Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 1, 2014

မျှော်လင့်၍မထားသော အချစ်စစ်

နီနီဟာ ဟိတ်ဟန်မများတဲ့ မိန်းမတစ်ယောက်ပါ။ ချစ်သူနဲ့ ၅နှစ်လောက်တွဲပြီးမှ လမ်းခွဲခဲ့သူပေါ့။ နောက်ထပ် ရည်းစား မထားတော့ဘူးလို့လည်း သူမ ဆုံးဖြတ်ထားတယ်။ လူမှန်နဲ့ တွေ့ပါစေလို့ သူမ ဆက်တိုက်၊ ဆက်တိုက် ဆုတောင်းနေခဲ့တယ်။ ဒါမဲ့ သူမအတွက်တော့ ထူးလာမယ့် ပုံမပေါ်ပါဘူး။
ယောကျာ်းတစ်ယောက် အတွက် သူမရဲ့ အရည်အချင်းကိုပြဖို့ ဆိုတာကလည်း ခဲယဉ်းပါတယ်။ ဒီလိုနဲ့ ၃နှစ်လောက် ဆုတောင်းပြီးတဲ့ လူမှား တစ်ယောက် (သူမ မကြိုက်တဲ့သူ) နဲ့ကြုံဆုံခဲ့တယ်။ သူမကို လက္ခဏာ တစ်ခုခုပြဖို့အတွက် ဘုရားထံမှာ ဆုတောင်းခဲ့တယ်။ နောက်နှစ်ပတ်လောက်ကြာတော့ လူငယ်တစ်ယောက် သူမရှေ့ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ သူမ မကြိုက်မနှစ်သက်ခဲ့ဘူး။ သူမအတွက်တော့ ဒါဟာ သူမ ဆုတောင်းထားတဲ့ အမျိုးသား မဟုတ်ဘူးလေ။ တစ်စုံတရာ ဖြစ်လာတဲ့အထိ သူမရဲ့ ခံစားချက်အစစ်တွေကို ငြင်းပယ်မြဲ ငြင်းပယ်နေခဲ့တယ်။ အဲ့ဒီ့ အမျိုးသားက သူမကို ချစ်ကြိုက်သွားတဲ့အခါမှာတော့ သူ့ကို အမှန်တွေ ထုတ်ပြောရဖို့ ဖြစ်လာတော့တယ်။
အဲ့ဒီ့နောက်မှာတော့ သူမတို့နှစ်ယောက် စုံတွဲဟာ ပြီးပြည့်စုံတဲ့ ချစ်သူတွေ မဖြစ်ခဲ့တောင် တပူးပူး တတွဲတွဲ ရှိနေခဲ့ကြတယ်။ သူတို့ရဲ့ အချစ်အတွက် ကြိုးစားခဲ့ကြတယ်ပေါ့။ သူတို့ရဲ့ ချစ်ခြင်းကို လက်မခံတဲ့သူတွေ ရှိပေမဲ့ ကြိုးစားပြီး ကြံ့ကြံ့ခံခဲ့ကြတယ်။
(အချစ်စစ်ဆိုတာ ဖန်တီးယူလို့မရပါဘူး။ ဆုတောင်းပြီး သူလေလား၊ သူလေလား ထိုင်မျှော်နေလို့လည်း မရပါဘူး။ သူကတော့ ငါ့အကြိုက်မဟုတ်သေးဘူး ဆိုပြီးတော့လည်း ငြင်းပယ်လို့မရပါဘူး။ အချစ်စစ်တို့မည်သည် မထင်မှတ်ထားသော အချိန်၊ မထင်မှတ်ထားသူတွေထံ ကျရောက်လာတတ်တယ်ဆိုတာ သိထားပါ။)
Ref:dulya.com

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment