Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 8, 2014

ချစ်သူတို့အတွက်..(ချစ်သူရှိရင် ဖတ်ဖြစ်အောင် ဖတ်နော်) အပိုင်း(၁)......ချမ်းမြေ့။

အချစ်ဆိုတဲ့အရာကို ဘယ်သူကမှအတိအကျပြောမပြနိုင်ပေမယ့် လူတိုင်းမှာတော့ ချစ်တတ်တဲ့နှလုံးသားဆိုတာ ရှိကြပါတယ်။ ဥပမာ ပြောရရင်တော့ မိဘက သားသမီးကိုချစ်တာ၊ကောင်လေးက ကောင်မလေးကိုချစ်တာပေါ့ဗျာ။ အခု ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကတော့ ချစ်သူစုံတွဲတိုင်း သိထားသင့်တယ် ထင်လို့ပါ.ဆရာကြီးလုပ်တာတော့ မဟုတ်ပါဘူးဗျာ.ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကို
သုံးသပ်ရင်း စေတနာနဲ့ ရေးပေးတာပါ.မိမိကိုယ်ကို သိတယ်လို့ ထင်ရင်တော့ ဆက်မဖတ်ထား အကောင်းဆုံးပေါ့.

လူသားတိုင်းဟာ အချစ်ဆိုတာ မွေးဖွားလာကတည်းက ကြုံတွေ့တာခဲ့တာပါ.ဒါပေမယ့် အဲဒီအချိန်မှာတော့ စွဲလမ်းခြင်းမရှိတဲ့ အေးမြလှတဲ့ အချစ်တွေနဲ့ပေါ့.
အသက် ၁၅နှစ်၁၆နှစ်လောက်ကြတော့ လူငယ်တိုင်းဟာ အချစ်ကိုရှာဖွေစူးစမ်းလာကြတယ်.
ဒါနဲ့ ပြဿနာက ဒီမှာစတာပေါ့ဗျာ.မြန်မာစကားပုံတစ်ခုရှိတယ်.
ရည်းစားဦးနဲ့ လွဲတတ်တယ်တဲ့။ကဲ..ဒီစကားမှန်သလာ
း။ ကျွန်တော်ကတော့ မှန်တယ်လို့ ယူဆတယ်. ကျွန်တော်လည်း လွဲခဲ့ဖူးတာဘဲ.ဒါကြောင့် မှန်တယ်လို့ ပြောတယ်လို့ မထင်ပါနဲ့။ဒါဆို ရည်းစားဦးနဲ့ ပေါင်းသင်းရသူတွေကောရှိလား ၊ ရှိပါတယ် ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်းနှုန်းက ပေါင်းသင်းရပါတယ် ၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အချစ်ဦး နဲ့ လမ်းခွဲရတာ ချည်းပါဘဲ ။ဒီတော့ ကျွန်တော် ဒီနေရာလေးမှာပြောချင်တာလေး ရှိပါတယ်။တကယ်တော့ ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်ဆိုတာ မရင့်ကျက်သေးတဲ့ အရွယ် ၊ စိတ်ကစားတတ်တဲ့အရွယ်တွေ ပါ ၊ ဒီအချိန်မှာ ဖြစ်လာတဲ့ ရင်ခုန်မှု ၊ ခံစားမှု ၊ တိုက်ဆိုင်မှုလေးတစ်ခုကို အချစ်လို့သတ်မှတ်လိုက်ကြတယ် ၊ လက်ခံလိုက်ကြတယ် ၊ ထူးခြားတဲ့ ခံစားမှုလေးတစ်ခုနဲ့ဘဲ အချစ်လို့သတ်မှတ်ပြီး ရည်းစားထားလိုက်တော့ ၊ အချစ်ဦးနဲ့ ကွဲတာ ရည်စားဦးနဲ့ ပြတ်တာတွေ ဖြစ်လာရတာပါ။ဒါပေမယ့် ၁၅နှစ်၊ ၁၆နှစ် ရည်းစားထားသူတွေမှ ဖြစ်တတ်တာလား။ ဒီလိုလည်း မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အထင် ပြောရရင် ပထမဆုံးအကြိမ်မို့လို့ အတွေ့အကြုံမရှိသေးလို့ ဖြစ်ရတာပါ.လူတွေ ရည်းစားထားကြတယ် ၊ ချစ်သူရှာကြတယ် ၊ တစ်သက်တာအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ် ၊ ဒါ သဘာဝပါ ၊ ကျွန်တော် အကြံပေးချင်တာလေးတွေရှိပါတယ် ၊ ချစ်သူတွေ စုံတွဲတွေ သိထားသင့်တာလေးတွေပါ ။
ချစ်သူ စုံတွဲတွေမှာ ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် ချစ်သက်တမ်း အစပိုင်းမှာ အချစ်ကြီးတတ်ကြပါတယ် ၊ မျက်စိအောက်က အပျောက်မခံတာတို့ ၊ သွားလေရာတကောက်ကောက် လိုက်တာတို့ ၊ တစ်ခုခုဆို ကိုယ့်ကိုဘဲ ရှေ့တန်းတင်စေချင် အရေးပေးစေချင်တာတို့ ၊ အထူးသဖြင့်ယောက်ျားလေးတွေမှာ အဖြစ်များပါတယ် ၊ မိန်းကလေးတွေမှာလည်းဖြစ်တက်ပါ
တယ် ၊ သ၀န်တိုတာ စသဖြင့်ပေါ့ ရှိတတ်ပါတယ် ၊ ဂရုစိုက်လွန်းအားကြီးတာပေါ့ဗျာ ၊ ဒီလိုမျိုးတွေ ဖြစ်နေတာကို ကိုယ့်ချစ်သူက နားလည်ပေးနိုင်ရင်တော့ကောင်းပါတယ် ၊ အော် ငါ့ကိုချစ်လို့ သူ ဒီလိုဖြစ်နေတာပါလား ဆိုပြီး နားလည်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ ၊ အဲ နားမလည်ပေးနိုင်ရင်တော့ ပြသာနာကြီးပြီ ၊ ကိုယ့်ချစ်သူက ကိုယ့်ကိုထင်လိမ့်မယ်
သူ ငါ့ကို မယုံလို့များ ငါ့နောက်တကောက်ကောက်လိုက်နေတာလာ
း ၊
 ငါ့နောက်တကောက်ကောက် လိုက်နေရအောင် ငါက အဲဒီလောက်တောင် မယုံကြည်ရတဲ့ သူဖြစ်နေပြီလား
ငါ့ကိုအဲလိုများ သတ်မှတ်ထားလားဆြိုပီး
ကိုယ့်ချစ်သူက ကိုယ့်ကို အထင်လွဲသွားတာလေးတွေ ဖြစ်လာနိုင်ပါတယ် ( သတိထားနော် အချစ်ကြီးသူတွေ ) ၊ ဒါဆို ကိုယ့်ချစ်သူကို ဂရုမစိုက်ဘဲ ပစ်ထားရမှာလား ၊ အဲလိုကြီးလည်းလုပ်စရာမလိုပါဘူး ၊ ဂရုစိုက်သင့်တဲ့နေရာမှာတော့ ဂရူစိုက်ပေးရပါမယ် ၊ ဥပမာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဂရုစိုက်တာမျိုး စသဖြင့်ပေါ့ ၊ ယုံကြည်သင့်တဲ့နေရာမှာလည်း ယုံယုံကြည်ကြည် စိတ်သန့်သန့်လေးနဲ့ ယုံကြည်ပေးသင့်ပါတယ် ၊ ကိုယ့်ချစ်သူကို ယုံကြည်သင့် သလား စိတ်ချသင့်သလား ဆိုတာ ကိုယ့်ချစ်သူရဲ့ နောက်ကြောင်း ၊ စိတ်နေသဘောထားပေါ်ကိုကြည့်ပြီး ဆုံးဖြတ်ရင် အကောင်းဆုံးပါ ၊ ဆုံးဖြတ်လို့ရပါတယ် ၊ နေရာတကာ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်မနေသင့်ပါဘူး ၊ သံသယလွန်ကဲတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာနဲ့အတူတူပါဘဲ ၊ဘုရားက တစ်ဘက်ထဲကိုပဲ ကြည့်စေချင်ရင် မျက်စိတစ်လုံးဘဲပေးထားမှာပေါ့ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူကို ကိုယ်ကိုယ်တိုင် သတ်မှတ်ပေးလိုက်တာဘဲ မယုံကြည်သင့်တဲ့သူ ၊ စိတ်မချရတဲ့သူလို့ ။

(သတိ)ယောက်ျားလေးများ သေချာဖတ်ရန်.........
မိန်းကလေးတော်တော်များများဟာ စည်းကမ်းတွေ ဘောင်တွေအောက်မှာ မနေလိုကြပါဘူး ၊ တချို့ စုံတွဲတွေမှာ ရှိပါတယ် ၊ ယောက်ျားလေးက ချစ်သူမိန်းကလေးကို တခြား သူစိမ်းယောက်ျားလေးနဲ့ စကားမပြောခိုင်းတာတို့ ၊ အပြင်သွားရင် သူမပါဘဲ မသွားရဘူးတို့ ၊ တခြား သူစိမ်းယောက်ျားလေးနဲ့ တွဲသွားတွဲလာ မလုပ်ရဘူးတို့ ၊ ဒါမျိုးတွေက တကယ်တော့ မဖြစ်သင့်ပါဘူး ၊
လူရယ်လို့ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင် ၊ လူ့ဘောင်အသိုင်းက၀ိုင်း ၊ လူမှုရေးဆိုတာရှိပါတယ် ၊ လူတွေထဲမှာ နေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတွေနဲ့တော့ ဆက်ဆံရမှာဘဲ ၊ နောင်တစ်ချိန် စီးပွားရေးလောကထဲဝင်ရင် ဘယ်လိုလုပ်မလဲ အမျိုးသား ၊ အမျိုးသမီး ခွဲခြားလို့မဖြစ်ဘူးလေ ၊ လူအသိုင်းအ၀ိုင်းထဲမှာနေတဲ့ အတွက် လူမှုရေးတော့ ရှိရမှာပေါ့ ၊ ဒီလိုဆိုတော့ ယောက်ျားလေးတွေက ပြောပါလိမ့်မယ် အဲဒါ နင့်ကို ချစ်လို့ ၊ နင့်ကို ချစ်လို့ဆိုပြီး ၊ တကယ်တော့ ချစ်တာမဟုတ်ဘူး ကိုယ့်ချစ်သူကို မယုံကြည်တာ ၊ နားလည်မှုမရှိတာ ၊ အဲလို စည်းတွေဘောင်တွေ သတ်မှတ်ထားမယ်ဆိုရင်တော့ သတိပေးလိုက်မယ်ဗျာ စည်းတွေဘောင်တွေ သတ်မှတ်ထားတတ်တဲ့သူများ ၊ မကြာပါဘူး သင်တို့ကိုခြေစုံကန်ပြီး ထွက်ပေါက်ရှာသွားပါလိမ့်မယ် ၊ မယုံရင်စောင့်ကြည့်နေပါ ကိုယ့်ကို စွန့်ခွာသွားပါလိမ့်မယ် ၊

 အပိုင်း (၂) ဆက်ရန်.......။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment