Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, April 28, 2014

ဇာတ်ကားတွေကို ရိုက်ရပြီးရော မဟုတ်ပဲ သေချာစီစစ်ပြီး ရိုက်ကူးနေတဲ့ နိုင်းနိုင်း

 အနုပညာလောကထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့ပြီး ဖြစ်သလို သူမသူဆိုပြီး ပရိသတ်တွေ စွဲလန်းခဲ့ရတဲ့ သရုပ်ဆောင်နိုင်းနိုင်းနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ အကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘အစ်ကို အခုရိုက်နေတာ ဝိဥာဉ်များ၏အိမ်မက်များ ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ အစ်ကို့ရဲ့ ကာရိုက်တာက ကျောင်းဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားပြီးသွားရင် စံပယ်မင်းထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါတယ်။ နောက်ပိုင်းမှာ ဇာတ်ကားတွေကလည်း ရိုက်ရပြီးရောဆိုပြီး ပြီးပြီးရော မရိုက်ချင်တာကြောင့် သေချာစီစစ်ပြီးမှ ဇာတ်လမ်းကြိုက်မှ ရိုက်ဖြစ်သွားမှာပါ။ ဇာတ်ကား တစ်ကားနဲ့တစ်ကား ဇာတ်အိမ်ထပ်တာ မျိုးတွေ မဖြစ်စေချင်ဘူး။ ကြည့်ရတဲ့ ပရိသတ်တွေအတွက်လည်း ငြီးငွေ့ပြီး ရိုးအီစေတယ်။’လို့ သူက ပြောပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment