ်ချင်နေပြီလား။ ကလေးယူချင်နေပြီလား။ ကိုယ်ကတော့ မဖြစ်နိုင်သေးဘူး။ အဆင်သင့်မဖြစ်သေးလို့ ဆောရီးပါလို့ သူတို့ကို ပြောရင် သူတို့ဘက်က ဘယ်လောက် စိတ်မကောင်းဖြစ်သွားမလဲဆိုတာ ထည့်စဉ်းစားပါ။ ဒဲ့ထိုးပြောလိုက်တာထက်စာရင် အချိန်နည်းနည်းပိုယူပြီး ကြိုးစားကြမယ်လို့ ပြောသင့်တယ် မဟုတ်လား။

အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။  ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါတစ်လေ  အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက်ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ်တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။

ယနေ့အကြိုက်ဆုံး ဟာသ

 "ဆန္ဒမစောပါနဲ့"

မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...

"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...

"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"

"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"

"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."
ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...

"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"... တဲ့ဗျာ ကောင်းရော ပြောလိုက်ပုံများ

ဒီလ ကမ္ဘာ့ဖား ဘောလုံးပွဲစဉ်များ

“ကိစ္စချောကုန်ပြီ” ဆိုတဲ့ ၁၆ ပွင့်ဆိုင် အချစ်ဇာတ်လမ်းကြီး

ဇာတ်လမ်း အကျဉ်း
==========
မင်းသားက မင်းသမီးရဲ့ညီမကို ချစ်နေတယ်
မင်းသမီးက မင်းသားရဲ့အဖေကို မျက်စိကျနေတယ်
လူဆိုးက မင်းသားရဲ့ အဒေါ်ကြီးကို ကြိတ်ကြံနေတယ်
ခက်တာက မင်းသမီးရဲ့ညီမက မင်းသားကို မချစ်ဘူး။ သူကဆေးစွဲနေတာ။
လူဆိုးရဲ့ဦးလေးက ဆေးရောင်းတော့ မင်းသမီးညီမက လူဆိုးရဲ့ဦးလေးဆီ ဆေးသွားသွားဝယ်ရင်း ညားကုန်ရော…
ဒါပေမယ့် လူဆိုးရဲ့ဦးလေးက မင်းသမီးကို လိုချင်တာ၊
မင်းသားရဲ့အဖေက မထင်မှတ်ပဲ လူဆိုးရဲ့အမေကြီးကို ကားတင်ပြေးတယ်။
အဲဒီမှာ လူဆိုးရဲ့ဦးလေးက ဒေါသထွက်ပြီး မင်းသားကိုလာပြီး သေနတ်နဲ့ပစ်တယ်
ကံဆိုးချင်တော့ ကျည်ဆံက မင်းသားရဲ့အဒေါ်ကိုမှန်ပြီး ကိစ္စချောပါလေရော
လူဆိုးက သူ့ချစ်သူ မင်းသားရဲ့ အဒေါ်ကို သေနတ်နဲ့ပစ်ရပ့ါမလားဆိုပြီး သူ့ဦးလေးကို ဗုံးနဲ့ပစ်တယ်။
မချစ်သော်ညားလည်း မင်းသမီးညီမမှာက ကိုယ်ဝန်ကြီးနဲ့
သူ့ယောက်ျား လူဆိုးရဲ့ဦးလေးကို လူဆိုးက လက်ပစ်ဗုံးနဲ့ပစ်တော့ မင်းသမီးညီမက ဗုံးပေါ်ကို မှောက်ချလိုက်တာ ဗိုက်ထဲကကလေးပါ အစရှာမရတော့ဘူး။
အဲဒါ ရဲက အထင်မှားပြီး မင်းသားနဲ့ မင်းသမီးဖမ်းတယ်၊ လူသတ်မှု၊ လက်နက်မှု၊ မူးရစ်ဆေးဝါးရောင်းဝယ်မှုနဲ့ သေဒဏ်ပေးလိုက်တယ်။========
နောက်ဆက်တွဲ
========
-ဇာတ်ကားရိုက်နေတုန်း တဝက်လောက်ပဲရှိသေးတယ် သူ့ဇာတ်သူ မနိုင်လို့ ဒါရိုက်တာ ကြိုးဆွဲချသေသွားတယ်။
-ဇာတ်ကားစဖြန့်ချီပြီး တစ်ပတ်အတွင်း ထုတ်လုပ်သူ ချောက်ထဲခုန်ချသွားတယ်။

Monday, June 23, 2014

သူငယ်ချင်း သက်နိုင်ထွန်းဆီသို့..............

 သူငယ်ချင်း မင်းဘယ်ရောက်နေလဲ

ငါမင်းဆီကဖုန်းမရလို့လေကွာ မင်းကိုလည်း ဖုန်းဆက်တာမရဘူး အွန်လိုင်းပေါ်မှာလည်းမတွေ့ဘူး

မင်းမိန်းမတစ်ယောက်အတွက်နဲ့ အဲလောက်မခံစားနေပါနဲ့ကွာ

မင်းကိုလည်း ထက်ကောင်းဝေက အရင် လွန်ခဲ့တဲ့ 1 လလောက်ကလည်း ပြောခဲ့ပြီးပြီတဲ့လေ

မင်းအရမ်းမခံစားပါနဲ့ကွာ နောက်တခါ မိန်းကလေးတစ်ယောက်က အခုလို့ဖြစ်အောင်လုပ်သွားတာမျိုး မဖြစ်စေနဲပေါ့ကွာ

မင်းအခုလုပ်နေတဲ့ လုပ်ရပ်တွေက မကောင်းဘူးဆိုတာမင်းသိလား

သူငယ်ချင်းချင်း စေတနာနဲ့ပြောတာပါကွာ မင်းကအမြဲတမ်းအရက်ပဲသောက်နေတာ

အရက်ကမကောင်းဘူးလေကွာ

စိတ်ကယောင်ချောက်ချားတွေဖြစ်နေရင် တရားလေးဘာလေးထိုင်ပေါ့ကွာ

ဘုရား၊ တရား တော့မမေ့လျော့နဲ့သူငယ်ချင်း

ငါတို့ကမင်းအတွက် ပြောတာပါကွာ မင်းအဖြစ်ကလည်း တော်တော်ဆိုးဝါးတာကိုး

ငါကတော့ မင်းအခုလိုဖြစ်နေတာတွေကို မကြည့်ရက်ဘူးကွာ

မင်းအခု ဆေးခန်းသွားသွားပြနေရတယ်ဆို မင်းရွာဘက်ကလူတစ်ယောက်ပြောလို့ပါ

သူငယ်ချင်း ကျန်းမာရေးဂရုစိုက်ပါ

သေခြင်းတရားဆိုတာဘယ်သူမှရှောင်လို့မရပါဘူးကွာ

ဘာမှအားမငယ်ပါနဲ့ကွာ ငါတို့ မင်းနဲ့အနီးဆုံးရှိပါတယ်ကွာ

ဒါပေမဲ့ မင်း ကျန်းမာရေးအခြေအနေက ဒီနေ့လားမနက်ဖြန်လားဆိုတာကိုပဲ စောင့်ရမယ့်ပုံစံမျိုးပြောသွားတယ်ကွာ

မင်း ကျန်းမာရေးကောင်းပါတယ်နော် သက်နိုင် ငါမင်းကျန်းမာရေးကောင်းနေတာပဲမြင်ချင်တယ်ကွာ

မင်းငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကထဲကနေ .......... ဟာတော်ပြီကွာ ဆက်မပြောချင်တော့ဘူး ငါပြောရတာ စိတ်မကောင်းဖြစ်လာပြီ

သူငယ်ချင်း မင်းအတွက် အကောင်းဆုံးတွေဖြစ်အောင်စီမံပေးမယ်နော် ကိုထက်နဲ့လည်းတိုင်ပင်ထားပါတယ် မင်းသေရင် မင်းတို့ရွာက ဘုန်းကြီးကျောင်းမှာ မင်းအတွက် ရည်စူးပြီး KTV ရှစ်ခန်းတွဲ တစ်လုံး လှူပေးပါမယ်ကွာ မင်းအတွက် ဘ၀ကူးကောင်းအောင်လို့ပါကွာ သူငယ်ချင်း မင်း ကျန်းမာရေးဂရုစိုက်ပါကွာ ငါကစေတနာနဲ့ပြောတာပါ အမှားပါခဲ့ရင်တော့ခွင့်လွှတ်ပါကွာ......

သတိရစွာဖြင့်
ချမ်းမြေ့

♪ ဖုန်းအတွက် Antivirus ကောင်းကောင်းလေး - Security - Premier v3.6.0.6609 APK ♫

Antivirus ဆိုတာက ကွန်ပြူတာမှာတင်မဟုတ်ပါဘူး။ Phone တွေမှာလည်းရှိထားသင့်ပါတယ်ဗျာ။ ကျွန်တော် အခုတင်ပေးလိုက်တဲ့ Security Premier ဆိုတာလေးက ပေါ့ပေါ့ပါးပါးနဲ့ Malware , Virus များကိုကာ ကွယ်ပေးနိုင်မှာဖြစ် ပါတယ်ဗျာ။ ကျွန်တော်စမ်းသုံးကြည့်ပြီး သဘောကျလို့ပြန်တင်ပေးလိုက်တာပါ။ Web Protection ကိုပါလုပ်ဆောင်ပေးနိုင်တဲ့အတွက် Website များမှတဆင့် Virus ၀င်ခြင်းကိုလည်းတားဆီးပေးနိုင် မှာဖြစ်ပါတယ်။ Call & Message များကိုလည်း Block လုပ်နိုင်တဲ့ Black List ဆိုတဲ့ Feature လည်းပါဝင်ပါသေး တယ်။ ဒါ့အပြင် အခြားသော Feature တွေလည်းအများကြီးပါဝင်နေတဲ့အတွက် စွယ်စုံသုံးလေးပါပဲ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Security - Premier - screenshot  Security - Premier - screenshot

Security - Premier - screenshot  

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download   Download

အိမ်ထောင်ဖက်ရွေးတဲ့အခါမှာ ဘာတွေကို သိထားသင့်သလဲ

တစ်မိသားစု နှင့် တစ်မိသားစု အချိန်တန် အရွယ်ရောက်လေသော် တစ်ဦးနှင့်တစ်ဦး အကြောင်းဆက် ပေါင်းဖက်ကြရသည်မှာ ဓမ္မတာ
ဖြစ်ပေသည်။ ဤ၌ ဘ၀တစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခု ဖြစ်နိုင်ဖို့ရာအတွက်...
၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။
၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။
၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။ တူနှစ်ကိုယ် တဲအိုပျက်၌ ထမင်းရည်လျက်ရစေတာ့ဟူသည် သီချင်းထဲမှာပဲ
ရှိပါသည်။
၎။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့၊ လူဝင်ဆံ့ဖို့လည်း လိုအပ်ပါသည်။ လူကောင်းသူကောင်းနှင့် ပေါင်းဖော်
တတ်သူဖြစ်ဖို့ လိုပါသည်။
၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့်စာဂ စာရိတ္တကောင်းမွန်သူဖြစ်ရန်လည်း အရေးကြီး
ပါ၏။
ဤ၌ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်
ပတ်သက်၍ “ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ စကားလေးမှာလည်း
မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။

“ပါသုံးပါ” ဟူသည်
၁။ အကြွေးတွေ ပါလာသူ
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမည့်သူ ပါလာသူ

“ချာသုံးချာ” ဟူသည်
၁။ ပညာအရည်းအချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဟူသည်
၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူ
တို့ ဖြစ်ကြသည်။
ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်ထောင်ရေးသည် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်
တတ်ကြပြီး ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလေသည်ဟု ဆိုသည်။

မယ်မြ ( မြန်မာတိုင်းဖတ်သင့်သည့် ၀တ္ထုတို တစ်ပုဒ်ဖြစ်ပါကြောင်း) - ၂

 “ဟာ မင်းမသိဘူး။ ငါ့ကုလားကလေ၊ ခိုဒါစူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူအရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာ ဘူးမောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္မာန်ဘက်က နွားသတ်ရုံကို သူလေလံ ဆွဲနိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ်မမှတ်နဲ့”
“ဟင်-နို့နင်ကိုယ်တိုင်လဲနွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ငါ ကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေပြောခြင်လို့ လားဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်းသင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ-သေတဲ့အသားစားရင်ရောဂါဖြစ်တတ်တယ်။လတ်လတ်ဆတ်ဆတ်ကို
သတ်စား မှသန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေမင်းတို့ အင်္ဂလိပ်စာ တွေ သင်ရတာမပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့-မင်းကငါ့ကို တရား ဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကိုဟောမှာ၊ အဘိဓမ္မာတွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကိုလာပြီး လက်တို့တတ် သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရား နဲ့ပြည့်စုံရင်၊ ၀တ္တရားမလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခုငါ့ယောက်ကျားအဒူလမြစ်ဟာ ရွှေနဲ့ငွေနဲ့ အခန့်စားမောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန်ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူကတောင် လာပို့တယ်၊ဘယ်လောက်တော်သလဲ”
“ဟဲ့-အဲဒါက ဒါနပြုတာမဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီးနင့်ကိုယူတာမဟုတ်လား”
“ဒါကနောက်မှဖြစ်တာ၊ငါ့ကိုမရခင်ကလည်း ပေးတယ်၊ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ရတော့တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုးဝိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ်လာကြရတယ်၊ မင်းတို့မြန်မာများ ဘယ်လောက်ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ငွေနဲ့ဆိုတော့ ငါ့ကိုအရပ်က အခုမမမြတဲ့၊တချို့က ဘီဘီမြတဲ့၊ အဲဒါသာကြည့်တော့၊ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာအခု ကုလားခေတ်ထနေတယ်၊ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူနေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ရတယ်။ အခုသူတို့က မြန်မာလင်တွေကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ်မောင်ရေ့ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။မကျသေးရင်ကုလားလို ၀တ်လာခဲ့၊ မင့်ကိုအရင်ကစခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ်မဟုတ်လား၊ အခုရစေ့မယ်လာခဲ့။ ငါအာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့မြန်မာတွေရဲ့ အကျိုးယုတ်ရ တယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊မင်းတို့ကကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအားကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့အရင်းအနှီးရတ
ယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူး လား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား ၊နို့-နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခုဘယ်သူ့လက်ထဲရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင်နည်းသေးတယ်၊ မင်းကကုလားကို အပြစ်တင်ခြင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကိုတော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်းခပ်ချာချာ ပါကလား၊ ဟေ့-မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အဟုတ်မဟုတ်လို့၊ ကောက်ချင်လိမ်ချင်လို့၊ အမြော်အမြင်မရှိလို့၊ ချွေတာခြင်းမရှိလို့၊ ကိုယ့်ရှိတာ ထက်ကြွားချင်လို့ သိရဲ့လား၊လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ် မှာ မတရားချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါသိပါတယ်ကွယ်၊ အခု တို့နယ်ကလယ်တွေ မြေတွေကုလားလက်ထဲကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့်-မင့်မြန်မာတွေ၊ ရှေ့ကို သာပြီးကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှားလုပ်စေတယ်။ အဲ့ဒါကိုကျေးဇူးမတင်ဘူး။ လ်ာငှားခပေးခါနီးကျရင် စပါးကိုကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလာက စိတ်နဲ့မာန်နဲ့တောင်းရင် မင့် မြန်မညတွေကဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါကောင်းသလား။ ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခုမြန်မာတွေ ဒီလိုညစ်လို့ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆိုလယ်ငှားမှာမဟုတ်ဘူး။ အခုငါမလာခင်ကတင်ပဲ ကုလားတွေ ကို ရွေးပြီးငှားနေတယ်သိရဲ့လား။ ရှေ့ကိုကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလားအများအပြားခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့ ။
အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေရနိုင်သမျှ မြန်မာပြည်မှာခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်းမယားခန်းမြောက်အောင်ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေး တွေကို ကုလားဇာတ်သွင်း၊ နောက်အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည်ဘာဖြစ်မလဲ။ မင်းတွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခုကုလားဇာတ်သွင်းပြီးပြီ။ အခုစစ်တကောင်း မှာ အတော်ကြာနေပြီးရင် ဟိုအနောက်မကာမြို့ကို အရောက်သွားမယ်။ ပြန်လာ တော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာလွန်ကုန်ပြီ၊ ငါ-နင့်အဖြစ်မြင်ရတာ အင်မတန်သနား တယ်။ ငါပြောပါရစေဦးဟဲ့”
“ ဘာ-မင်းကငါ့ကို သနားတယ် ဟုတ်တယ်ဟုတ်လှသေး။ ငါကမင်းကို သနားတာ။ မင်းအခု ပညာဝန်လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ်ပျက်မှာပဲ။ မင်းတို့မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာတွေးမိတိုင်းရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင်အမယ်လေးဟယ်။ငါကလီဇာတုန်လှတယ်၊မပြောချင်ပါဘူး။”
“ကိုင်း-မယ်မြ၊ ငါလည်းဘာမှမပြောရဘူး။ နင်ချည်းပြောတာပဲ။ ခုငါပြော လို့လည်း ရမယ်မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလိုဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာလွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ တစ်နေ့ နေ့တော့ နင်သိမယ်။ ကိုင်း-ဒါပဲ၊ ငါသွားမယ်။ နောက်မှလာဦးမယ်” ဟု ဆို၍ ကျွန်ုပ်ထခဲ့၏။
ထိုနေ့ညနေ ကျွန်ုပ်ထမင်းမစားနိုင်တော့ပါ။ ကော်ဖီတစ်ခွက်သာ သောက် ၍ အိပ်ရာသို့ဝင်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား

“ သြော်- ဒီလိုဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ဖြစ်ရတာ။ သူတို့ကို အပြစ်တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့အပြစ်မဟုတ်ဘူး။ သူတို့ဒီလို စည်းမရှိကမ်းမရှိ လာချင်တိုင်းလာနေတာ ဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ် တင်ဖို့ မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုးဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။
နေဦး ၊ တို့လူတွေ ခဗျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုး စရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်းမရှိရှာကြဘူး။ ဒီတော့ ပိုမိုသိကျွမ်းတဲ့မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန်သိမြင်တဲ့ လူတွေ ၀တ္တရားပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်းပါဝင်သင့်တယ်ထင်တယ်။ မိမိ သိကျွမ်းသိမြင်သမျှကိုတက်နိုင်သမျှလူများနားလည်အောင်ပြုလုပ်ဖို့ရှိတယ်။

ငါပြုသင့်သလောက်မပြု ရသေးဘူး။ ဒါဖြင့် တရားခံလက်သည်အစစ်က ငါဖြစ်နေပါကောလား။
ကိုင်း-ဒါဖြင့် ဇာတ်ကြောမရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေ ကို အပြစ်ဆိုမယ့်အစား ကို့ကိုယ်ကိုသာဆိုပေတော့။ဥပဒေသတစ်ခုလည်းလုပ်ကြစို့။
“ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းသည်အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုယ်ကိုပြစ်တင်ခြင်းသည်သာအပြစ်အကင်းဆုံးဖြစ်၏။”

ဤဥပဒေသကိုရမှအိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြ တို့ ကုလားလင်မယားမောင်နှံအား ဆလံများများပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ဆင်းခါနီး၌

“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကိုဝင် ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။
စစ်တွေတွင် ၇-ရက် တစ်ပတ်မျှနေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော်ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမစုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။

သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များခြောက်သွေ့၍ မသပ်မရပ်ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။

“မောင်ကျားရယ်၊ ငါ့အဖြစ်မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့်ပြော သည်) ငါတော့ခွေးဖြစ်တာပဲ၊ စစ်တကောင်းကိုရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့လက်ထပ်စေတယ်။ ငါ့ကို ကျွန်လိုထားတယ်။ ငါ့ကိုမော်မကြည့်ဝံ့ တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကိုခြေနဲ့ တောင်ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေးသတ်မယ်လို့ကြံတယ်။ နောက်ကိုယ့်စိတ်ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကိုဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့် မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက်သမားကို ငွေပေးပြီးသင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာ တာပဲ”

“အေး- နင့်လိုမိန်းမမျိုး ကြာကြာလွဲမှားမနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ် မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရ တာပေါ့၊အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လကိုးသီတင်းနေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင်နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှကျန်သေးသဖြင့် တော အရပ်တွင် ကောင်းစွာရင်းနှီးစားနေနိုင် ကြောင်း

ပြောသည်နှင့် ကျွန်ုပ်ပို့လိုက်ပါ၏။

လွန်ခဲ့သော ၂-နှစ်ခန့်က နေ့စဉ်သတင်းစာကြီးတစ်စောင်၏ ခေါင်းကြီးပိုင်း တွင်တွင် ပါလာသည်ကား-

“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများရောက်ရှိ နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှလပတ်ရည် ကွမ်းဆေး လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကားပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိမစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း ၊၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြော နေကြကြောင်း။
ထို့ပြင်မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီး လျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။

“အင်း-တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည် လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာပြုံးလိုက်မိလေ၏။
နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြကငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ခု(ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ်တင်ပြပါသည်။

မယ်မြ ( မြန်မာတိုင်းဖတ်သင့်သည့် ၀တ္ထုတို တစ်ပုဒ်ဖြစ်ပါကြောင်း)

 လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက်သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်းကုလား (ခေါ်တော)များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။
ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲ ကြည့်ရှု၍ ငေးမော နေသူနေ၊တွေးတောနေသူနေရှိကြကုန်၏

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ဌင်း၏ယောင်္ကျားကုလားက

“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ” ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။

“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော်ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကားတက်ရဲ့လား”

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “ တတ်လား၊မတတ်လား ခင်ဗျားဘဲမေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟုဖော်ရွေစွာပြော၏။

မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့်ဆိုသည်ကား-

“ရှင်ကဘယ်ကလဲ၊ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွာမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲရှိပါ သေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကိုစိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂-ယောက်သားစိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-

“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ငါ-မောင်ကျားရယ်လေ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်က ရုပ်တစက်ကမှမရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာအဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေ ဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်းစကားပြောကြားအုံး” ဟုဆို၍ထသွား၏။
ဇာတ်ရင်းကိုလှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြား တွင် လောကဓာတ်ဘုန်းကြီးကျောင်းရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ် ကနေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလိုနေကြ၏။

၎င်းကျောင်း ၆-တန်း တွင် အတူနေကြ၏။
ကျွန်ုပ်တို့လူစုတွင်မယ်မြနှင့်ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦး မည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သ လောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန်သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား ၏။ သူ့လက်အောက်ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြကစားစရာရှိလျှင် မိမိကနဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြ ဖွယ်ကောင်း၏။

“မယ်မြရယ်၊နင်ဘယ်အဖြစ်ရောက်လာတာလဲ၊နင်ဟာတော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းကလူဟုတ်ကြီးထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့သာနုံသေးတယ်၊ သူ့ကိုမချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့်ကုလားကကော၊ဘယ်လောက်များလူစကောင်းလို့လဲဟဲ့။” (မခံချင်၍ဒေါသနှင့်မေးသည်။)

အပိုင်း (၂) မျှော်........

♪ $ပေးဝယ်ရမယ့် Viber Scticer 43ခုကို Free ရယူနိုင်တဲ့ - Viber Sticker Enabler v4.0 Apk (New Version) ♫

Stickers-Mayo-Blu
Viber Sticker Enabler ဗားရှင်းအသစ်ကိုထပ်မံရေးသားထားပါတယ်။ ယခု version အသစ်မှာတော့ဝယ်ရ မယ့် နောက်ဆုံးထွက် Sticker အသစ် ၁၀ ခု ထပ်ထည့်ပေးထားပါတယ်။ Viber Sticker Market ကနေ၀ယ်ယူသုံးစွဲရမယ့် Sticker စုစုပေါင်း ၄၃ ခုကို ဒီ app ကိုအသုံးပြု၍ ၀ယ်စရာမလိုဘဲ free ရယူနိုင် ပါတယ်။ အခု version အသစ်ကိုရေးဖို့အတွက် အသစ်ထွက် sticker အသစ် ၁၀ ခုကို ဒေါ်လာ ၂၀ ဖိုး အကုန်ခံဝယ်ပြီး ထည့်ပေးထားပါတယ်။ Viber Sticker Enabler v4.0 for Android (New Version) ကို အောက် က link ကနေရယူနိုင်ပါတယ်။

Viber Sticker Enabler ကိုအသုံးမပြုခင်မှာ Viber ဆော့ဝဲထဲကနေထွက်ထားပါ။ (Background Process မှာပင် Run မနေစေအောင်ထွက်ထားပါ) ပြီးရင် Viber Sticker Enabler ဆော့ဝဲကိုဝင်ပြီး " Hack Me " ကိုနှိပ်ပြီးတာနဲ့ Viber ဆော့ဝဲထဲပြန်ဝင်ပြီး Sticker Market ထဲက Paid Sticker တော်တော်များများကို Free ရယူနိုင်ပါပြီ။ ပိုက်ဆံနဲ့ဝယ်ရမယ့် Sticker ထဲဝင်လိုက်တာနဲ့  Download လုပ်ပြီးဖြစ်ပါလိမ့်မယ့်။ Viber Sticker Enabler Application သည် Myanmar Mobile App Store (www.myanmarmobileapp.com) ၏ Product တစ်ခုဖြစ်ပြီး ဒီ Application မှာ အသုံးပြုထားတဲ့ Sticker Hacking Method အနေနဲ့ ကိုထူးဇော်ဖြိုး ရဲ့ Viber Sticker Hacking Method ကိုအသုံးပြုထားခြင်းဖြစ်ကာ Viber Sticker Enabler Application အားရေးသားသူမှာ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်သည်။ Viber Sticker Enabler v4.0 For Android ကို Download ရယူလိုသူများအတွက် အောက်က Link ကနေရယူနိုင်ပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ ။
သက်နိုင်စိုး (Myanmar Mobile App Store)

အမေများနေ့ အကြောင်း သိကောင်း စရာ

အမေများနေ့ ဟာ သမိုင်းဝင် အမှတ် တရ ဖြစ်တဲ့နေ့လေး တစ်နေ့ လို့ ဆိုရ မှာပေါ့။ ဒါကြောင့် အမေ များနေ့ ဘာကြောင့် ဖြစ်ပေါ် လာရသလဲ ဆိုတာ ကို ဗဟုသုတ အနေဖြင့် ရေးသား ပေးလိုက် ရပါတယ်။

အမေများနေ့ ကို ဂရိ လူမျိုးတွေ Rhea လို့ အမည်ရတဲ့ နတ်သမီး ကို ပှုဇော် ရာမှ စခဲခြင်း ဖြစ်တယ် လို့ သိ ရပါ တယ်။ ရောမခေတ်တွေ မှာလည်း ကျင်းပ ခဲ့ကြောင်း သိရပါ တယ်။ ၎င်းပွဲ မှာ မယ်တော် Magna Mater လို့အမည်တွင်သော နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲများကို ဘီစီ ၂၅ဝ ခုနှစ်က စခဲ့တယ် လို့ သ မိုင်း မှတ်တမ်းများ အရ သိရပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမများနေ့ ပွဲကို ကျင်းပ တာခြင်း မတူညီ ကြဘူးလို့ သိရ ပါတယ်။ ဥပ မာပြော ရမယ် ဆိုရင် နော်ဝေနိုင်ငံ မှာ ဖေဖော် ဝါရီလ မှာကျင်းပ ခဲ့ကြပြီး အာဖရိကက မေလမှာကျင်းပ ကြတယ် လို့ သိရ ပါ တယ်။ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံ နိုင်ငံများ မှာဆိုရင်တော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ မှာ ကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပကြတယ်လို့ ဆိုရ မှာပေါ့။

အမေ များနေ့ ဟာ အနောက် နိုင်ငံ များမှ ဆင်းသက် လာတာ ဖြစ်ပြီး ယနေ့ ဆိုရင် ကမ္ဘာ တစ်ဝှမ်း လုံး သို့ ပျံ့နှံ့ သွားခဲ့ ပါပြီ။ ဒါကြောင့် အမေ များနေ့ကို ရောက် သည်ဖြစ်စေ မရောက်သေး ဘူးဖြစ်စေ သင့် အတွက် ကတော့ အမေ ဟာ အမြဲတန်း လို အပ်နေ ပါတယ်။ ဒါကြောင့် သင့် ဘဝဟာ သင့် အမေဖြစ် သလို သင့် အမေ ဟာ သင့် ဘဝ ဖြစ်ပါတယ်။ 
အမေ မရှိဘူး ဆိုရင် ဘဝဟာ လည်း မရှိ နိုင်တော့ပေ။

What is Root? (Root လုပ်သင့် မလုပ်သင့်)

 တချို့သူငယ်ချင်းတွေ Root လုပ်တယ်ဆိုတာဘာမှန်းနားမလည်ကြဘူးဗျ ဒါပေမဲ့ စာဖတ်တာတော့မပျင်းနဲ့နော် ကျွန်တော်အပါအ၀င် အများစုက စာဖတ်တာပျင်းတတ်လို့ပါ စိတ်ဝင်စားရင်တော့ ဖတ်လိုက်ပါ သူငယ်ချင်းတို့အတွက် မမှားသလို ဖုန်းနည်းပညာတွေနဲ့ပတ်သက်လို့ အသိပညာလေးတစ်ခုတော့ သိသွားတာပေါ့ဗျာ
ဗဟုသုတရအောင်တင်ပေးလိုက်ပါတယ်နော် အားလုံးသိအောင်လို့

Root ဆိုတာဘာလဲ?????????????

Root ဆိုတာ ဘာလဲ

Root လုပ်ထားပါက မမြင်တွေ့နိုင်တဲ့  System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင်  ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root  ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။  Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။

Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။  ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။

ဒါပေမယ့် Root ပြုလုပ်ခြင်းကို တားမြစ်တာဟာ မလုပ်သင့်တဲ့အရာပါ။ သာမန်ပညာတတ် တစ်ယောက် အနေနဲ့တော့ ကိုယ့်ရဲ့ ဖုန်းစနစ်ကို ပျက်ဆီးသွားစေမယ့်  လုပ်ရပ်မျိုးကို အလွယ်တကူ ပြုလုပ်ကြမှာမဟုတ်ပါဘူး။ နောက်ပြီးကိုယ်ကြုံတွေ့ နေရတဲ့ အသေးအဖွဲ Software ပြဿနာလောက်ကိုတော့ Service Center  ထိ အချိန်ပေးပြီးသွားရမယ်ဆိုတာက သိပ်ပြီး ကျေနပ်စရာမကောင်းလှပါဘူး။

တစ်ကယ်တော့ Android မှာ Root လုပ်ခြင်းဟာ ကွန်ပြူတာမှာဆိုရင်  Administrator User နဲ့ Guest User နီးပါးလောက် ကွာခြားပါတယ်။ ဒါမှမဟုတ် Hidden Files တွေကို မြင်ရခြင်းနဲ့ မမြင်ရခြင်း ကွာသလိုမျိုးပါပဲ။ ဒီ  Android ကို ဖုန်းထုတ်လုပ်သူတွေ မပိုင်ပါဘူး။ ဖုန်းထုပ်လုပ်သူတွေဟာလည်း Android ကို Google ကနေ အခမဲ့ ရယူထားတာဖြစ်လို့ Android ကို သူတို့လည်း  မပိုင်ဆိုင်ပါဘူး။ ဒါ့ကြောင့် ဖုန်းထုတ်လုပ်သူတွေ ကြိုးစားပြီး ပိတ်ထားပေမယ့်လည်း Developer ရပိုင်ခွင့်နဲ့ တောင်းဆိုတော့မှာ ဖုန်းရဲ့ OEM  ကို Unlock လုပ်ဖို့အတွက် မပေးချင် ပေးချင်နဲ့ ပေးရပါတော့တယ်။ Bootloader  ကို ပိတ်ပင်ထားတာဟာလည်း ဥပဒေအရ မညီညွတ်ပါဘူး။ Bootloader ဆိုတာ  နားလည်လွယ်အောင် ပြောရရင် Android ကိုစတင် မောင်းနှင်မည့် စနစ်ပါပဲ။

Boodloader ကို Lock ချထားတဲ့အတွက် ဖုန်းဝယ်ယူစဉ်ကပါတဲ့ Android  (Stock ROM) ကိုပဲ သုံးလို့ရပြီး ကျွန်တော်တို့ စိတ်ကြိုက် Android စနစ်  (Custom ROM) တွေကို ထည့်လို့မရတော့ပါဘူး။ နည်းနည်းရှုပ်သွားပြီးလား...  Laptop တစ်လုံးနဲ့ယှဉ်ပြီး ဥပမာပေးရအောင်...။ တစ်ကယ်လို့ ကျွန်တော်တို့က  Windows 7 ပါတဲ့ ASUS Laptop တစ်လုံးဝယ်လိုက်ပြီ ဆိုပါစို့။ အဲဒီ့ Laptop  ထဲကို Windows 8 ထည့်ချင်လည်း ထည့်လို့ရတယ်၊ တစ်ခြား Ubuntu တို့လို OS  တွေလည်း ထည့်ချင်ထည့်လို့ရပါတယ်။ ကျွန်တော်တို့ ပိုက်ဆံပေးထားတာ Laptop  (Hardware) အတွက်ပါပဲ။ ဝယ်တုန်းက Windows 7 ကို ဖြုတ်ပြီး တစ်ခြား OS  ထည့်လိုက်လို့ Warranty ပျက်သွားပြီလို့ မရှိပါဘူး။ ဒါဆို သဘောပေါက်မှာပါ။  ကျွန်တော်တို့ ဖုန်းဝယ်ထားတာလည်း Hardware ကိုပါပဲ။
 ဒါကြောင့် OS ဖြစ်တဲ့  Android ကို ကျွန်တော်တို့ ကြိုက်တာ ထည့်ခွင့်ရှိရမှာပေါ့။ အဲဒါအပြင်  ဖုန်းထဲမှာပါတဲ့ Android ကိုတောင်မှ ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာမှ  မဟုတ်တာ။ ဒါဆိုရင် Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာ မဟုတ်လား  လို့ မေးလို့ရပါတယ်။ Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ  ဖန်တီးထားတာဆိုပေမယ့် အဲဒါအတွက် ကျွန်တော်တို့ ပိုက်ဆံပေးဖို့မလိုပါဘူး။  သူတို့ဘာသာ Marketing သဘောအရ ပြုလုပ်ပေးတာပါ။ ခုနက ASUS Laptop ကိုပဲ  ပြန်ကြည့်ပါဦး..။
Laptop ဝယ်တုန်းက ASUS က အပိုထည့်ပေးလိုက်တဲ့  Application တွေနဲ့ Tools တွေကို တွေ့ရမှာပါ။ ဒါတွေက Laptop ဝယ်လို့ ASUS က  မေတ္တာလက်ဆောင်ပေးထားတဲ့ သဘောပါပဲ။  ဟုတ်ပါတယ် ဖုန်းထုတ်လုပ်သူတွေလည်း  Android ကို Google ကပေးတဲ့အတိုင်း ဖုန်းထဲ ထည့်ပေးလိုက်လည်း ဖြစ်ပါတယ်။ Marketing သဘောအရ ဖုန်းထုတ်လုပ်သူအချင်းချင်း Stroke ROM တွေ  ပြိုင်ဆိုင်ရေးပြီး ပြင်ဆင်ထည့်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့က ဘာလို့များ ပိုက်ဆံအပိုပေးရမှာလဲ...?

ကျွန်တော်တို့ဖုန်းရဲ့ Android ကို ကျွန်တော်တို့ကြိုက်တာ  ထည့်ခွင့်ရှိရမယ်။ Google ကနေ Android Icecream Sandwich ထွက်လာရင်လည်း 
ကျွန်တော်တို့ သုံးချင်တယ် Android Jelly Bean ထွက်လာရင်လည်း  သုံးချင်ပါတယ်။ ဖုန်းဝယ်တုန်း ကတည်းက ပါလာတဲ့ Android Gingerbrad ကြီးကို 
ရိုးနေပြီဗျာ...။ ဒါကို ခင်ဗျား လက်ခံတယ်ဆိုရင်  စနစ်တစ်ခုလုံးပြောင်းပစ်တာမျိုးတောင်မဟုတ်တဲ့ Root လုပ်တာလေးကို  ကျွန်တော်တို့ ဘာလို့များ မလုပ်သင့်/လုပ်ခွင့်မရှိရမှာလဲဗျာ...။

ဒါကြောင့် ကျွန်တော်တို့ ဝယ်ထားတာ ဖုန်းရဲ့ စနစ်ပိုင်းကို  ကျွန်တော်တို့စိတ်တိုင်းကျ ကြည့်ရှုခွင့် လေ့လာခွင့် ပြင်ဆင်ခွင့်  ရှိရမှာပါ။ နောက်ဆုံး ကျွန်တော်တို့ ဖုန်းကို စဖွင့်ဖွင့်ချင်း ပေါ်လာတဲ့  Samsung ဆိုတဲ့ပုံနေရာမှာ ကျွန်တော်တို့ကြိုက်တဲ့ပုံ  အစားထိုးထည့်ခွင့်ရှိရပါမယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ သူတို့ရဲ့  ရပိုင်ခွင့်အနေနဲ့ ဖုန်းရဲ့ ကိုယ်ထည်မှာ Samsung ဆိုတဲ့စာတန်းကို  ထည့်နိုင်ပါတယ်။

Root လုပ်လိုက်ရင် ဘာအကျိုးထူးမှာလဲ? ဒါ Android ကို Root  လုပ်သင့်မလုပ်သင့် စဉ်းစားနေတဲ့သူတွေ မေးနေကျမေးခွန်းပါပဲ။ Root လုပ်ရင်  ဘာတွေ ထူးမှာလဲဆိုတော့ ဒါလေးက နမူနာပါ။
Nandroid - ကိုယ့်ရဲ့ ဖုန်းတစ်ခုလုံးရဲ့ စနစ်တစ်ခုလုံးကို Backup  ပြုလုပ်ထားနိုင်ပါတယ်။ Backup ကို ကွန်ပြူတာထဲမှာပဲဖြစ်ဖြစ်  သိမ်းထားနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်း ပျက်သွားတဲ့အခါ အမျိုးအစားတူ  ဖုန်းတစ်ခုကို ဝယ်ပြီး Restore ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက်  ကိုယ့်ဖုန်းအတိုင်း တစ်ထပ်တည်း
ပြန်ရပါလိမ့်မယ်။ 
ဒီလိုမျိုး  တစ်ထပ်တည်းပြန်ရအောင် Service Center ကရော စွမ်းဆောင်နိုင်လို့လား။
Root ပြုလုပ်ထားရင် ကိုယ့်ဖုန်းပျက်သွားမှာလား ဆိုပြီး အမြဲ  စိတ်ပူနေရမှလား..။ သိပ်လည်း စိတ်မပူပါနဲ့ Nandroid နဲ့ Backup  ပြုလုပ်ထားရင် System file တစ်ခုခုကို မတော်တဆဖျက်မိတာတောင် ပြဿနာမရှိပါဘူ။
  နည်းပညာပိုင်းအတွက် မသိတာရှိရင် သိတဲ့သူတွေကိုမေးပါ။ ကျွန်တော်တို့လည်း ခင်ဗျားလိုပါပဲ . . ဘာမှမသိခဲ့ပါဘူး။ သိတဲ့သူတွေကို  မေးမြန်းအကူအညီတောင်းရင်း နည်းနည်းလေး နားလည်လာတာပါ။
အဆိုးဝါးဆုံး ဖြစ်နိုင်ခြေကတော့ Brick ဖြစ်တယ်လို့ ခေါ်တဲ့  လုံးဝဖွင့်မရတော့တဲ့အခြေအနေ ဖြစ်သွားတာပါပဲ။ အဲဒီ့လိုဖြစ်လာခဲ့ရင်တောင်မှ  Stock ROM လို့ခေါ်တဲ့ ဖုန်းထုတ်လုပ်သူက ထုတ်ပေးတဲ့ Android စနစ်ကို  ပြန်ပြီး ထည့်သွင်းလိုက်ရင် ဝယ်စဉ်ကအတိုင်း ပြန်ရပါလိမ့်မယ်။

Root မလုပ်သင့်တဲ့ အကြောင်းပြချက်-

- ကိုယ့်ကိုကိုယ် IT နည်းပညာနဲ့ပတ်သက်ရင် ခပ်တုံးတုံးလူလို့ထင်ရင်
- ကိုယ့်ဖုန်းကို ပိုပြီး မြန်လာအောင်၊ မလိုအပ်တဲ့ အမှိုက် (Stock Apps) တွေဖယ်ထုတ်တာမျိုး လုပ်ဖို့မလိုဘူးဆိုရင်
-  ဖုန်းထုပ်လုပ်သူတွေက ပြုလုပ်ပေးထားတာတွေကသာ အကောင်းဆုံးလို့ တရားသေ ယူဆထားရင်
-  Root Access ရမှ ထည့်သွင်းလို့ရမယ့် Apps တွေကိုလည်း စိတ်မဝင်စားဘူးဆိုရင်
- ကိုယ့်ရဲ့ဖုန်းစနစ်ကို မလေ့လာချင်ဘူး/မကလိချင်ဘူး/ ဖုန်းအတွက်နဲ့ အချိန်မပေးနိုင်ဘူး ဆိုရင်
- ကိုယ့်ရဲ့ ဖုန်း(Android) ကို Apple iPhone လိုပဲ ဘာမှ ပြုပြင်ဖန်တီးခွင့်မရှိဘူးလို့ ယူဆထားရင်
- Open Source ရဲ့ အဓိပ္ပါယ် (ရပိုင်ခွင့်) ကို သေချာနားမလည်ဘူး ဆိုရင်
- ဖုန်းထုတ်လုပ်သူတွေက တစ်ဖက်သက်ချမှတ်ထားတဲ့ Rule တွေကို ပြောသမျှ ခေါင်ငြိမ့်တတ်တဲ့သူ ဆိုရင်
- ဖုန်းဆိုတာ ဖုန်းဆက်လို့ရရင် ပြီးတာပဲလို့ သဘောထားတဲ့သူဆိုရင် Root မလုပ်ပါနဲ့....

Root လုပ်သင့်တဲ့ အကြောင်းပြချက် -

- Root မလုပ်သင့်တဲ့အကြောင်းပြချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်
- ကိုယ့်ဖုန်းကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယူဆရင်
- ကိုယ်ဝယ်ထားတဲ့ဖုန်းကို ကိုယ်ပိုင်တယ်လို့ ယူဆရင်
- Root ပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့ အခွင့်အရေး/ရပိုင်ခွင့်လို့ ယုံကြည့်ရင်
        ဒါဆို Root လုပ်ဖို့ ကြိုးစားကြည့်နိုင်ပါပြီ။

Root ဆိုတာ ခုမှကြားဖူးတာ ဘယ်ကစ လုပ်ရမှာလဲ?

ဘာမှ မပူပါနဲ့... rootzwiki လိုမျိုး Root စွယ်စုံကျမ်း website  ရှိပါတယ်။ XDA လိုမျိုး Developer တွေ အများကြီးရှိတဲ့ forum တွေမှာ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီကြီးတွေက ပညာရှင်တွေလည်း ရှိပါတယ်။  အလွယ်ဆုံးနည်းကတော့ Google မှာ How to root လို့ရိုက်ပြီး အနောက်မှာ ကိုယ့်ရဲ့ဖုန်းနာမည်ကို ထည့်ပေးလိုက်ရုံပါပဲ။ ကိုယ့်ဖုန်းကို Root  လုပ်ရမယ့် နည်းလမ်းတွေ အများကြီးရှိသလို မြန်မာလို လေ့လာနိုင်တဲ့ Blog  တွေလည်း ရှိပါသေးတယ်။
Root လုပ်ပြီးရင် ဘာလုပ်ရမလဲ ?

အကြံပေးချင်တာကတော့ Root လုပ်ပြီးရင် အရင်ဆုံး မိမိဖုန်းရဲ့ Original Firmware ကို Backup ပြုလုပ်ထားပါ။ ဒါကအရမ်းကိုအရေးကြီးပါတယ်.....

Huawei CDMAဖုန်းမှာ 3G အင်တာနက် ချိတ်နည်း

 ကဲ တောင်းထားတဲ့သူငယ်ချင်းတွေအတွက်ပါ

ကျွန်တော်သိသလောက်လေး ပြန် Share ပေးတာပါ မှားတာပါရင်လည်း ပြင်ပေးပါဗျာ

Huawei CDMAဖုန်းတွေမှာ3G အင်တာနက်ဘယ်လိုသုံးရမလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတာနဲ့ တင်ပေးလိုက်ပါတယ်။
သိပြီးတဲ့သူလည်းရှိမယ်၊သိပြီးတဲ့သူတွေအတွက်တော့မျက်စိရှုပ်တာပေါ့။မသိတဲ့သူသေးတဲ့သူတွေအတွက်ပါ။

Setting >>Wireless & networks >>Mobile networks>>Access Point Names>>
Menu key(များသောအားဖြင့် ဖုန်းမှာတုတ်ချောင်းလေး,လေးချောင်း)ကိုနှိပ်>>New APN ကိုနှိပ်ပါ>>
1-Name       >>MPT

2-APN         >>#777

3-Username >>####@c800.mm(#### နေရာမှာ ကြိုက်ရာဖြည့်ပါ။) Eg-chanmyae@c800.mm

4-Password  >>ကြိုက်ရာဖြည့်ပါ။(အနည်းဆုံးလေးလုံးလောက်ပေါ့) Eg-1234

5-Authentication type >> CHAP    ကိုရွေးပါ။

6-APN type    >>default လို့ ရိုက်ပါ။

7-(Data bearer >>package Data   ကို on ပေးပါ။         Prompt password>>  #777    ကို ရိုက်ပါ။)      ဖုန်းတချို့ တွင်နံပါတ်7စာသားမပါတတ်ပါ။

ပြီးရင် Menu key ကိုနှိပ်ပီး Save လိုက်ပါ။

MPT ကို On ပေးလိုက်ပါ။

Data enabled   ကို on ပေးလိုက် ပါ။3G icon လေး notification bar မှာတွေ့ ရပါလိမ့်မယ်။

တကယ်လို့မတွေ့ရသေးရင် Restart ၁ ခေါက်လောက်ချပေးလိုက်ပါဗျာ

ကျွန်တော်ကတော့ မနေ့က အသိတစ်ယောက်ဖုန်းမှာ အခုလိုစမ်းကြည့်လိုက်တာတော့ရသွားတယ်ဗျ Asend ဖုန်းမှာပေါ့ တခြားဖုန်းတွေလည်း စမ်းတော့ကြည့်ပါ................... ကံကောင်းပါစေဗျာ။

Monday, June 16, 2014

ကွန်ပျူတာနှင့်ပတ်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

ဒါလေးက Facebook က International news for myanmar ကနေ ဖတ်မိတာလေးပါ.. ပြန်ပြီး Share ပေးလိုက်ပါတယ်...

ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော ၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

(၁) ။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

(၂) ။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

(၃) ။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

(၄) ။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

(၅) ။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

(၆) ။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

(၇) ။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

(၈) ။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

(၉) ။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

(၁၀) ။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

(၁၁) ။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

(၁၂) ။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

(၁၃) ။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

(၁၄) ။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

(၁၅) ။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

(၁၆) ။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
(၁၇) ။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
(၁၈) ။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
(၂၀) ။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။

Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)

အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။ ယင်းသို့ con ဟု အမည်မပေးနိုင်ခြင်း၏ အကြောင်းအရင်းကိုလည်း Microsoft Team မှ ပြန်လည်မဖြေရှင်းနိုင်ပဲ လေ့လာဆဲသာဖြစ်သည်။

ဘ၀မှာ ဘာအရေးကြီးဆုံးလဲ တဲ့ ကဲသယ်ရင်းတွေရော ဘယ်လိုမြင်လဲ

အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက်ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံတယ် ။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမယ့်ပေးမယ်ဆိုရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။
ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်းအတွက်အမဲဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။
ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ်တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီးအနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။ ဒုတိယဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။
ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။ သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ် ။
တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာလာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀သူပြန်စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့် ငါသေတဲ့အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ”
ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင်ဆုံးအ၀တ်အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူအဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး ဘာစကားမှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။
သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ၀မ်းနည်းသွားတဲ့ကုန်သည်ကြီးက တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ဘ၀ကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြားလိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသားဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။
ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာတွေကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလားဟင် ” “ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့်ကို စိတ်အားတက်အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက်သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ် ပြီးအစာရေစာလည်းမ၀င်တော့ဘူး ။
အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံးဇနီးဖြစ်လို့နေတယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန်သည်ကြီးကပြောခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ”
###########################
တကယ်တော့ ကျွန်တော်တို့ ဘ၀တွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။
၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘယ်လိုပဲကောင်းအောင်လှအောင် တောက်ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။
၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ အဲဒီစည်းစိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။
၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ဘယ်လောက်ပဲရင်းနှီးတယ်ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။
၎ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့ အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်းသဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန်ကတော့ကျွန်တော်တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။