Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, April 28, 2014

နောက်တစ်ပုဒ်ကတော့ အရင်ရေးပြီးသားတွေနဲ့ သိပ်မကွာပါဘူး တစ်မျိုးလေးနော် ခေါင်းစဉ်က နှလုံးသားကိုဆူးခတ်ထားသော်... တဲ့

လူရယ်လို့ဖြစ်လာသော် ချစ်ခြင်း၊ ကြိုက်ခြင်း၊ နှစ်သက်ခြင်း၊ တပ်မက်ခြင်း၊ မြတ်နိုးခြင်းစသော အာရုံငါးပါးကို မလွှဲမသွေ အရွယ်သုံးပါးစလုံးခံစားကြရပေမည်။
အရွယ်ရောက်ပြီးသော ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မိမိတို့ ချစ်ခင် နှစ်သက်သောသူကို ချစ်ခင်နှစ်သက်သည့် အပြောအဆို၊ အမူအယာ၊ အရေးသားများနှင့် ထုတ်ဖော်တတ်ရပေမည်။ ထို့မှသာ သင်တို့၏ နှလုံးသားရေးရာ တွင်ချစ်ခင်၊ ကြိုက်၊ မုန်းစသည့် ဝေဒနာများကို မခံစားကြရမည်ဖြစ်ပေသည်။ မိတ်ဆွေတို့သည် နှလုံးသားရေးရာတွင် နှလုံးသားကို ဆူးနှင့် ခတ်ထားသကဲ့သို့ နေရာတကာတွင် ထိန်းချုပ်ထားပါက တစ်ဖက်ပါပုံကဲ့သို့ပင် မိတ်ဆွေတို့ နှလုံးသားဝေဒနာကို ကောင်းစွာခံစားကြရပေမည်။ ထိုသို့သော အခြင်းအရာကို မိတ်ဆွေတို့ ကျော်လွှားနိုင်ကြပါစေ...............ဒါမှသာလူလောကအလယ်တွင် လူဖြစ်ရကျိုးနပ် တော့ပေမည်။ လောကအလယ်ရှိ အပျိုကြီး၊ လူပျိုကြီးများသည် နှလုံးသားကို ဆူးခတ် ခြင်းခံထားရသူများဖြစ်သောကြောင့်.......အများအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်း၊ ယင်းတို့ပြောဆိုသည့် စကားများသည် ဘုကျခြင်းများဖြစ်နေတတ်ကြသည်။ မိတ်ဆွေတို့တွေ့ဖူးကောင်းတွေ့ဖူးကြပေမည်။ ယင်းသို့မဖြစ်အောင် မိတ်ဆွေတို့ ပွင့်လင်းစွာ ရင်ဖွင့်ပြောဆိုခြင်းဖြစ် မိတ်ဆွေတို့၏ နှလုံးသားရေးရာများတွင် အောင်မြင်ကြပါစေ...........

ကျွန်တော့်ပရိတ်သတ်ကြီးကို ကဗျာလေးတစ်ပုဒ်လောက်လက်ဆောင်ပေးချင်တာ အခုပေးလို့ရသွားပြီ ရေးလို့ပြီးသွားပြီ

 သင်္ကြန်မတိုင်ခင် ကျွန်တော့်ချစ်သူနဲ့ စကားများပြီးကတည်းက တစ်ကြောင်းစနှစ်ကြောင်းစကနေရေးဖြစ်သွားတယ်လို့ပြောရမယ်ဗျ အဲဒီ့တုန်းကခံစားချက်အပြည့်လေးနဲ့ပေါ့ ကျွန်တော့်ချစ်သူကို ကျွန်တော်စိတ်မဆိုးပဲနဲ့ရေးခဲ့တာ အမှန်မယ်တော့ ကျွန်တော်စိတ်တွေအရမ်းတိုနေခဲ့တဲ့အချိန်ပါ ဒါပေမဲ့ ခံစားချက်အရမ်းပြင်းထန်ပြီး ရေးဖြစ်သွားခဲ့လို့ အရင်နေ့ကပဲအဆုံးသတ်ခဲ့တာ အခုပြီးသွားပြီလေ
ဒါကြောင့် ပရိတ်သတ်ကြီး သေသေချာချာဖတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်နော်။

လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ်(တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ် (၂၄နာရီ)
ချော့သိပ်ချင်တယ် (ညတိုင်း)
သီချင်းဆိုပြချင်တယ် (အိပ်ခါနီးတိုင်း)
မျှော်လင့်ချင်တယ် (ရန်ခုန်စွာ)
အရမ်းပြန်ချစ်ပါ (အလိုလားဆုံး)
အရမ်းဂရုစိုက်ပ
ါ (အမြဲ)
မမုန်းဘူး (ဘယ်တော့မှ)
လက်ကလေးကိုင်ချင်တယ် (ခွင့်ပြုရင်)
အဆင်မပြေဘူး (မင်းမရှိတဲ့အချိန်)
မခွဲနိုင်ဘူး (ယုံ)
ထပ်ကာထပ်ကာပြောချင်တယ် ( I Love you ) 

လူတိုင်းမကင်းနိုင်သော အရာတစ်ခု

လူတိုင်းမကင်းနိုင်သော အရာတစ်ခုဟု ဆိုလိုက်သဖြင့် လူတွေရှုရှိုက်နေသော အောက်ဆီဂျင်လား မေးလာလျှင်လည်း မငြင်းသာပါ။ အောက်ဆီဂျင်ကဲ့သို့ပင် အရေးကြီးသော အရာတစ်ခုမှာ လူသားတို့ အတွက် ၊ သက်ရှိတို့ အတွက် အလွန် အရေးကြီးသော ချစ်ခြင်းမေတ္တာပင် ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာကို ဖြူစင်သော (၅၂၈ ) မေတ္တာနှင့် (၁၅၀၀ ) မေတ္တာဟူ၍ ကိန်းဂဏန်းများဖြင့် သတ်မှတ် ဖော်ပြကြပါတယ်။ ဘာပဲဖြစ်ဖြစ် နှောင်ဖွဲ့တတ်တဲ့ ချစ်ခြင်း မေတ္တာနဲ့တော့ လူတိုင်း မကင်းနိုင်ကြပါဘူး။ မိဘက သားသမီးကို ချစ်တာဟာ ဖြူစင်တဲ့မေတ္တာ ၊ အရောင်မပါတဲ့ မေတ္တာ၊ မျှော်လင့်ချက် ကင်းမဲ့တဲ့ မေတ္တာတွေပါ။ ဒါကို လူတွေက မြင့်မိုရ်တောင်လောက် ကြီးတယ်ဆိုပြီး ခိုင်းနှိုင်းကြတာတွေ ရှိပေမဲ့ တကယ်တော့ မနှိုင်းယှဉ်သာပါဘူး။

ကောင်ကလေးက ကောင်မလေးကို ချစ်တာကတော့ ဒီလို မဟုတ်ပါဘူး။ သူ့မှာ ပိုင်ဆိုင်လိုမှုတွေ ပါတယ်။ ရယူလိုမှုတွေ ပါတယ်။ တက်မက်မှုတွေ ပါတယ်။ ဒါတွေ အားလုံးကို ခြုံကြည့်ရင် နှောင်ဖွဲ့တတ်တဲ့ မေတ္တာဆိုတာ သိသာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နှောင်ဖွဲ့ကြပြီ တွယ်တာကြပြီဆိုရင် ဖြတ်တောက်ဖို့ရာ ခက်ပါတယ်။ ဒီအတွယ်အတာ အနှောင် အဖွဲ့တွေဟာ လူတွေရဲ့ နှလုံးသားကနေ ဆင်းသက်လာပါတယ်။ နှလုံးသားကို အချစ်ရဲ့ သင်္ကေတ အဖြစ်လည်း သတ်မှတ်ကြပါတယ်။ နှလုံသားနဲ့ ပတ်သက်လို့လည်း စကားပုံတွေလည်း ရှိကြပါတယ်။ ဥပမာ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ် ဆိုတာမျိုးပေါ့။

အဲဒီနှလုံးသားဟာ သုံးတတ်သူတွေ အတွက် ဆေးတစ်ပါးဖြစ်သလို မသုံးတတ်သူတွေ အတွက် ဘေးတစ်ပါးပါပဲ။ နှလုံးသားကြောင့် ထိပ်ဆုံးကို ရောက်သူတွေရှိသလို လမ်ဘေးမြောင်းထဲ ရောက်သူတွေလည်း အများကြီးပါပဲ။ နှလုံးသားကို မှန်မှန် ကန်ကန် အသုံးချသွားလို့ ဘဝအဆင့်မြင့် သွားသူတွေကို အတုယူသင့်ပေမဲ့ လမ်ဘေး အရက်ဆိုင်မှာ ဘဝကို ရေစုန်မျော သွားသူတွေ ဟာလည်း မရေတွက် နိုင်အောင်ပါပဲ။ တစ်ချို့ဆိုရင် အသက်ကိုတောင် စွန့်သွားကြသူတွေ ရှိပါတယ်။ ဒါကတော့ တရားလက်လွတ် ငှက်တောင်ကျွတ်လို့ ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ကျတော့လည်း အဲဒီနှလုံးသားရေးရာ ကိစ္စဟာလည်း ဝေခွဲရတာ ခက်ပါတယ်။ ပူလောင်နေတဲ့ အချိန်မှာ ဘာကိုမှ မစဉ်းစား နိုင်တော့ဘူး။ အမှားနဲ့ အမှန်ဆိုတာကို ဝေခွဲနိုင်စွမ်း မရှိတော့ဘူးလေ။ ဒါကတော့ လူငယ်အများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်တာပေါ့။ တစ်ခါတစ်လေ ကျတော့ လူကြီးပိုင်းမှာတောင် ဖြစ်တတ်ပါသေးတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ပုထုစဉ် လူသားတွေအတွက် ဘယ်လိုမ မကင်းနိုင်တဲ့ သဘာဝက ပေးထားတဲ့ လက်ဆောင်တစ်ခုပါပဲ။

ဒါကြောင့်လည်း ရှေးလူကြီး သူမအပေါင်းက သုံးတတ်ရင် မိတ်ဆွေ ၊ မသုံးတတ်တော့ ရန်သူ ဆိုတဲ့စကားပုံကို ထားခဲ့ကြတယ် ထင်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုတာလဲ ကျနော်တို့ကို နှလုံးသားရေးရာ ကိစ္စတွေမှာ အစွန်းရောက် မသွားအောင် ထိန်းပေးထား လိုက်တာပါပဲ။ အဲဒါကြောင့် နှလုံးသားကို ဆေးတစ်ပါးအဖြစ် လည်းကောင်း ၊ မိတ်ဆွေကောင်း တစ်ယောက် အဖြစ် လည်းကောင်း မှီဝဲ ပေါင်းဖက်နိုင်အောင် တတ်အားသရွေ့ ကြိုးစားသင့်ကြပါတယ်။ ဘာဖြစ်လို့ နှလုံးသားရေးရာ ကိစ္စကို ဒီလောက် ကြီးကြီးကျယ်ကျယ် ပြောနေရတာလဲလို့ မေးမယ်ဆိုရင်လည်း မေးသူကို အပြစ်မတင်ရက်ပါဘူး။ တကယ်တော့ နှလုံးသားရေးရာ ကစ္စဟာ ပေါ့ပေါ့တန်တန်တော့ သဘောမထားသင့်ပါဘူး။ အလွန်တော်တဲ့ လူငယ်တစ်ချို့ လမ်းဘေး ရောက်ကုန်တာ ဒီနှလုံးသားရေးရာ ကိစ္စတွေကြောင့်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီတော့ လူငယ်တွေကို လမ်းဘေး အရောက်ပို့နိုင်တဲ့ ကိစ္စတစ်ခုကို ပေါ့ပေါ့တန်တန် သဘောထားနေရင် အဲဒီလူကို ကျနော်တို့က နှလုံးသား ခုံရုံးတစ်ခုသာ ဖွင့်နိုင်မယ်ဆိုရင် တရားစွဲဆိုပြီး ထောင်ဒဏ် အပြစ်တောင်မှ ပေးသင့်ပါတယ်ဗျာ။

ဒါတကယ်ပါ။ တိုင်းပြည် တစ်ခုမှာပဲ ဖြစ်ဖြစ် ဒေသတစ်ခုမှာ ဖြစ်ဖြစ် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲအရေးပါ ပါတယ်။ ဒီတော့ လူငယ်လေးတွေကို လမ်းမှား မသွားရအောင် ပဲ့ကိုင် ထိန်းသိမ်းပေးဖို့လိုပါတယ်။ ယခုခေတ်မှာ မူးယစ်ဆေးဝါးတွေကြောင့် လမ်းဘေးရောက်နိုင်တယ်၊ အပျော်အပါး လိုက်စားရင်း လမ်ဘေး ရောက်နိုင်တယ် စတဲ့ လမ်းဘေး ရောက်စေနိုင်တဲ့ အကြောင်း အမျိုးမျိုးရှိတဲ့ အနက် နှလုံးသားရေးရာ ကိစ္စဟာလည်း တစ်ခုအပါအဝင်ပါပဲ။

တကယ်လို့ စီရင်ခွင့်ရှိသည့် အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါက လူငယ်များ၏ နှလုံးသားရေးရာ ကိစ္စများကို ကူညီ ဖြေရှင်းပေးနိုင်မည့် နှလုံးသား ထိန်းကျောင်းရေး စင်တာ တစ်ခုကို ဖွင့်လှစ်ထားမှာပါ။ ဒီစင်တာမှာ နှလုံးသား အတွေ့အကြုံရှိ ပုဂ္ဂိုလ်တွေကို ဝန်ထမ်းတွေ အဖြစ် ခန့်ထားမှာ ပေါ့ဗျာ။ ဒီစင်တာကနေ နှလုံးသား ဒုက္ခသည်တွေကို ပြုစု စောင့်ရှောက်သွားမယ်၊ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေသူတွေ အတွက်၊ အသည်းကွဲ ဝေဒနာသည်တွေ အတွက် အရေးပေါ်ကုသရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ အသင့်ပြင်ထားမယ်။

လူငယ်အပေါင်း နှလုံးသားမှ ပေးအပ်လာမဲ့ ဒုက္ခအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။ နှလုံးသားမှ ပေးအပ်လာသော သုခများကိုလည်း အပြည့်အဝ ခံစားနိုင်ကြပါစေ။ ချစ်သူတိုင်း ညားလို့ ညားသူတိုင်း ချစ်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

အမျိုးသမီးအင်္ဂါထဲ သေနတ်ဖွက်ယူလာတဲ့ ဆယ်ကျော်သက်မိန်းကလေး (ထူးထူးဆန်းဆန်းပဲဗျ တခါမှမကြားဘူးလို့ ပရိတ်သတ်ကြီးလည်းသိအောင် တင်လိုက်တယ်နော်)

အသက် ၁၉ နှစ်အရွယ် Dallas Archer ဆိုသူ မိန်းကလေးတစ်ယောက်ကို ဆိုင်းငံ့ထားတဲ့ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်မှုနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
Tennessee ပြည်နယ်၊ Kingsport မြို့ သူ Archer ကို ထောင်မိန့် ချပြီးနောက် အမျိုးသမီးထောင်အရာရှိ တစ်ယောက်က ရှာဖွေစစ်ဆေးခဲ့ရာ ပေါင်ခြံကြားက အမည်မသိအရာဝတ္ထုတစ်ခုကို တွေ့ ရှိခဲ့ပါတယ်။
ထောင်မှူးနဲ့ အမျိုးသမီးရဲဝန်ထမ်းတစ်ယောက်က သူမကို သန့် စင်ခန်းဆီခေါ်ဆောင်ပြီး စစ်ဆေးခဲ့ရာ Revolver သေနတ်တစ်လက်ကို သူမရဲ့ မိန်းမအင်္ဂါအတွင်းက တွေ့ ရှိခဲ့ကြောင်း သိရှိရပါတယ်။
လေးလက်မအရွယ်ရှိတဲ့ Revolver သေနတ်ကို ၂၀၀၃ ခုနှစ်က အသက်ကြီးအမျိုးသားတစ်ယောက်ရဲ့ ကားထဲကနေ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်ပိုင်ရှင် အသက် ၇၀ အရွယ် John Souther က သေနတ်လေးကို ပြန်လည်တိုက်ချွတ်ပြီးမှ ပြန်ယူချင်တယ်လို့ ဆိုပါတယ်။
The Smoking Gun သတင်းဌာနရဲ့ အဆိုအရ Archer ကို သေနတ်လက်ဝယ်ထားရှိမှု ၊ အကျဉ်းထောင်ထဲ တားမြစ်ပစ္စည်း ခိုးသွင်းမှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။
Archer ကို အာမခံဒေါ်လာ ၆၀၀၀ နဲ့ အချုပ်ထောင်ကနေ လက်ရှိလွှတ်ပေးထားကြောင်း ထောင်အာဏာပိုင် တစ်ယောက်က ပြောကြားခဲ့ပါတယ်။
တရားဝင်ရဲမှတ်တမ်းမှာ “ Ms.Archer ကို ရေချိုးခန်းတွင် ထောင်မှူးက စစ်ဆေးခဲ့ရာမှာ NAA 22 LR revolver အသေးစားတစ်လက်ကို Ms Dallas ရဲ့ မိန်းမအင်္ဂါအတွင်းကနေ ကျည်ဖြည့်ထားလျက်နဲ့ တွေ့ ရှိခဲ့ရတယ်” လို့  ဖော်ပြထားပါတယ်။

သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်

အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။
ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက်စကားပြောဆိုမှုထဲကနေ စကားလုံးတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသနသစ်က သက်သေပြလိုက်ပါတယ်။
“ကလေးငယ်တွေဟာ သူတို့ကြားလိုက်တာနဲ့ သူတို့ ဆက်စပ်မှုရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ်တတ်တယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှုရှိစေတာပါ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ်ပညာ၊ အကြား နဲ့ ဘာသာစကား တွဲဖက်ပါမောက္ခ Amada Seidl က ပြောခဲ့ပါတယ်။

ဟင်္သာတို့ရဲ့နန်းတော်ရှေ့ သီချင်းကလွဲပြီး ကိုယ်ပိုင် သီချင်းတွေနဲ့ချည်း ဖျော်ဖြေသွားမယ့် အဆိုတော်မာရဇ္ဇရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ

တစ်ချိန်က ဆွဲအား၊ မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး၊ ရွှေရတီ၊ ဝေးဝေးကလွမ်း သီချင်းတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော်မာရဇ္ဇက သူ့ရဲ့ဂီတသက်တမ်း နှစ်နှစ်ဆယ်မှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေဖို့ တစ်ကိုယ်တော်လိုက်ရှိုး ကျင်းပသွားမယ့်အကြောင်း ခုလို ပြောပြပေးခဲ့ပါတယ်။
‘ အစ်ကိုအနေနဲ့ လာမဲ့ မေလ သုံးရက်နေ့ ၊ ည ၇နာရီ၊ အမျိုးသားဇာတ်ရုံ(မြို့မကျောင်းလမ်း)မှာ တစ်ကိုယ်တော် လိုက်ရှိုးပွဲလေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲလေး လုပ်ဖြစ်ဖို့ကြိုးစားခဲ့တာ သုံးလေးနှစ်လောက်ရှိပါပြီ။ အခုမှပဲ အကောင်အထည် ဖော်ဖြစ်တော့တယ်။ ဒီလိုက်ရှိုးလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ ဒီပွဲလေးကို လုပ်ခြင်းဖြစ်တယ်။ နောက်ပြီး အစ်ကို့ရဲ့ပရိသတ်တွေကို သီချင်းတွေ အများကြီး ဆိုပြချင်တာလည်း ပါပါတယ်။ အစ်ကို့ရဲ့တစ်ကိုယ်တော်လိုက်ရှိုးမှာ သီချင်းအပုဒ် သုံးဆယ်လောက် ဆိုသွားမယ်။ သီချင်းအပုဒ်သုံးဆယ်ထဲမှာ အစ်ကို့ရဲ့နှစ်နှစ်ဆယ်မှာ ပရိသတ်ကြိုက်ခဲ့ပြီး၊ နာမည်ကြီးအောင်မြင်ခဲ့တဲ့ သီချင်းဟောင်းလေးတွေ ဆိုသွားမယ်။ ပြီးတော့ အစ်ကို အရမ်းဆိုပြချင်တဲ့ သီချင်းတွေရှိပါသေးတယ်။ ကျွန်တော်ရဲ့ တစ်ကိုယ်တော် လိုက်ရှိုးဖြစ်တာကြောင့် အမှတ်တရဖြစ်စေချင်လို့ သူများ သီချင်းတွေ မဆိုပဲ ကိုယ့်သီချင်းတွေပဲ ကိုယ်ဆိုသွားမှာပါ။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ ပြောရရင် ကျွန်တော် အင်မတန်ချစ်သော၊ အင်မတန်လေးစားရသော ကိုလွှမ်းမိုးရဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့ သီချင်း တစ်ပုဒ်ကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဆိုချင်တာပါတယ်။ ကိုလွှမ်းမိုးကိုလည်း ဂုဏ်ပြုချင်တာကြောင့် ဆိုမှာပါ။ အစ်ကို့ရဲ့ လိုက်ရှိုးလက်မှတ်ကို ဈေးကြီးကြီး မရောင်းထားဘူး။ အစ်ကို့ရဲ့ ပရိသတ်တွေ အများကြီး လာကြည့်စေချင်တယ်။ လူတိုင်းတတ်နိုင်လောက်တဲ့ငွေကြေး တစ်ခုဖြစ်ရမယ်။ တကယ်တော့ အလကား ဖျော်ဖြေပေးချင်တာပါ။ တန်ဖိုးတရားအရ တန်ဖိုး ထားတတ်အောင်လို့ သတ်မှတ်လိုက်တာပါ။ လိုက်ရှိုးလက်မှတ်တွေကို မန်းသီရိတေးသံသွင်း၊ KOKO beauty saloon( Dagon Center)၊ 1876(Call Centre) တွေမှာဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းတွေ ကတော့ ၂၀၀၀၀၊ ၁၀၀၀၀၊ ၇၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ အစ်ကို့ရဲ့ လိုက်ရှိုးပွဲလေး ပြီးသွားရင် အစ်ကို့ရဲ့တစ်ကိုယ်တော်အခွေ ထွက်ဖို့ရှိပါမယ်။ သီချင်း၇ပုဒ်လောက်တော့ ပြီးနေပါပြီ။ တစ်ကိုယ်တော်အခွေမှာ သီချင်းဆယ့်နှစ်ပုဒ်ပါမယ်။ သီချင်းတွေအားလုံးကို အစ်ကို တစ်ယောက်တည်းပဲ ရေးထားပါတယ်။ အောက်တိုဘာမှာ ထွက်ရှိဖို့ ကြိုးစားသွားမှာပါလို့ ဆိုပါတယ်’လို့ သူက ပြောသွားပါတယ်။                   

ဇာတ်ကားတွေကို ရိုက်ရပြီးရော မဟုတ်ပဲ သေချာစီစစ်ပြီး ရိုက်ကူးနေတဲ့ နိုင်းနိုင်း

 အနုပညာလောကထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့ပြီး ဖြစ်သလို သူမသူဆိုပြီး ပရိသတ်တွေ စွဲလန်းခဲ့ရတဲ့ သရုပ်ဆောင်နိုင်းနိုင်းနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ အကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘အစ်ကို အခုရိုက်နေတာ ဝိဥာဉ်များ၏အိမ်မက်များ ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ အစ်ကို့ရဲ့ ကာရိုက်တာက ကျောင်းဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားပြီးသွားရင် စံပယ်မင်းထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါတယ်။ နောက်ပိုင်းမှာ ဇာတ်ကားတွေကလည်း ရိုက်ရပြီးရောဆိုပြီး ပြီးပြီးရော မရိုက်ချင်တာကြောင့် သေချာစီစစ်ပြီးမှ ဇာတ်လမ်းကြိုက်မှ ရိုက်ဖြစ်သွားမှာပါ။ ဇာတ်ကား တစ်ကားနဲ့တစ်ကား ဇာတ်အိမ်ထပ်တာ မျိုးတွေ မဖြစ်စေချင်ဘူး။ ကြည့်ရတဲ့ ပရိသတ်တွေအတွက်လည်း ငြီးငွေ့ပြီး ရိုးအီစေတယ်။’လို့ သူက ပြောပါတယ်။

ကာရိုက်တာနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားသရုပ်ဆောင်တယ်လို့ ပြောတဲ့ ကောင်းပြည့်

အနုပညာ ဖန်တီးမှုများနဲ့ ပတ်သတ်ရင် တစ်ကားနဲ့တစ်ကားမှာ မတူတဲ့ဇာတ်ရုပ်တွေနဲ့ မတူတဲ့ အိုက်တင်တွေကို ပရိသတ်တွေ အတွက် ကြိုးစားချပြလာတဲ့ ကောင်းပြည့်က လက်ရှိ သူရိုက်ကူးနေတဲ့ ဗီဒီယိုကားလေး အကြောင်းကို ပရိသတ်အားပြောပြလာပါတယ်။ ‘ခုရိုက်နေတဲ့ကားလေးက ဒါရိုက်တာက ကျော်ဇောလင်း (အတွေးပုံရိပ်) မင်းသမီးက မိုးယုစံပေါ့။ ကားနာမည်လေးက ချစ်သူနှင့်သင့်မြတ်ရေးပေါ်လစီတဲ့။ အဲဒီကားလေးထဲမှာ ကျွန်တော်က စပ်စပ်ထိမခံဘူး။ ကိုယ့်ကို တစ်ခုခုလုပ်သွားရင် ငြိမ်ခံနေတတ်ပေမဲ့ နောက်မှ ကလဲ့စားချေတတ်တဲ့ ကာရိုက်တာမျိုးပေါ့။ လူငယ်ဆန်ဆန် ကာရိုက်တာပေမဲ့ အစပိုင်းမှာအချစ်ကို မသိဘူး။ နောက်ကျမှ နားလည်သွားတဲ့ ပုံစံလေးပေါ့လို့ပြောပါတယ်။  သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး အခုနောက်ပိုင်းမှာတော့ ဇာတ်ရုပ်အတိုင်းကို စိတ်နှစ်ပြီး သေသေချာချာလေး ကြိုးစားဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုကိုယ့် ကောင်းပြည့်ဆိုတာကို သရုပ်ဆောင်တဲ့ချိန်မှာ စိတ်ထဲကနေ ထုတ်ထားလိုက်တယ်။ ကိုယ့်စိတ်ထဲမှာ ဖျောက်ထားလိုက်တယ်။ အဲဒီလိုသရုပ်ဆောင်ရင် ပိုပြီး ကာရိုက်တာ ၀င်အောင်လုပ်လို့ ကောင်းသလိုပဲ ခံစားရတယ်။ အရင်စစချင်းတုန်းကတော့ ထွက်တဲ့ကား တစ်ချို့တလေမှာ နဲနဲလိုနေသလိုလို ဘယ်နားကလိုလို့လိုမှန်းလဲ မသိဘူး။ လိုနေသလိုလိုတော့ ခံစားရတယ်။ ခုနောက်ပိုင်းတော့ ကြည့်တဲ့ ပရိသတ်တွေ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကာရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားသရုပ်ဆောင်ဖြစ်တယ်။ ဒီကားပြီးရင်တော့ မကြည်ဖြူရှင်နဲ့တစ်ကားရိုက်ဖို့ရှိပါတယ်’လို့  ကောင်းပြည့်က ပြောပါတယ်။

Android Devices တွေအတွက် အကောင်းဆုံး Music Player (Poweramp v2.0.9-build-552 )

PowerAmp ကို သိကြမှာပါ Android ဖုန်းတွေအတွက် တကယ်ကို ကောင်းတဲ့ Music Player ပါ ... ဒီ Player ကို လိုက်မှီတဲ့ App တွေ မရှိသလောက်ပါပဲ... 
လိုအပ်သူများ အောက်မှာ ဒေါင်းယူနိုင်ကြပါတယ် ... နောက်ဆုံး Update Version ပါ...

Poweramp does great things.
The #1 paid music player in the Google Play Store 3 years running—Poweramp is the most powerful music player available on the Android OS. Features like gapless play, an unmatched equalization system, great crossfade, and support for most popular music file format might all make Poweramp the best $3.99 you have ever spent in your life—1+ million users would agree to that.

Instructions:
 Install Poweramp Music Player.
Install Poweramp Full Version Unlocker.
Run PowerAMP (not Unlocker) before Patch. (untill main screen appears) (don't go to check license verification)
Now Exit Poweramp.
Run Lucky Patcher.
Select "Poweramp".
Select "Open Menu for Patches".
choose "Custom patch".
Then Apply, wait for few second. [Root required to apply]
After successful Patch. Launch Poweramp.
If not full, patch again and reboot.

ဖုန်းထဲမှာ ပြန့်ကျဲနေသမျှဖိုင်တွေ ပြန်စီပေးမယ့် Disk Defragmenter [for android]

 Disk Defragmenter ဆိုရင်
ကွန်ပျူတာအသုံးပြုသူတွေ မစိမ်းကြပါဘူး.. ခု Disk Defragmenter လေးက android
device တွေအတွက်ဖြစ်ပါတယ်.. android ဖုန်းတွေမှာ app တွေ၊ game တွေ
ထုတ်လိုက် သွင်းလိုက်၊ ဖျက်လိုက် ပြင်လိုက်နဲ့ အကြိမ်များစွာလုပ်နေကြတော့
fragmented ဖြစ်တဲ့ ဖိုင်တွေများလာပြီး စက်ကိုလည်း လေးလံလာစေပါတယ်..
ဖိုင်တစ်ဖိုင်ကို bit ခွဲပြီး သိမ်းတာဖြစ်ပါတယ်.. ဖိုင်တစ်ဖိုင်မှာ
ပြန့်ကျဲတဲ့ ပမာဏများလာတာနဲ့ loading လည်း ကြာလာတတ်ပါတယ်.. ဒါကြောင့်
internal memory, sd card ထဲက fragment ဖြစ်နေတဲ့ ဖိုင်တွေကို
ပြန်စီပေးသင့်ပါတယ်.. ဒီလို ပြန်စီပေးခြင်းအားဖြင့် ဖိုင်ဖွင့်မှု၊
ဖိုင်ရှာဖွေမှုတွေ ပိုမို မြန်ဆန် သွက်လက်လာပါမယ်… Disk Defragment အကြောင်း
နားလည်ချင်ရင်.. ဒီလင့်မှာ သွားဖတ်နိုင်ပါတယ်.. 

အသုံးပြုလိုပါက အောက်ပါလင့်များတွင် ရယူနိုင်ပါပြီ ...

or 

သင့်လျော်ကောင်းမွန်သည့် လိုက်ဖက်မှုရှိသော စုံတွဲ များကို ရှာဖွေနိုင်သည့် WeMatch App

WeMatch - screenshot
 
-WeMatch သည် မြန်မာပြည်တွင် နံပါတ်တစ်ြဖစ်သည့် Couples Match Application တခုဖြစ်ပါသည်။

-WeMatch App တွင် သင့်လျော်ကောင်းမွန်သည့် လိုက်ဖက်မှုရှိသော စုံတွဲ များကို ရှာဖွေနိုင်ရန် Wematch ကသင့်ကို အကူအညီပေးနိုင်ပါလိမ့်မည်။
 
 WeMatch - screenshot

-မိမိ တို့ အနီးမှာ ရှိသော မိမိတို့ နှစ်သက်စိတ်ဝင်စားသောမိတ်ဆွေများကို ရှာဖွေတွေ့ ဆုံနိုင်ရန် WeMatch ကဆန္ဒပြုပါတယ်!*WeMatch တွင် အခမဲ့ ၀င်ရောက်နိုင်ပါသည်။

*မိမိရဲ့ profile များနှင့် ဓါတ်ပုံများကိုလည်း ဖန်တီးနိုင်ပါသည်။

*မိမိဆီကို ဘယ်သူတွေ လာရောက်ကြည့်ခဲ့ လဲ ဆိုတာကို လည်း ကြည့် ရှု့နိုင်ပါသည်။

*မိမိနှစ်သက်ရာ မိတ်ဆွေသူငယ်ချင်းများဆီသလို့လည်း Message များအပြန်အလှန်ပေးပို့ နိုင်ပါသည်။

We Match တွင် မိမိနှစ်သက်သော စိတ်ဝင်စားစရာ မိတ်ဆွေသစ်များကို စတင် ရှာဖွေ ရန်
တွန့် ဆုတ်မနေပဲ အခုချက်ချင်း စကားစမြည် ပြောကြည့်ကြစို့ နော်!

 WeMatch - screenshot

https://play.google.com/store/apps/details?id=com.paxcreation.wematchap

Friday, April 25, 2014

ကဲ ကိုကျော်မျိုးလွင်နဲ့ ကိုမျိုးသန့်တို့ရေ CDMA 800 နဲ့ GSM , WCDMA အင်တာနက်ချိန်နည်းလေးတွေကို သေချာမှတ်ထားတော့နော်

ခင်ဗျားတို့ ကိုမျိုးသန့်တို့ပြောလွန်းလို့ ကျွန်တော်သေချာရေးတင်လိုက်တာနော် နောက်မမေးတော့နဲ့ ကိုယ့်တိုင်းကိုလုပ် 
 ပြီးတော့ခင်ဗျားတို့က ကျွန်တော့်ကို ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ အခုတော့ ဒီပို့စ်လေးကိုဖတ်ပြီး ကိုယ်ဖုန်းကိုလိုက်ကလိကြည့်နော် အလွယ်လေးတွေပါ ကျွန်တော်ရေးပေးထားတဲ့အတိုင်းလုပ်နော်

မြန်မာနိုင်ငံ၏ GSM, WCDMA, CDMA, MEC ဖုန်းကိုင်ဆောင်သူတိုင်းအတွက်  အင်တာနက်ချိတ်ဆက်လိုက်ပြီဆိုတာ နဲ့  အင်တာနက် Setting ထည့်ပေးရမှာ မလွဲဧကန်ပါ။

 Internet Setting ထည့်နည်းလေးများကိုလဲ ဖော်ပြထားပေးပါတယ် …စေတနာနဲ့ပါဗျာ ခင်ဗျားတို့အတွက်နော် သေချာမှတ်ထားပေတော့ခင်ဗျာ....ကဲအောက်မှာကြည့်ပေတော့ဗျာ
Mec (1500) Card Internet Setting
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။

3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – Mectel (or) Card
APN  -  #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့။
Username – mectel@c800.mm (or) card@c800.mm
Password – 123 (or) 12345 (or) card
Server – ဘာမှ မထည့်ပါနဲ့။
MMSC – ဘာမှ မထည့်ပါနဲ့။
MMS Proxy – ဘာမှ မထည့်ပါနဲ့။
MMS Port – ဘာမှ မထည့်ပါနဲ့။
MCC – 460
MNC – 03
Authentication type – PAP or CHAP (or) CHAP
APN type – ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(default ကိုသာ ထည့်ပေးပါမယ်။)
Data bearer – မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။Connection name တောင်းခဲ့ရင် mectel ပါနော်။
ကဲ…….ဒီလောက်ဆိုရင်တော့  အားလုံးအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိခဲ့ရင်လဲ ဖုန်းဆက်ပြီးမေးမြန်းနိုင်ပါတယ် ကျွန်တော်ဖုန်းနံပါတ်က 09420764273ပါ။
GSM, WCDMA Network သုံး Mobile Phone တွေအတွက်

Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP
APN type – default (ရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။
1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။
ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် – ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။
CDMA Network သုံး Mobile Phone တွေအတွက်

5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – CTNET
APN – #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့
Username – chanmyae@c800.mm (chanmyae ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)
Password – မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ (အနည်းဆုံး 4 လုံးရှိပါစေ)
Server – ဘာမှ မထည့်ပါနဲ့။
Authentication type – PAP or CHAP
APN type – Default
APN protocol – IPv4
APN Roaming protocol – IPv4
Bearer – Unspecified
Data Bearer – Package Data
Prompt password – #777
ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ……ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။ Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။

နှစ် ၅၀ ကျော် တောင်းရမ်းစားသောက်ခဲ့သူ ဆော်ဒီနိုင်ငံသူ သေဆုံးချိန်၌ မီလီယံနာဖြစ်နေ

 နှစ်ပေါင်း ၅၀ ကျော်မျှ တောင်းရမ်းစားသောက်ခဲ့သော အသက် ၁၀၀ အရွယ် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်းသေဆုံးချိန်၌ ငွေကြေးအများအပြားနှင့် အဆောက်အအုံ လေးခုချန်ထားခဲ့ကြောင်း အမ်းမရိတ် သတင်း တစ်ရပ်တွင် မတ်လ ၁၆ ရက်က ဖော်ပြထားသည်။

အိုင်ရှာဟု အမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဆွေးမျိုးသားချင်း မရှိသောကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများကို အာဏာပိုင်များသို့ပေးအပ်ရန် အိမ်နီးနားချင်း တစ်ဦးသို့ ပြောဆိုခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ သိရှိခဲ့ရခြင်း ဖြစ်သည်။

အနှစ် ၅၀ကျော် တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုခဲ့သည့် ပင်လယ်နီဆိပ်ကမ်း မြို့ ဂျက်ဒါရှိ အဆောက်အအုံလေးလုံးနှင့် ငွေကြေးတို့၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၃သန်း ရှိသည်ဟု အာရဗျသတင်းစာ Okaz မှ ခန့်မှန်းထားသည်။

“သူ့မှာ ငွေသားချည်း ကန်ဒေါ်လာ တစ်သန်းကျော်လောက် ရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံ လေးခု လည်း ရှိပါသေးတယ်” ဟု ၎င်းမသေဆုံးမီ နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သည့် အိမ်နီးနားချင်းက ပြော ကြားခဲ့သည်ဟု Okaz တွင် ဖော်ပြထားသည်။

“သူမသေခင်မှာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိုင်ဆိုင်သမျှတွေပေးဖို့ ကျွန်တော့်ကို မှာခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော်တို့ အိမ်နီးချင်းတွေရဲ့ ဂုဏ်ပုဒ်ကိုထောက်ပြီး အကုန်လုံးကို ပေးသွားမှာပါ၊ လိုအပ် တာတွေကို အမြန်ဆုံးဆက်လက် လုပ်ဆောင်သွားပါမယ်” ဟုလည်း ၎င်း အိမ်နီးနားချင်းက ပြောကြားခဲ့သည်။

“မသာအိမ်”

"သတိ။ ။ ဇာတ်လမ်းမဟုတ်ပါကြောင်းကို ကြိုတင်အသိပေးပါသည်။"

ကိသာဂေါတမီကို လူမသေဖူးတဲ့အိမ်က မုန်ညင်းဆီယူခိုင်းတဲ့ ဇာတ်တော်ကလေး မြန်မာတိုင်း ကြားဖူးကြပါတယ်။ လူဆိုတာ သေမျိုးမို့လို့ ငယ်ငယ်ရွယ်ရွယ် မမှတ်မိသေးခင် ကလေးဘ၀က ကိုယ်ကိုယ်တိုင်သေသွားတာ မဟုတ်ရင် တစ်ချိန်မဟုတ်တစ်ချိန်တော့ ကိုယ့်အိမ်က မိသားစုဝင်တစ်ယောက်ယောက် သေဆုံးခွဲခွာသွားတဲ့အဖြစ်ကို တွေ့ရကြုံရပါဦးမယ်။ အဲသလိုအခါမျိုးမှာ ကိုယ်နေထိုင်ရာအိမ်ဂေဟာကြီးကို ဘယ်လိုပဲ ပျော်ရွှင်စရာ သီရိဂေဟာ၊ မင်္ဂလာရိပ်မြုံ၊ ဇမ္ဗူ့ကျက်သရေ နံမည်တွေ ပေးထားထား၊ အရပ်ကခေါ်ကြမယ့် နံမည်က တစ်မျိုးပဲ ရှိတယ်။ မသာအိမ် တဲ့။ ကုန်းဘောင်မင်းဆက်ရဲ့ ပိုင်အိုးနီးယားကြီး ဦးအောင်ဇေယျတောင် ရွှေပေလွှာကြီးနဲ့အပြည့် ကင်ပွန်းတပ်ထားတဲ့ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ ဘာညာသာရကာတို့ပိုင်စိုးတော်မူသော အစချီဘွဲ့မည်တော်ကြီးကိုပစ်ပြီး မသာတော် လို့ တိုတိုတုတ်တုတ် နာမ်စားအသုံးခံရတယ်လေ။ မသာဆိုတာ အချင်းချင်း မကျေမနပ်ဖြစ်ရင် ဆဲရေးတဲ့ အသုံးအနှုန်းတစ်ခုလည်း ဖြစ်တယ်။ သူ့ကို သုံးရမှာ အားနာနေလို့ နောက်တစ်မျိုး နားခံသာမယ့် စကားလုံးတစ်လုံး ပြင်ကြည့်လည်း အဓိပ္ပါယ်ကတော့ ပြောင်းမသွားပါဘူး။ အသုဘအိမ်ဆိုတာ သုဘ - ကျက်သရေ၊ အ - ကင်းမဲ့သော လို့ အနက်ပြန်တယ်။ ရှင်းရှင်းပြောရရင် ကျက်သရေမရှိတဲ့အိမ်ကြီးပေါ့။ လူဆိုတာ သေမျိုးလို့ လက်ခံသော်လည်းပဲ သေခြင်းတရားကို ဘယ်သူကမှ ကောင်းသောအတိတ်၊ ကောင်းသောနိမိတ်၊ ကောင်းသောလက္ခဏာအဖြစ် မမြင်နိုင်ကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် မလိုချင်လို့လည်း မရဘူး။ တစ်ချိန်မဟုတ်တစ်ချိန် အဲဒါကြီးက ကိုယ့်အိမ်မှာ လာကိုဖြစ်ရဦးမှာ။ အဲသလိုဖြစ်လိုက်တဲ့အခါကျတော့မှ ကိုယ်တို့မြန်မာ့ဓလေ့ထုံးတမ်းနယ်ပယ်မှာ နာရေးနဲ့ ပတ်သက်သော အယူအဆအတွေးအခေါ် မြောက်များစွာကို မှတ်သားမကုန် ကိုယ်တွေ့ကြုံကြရတယ်။

ကိုယ်တွေငယ်ငယ်ကတော့ အရပ်ထဲမှာ နာရေးဖြစ်တဲ့အိမ်ဆို သိပ်ကြောက်တာပဲ။ အနားကတောင် ဖြတ်မလျှောက်ရဲဘူး။ ခပ်လှမ်းလှမ်းက ရှောင်သွားတယ်။ ဘာကိုကြောက်တာလဲဆိုတော့ သရဲကြောက်တာလေ။ အိမ်နားက အဒေါ်ကြီးတွေက ပြောပြတယ်။ လူသေရင် ခုနှစ်ရက်အထိတော့ လိပ်ပြာကလေးက အိမ်မှာနေသေးတယ်။ ခုနှစ်ရက်ပြည့်တော့မှ ရက်လည်ဆွမ်းသွပ်တရားနာ သာဓုခေါ်ပြီး သူသွားရမယ့် နောက်ဘ၀ကို ကူးရတာ။ အဲ့သည်နောက်ဆုံးညဆိုရင် လာနှုတ်ဆက်တတ်တယ်။ ချိုးချိုးချွတ်ချွတ် ဂလောင်ဂလွမ် အသံတွေ ပေးတတ်တယ်။ ထမကြည့်နဲ့။ အမျှအတမ်းဝေပေးလိုက်။ အဲသည်ခုနှစ်ရက်ကိုတောင် အိမ်စောင့်နတ်က ပေးမနေမှာစိုးတဲ့အတွက် အိမ်တွင်းမင်းမဟာဂီရိ နတ်အုန်းသီးကြီးကို ခနလောက်တော့ ခွင့်ပြုပါဦးဖျားဆိုပြီး ဖြုတ်ထားပေးရတယ်။ ရက်လည်ပြီးမှ အသစ်ပြန်လဲရသတဲ့။ အိမ်တန်းတန်းမတ်မတ် မပြန်ပဲ အလည်လွန်နေမှာစိုးလို့လည်း အသုဘချတဲ့နေ့မှာ ရင်ဘတ်ပေါ်တင်ထားတဲ့ ပန်းကလေးတစ်ပွင့်ကို လာ လိုက်ခဲ့ဆို လိပ်ပြာခေါ်လာရတယ်တဲ့။ လိပ်ပြာခေါ်လာတဲ့လူက ဘယ်မှမ၀င်ပဲ အိမ်ကိုတန်းပြန်ရတယ်။ လမ်းမှာ ဘယ်သူနဲ့မှ စကားမပြောရဘူး။ သူများကခေါ်လည်း မထူးရဘူး။ လှည့်မကြည့်ရဘူး။ လိပ်ပြာကလေးလွင့်သွားမှာ စိုးလို့တဲ့။ သေတဲ့သူက ဟိုဘက်မှာ ခရီးဆက်ရဦးမှာ လမ်းမှာစားဖို့ စားမြိန်စာထုပ် (ထမင်းထုပ်)ကလေး ကို အခေါင်းပေါ်တင်ပေးလိုက်ရတယ်။ သူကြိုက်တတ်ရင် ဆေးလိပ်၊ ကွမ်းယာ၊ မီးဖြစ်ကလေးပါ ပါတော့ ပိုကောင်းတာပေါ့။ တမလွန်ရွာကို ကူးဖို့ ကူးတို့ခလမ်းစားရိတ် ငွေတစ်မတ်ကိုတော့ အလောင်းရဲ့ ပါးစပ်ထဲက ထည့်ပေးလိုက်ရတယ်။ ဟိုဘက်မရောက်ပဲ သည်ဘက်ပြန်လာမှာစိုးလို့ထင်တယ်။ ဘိနပ်ပြောင်းပြန်စီးပြီး အ၀တ်အစားကိုလည်း ပြောင်းပြန်ဝတ်ပေးလိုက်ရတယ်။ သားသမီး သံယောဇဉ်တွယ်နေမှာစိုးရင် ကလေးတွေကိုယ်တိုင်းနဲ့ အပ်ခြည်ကြိုးကလေးတွေ ထုံးပြီး ထည့်ပေးလိုက်ရသေးတယ်။ ဒါပြီးရင်တော့ စိတ်အေးလက်အေး ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်သွားပါတော့။ သည်မိသားစုနဲ့ သင်နဲ့ ဘ၀ချင်းခြားသွားပြီ။ ရေစက်ကုန်လို့ အိုးစားလည်းကွဲသွားပြီဆိုပြီး အလောင်းစင်အောက်မှာထားတဲ့ ရေအိုးကလေးကို ခွပ်ကနဲမြည်အောင် ခွဲပစ်ခဲ့ရသေးတာ။ ယုံလို့လည်း မဟုတ်ဘူး။ မယုံလို့လည်း မဟုတ်ဘူး။ ထုံးတမ်းစဉ်လာအရ အရပ်ထဲမှာ သည်လိုပဲလုပ်နေကြတယ်ဆိုတော့ သူသူကိုယ်ကိုယ် အငြင်းမပွားပဲ ရိုးရာနဲ့အညီ ဆောင်ရွက်နေကြတာ သည်ကနေ့အထိပါပဲ။

တကယ်တော့ အဲသည်အယူဝါဒတွေက ဗုဒ္ဓဘာသာမပေါ်မီကတည်းကိုက ရှိနှင့်ပြီးပုံရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဘုရားဟောနဲ့ နည်းနည်းမှ မကိုက်ညီပဲ ဖီလာဆန့်ကျင်နေတာကိုး။ ကိုယ်တို့ဘာသာမှာ နောင်တမလွန်ဘ၀ဆိုတာ ယုံကြည်သော်လည်းပဲ ၀ိဥာဉ်ကောင်၊ လိပ်ပြာကောင်ဆိုတာ ရှိမှ မရှိပဲနဲ့။ သည်ဘက်ဘ၀က သေလွန်ရင် သူ့ရဲ့ဘ၀တဏှာမီးတောက်ကလေးက ဟိုဘက်ဆီမီးခွက်ကို လှမ်းကူးလိုက်သည့်အလား အခြားမရှိ၊ စုတေစိတ်ကျပြီးတာနဲ့ ဇာတိစိတ်ကလေး ဖြစ်သွားသတဲ့။ ဒါပေမယ့်လည်း လူတွေသေတယ်ဆိုတာ ဘယ်ဘုရားရှင်သာသနာမှ မပေါ်ထွန်းမီကတည်းက ရှိနှင့်တာဆိုတော့ သေခြင်းတရားနဲ့ ပတ်သက်ပြီး သူတို့စိတ်ထဲ ယုံကြည်သလို၊ မျှော်လင့်သလို၊ တွေးမိသလို လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြတာ နှစ်ပေါင်းကြာလာတော့ ရှေးထုံးဓလေ့တွေ ဖြစ်ကုန်နှင့်တာ နေပါလိမ့်မယ်။ ကိုယ်တို့ယုံကြည်နေတဲ့ တမလွန်မြစ်ထဲက လှေသမားကြီးကို ကူးတို့ခပေးရတာရယ်၊ မေ့ပင်ကြီးအောက်ကိုရောက်တော့ သည်ဘ၀မှာ ဖြစ်ပျက်ပတ်သက်ခဲ့သမျှ အကုန်မေ့သွားရတာတွေ၊(အဲသည်အပင်အောက် ၀င်ခဲ့ဖို့ မေ့တဲ့သူတွေကတော့ နောက်ဘ၀ လူဝင်စားဖြစ်လည်း အရင်ဘ၀က အကြောင်းအရာတွေ အကုန်ပြန်ပြောနိုင်သတဲ့။ အတိအကျ ပြောနိုင်တဲ့သူလည်း ကိုယ်တိုင်တွေ့ဖူးပါတယ်)။

တမလွန်ရွာက တရားသူကြီးက “မင်း လူ့ဘ၀တုန်းက ဘာတွေ ကုသိုလ်ကောင်းမှုလုပ်ခဲ့သတုန်း” လို့ ပြန်စစ်ဆေးတယ်ဆိုတာတွေက တရုတ်ပြည်က ပေါက်ဖော်ကြီးတွေလည်း မနီးယိုးစွဲ ယုံကြည်ကြသလို၊ ဂရိနတ်ဘုရားပုံပြင်တွေထဲက အယူဝါဒတွေနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။ ၀ူခုန်းကားထဲမှာ ယမမင်းဆီက သေစာရင်းစာအုပ်ကြီးထဲမှာ သူ့နံမယ်သွားဖျက်ထားလို့ စွန်းဝူခုန်းလေး အမတဖြစ်သွားတာ၊ မြေအောက်ကမ္ဘာကို ဟေးဒီးစ်ကြီးက ပိုင်စိုးပြီး သေလွန်သူတွေကို အုပ်ချုပ်တာတွေက သူတို့လည်း ဒါမျိုးတွေ အတူတူ ယုံကြတယ်လို့ ပြတာပါ။ ဖာရိုဘုရင်မင်းမြတ်တွေ ပိရမစ်ကြီးတွေ ဆောက်သွားတာကိုပဲ ကြည့်ကြည့်၊ တရုတ်ပြည်က ပထမမြောက် ဧကရာဇ်ကြီး မဟာတံတိုင်းကြီးနဲ့ သင်္ချိုင်းတော်ကြီးဆောက်သွားတာကိုပဲ ကြည့်ကြည့်၊ သေလွန်ပြီးသွားတဲ့နောက် တစ်နေ့သောအခါမှာ ပြန်လည်ရှင်သန်ထမြောက်လာလိမ့်ဦးမယ် လို့ မျှော်လင့်တာလည်းပဲ ခရစ်ယာန်တွေယုံကြည်တဲ့ ရှင်သန်ထမြောက်ခြင်းနေ့တို့ နိုအာရဲ့လှေကြီးတို့နဲ့ မဆန့်ကျင်ပြန်ဘူး။
ထားပါလေ။ နာရေး။ အသုဘနဲ့ ပတ်သက်လာရင် ဘယ်လိုပဲ ၀ိညာဉ်လိပ်ပြာ မယုံပါဘူးဆိုတဲ့ ဗုဒ္ဓဘာသာတွေတောင် ဘုန်းကြီးပျံလုပ်တဲ့အခါ ခေါင်းတလား၊ လောင်တိုက်၊ ဒုံးစင်တွေနဲ့ ဆရာတော်ဘုရားကြီး နတ်ပြည်စံတဲ့ဇာတ်ကို ဧယျာဉ်တွေကျူးလိုက်၊ မီးရှူးတွေလွှတ်လိုက်နဲ့ ကနေကြတာပဲ မဟုတ်လား။ နိဗ္ဗာန်ရောက်သွားလို့ တိတ်တိတ်ဆိတ်ဆိတ် လွှတ်လိုက်သည် လို့မှ မရှိပဲနဲ့။ ယုံတာ မယုံတာကတော့ ကိုယ့်သဘောပါလေ။ ဒါပေမယ့် ရှေးရှေးကတည်းက ပြုနေကျ ဓလေ့ထုံးစံတွေကိုတော့ အငြင်းအခုန်လုပ်မနေပဲ ဘာမှမှ အပန်းမကြီးတာဆိုပြီး လိုက်လျောလိုက်ကြတာ အကျင့်ပါသွားကြတာနဲ့တူပါတယ်။

ကိုယ်ကိုယ်တိုင်လည်း သည်တစ်သက်မှာ နာရေးနှစ်ခါ ကြုံပြီးပါပြီ။ အဖေတုန်းကတစ်ခါ၊ အဖွားတုန်းကတစ်ခါ။ “ဒါတွေကို ယုံတာလား။ မယုံဘူးလား။” လို့မေးရင် “ယုံတယ်လည်း မဟုတ်ဘူး။ မယုံဘူးလည်း မဟုတ်ဘူး။ ဒါပေမယ့် ထုံးစံရှိသမျှတော့ ထုံးစံအတိုင်း လိုက်လုပ်ပေးမှာ ဘယ်ဟာမှ မကျန်စေချင်ဘူး” လို့ ပြောရမှာပဲ။ ကလေးဘ၀ကတည်းက အင်မတန် သရဲကြောက်တတ်တာဟာ ကိုယ့်အိမ်မှာ နာရေးဖြစ်ပြီး ဖအေတစ်ယောက်လုံးဆုံးတဲ့အခါ အမြစ်ပြတ်အောင် ပျောက်သွားတယ်။ ကိုယ့်ကို လာခြောက်မှာ စိုးလို့ မဟုတ်ဘူး။ လာမခြောက်မှာစိုးလို့ မျှော်မိတာ။ မဆုံးခင်ညက သူကိုယ့်ကို အင်မတန်မှ စိတ်မချသောမျက်လုံးကြီးနဲ့ ကြည့်တယ်။ သူရောကိုယ်ရော မနေရတော့ဘူးလို့ စိတ်ထဲမှာ အလိုလို ခံစားမိတယ်။ ဘာတွေပြောချင်နေခဲ့လဲ။ ဘာတွေ မှာချင်နေခဲ့လဲ။ လုံးဝ အစပျောက် ထွက်ခွာသွားမှာထက်စာရင် တစ်ပတ်ကလေးပဲဖြစ်ဖြစ်။ ၀ိညာဉ်အဖြစ်နဲ့ပဲဖြစ်ဖြစ် သည်အိမ်ထဲမှာ အတူတူ ရှိနေစေချင်သေးတယ်။ သူနှုတ်ဆက်လာမှာကလေးကို မြင်ချင်ကြားချင်နေသေးတယ်။ ထားပါတော့လေ။ ကိုယ့်အဖေဟာ ခုနှစ်ရက်ပတ်လုံး တစ္ဆေကြီးအဖြစ်နဲ့ သည်အိမ်ထဲမှာ ရှိနေသေးတယ်ဆိုရင် အဲသည်တစ္ဆေကို ကိုယ်တွေ့ချင်သေးတယ်။ တစ္ဆေဆိုတာ ဘ၀ချင်းခြားသွားတာပဲ ရှိတယ်။ ကြောက်စရာ မဟုတ်ဘူး လို့ ပထမဦးဆုံး နားလည်လာပါတယ်။

ဒါပေမယ့် ဘာအရိပ်အယောင်မှ မမြင်ခဲ့ရပါဘူး။ ဒါဆိုလည်း မယုံနဲ့ပေါ့။ အဓိပ္ပါယ်မှ မရှိတာ လို့လည်း မပြောနိုင်ပြန်ဘူး။ လောကကြီးမှာ လူတွေနားမလည်နိုင်တဲ့ အခြင်းအရာတွေ တကယ်ရှိတာ အမှန်ပါ။ တမလွန်မှာ သူစားရသလား မစားရသလားတော့ ကိုယ်သေချာမသိနိုင်ပါဘူး။ ဒါပေမယ့် သူ့အတွက် လိပ်ပြာခေါ်လာတဲ့ ဓါတ်ပုံရှေ့က နှင်းဆီပွင့်ကလေးနားမှာ ထမင်းတွေ ဟင်းတွေ ပြင်ထားပြီးရင် အသက်ရှိစဉ်က ထမင်းစားတုန်း ဘေးက ယပ်ခတ်ပေးရသလို စိတ်ထဲခံစားရပါတယ်။ အဖိုးဆုံးတုန်းက အဖွားက သူအင်မတန်ကြိုက်တတ်တဲ့ စီးကရက်ကလေးတွေကို သံဗူးလိုက် အခေါင်းထဲထည့်ပေးလိုက်တယ် လို့ ပြောတာကြားဖူးတယ်။ ဟိုက သောက်ရမသောက်ရ မသိပေမယ့် အဖွားကြည့်ရတာ လူချင်းတွေ့ပြီး ဆေးလိပ်ဗူးကမ်းပေးလိုက်ရသလို ကျေနပ်နေပုံရတယ်။ နောက်ဆုံးတော့ သည်အသေးအဖွဲကလေးတွေဟာ ယုံကြည်ချက်ဆိုတာထက်စာရင် အလွမ်းပြေလို့ ပြောရရင် ပိုမှန်ပါလိမ့်မယ်။ ရက်မလည်ခင် သည်တစ်ပတ်ကလေးပဲ လုပ်ခွင့်ရှိတာ။ မလုပ်လိုက်ရမှာစိုးလို့ လုပ်ကိုလုပ်တယ်။

အဖွားဆုံးတဲ့အခါ သူကအိမ်မှာ ဘယ်သူ့မှ လာမနှုတ်ဆက်ပါဘူး။ ဒါပေမယ့် ကိုယ်တို့နေ့တိုင်း ဆွမ်းချိုင့်ပို့နေကျ ဘုန်းကြီးကျောင်းကိုတော့ သွားတယ်။ ဘုရားတက်ကန်တော့တယ်။ အဲသည်ကျောင်းအိုကြီးက သူအမိုးမိုးထားတာ။ ကျောင်းတိုင်မှာ သူ့ဓါတ်ပုံချိတ်ထားတာရှိတယ်။ သူနဲ့အတူ ကလေးမလေးနှစ်ယောက် အဖော်ပါသတဲ့။ ဘုရားကန်တော့။ ဓါတ်ပုံရှေ့မှာ ရပ်ပြီး စကားပြော၊ ကျောင်းတစ်ပတ်ပတ်ကြည့်ပြီး ပြန်ဆင်းသွားသတဲ့။ ဆရာတော်ကြီးက မေးတာ ပြန်မပြောဘူးတဲ့။ ကိုရင်လေးကတော့ ကျောင်းပေါ်ကဆင်းပြေးသွားတယ်။ သေပြီးတဲ့သူကို အဲသလိုမျိုး မျက်စိနဲ့တပ်အပ်မြင်ရတာ တကယ်ရှိလို့လား။ ကြုံဖူးလို့လား လို့ မေးရင် ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အိပ်နေတာလား၊ နိုးနေတာလား မကွဲပြားတဲ့အချိန်မှာ ရိပ်ကနဲအနားရောက်လာတာ ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲသိလိုက်ပြီးတဲ့ နောက်တစ်နေ့ကျမှ “မရှိတော့ဘူး ဆုံးပြီ” လို့ သတင်းကြားတဲ့အခါ မအံ့သြတော့ဘူး။ တစ်ယောက်ယောက်ကို ၀င်ပူးပြီးပြောတာမျိုးတော့ သုံးလေးခါ မြင်ဖူးတယ်။ “ယုံတယ်”လို့ မပြောနိုင်ပေမယ့် “မယုံဘူး” လို့လည်း မပြောနိုင်ဘူး။ ဟိုမှာ သေပြီဆိုတာ အခု သူကိုယ်တိုင်လာပြောတော့မှ သိရတာ။ အလောင်းရှာမရသေးရင် သူပြောတဲ့နေရာမှာ ကန်တော့ပွဲပေးပြီး ရှာမှတွေ့တာ။ မျက်စိ၊ နား၊ နှာ၊ လျှာ။ ကိုယ်၊ စိတ် လို့ခေါ်တဲ့ အာရုံဒွာရတွေထဲမှာ စိတ်အာရုံဆိုတာကြီးက ဆန်းကျယ်တယ်။ ဘာမှန်းမသိပဲ အလိုလို ခံစားမိနေတဲ့အခါတွေ ရှိတယ်။ ကိုယ်နားမလည်နိုင်တဲ့ ကိစ္စတွေမှာ ယုံတယ်ဆိုရင်လည်း အယူသည်းလွန်းရာကျတယ်။ မယုံဘူးဆိုရင်လည်း တယူသန်ရာကျတယ်။ ယုံခြင်းနဲ့ မယုံခြင်းရဲ့ကြားမှာ ထုံးစံမပျက်ဆိုတာလေးကို စွဲပြီး ကြားထဲကနေတယ်။

“Life of Pi” ရုပ်ရှင်ကားကလေးကို ကြည့်မိတော့ ကိုယ်နဲ့သဘောချင်း ထပ်တာကလေးကိုတွေ့တော့ အသည်းထဲစွဲသွားတယ်။ ပင်လယ်ထဲမှာ ရက်ပေါင်း ၂၀၀ ကျော် လှေတစ်စင်းပေါ်မှာ ကျားတစ်ကောင်နဲ့အတူ အသက်ရှင်နေခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကိုက ယုံချင်စရာ မကောင်းဘူး။ သူပြောပြတဲ့အထဲမှာ မြင်းကျားကြီးတစ်ကောင်၊ ခွေးအတစ်ကောင်၊ အူရန်အူတန်ကြီးတစ်ကောင်ကလည်း ပါသေးတယ်။ ကြောင်ကတိုးတွေနဲ့ ပြည့်နေတဲ့ အသားစားကျွန်းမျောကြီးတစ်ခုကလည်း နားရှိလို့သာ ကြားရ။ စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ နားထောင်လို့လည်းကောင်းတယ်။ ဒါပေမယ့် ဘာသာလေးမျိုး ကိုးကွယ်တဲ့ ကုလားပေါက်စကလေး ပြောသမျှစကားတွေကို တရားဝင်စာနဲ့ပေနဲ့ မှတ်တမ်းစစ်ချက်ယူရတော့မယ်ဆိုတဲ့ ဂျပန်စုံစမ်းရေးအရာရှိကြီးတွေအတွက်တော့ ယုတ္တိဗေဒနဲ့ သိပ်လွတ်သွားရင် သူတို့ပါ အရူးဖြစ်ဖို့ ရှိတယ်။ သည်အခါမှာ ပီကပြောတာက “ခင်ဗျားတို့က ငှက်ပျောသီးတွေ ရေပေါ်ပေါ်တယ် လို့ ပြောတာလည်း မယုံဘူး။ ကျား နဲ့လူ တစ်လှေတည်းစီးခဲ့ကြတာကိုလည်း မယုံဘူး။ အရာရာ ယုတ္တိရှိမှပဲ ယုံချင်တယ်ဆိုရင် ဘုရားသခင်ကို ခင်ဗျားတို့ ဘယ်လိုယုံကြည်ကြမတုန်း။ သူ့ရဲ့ တန်ခိုးဗျာဋိဟာတွေကိုရော ဘယ်လိုယုံကြည်ကြမတုန်း။ ထူးထွေသည့်အံ့ရာသော်ဆိုတဲ့ Miracles တွေကို ဘယ်လို ယုံကြည်ကြမတုန်း။” တဲ့။ နောက်ဆုံးတော့ ပီလည်း အများလက်ခံနိုင်ဖွယ် ယုတ္တိရှိရှိဇာတ်လမ်းတစ်မျိုးကို ရိုးရိုးစင်းစင်းပြန်ပြောပြတယ်။ ဘာတစ်ခုမှ အဆန်းတကြယ်မပါဘူး။ စိတ်ဝင်စားစရာလည်း မကောင်းဘူး။ ဘယ်ဟာက တကယ့်အဖြစ်အပျက်မှန်ဆိုတာတော့ ပီတစ်ယောက်ပဲ သိမယ်။ နားထောင်တဲ့သူကတော့ ကိုယ်နှစ်သက်ရာကို အမှန်ယူနိုင်တယ်။ သူပြောသလိုပါပဲ။ ယုတ္တိကိုသိပ်ဦးစားပေးလွန်းသွားရင် ဘုရားသခင်ရဲ့ တန်ခိုးဗျာဋိဟာတွေကို သံသယ၀င်လာဦးမယ်။ အကြွင်းမဲ့ ယုံကြည်လွန်းပြန်တော့လည်း အယူသည်းရာကျဦးမယ်။ အစွန်းလွတ်ရုံကလေး မယုံ့တယုံနေတာပဲ ကောင်းပါတယ်။

မသာအိမ်ဆိုတာမျိုးက ရက်မလည်မချင်း တံခါးမရှိ ဓါးမရှိ ဖွင့်ထားရတာဆိုတော့ အရပ်ထဲက လူငယ်လူရွယ်များက ညရေးညတာ စောင့်အိပ်ပေးကြရတယ်။ ကိုယ်ကိုယ်တိုင်လည်း မိတ်ရင်းဆွေရင်းအိမ်က နာရေးရှိရင် သွားသွားစောင့်အိပ်ပေးဖူးတယ်။ အိမ်က အဖွားများအမေများကလည်း သူများအိမ် ညအိပ်ညနေလွှတ်လေ့မရှိပေမယ့် နာရေးကျတော့ ၀တ္တရားပျက်မှာစိုးလို့ ကြည်ကြည်ဖြူဖြူ လွှတ်တယ်။ တချို့အိမ်တွေက ကလေးတွေအပျင်းပြေ ဖဲကစားကြတာ ခွင့်ပြုတယ်။ ဘာမှမပြောဘူး။ ကိုယ်ကစိတ်ပါလို့ ရိုက်ချင်လည်း ၀င်ရိုက်၊ မရိုက်လည်း သူများဖဲရိုက်တဲ့ဘေးကနေ ၀င်ပါ။ ဘေးထိုး၊ အိမ်ရှင်တည်တဲ့ အစားအသောက်တွေစား၊ ရောက်တတ်ရာရာ လေတွေပန်းလို့လည်း နေတတ်တယ်။ ညလုံးပေါက် ငုတ်တုတ်ထိုင် စကားပြောကြတာဆိုတော့ တချို့သော ပါရမီရှင် ကိုလေအိုးကြီးတွေရဲ့ တော်ကီလွှတ်သမျှကို ပါးစပ်အဟောင်းသားနဲ့ နာကြားမှတ်သားရတာ အခါခါပါပဲ။ လူပျို ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သိသင့်သိအပ်သော ဗဟုသုတအ၀၀ကို အသုဘအိမ်စကားဝိုင်းတွေက ဟုတ်တာရော မဟုတ်တာရော နားရည်ဝခဲ့ရတယ်။ ရက်မလည်ခင်ညကျ မိန်းမ၀ိုင်းက ချက်ရေးပြုတ်ရေးမှာ တစ်ယောက်တစ်လက် ၀င်ပါရပြန်တော့ ကြက်သွန် ဘယ်လိုနွှာရတယ်။ ငါးဘယ်လိုနွှင်ရတယ်။ ဟင်းအိုးဘယ်လိုမွှေရတယ်။ ထင်းဘယ်လိုမီးမွှေးရတယ်။ အစရှိတဲ့ မီးဖိုချောင်စွမ်းရည်တွေပါ တစတစပြည့်ဝလာပါတယ်။ အသက်ကလေးရရလာပြီး မသာအိမ် အ၀င်အထွက်များလာတော့ အလောင်း ဘယ်လိုထုတ်ရတယ်။ သေစာရင်း ဘယ်ကယူရတယ်။ သင်္ချိုင်းမှာ ဘယ်လို ပြင်ဆင်ရတယ်။ ဆိုတာတွေပါ စပါယ်ရှယ်လစ်ဖြစ်လာရော။

အရပ်ထဲ နာရေးရှိတဲ့အိမ် ကူကြညီကြတယ်ဆိုတာ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သူအရွယ်ရောက်ပါပြီလို့ ကိုယ့်ရပ်ကိုယ့်ရွာမှာ လူရာဝင် လူလုံးပြတဲ့နည်းတစ်နည်းပါပဲ။ ဤနည်းအားဖြင့် နာရေးကူညီရင်း သိသင့်သိအပ်သော ထုံးတမ်းစဉ်လာများကို ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။ တရုတ်မသာဆိုရင် အ၀တ်ဖြူကလေးတွေဝတ်ပြီး ခနခန ကန်တော့ရတာ။ ဂုံနီအိပ်စကလေးတွေ ကပ်ထားရတာ။ ငွေစက္ကူလှေကလေးတွေ မီးရှို့ပေးရတာ၊ စိန်ရွှေငွေ အိမ်မြေကား အစေခံများပါမကျန် အရုပ်ကလေးတွေ မီးရှို့စရာလုပ်ထားပေးရတာ။ အသုဘယာဉ်အပြင် လိပ်ပြာအိမ်ဆိုတဲ့ ထမ်းစင်တစ်ခု သပ်သပ်ပြင်ရတာ။ ဘုံကျောင်းကလူကြီးတွေလာရင် ရှဲ့ရှဲ့ ရှဲ့ရှဲ့လုပ်ပြီး တစ်ခေါက်ပြန်ငိုပြကြရတာ အကုန်လုံး တီးမိခေါက်မိရှိလာပါတယ်။ မူဆလင်အိမ်က နာရေးကျတော့ ပလီခေါ်၊ နေ့ချင်း အသုဘချ၊ ဒဖ္ဖနာပြုပြီးတဲ့အခါ ဖျာကြီးတစ်ချပ်ပေါ်မှာ ကြွေခရုခွံတွေခင်းပြိး တစ်အိမ်လုံးး ပုတီးဝိုင်းစိပ်ကြတာ ဘေးက ၀ိုင်းကူပေးတာပေါ့။ ဟိန္နူအိမ်ဆိုရင် မြစ်ကမ်းနံဘေးမှာ ထင်းတွေပုံပြီး ပြာကျအောင် မီးတိုက်တာ စောင့်ရတယ်။ ခရစ်ယာန်အိမ်ဆိုရင် အသင်းတော်က စာအုပ်ကလေးတွေနဲ့ အဖဘုရားသခင် အိမ်တော်ရောက်သွားတဲ့ ကောင်းချီးဧရင့်တေးတွေ ၀င်ဆိုပေးတာပေါ့။ စာအုပ်မရလို့ ဘာမှ မရရင်တောင် အာမင်တော့ တတ်တယ်။ သေတဲ့သူက ဘာဘာသာကိုးကွယ်နေနေ၊ ကိုယ်နဲ့ဘာသာတူတူ မတူတူ၊ သူသွားချင်တဲ့ ကောင်းရာမွန်ရာကို ရောက်သွားဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က ၀င်ကူပေးတယ်။ အဲ့လိုလိုက်လုပ်ပေးလို့ ကိုယ့်သရဏဂုံ ညစ်နွမ်းသွားတယ် လို့ မထင်ပါဘူး။ ကိုယ့်အိမ်မှာ ကိုယ့်ဘုရား ကိုယ့်ဘာသာ ရှိခိုးတယ်။ ယုံလည်းယုံတယ်။ နာရေးက သွားလေသူအတွက် လုပ်ပေးတာ။ သူယုံကြည်ရာ သူ့ဘုရားဆီမှာ သူ့တမလွန် သူလှမ်းပါစေ။

ဘာသာအယူဝါဒနဲ့ ပတ်သက်လာရင်တောင် နာရေးကာလအတွင်းမှာ အစစအရာရာ လိုက်လျောဆောင်ရွက်ပေးနိုင်မှတော့ မယုံ့တယုံ မဟုတ်သော်ရှိ ဟုတ်သော်ရှိ ရပ်ဓလေ့ရွာဓလေ့တွေကို ပစ်ပယ်မနေတော့ပါဘူး။ ကိုယ်က ပြောင်းလဲပစ်နိုင်ရင်တော့ ကောင်းသားပေါ့။ နို့မို့ရင်တော့ သေလူတစ်ယောက်ဆုံးထားရရှာတဲ့ မသာရှင်တွေကို စိတ်အနှောက်အယှက် မဖြစ်စေချင်ပါဘူး။ မလိုလားအပ်တဲ့ မှားယွင်းတဲ့အယူဝါဒဟောင်းတွေကို လူတွေရဲ့စိတ်ကနေ သင်္ကာစင်ပြီး ပျောက်ကွယ်သွားအောင် လုပ်နိုင်တာတော့ ကိုကျော်သူတစ်ယောက်ပဲ တွေ့ဖူးပါတယ်။ အင်မတန် ကျက်သရေယုတ်တဲ့၊ မင်္ဂလာမရှိတဲ့၊ အမျိုးဇာတ်နိမ့်ပါးတဲ့ သုဘရာဇာ၊ စဏ္ဍာလ၊ ဒွန်းစဏ္ဍားဆိုတဲ့ အလုပ်ကို ဂုဏ်မငယ်ပါဘူး၊ မရှိမဖြစ်လိုအပ်တဲ့အလုပ်။ ကုသိုလ်ရတဲ့အလုပ်လို့ အပြောမဟုတ်ပဲ အလုပ်နဲ့ သက်သေပြသွားတယ်။ သူ့ရှေ့က ဘယ်သူမှ အဲ့လို မလုပ်နိုင်ခဲ့ဘူး။ (ဘဘဦးသုခကတော့ လမ်းညွှန်မှုပေးတာပေါ့) တကယ်လို့များ မြန်မာတွေရဲ့ အသုဘနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်မရှိသော အယူမှားအစွဲမှားများကို ပပျောက်အောင် သန့်စင်ပေးချင်တယ်ဆိုလည်း ကိုကျော်သူလို အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြကြရအောင်ပါ။ နောင်ဆိုရင် “မယ်ဘွဲ့ရလာပလား။ ကရောင်းလေးနဲ့ ဓါတ်ပုံရိုက်ပြီးရင် ကိုကျော်သူ့ဆီ အခေါင်းလေးနဲ့ တစ်ပုံပြေးရိုက်ချေဦး။ ဖေ့စ်ဘုတ်ပေါ်တင်ရအောင်။ တော်တော်ကြာ နင်လည်း ယမနေမယ် ဖြစ်နေဦးမယ်။” လို့ မသာဓလေ့အသစ်ပေါ်နေမှ ခက်ရချည်ရဲ့နော်။ အဟက် အဟက်။

မူရင်းရေးသားသူ

Dr.Soe Min

Tuesday, April 22, 2014

သဘာဝအတိုင်း ကြည့်ကောင်းတဲ့ ကိုရီးယားအမျိုးသမီး အနုပညာရှင် (၁၀) ဦး

ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေအပါအ၀င် အရွယ်ရောက်ပြီးသား မိန်းကလေးတွေဟာ မျက်နှာခွဲစိပ်မှုတွေ ပြုလုပ်လာကြတဲ့အပြင် အပြင်ထွက်တော့မယ်ဆိုရင် ပြင်ဆင်ခြယ်သမှုတွေကိုလည်း အချိန်ပေးပြုလုပ်လာကြပါတယ်။ ခုဖော်ပြပေးမယ့် အမျိုးသမီးအနုပညာရှင်တွေကလည်း ပလပ်စတစ်ဆာဂျူရီ ပြုလုပ်ထားတယ်၊ မထားဘူးဆိုတာကို ၁၀၀ ရာခိုင်နှုန်း မပြောနိုင်ပေမယ့် မပြင်ဆင်ဘဲ သဘာဝအတိုင်းနေရင်တောင် လှကြတဲ့သူတွေလို့ ပရိသတ်တွေရဲ့ မဲပေးခြင်း ခံရသူတွေပါ။ သူတို့တွေက ဘယ်သူတွေလဲဆိုတာ ကြည့်ကြရအောင်။
၁။ 2ne1 အဖွဲ့ဝင် Dara

၂။အဆိုတော် Younha

၃။မင်းသမီး Gong Hyo Jin

၎။Miss A အဖွဲ့ဝင် Min

၅။F(X) အဖွဲ့ဝင် Amber

၆။ မင်းသမီး Moon Geun Young

၇။Wonder Girls အဖွဲ့ဝင် Sohee

၈။Jeon Ji Hyun

၉။Lee Hi

၁၀။Yoon Mi Rae

သရုပ်ဆောင်လုပ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးပါဘူးလို့ ဆိုတဲ့ မော်ဒယ်Mဆိုင်းလူ

 စူပါမော်ဒယ်လည်းဖြစ်၊ ဖိုတိုမော်ဒယ်လည်း ဖြစ်တဲ့ မော်ဒယ်Mဆိုင်းလူကို လတ်တလောအနုပညာ လှုပ်ရှားမှုနဲပတ်သက်ပြီးတော့ မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘ညီမ လတ်တလောမှာတော့ ဖိုတို မော်ဒယ်အဖြစ်နဲ့ပဲ ရပ်တည်ဖြစ်နေပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ အတွဲလေးတွေ ရိုက်ဖြစ်တယ်။ ညီမအနေနဲ့ လက်ရှိမှာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ပဲ ရပ်တည်ဖြစ်သွားမှာပါ။ သရုပ်ဆောင်အနေနဲ့ကတော့ ညီမအတွက် အခွင့်အရေးရရင် ရသလို လုပ်သွားမှာပါ။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်တဲ့ အလုပ်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးပါဘူး။ သရုပ်ဆောင်လုပ်ဖို့အတွက် အများကြီး ကြိုးစားဖို့လိုပါသေးတယ်’လို့ သူမက ဆိုပါတယ်။

ကိုယ့်အနုပညာလုပ်တွေနဲ့ ပတ်သက်ပြီး အားမရသေးဘူးလို့ ပြောတဲ့ သရုပ်ဆောင် ခရစ္စတီးနား

 အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ တစ်ယောက်ပီပီ သူ့အတွက်လက်ရှိမှာ ကိုယ့်ကိုကိုယ် အောင်မြင်မှုရရှိဖို့ထက် အနုပညာနဲ့ ပတ်သက်ပြီး အခွင့်အရေး တစ်ခုရရှိဖို့ကိုသာ မျှော်လင့်နေရပါတယ်လို့ ဆိုလာသူကတော့ ခရစ္စတီးနားပဲဖြစ်ပါတယ်။ သူမကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ အနုပညာ အခွင့်အရေးအနေနဲ့ အပြည့်အဝရရှိခြင်း၊ မရရှိခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘ခရစ် လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။ သင်္ကြန်ပြီးနောက်ပိုင်း မေလလောက်မှာ ဘန်ကောက်ကို သွားဖို့ရှိပါမယ်။ မကြာခင် ထွက်ရှိထားတဲ့ သရဲမြို့တော်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇာတ်ကားလေး ရိုက်တုန်းက ခရစ်ကိုယ်တိုင်လည်း ကြိုးစား အားထုတ်ခဲ့ပါတယ်။ အဲဒီ့ သရဲမြို့တော်ကားလေးနဲ့ ပတ်သက်ပြီး အရမ်းကြီးတော့ ခရစ် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ ကြိုက်ကြတယ်၊ အားပေးတယ်လို့ သိရတော့ ခရစ်ကြိုးစားရကျိုး နပ်ပါတယ်။ ကျေနပ်မိပါတယ်။ ခရစ်ကတော့ ဒီထက်မက ကြိုးစားချင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အားမရသေးပါဘူး။ အနုပညာ အခွင့်အရေးတွေ အပြည့်အဝရရဲ့လားဆိုတာနဲ့ ပတ်သက်ပြီး ခရစ်ကတော့ ဇာတ်ရုပ်တွေ အများကြီး ရိုက်ချင်ပါတယ်။ အဲဒီ့လိုမျိုး ဇာတ်ရုပ်တွေ ရိုက်လာရဖို့အတွက် အခွင့်အရေးတွေကို စောင့်နေတာပါ’လို့ သူမက ပြောပြသွားပါတယ်။

အနုပညာ အလုပ်ပေါ်မှာ စိတ်နှစ်ထားတော့ လူမှုရေးအပိုင်းမှာ အားနည်းတာတွေ ရှိတယ်လို့ ဆိုတဲ့ အကယ်ဒမီ သက်မွန်မြင့်

 အနုပညာလမ်းကြောင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ သက်မွန်မြင့်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တော့ ‘သက်မွန် သင်္ကြန်မတိုင်ခင်က ကိုလူမင်းနဲ့ ရေချိုပင်လယ်ဆိုတဲ့ ကားလေးရိုက်ထားတယ်။ ဒါရိုက်တာ ကိုနေပိုင်ပါ။ အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ခင်ပွန်းကလည်း သူ့ရဲ့အလုပ်ပေါ်မှာ အရမ်းကြိုးစားတဲ့သူ ၊ သက်မွန်ကလည်း ကိုယ့်ရဲ့ အလုပ်ပေါ်မှာအရမ်းကိုကြိုးစား လုပ်ကိုင်တတ်တဲ့သူ ဆိုတော့ သူက သဘောကျတယ်လေ။ သက်မွန် ကာရိုက်တာ အစုံတော့ လုပ်ကြည့်ဖူးပါတယ်။ ဒါပေမဲ့ သက်မွန်ရိုက်ချင်တဲ့ ဇာတ်ရုပ်က အက်ရှင်ကားတွေ မရိုက်ဖူးသေးဘူး ဆိုတော့ ရိုက်ကြည့်ချင်တယ်။ အနုပညာသမား တော်တော်များများက အနုပညာအလုပ်ပေါ်မှာ လောဘရှိကြတာများတယ် ဆိုတော့ သက်မွန်အနေနဲ့ကရော လောဘဆိုတာက မှန်ကန်တဲ့ လောဘဖြစ်ရင်တော့ အကုန်အဆင်ပြေ ပါတယ်။ ကိုယ်ကလည်း လောဘရှိတဲ့သူထဲမှာ ပါပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံး ဖြစ်ချင်တယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ ကြည့်တဲ့အခါမှာလည်း သက်မွန်မြင့် သရုပ်ဆောင်တာကို သဘောကျတယ်ဆိုတာမျိုးပဲ ဖြစ်ချင်တယ်။ ကိုယ်က အနုပညာထဲမှာ တအားစိတ်နှစ်ထားတဲ့ အခါကျတော့ တစ်ခါတစ်လေ လူမှုရေးပိုင်းမှာ အားနည်းတာတွေရှိတယ်။ သင်္ကြန်ပြီးသွားတာနဲ့ မေမြို့မှာ ဗီဒီယိုကားရိုက်ဖို့ရှိပါမယ်။ အားပေးကြတဲ့ ပရိသတ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ သက်မွန်အိမ်ထောင်ကျပြီးပြီ ဆိုပေမဲ့ ကိုယ့်ရဲ့အနုပညာအလုပ် ကိုကြိုးစားပြီးတော့ ဆက်လုပ်သွားမှာပါ။ ပရိသတ်က ဆက်ပြီးအရင်လိုပဲ အားပေးချစ်ခင်ပေးကြပါ။’ လို့ သူမက ပြောပါတယ်။

ပရိသတ်ကသာ နံပတ်တစ် ဦးစားပေးပါလို့ ဆိုတဲ့ သရုပ်ဆောင် ဟိန်းဝေယံ

 လူငယ် ပရိသတ်တွေကြားမှာ အချစ်၊ ဖန်စီဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်တွေလက်ခံအားပေး နေတဲ့ စူပါမင်းသား ဟိန်းဝေယံကို အချစ်၊ဖန်စီကာရိုက်တာတွေနဲ့ အများဆုံး တွေ့မြင်ရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘ကျွန်တော့်ကို အချစ်၊ ဖန်စီကားတွေနဲ့ပဲ ပရိသတ်အများဆုံး တွေ့နေရတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖိုက်တင်ကား အဆန်းလေးတွေလည်း ရိုက်ပါတယ်။ ကိုယ်တိုင် ကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ကာရိုက်တာမျှအောင်တော့ ရိုက်ပါတယ်။ တစ်ချို့ဇာတ်ကားလေးတွေကတော့ ပရိသတ်တွေဆီ မရောက်သေးလို့ပါ။ ကာရိုက်တာ ကြမ်းကြမ်းနဲ့ ဟိန်းဝေယံဆိုတာ ဖျောက်ပြီး ရိုက်ထားပါတယ်။’လို့ သူက ပြောပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် တစ်ချို့အနုပညာရှင်တွေက မျှော်လင့်ချက်တွေထားပြီး အလုပ်လုပ်ကြတာကို တွေ့ရတယ်။ ဟိန်းဝေယံကရော အနုပညာနဲ့ ပတ်သက်ရင် ဘယ်လို မျှော်လင့်ချက်တွေ ထားလဲဆိုတော့ သူက ‘ကျွန်တော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီး ဟိုဟာကြီးဖြစ်ရမှ၊ ဒါဖြစ်မှရယ်လို့တော့ မျှော်လင့်မထားပါဘူး။ အဓိကကတော့ ပရိသတ်ကိုသာ နံပတ်တစ် ဦးစားပေးပါတယ်’တဲ့။

မကြာခင်မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ဇာတ်ကားတွေ ရိုက်သွားမယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ဘေဘီမောင်

 ခန္ဓာကိုယ် အချိုးအဆစ်အလှတွေနဲ့ သူမရဲ့ဖိုတိုရိုက်ချက်အလန်းစားတွေက ပရိသတ်တွေကို အရမ်းဆွဲဆောင်နိုင်ခဲ့တဲ့ မော်ဒယ်လ် ဘေဘီမောင်ကို လတ်တလော အနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ သူမက ‘ညီမ လတ်တလောမှာ သင်္ကြန်မရောက်ခင် နှစ်ပတ်လောက်က ကိုဟိန်းဝေယံ၊ မမိုးဟေကိုတို့နဲ့ ဇာတ်ကားတစ်ကား ရိုက်ထားပါတယ်။ ပြီးတော့ ကိုပြေတီဦး၊ မချစ်သုဝေတို့နဲ့လည်း ရိုက်ထားပါတယ်။ တစ်ခြား နောက်ထပ်ရိုက်ပြီးသွားလို့ ထွက်ထားတဲ့ ကားတွေရှိသလို၊ မထွက်ရသေးတာတွေလည်း ရှိပါတယ်။ ရှိုးပွဲတွေ တော်တော်များများ လျှောက်ဖြစ်တယ်။ မဝိုင်းစုရဲ့ အာဘွားဗီစီဒီအတွက် ရိုက်နေပါတယ်။ သင်္ကြန်ပြီးရင် ခေါင်းဆောင်မင်းသမီး နေရာကနေ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါမယ်။ ဘယ်ထုတ်လုပ်ရေးနဲ့ဆိုပြီး စာချုပ်ချုပ်ပြီး ရိုက်တာတော့ မဟုတ်ပါဘူး။ လပ်ကီးပဲလေ့စ် ထုတ်လုပ်ရေးကနေ ညီမကို တစ်ကားလောက် ရိုက်ကြည့်ချင်တယ်။ အဲဒီ့ကနေမှ ညီမရဲ့ကြိုးစားအားထုတ်မှု ရလာဒ်ကို ကြည့်ပြီးတော့ ဆက်ပြီး စီစဉ်ပေးသွားမယ်လို့တော့ ပြောပါတယ်’တဲ့။

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ

အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့
၁။လေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်သည်တွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲတွေ၊ မုဆိုးဖို၊ မုဆိုးမ စသူတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်း နည်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးမှာ တစ်ဦးအပေါ် တစ်ဦး နာလည်မှု မပေးနိုင်တာကြောင့် စိတ်ညစ်နေရသူတွေ၊ စိတ်ဓာတ်ကျနေသူတွေ ဆိုရင်တော့ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားနိုင်တာကိုလည်း သတိထားရမှာပါ။

၂။အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ အရိုးအဆစ်ပိုင်းဆိုင်ရာ ကျန်းမာမှုဟာ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ ဆက်နွယ်နေတယ်လို့လည်း ဆေးပညာပိုင်းဆိုင်ရာ သုတေသီတွေက ဆိုထားပါသေးတယ်။

၃။နောက်တစ်ချက်ကတော့ သောက်တတ်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲအမျိုးသမီးတွေထက် ပိုသောက်နိုင်လာပါတယ်တဲ့။ ဒါဟာ အမျိုးသားကြောင့်လည်း ဖြစ်နိုင်သလို၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည် အမျိုးသားတွေကကျတော့ အိမ်ထောင်ကွဲ အမျိုးသားတွေ သောက်သလောက်ကို မသောက်နိုင်တော့ဘူးလို့လည်း သိရပါတယ်။

၎။သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အချိုးအစားပိုင်း ပိုမိုလှပကြတယ်လို့လည်း သိရပါတယ်။ ငေးလောက်အောင် မလှရင်တောင် အိမ်ထောင်ပြုလိုက်လို့ ဖြစ်သလိုနေထိုင်သလိုမျိုး ပုံပျက်သွားတာမျိုး မရှိပါဘူးတဲ့။

၅။အိမ်ထောင်သည် အမျိုးသားတွေဟာ တစ်ကိုယ်တည်းသမားတွေထက် ၀ိတ်ပိုတက်လေ့ရှိတာမျိုးကိုလည်း သုသေတီတွေက စာရင်းပြုစုထားပါသေးတယ်။

သင် ကော်ဖီစွဲနေပြီလား

ကော်ဖီကို ကြိုက်လို့သောက်တာ၊ ကော်ဖီသောက်မှလန်းမှာမို့လို့ သောက်တာ၊ ကြုံလို့သောက်လိုက်ရတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကော်ဖီသောက်နေသူတွေထဲမှာ ကော်ဖီတကယ်စွဲမစွဲ ကိုယ့်ဘာသာကိုယ် သိချင်တယ်ဆိုရင် ဒီအချက်လေးတွေကို ကြည့်လိုက်ပါ။
(၁)မနက်ဆို ကော်ဖီမသောက်ရရင်စိတ်ကို မကြည်ဘူး။ ဘယ်သူနဲ့မှ စကားမပြောချင်ဘူးဆိုတဲ့သူမျိုးဆိုရင်။
(၂) ကော်ဖီဘယ်လောက်ကြိုက်သလဲဆိုရင် ကော်ဖီအရသာလေး နည်းနည်းရလိုက်တာနဲ့ ဒါဘာအမျိုးအစားလဲဆိုတာတောင် ခွဲခြားတတ်နေပြီဆိုတဲ့ သူမျိုးဆိုရင်။
( ၃)ရုံးမှာဆိုရင် အိမ်သာသွားချိန်ထက် ကော်ဖီသောက်ဖြစ်တဲ့အချိန်က ပိုများနေတဲ့သူမျိုးဆိုရင်။
(၄)ကော်ဖီဆိုတာနဲ့ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ပေးသောက်တတ်တဲ့သူမျိုးဆိုရင်။
(၅)ကော်ဖီဆိုင်ကသူတွေက ကိုယ့်နာမည်တောင် သိနေတဲ့အထိ ကော်ဖီဆိုင်သွားတတ်တဲ့သူဆိုရင်။
(၆) သူငယ်ချင်းတွေနဲ့ အရက်သောက်ခဲ့တာ ဘယ်အချိန်က နောက်ဆုံးမှန်းမသိတော့ပေမယ့် ကော်ဖီကိုတော့ တစ်နေ့ဘယ်နှစ်ခွက်သောက်ဖြစ်မှန်း တိတိကျကျ သိနေတယ်ဆိုတဲ့သူမျိုးဆိုရင်။
(၇) ကော်ဖီဟာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကြောင်းရေးထားတဲ့ စတိုရီတွေ၊ ဆောင်းပါးတွေတွေ့တာနဲ့ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်မှာ အမြဲ share နေတတ်သူမျိုးဆိုရင်။
(၈) ကော်ဖီနံ့လေး ရလိုက်တာနဲ့ စိတ်ထဲမှာ လန်းဆန်းသွားတတ်သူဆိုရင်။
အပေါ်ကအချက်တွေအတိုင်း သင်ပြုမူနေပြီဆိုရင်တော့ သင်ဟာ ကော်ဖီစွဲနေတာ သေချာပါပြီ။ ဒါ့ကြောင့် တစ်နေ့ကို ကော်ဖီ ဘယ်နှစ်ခွက်သာ သောက်သင့်တယ်ဆိုတဲ့ အချက်မျိုးတွေ သိထားရမှာဖြစ်ပြီး အလွန်အကျွံ မဖြစ်အောင်တော့ ထိန်းသိမ်းသင့်ပါပြီ။

သူ ကိုယ့်ကို အရူးအမူးဖြစ်နေတယ်ဆိုတာ သိစေတဲ့ အချက် (၁၀) ချက်

ကိုယ့်ချစ်သူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ကိုချစ်ခွင့်ပန်ထားတဲ့ ကောင်လေးတစ်ယောက်ကပဲဖြစ်ဖြစ် ကိုယ့်ကိုကြွေနေတဲ့အကြောင်း နည်းမျိုးစုံနဲ့ ပြသလေ့ရှိပါတယ်။ တစ်ချို့က လုပ်ဇာတ်တွေခင်းထားတဲ့ပုံ သိသာပါတယ်။ တစ်ချို့ကျတော့လည်း သူတို့ရဲ့ အမူအရာ၊ ပြောပုံဆိုပုံတွေကအစ ကိုယ့်ကိုကြွေနေမှန်း သိပ်သိသာနေတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအချက်တွေက ကိုယ့်ကိုကြွေနေမှန်း သိသာစေသလဲဆိုတော့
၁။တစ်ခါတစ်လေ အဲ့ဒီကောင်လေးရဲ့ အပြုအမူတွေက ရူးကြောင်ကြောင်နိုင်နေတယ်။ တစ်ခြားသူတွေနဲ့ဆို အဲ့ဒီလို မဟုတ်ပေမယ့် ကိုယ်နဲ့ဆို သူလုပ်ရပ်တွေက ရူးကြောင်ကြောင်ဖြစ်နေမယ်။ အဲ့ဒါကိုက သူမင်းကို အရူးအမူးဖြစ်နေတယ်ဆိုတာ သိသာစေတာပါပဲ။
၂။သူများကို မပြောဖူးတဲ့ အကြောင်းအရာတွေ ကိုယ့်ကိုဖွင့်ဟလာပြီဆိုရင်လည်း ကိုယ်ကသူ့အတွက် ဘယ်လောက်အရေးပါနေသလဲဆိုတာ ပြတဲ့သဘောပါပဲ။
၃။တစ်ခါတစ်လေ ကြုံဖူးနိုင်တဲ့ အဖြစ်အပျက်လေးပါ။ သူနဲ့ကိုယ် အတူတူရှိနေချိန် ကိုယ်က တခြားတစ်ဖက်ကို ငေးနေတုန်း ကိုယ့်ဆံပင်လေးကို ခိုးနမ်းလိုက်တာမျိုး၊ ဒီလို အပြုအမူက သူမနေနိုင်လောက်အောင် ချစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
၎။ကိုယ့်မိသားစုဝင်တွေနဲ့ ရင်းနှီးအောင် သူကြိုးစားနေပြီဆိုရင်လည်း သူဘယ်လောက်ကိုယ့်ကို အလေးထားနေသလဲ ဆိုတာ သိသာစေတာပါပဲ။
၅။သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်း ကိုယ့်ကို သိစေချင်နေတာမျိုးကလည်း သူကိုယ့်ကို တော်တော်ကြွေနေလို့ပါ။
၆။အရေးပါတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ ကိုယ့်ကိုထည့်တွက်ပေးတာမျိုးကလည်း သူကိုယ့်ကို အလေးထားတယ်ဆိုတဲ့ အကြောင်း ထင်သာမြင်သာရှိစေပါတယ်။ ဥပမာ သူအလုပ်အသစ်ရှာတာ၊ ဒါမှမဟုတ် သူအိမ်ပြောင်းတာမျိုးတွေမှာ ကိုယ်ကတော့ ဘယ်မှာနေလို့ သူက ဘယ်နေရာမှာနေမယ်၊ ကိုယ့်အလုပ်က ဒါဖြစ်နေလို့ သူလည်း ဘယ်လိုလေးဆို အဆင်ပြေမယ် စသဖြင့်ပေါ့။
၇။ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးမယ်။ ကိုယ်မှားနေရင်တောင် ကိုယ့်ဘက်ကပဲ ရှိနေပေးတဲ့သူမျိုးဟာ ကိုယ့်ကို ဘယ်လောက်ချစ်နေသလဲဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။
၈။ကိုယ့်ကိုချစ်တဲ့အကြောင်း မရှက်မကြောက်ပြောနေခြင်းမျိုးကလည်း သူတကယ်ကို စိတ်ပါနေလို့ပါ။ သေချာအောင်တော့ ချစ်စကားတွေ ပြောနေတဲ့အချိန် သူ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်တတ်ရမှာပေါ့။
၉။ကိုယ်စိတ်တို၊ စိတ်ပူရတဲ့ အကြောင်းအရာတွေဆို သူကတောင် ပိုစိတ်တိုနေတတ်တာမျိုးကလည်း သူကိုယ့်ကို ချစ်လို့၊ စိတ်ပူလို့ပါ။
၁၀။ဘယ်လိုအကြောင်းအရာကြောင့် ဖြစ်ဖြစ် ကိုယ့်ကို ပျော်ရွှင်အောင် သူ့နည်းသူဟန်နဲ့ ကြိုးစားခြင်းမျိုးကလည်း သူကိုယ့်ကို ကြွေနေလို့ပါပဲ။ ကိုယ်ကပြိုင်ပွဲတစ်ခုခုရှိနေတယ် ဆိုပါစို့။ သူ့အလုပ်မှာလည်း သူမရှိလို့ မဖြစ်တဲ့အရေးကြီးကိစ္စ ဆောင်ရွက်စရာရှိနေလို့ သူကိုယ့်ဆီကို မလာနိုင်ပေမယ့် အလုပ်ပြီးသွားတာနဲ့ ကိုယ့်အိမ်တန်းသွားပြီး နှစ်ယောက်သားစားဖို့ ချက်ပြုတ်ကာ ကိုယ့်ကိုစောင့်နေတာမျိုးပေါ့။ ဒါ ချစ်စရာလည်း ကောင်းပါတယ်။

ဂျင်းဘောင်းဘီတွေကို ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲ

ဂျင်းဘောင်းဘီ brand ရယ်၊ ကိုယ့်ဘောင်းဘီကို ဘယ်လိုထိန်းသိမ်းသလဲ ဆိုတာရယ်ပေါ်မှာ မူတည်သွားပါပြီ။ ဒီတော့ ဂျင်းဘောင်ဘီတွေကို တာရှည်ခံနိုင် ထိန်းသိမ်းရမယ့် နည်းလေးတွေ အားလုံးသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ဂျင်းဘောင်းဘီကို တစ်ခါဝတ်၊ တစ်ခါလျှော် မလုပ်ပါနဲ့။ သူက လျှော်တာနည်းလေ၊ အရောင်မလွင့်ပဲ ကြာရှည်ခံလေပါ။ နှစ်ခါ၊ သုံးခါ ၀တ်ပြီးလို့ လျှော်မယ်ဆိုရင်လည်း လက်နဲ့လျှော်လျှော်၊ စက်နဲ့လျှော်လျှော် ရိုက်လျှော်တာမျိုး၊ ဆောင့်ဆွဲတာမျိုးတွေ မလုပ်မိဖို့အရေးကြီးပါတယ်။ နောက်တစ်ချက်က အခြောက်ခံစက်ထဲ လုံးဝမထည့်မိဖို့ပါပဲ။
၂။ဖယောင်းသားလိုမျိုး ပါနေတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်လည်း မလျှော်တာအကောင်းဆုံးပါ။ အဲ့ဒီလို ဘောင်းဘီမျိုးကို အနံ့ပျောက်အောင်လုပ်ချင်တယ်ဆိုရင်လည်း ပလတ်စတစ်အိတ်ထဲထည့်၊ ပြီးတာနဲ့ ရေခဲသေတ္တာလို အေးတဲ့နေရာတစ်ခုခုထဲမှာ တစ်ညလောက်ထည့်ထားလိုက်ပါ။
၃။အရောင်ရင့်တဲ့ ဂျင်းတွေဆိုရင် အရောင်မလွင့်အောင် ရေအေးနဲ့ လျှော်ပါ။ အရောင်ဖျော့တဲ့ ဂျင်းတွေကတော့ ဘာနဲ့လျှော်လျှော် အိုကေပါတယ်။
၎။ဝယ်ထားတဲ့ ဘောင်းဘီကို မကြိုက်တော့လို့ ပြင်ဖို့အတွက် အပ်ချုပ်ဆိုင်သွားတော့မယ်ဆိုရင် ဘယ်လိုပုံစံပြင်မှာလည်းဆိုတာ ကိုယ့်ဘာသာကိုယ်အရင်စဉ်းစားပါ။ ပြင်လိုက်တဲ့ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ ဖိနပ် ကိုယ့်မှာရှိသလားဆိုတာလည်း ကြိုစဉ်းစားထားပါ။
၅။ချည်သား၊ လည်သာ စတာတွေနဲ့ ရောချုပ်ထားတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်တော့ ၀ယ်တဲ့အခါလိုက်နာဖို့ ညွှန်းထားတဲ့ အညွှန်းကို သေချာဖတ်ဖို့လိုပါတယ်။
၆။ကိုယ့်ဆီက ဂျင်းဘောင်းဘီကို ကိုယ့်ဘာသာကိုယ် အတိုဖြတ်ဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲ့ဒီဘောင်းဘီကို ဘယ်နေရာကဖြတ်မယ်ဆိုတာ သေသေချာချာ ခဲတံနဲ့ဖြစ်ဖြစ် လိုင်းတာပါ။ အဲ့ဒီနောက် ညှပ်မယ့်နေရာထက် နည်းနည်းအသားကိုပိုယူပြီး ညှပ်ပါ။ ဒါမှသာ အရမ်းတိုသွားတာမျိုး မဖြစ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ကိုယ့်မှာရှိပြီးသား ဘောင်းဘီကို ဖြတ်မယ့်ဘောင်းဘီပေါ်တင်ပြီး အတိုင်းယူစေချင်ပါတယ်။
၇။ဂျင်းဘောင်းဘီမှာ ဈေးကြီးတာကြောင့်  ကိုယ်နဲ့ပိုအဆင်ပြေပြီး၊ ဈေးပေါလို့ ကိုယ်နဲ့မလိုက်ဖက်တာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို သေချာရွေးဝယ်ပါ။ ကိုယ်ဘယ်လိုဒီဇိုင်းမျိုး လိုချင်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် သိအောင်လုပ်ပါ။
Ref:cosmopolitan.com

ပန်းရောင်လက်သည်း ခြယ်သရာဝယ်

လွယ်ကူပြီး ဆန်းသစ်တဲ့လက်သည်းအလှဒီဇိုင်းမျိုး ဖန်တီးကြည့်ချင်တယ်ဆိုရင်တော့ ပန်းရောင်လက်သည်းခြယ်သနည်းအသစ်ကို ပြောပြပေးလိုက်ပါတယ်။ လှလည်းလှ၊ အထာလည်းကျဆိုတော့ ပျိုမေတွေ နှစ်ခြိုက်ကြမှာပါနော်။

၁။ပထမဆုံးအနေနဲ့ လက်သည်းကို ကိုယ်လိုရာပုံသွင်းပါ။ လေးထောင့်၊ ဒါမှမဟုတ် ဘဲဥပုံသဏ္ဍန်စသဖြင့် ကြိုက်နှစ်သက်ရာပုံသွင်းပြီး base coat ဆိုးပါ။ အဲ့ဒီနောက်မှာတော့ ပုံမှပြထားတဲ့အတိုင်း အဖြူရောင် ထပ်ဆိုးလိုက်ပါ။
၂။အဲ့ဒီနောက်မှာ ကိုယ်ရွေးချယ်ထားတဲ့ ပန်းနုရောင်လက်သည်းနီကို ဆိုးလိုက်ပါ။ ဆိုးတဲ့အခါ အရင်းနားကို အနည်းငယ် ချန်ထားပြီး အဖျားတွေကိုတော့ အားလုံးဆိုးလိုက်လို့ရပါတယ်။
၃။တတိယအဆင့်အနေနဲ့ အဖြူရောင် အနားသတ်လေးတွေကို ပုံမှာပြထားတဲ့အတိုင်း ထပ်ဆိုးပေးပါ။ ဒီလိုဆိုးတဲ့အခါ သုံးတဲ့ ဘရက်ရှ်ကတော့ striper ဘရက်ရှ်ဖြစ်နေဖို့ လိုပါတယ်။
၎။အဲ့ဒါပြီးရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ top coat အကြည်လေးဆိုးပြီး အပြီးသတ်လိုက်ပါတော့။

ကိုယ့်ချစ်သူဟာ ရေရှည်လက်တွဲသွားဖို့ သင့်တော်တဲ့သူ ဟုတ်ရဲ့လား

ခုကိုယ်နဲ့တွဲနေတဲ့ ချစ်သူက မိသားစုတွေနဲ့ရော၊ သူငယ်ချင်းတွေနဲ့ပါ အဆင်ပြေတဲ့အပြင် သူ့အလုပ်အကိုင်နဲ့သူ တည်တည်ငြိမ်ငြိမ်လေးမို့ သူ့ကိုရေရှည်လက်တွဲသွားဖို့ စဉ်းစားနေပြီဆိုရင် သူကရော ကိုယ့်ကို အလေးထား၊ မထား ဒီလိုအချက်လေးတွေ ထည့်စဉ်းစားကြည့်ပါလား။
၁။သူက သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်ကို ရင်းနှီးစေချင်တယ်ဆိုရင်
လမ်းကြုံလို့ မဟုတ်ပဲ ကိုယ့်ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ကိုယ့်ကို ရင်းနှီးစေချင်လွန်းလို့ ဒင်နာမှာ အားလုံးကိုဖိတ်ပြီး ကိုယ့်ကိုတွေ့ပေးတာမျိုး၊ ဒါမှမဟုတ်လည်း သူငယ်ချင်းအားလုံး ဆုံတဲ့နေ့မျိုးမှာ ကိုယ့်ကို ခေါ်သွားပြီး မိတ်ဆက်ပေးတာမျိုးဆိုရင် သူဟာကိုယ့်ကို တကယ်အလေးထားမှန်း သိသာပါတယ်။
၂။ကိုယ်ပြောသမျှ  တော်တော်များများကို သူက မှတ်မိနေတတ်သူဆိုရင်
ကိုယ်က စနောက်ပြောလိုက်တာပဲဖြစ်ဖြစ်၊ အတည်ပြောလိုက်တာပဲဖြစ်ဖြစ် အားလုံး မဟုတ်တောင် တော်တော်များများကို သူက မှတ်မိနေတယ်ဆိုရင် ဒါဟာ သူကိုယ့်ကိုအလေးထားလို့ပါ။
၃။ ကိုယ့်မိဘတွေကို သူ့အကြောင်းခဏခဏ ပြောဖြစ်နေတယ်ဆိုရင်
အမှုမဲ့၊ အမှတ်မဲ့ပဲဖြစ်ဖြစ်၊ တမင်သက်သက်ပဲဖြစ်ဖြစ် သူ့ကောင်းကြောင်း ကိုယ့်မိဘတွေကိုပြောပြီး မိဘတွေဆီက အမှတ်တွေယူချင်နေပြီဆိုရင် ဒါဟာ ကိုယ့်မသိစိတ်ကရော၊ သိစိတ်ကပါ သူနဲ့ဘ၀ခရီးဆုံးထိ လက်တွဲသွားဖို့ စဉ်းစားထားနေတာကြောင့်ပါ။
၎။ကိုယ့်အလုပ်တွေကို အမြဲ စိတ်ဝင်စားတတ်သူဆိုရင်
သူက ကိုယ့်အလုပ်တွေကို ဘယ်လိုဖြစ်သင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာမျိုး အမြဲ အကြံပေးတတ်သူဆိုရင် ဒါကလည်း ကိုယ်ထည့်သွင်းစဉ်းစားပေးရမယ့် အကြောင်းပဲပေါ့။
၅။ပုံမှန်ဖုန်းခေါ်တတ်သူဆိုရင်
ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် မတ်ဆေ့ပို့တာမျိုး၊ ဖုန်းကနေ sms ပို့တာမျိုး မဟုတ်ဘဲ သူအပြင်ပဲရောက်ရောက်၊ ဘယ်သူတွေနဲ့ပဲရှိရှိ ကိုယ့်ဆီကို မပျက်မကွက် ပုံမှန်ဖုန်းခေါ်တတ်သူဆိုရင်တော့ ဒါဟာလည်း သူကိုယ့်ကို အလေးထားတယ်ဆိုတာ ပြသတာပါပဲ။
၆။ကိုယ့်ကိုအမြဲတမ်း အချိန်ပေးတတ်သူဆိုရင်
ကိုယ်နဲ့ပုံမှန်တွေ့နေကျ နေ့တွေအပြင် ကိုယ့်အတွက်ဆို အမြဲတမ်းအချိန်ပေးတတ်တဲ့သူ ဆိုရင်လည်း သူကိုယ့်ကို တန်ဖိုးထား ချစ်နေလို့ပါပဲ။
၇။ကိုယ့်မွေးနေ့အတွက် အလေးထား စီစဉ်တတ်သူဆိုရင်
ကိုယ့်မွေးနေ့မှာ ပြီးစလွယ် မွေးနေ့လက်ဆောင်လေး ပေးလိုက်တာမျိုးမဟုတ်ဘဲ ကိုယ်ပျော်ရွှင်ရအောင်၊ surprise ဖြစ်အောင် စီစဉ်ပေးတတ်သူဆိုရင်လည်း သူကိုယ့်အပေါ်ထားတဲ့ မေတ္တာဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။

ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် Appထွက်ပြီ

သင်သာ ကိုယ့်ချစ်သူက ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေ မက်နေလဲ ဆိုတာကို သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပါနော်။ ဒီလို သိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။
စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။
App နာမည်ကတော့ Sleep Talk Recorder ပါ။ လူတွေ အိပ်မောကျနေတုန်း ယောင်တာတွေကို နားထောင်ပေးပြီး ယောင်ပြီဆိုတာနဲ့ အသံစဖမ်းပေးမယ့် app ပါပဲ။
နံနက်ရောက်ပြီဆိုတာနဲ့ ညက ကိုယ့်ချစ်သူ ဘာတွေ ယောင်ထားတယ်ဆိုတာကို နားထောင်ပြီး ပြန်စစ်ဆေးလို့ ရစေမှာပါ။
Ref:dailymail.co.uk

ကျွန်တော်အခုနောက်ပိုင်း ပို့စ်တွေအမြဲတမ်းတင်တော့ပါမယ်

အခု သင်္ကြန်တွင်းပြီးသွားပြီဆိုတော့ ပို့စ်တွေပုံမှန်ပြန်တင်တော့မယ်နော် ကျွန်တော်ပရိတ်သတ်ကြီး အရာအားလုံးအဆင်ပြေနိုင်ပါစေဗျာ 

(ချမ်းမြေ့) ကောင်းကင်ကောင်လေးများအဖွဲ့

Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင် (သယ်ရင်းတွေအတွက်နော် )

(အမှန်အတိုင်းပြောရရင် ဒီနည်းကအရမ်းလွယ်ပါတယ် ဒါပေမဲ့ နည်းနည်းတော့ခက်တာပေါ့ သယ်ရင်းတွေ လေ့လာရအောင်လို့ပါဗျာ ) Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ …
အဲ ဒါပေမယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ

… ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် …
အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ …
Wi-Fi ချိတ်ထားဖို့ လိုပါတယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ …
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern
ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …
ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …
OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ရင် ဒီလိုလေးပေါ်လာမယ် …
ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ …
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် …
ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် …
ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …
အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???
PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
အားလုံးပဲ အဆင်ပြေကြပါစေဗျာ …