Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, April 28, 2014

ကာရိုက်တာနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားသရုပ်ဆောင်တယ်လို့ ပြောတဲ့ ကောင်းပြည့်

အနုပညာ ဖန်တီးမှုများနဲ့ ပတ်သတ်ရင် တစ်ကားနဲ့တစ်ကားမှာ မတူတဲ့ဇာတ်ရုပ်တွေနဲ့ မတူတဲ့ အိုက်တင်တွေကို ပရိသတ်တွေ အတွက် ကြိုးစားချပြလာတဲ့ ကောင်းပြည့်က လက်ရှိ သူရိုက်ကူးနေတဲ့ ဗီဒီယိုကားလေး အကြောင်းကို ပရိသတ်အားပြောပြလာပါတယ်။ ‘ခုရိုက်နေတဲ့ကားလေးက ဒါရိုက်တာက ကျော်ဇောလင်း (အတွေးပုံရိပ်) မင်းသမီးက မိုးယုစံပေါ့။ ကားနာမည်လေးက ချစ်သူနှင့်သင့်မြတ်ရေးပေါ်လစီတဲ့။ အဲဒီကားလေးထဲမှာ ကျွန်တော်က စပ်စပ်ထိမခံဘူး။ ကိုယ့်ကို တစ်ခုခုလုပ်သွားရင် ငြိမ်ခံနေတတ်ပေမဲ့ နောက်မှ ကလဲ့စားချေတတ်တဲ့ ကာရိုက်တာမျိုးပေါ့။ လူငယ်ဆန်ဆန် ကာရိုက်တာပေမဲ့ အစပိုင်းမှာအချစ်ကို မသိဘူး။ နောက်ကျမှ နားလည်သွားတဲ့ ပုံစံလေးပေါ့လို့ပြောပါတယ်။  သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး အခုနောက်ပိုင်းမှာတော့ ဇာတ်ရုပ်အတိုင်းကို စိတ်နှစ်ပြီး သေသေချာချာလေး ကြိုးစားဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုကိုယ့် ကောင်းပြည့်ဆိုတာကို သရုပ်ဆောင်တဲ့ချိန်မှာ စိတ်ထဲကနေ ထုတ်ထားလိုက်တယ်။ ကိုယ့်စိတ်ထဲမှာ ဖျောက်ထားလိုက်တယ်။ အဲဒီလိုသရုပ်ဆောင်ရင် ပိုပြီး ကာရိုက်တာ ၀င်အောင်လုပ်လို့ ကောင်းသလိုပဲ ခံစားရတယ်။ အရင်စစချင်းတုန်းကတော့ ထွက်တဲ့ကား တစ်ချို့တလေမှာ နဲနဲလိုနေသလိုလို ဘယ်နားကလိုလို့လိုမှန်းလဲ မသိဘူး။ လိုနေသလိုလိုတော့ ခံစားရတယ်။ ခုနောက်ပိုင်းတော့ ကြည့်တဲ့ ပရိသတ်တွေ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကာရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားသရုပ်ဆောင်ဖြစ်တယ်။ ဒီကားပြီးရင်တော့ မကြည်ဖြူရှင်နဲ့တစ်ကားရိုက်ဖို့ရှိပါတယ်’လို့  ကောင်းပြည့်က ပြောပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment