Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 8, 2014

ချစ်သူတို့အတွက်..(ချစ်သူရှိရင် ဖတ်ဖြစ်အောင် ဖတ်နော်) အပိုင်း (၂)

 စိတ်ကောက်တတ်သူများ
အထူးအဖြင့် မိန်းကလေးတွေ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြတယ် ၊ နားလည်ပါတယ် ကိုယ့်ချစ်သူရဲ့ ချော့တာလေးခံချင်လို့၊ နွဲ့ဆိုးလေးဆိုးချင်လို့ စိတ်ကောက်ကြတယ်ဆိုတာ ၊ ဒါပေမဲ့ဗျာ စိတ်ကောက်တိုင်းမကောင်းပါဘူး ၊ စိတ်ဆိုးသင့်တဲ့နေရာ ကောက်သင့်တဲ့နေရာမှာ ဘဲ ကောက်ပေါ့ ၊ နေရာတကာ တော့ အချော့ခံချင်လို့ စိတ်ကောက်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး ၊ ဒီနေရာမှာလည်း နားလည်မှုလေးတွေ လိုအပ်နေတာပါ အရာရာကို နားလည်ပေးပြီး အကောင်းမြင်လေးနဲ့ မြင်ပေးမယ်ဆိုရင်အကောင်းဆုံးပေါ

့ဗျာ ၊ ယောက်ျားလေးတွေကတော့ ပြောပါလိမ့်မယ် ဒီလိုဆိုးတာလေးတွေကိုဘဲ ချစ်နေတာ ၊ ကောက်တာလေးဘဲချစ်နေတာ ၊ နှုတ်ခမ်းဆူတာလေးဘဲ ချစ်နေတာ ဆိုပြီး လျှာရိုးမရှိတိုင်း ပြောပြပါလိမ့်မယ် ယောက်ျားလေးတွေ ယောက်ျားလေးတွေ ၊ ဒါမျိုးပြောတာတွေဟာ ဖြစ်နိုင်ပါတယ် ဟုတ်လည်းဟုတ်လောက်ပါတယ် စချစ်ခါစအချိန်မှာဆိုရင်ပေါ့ ၊ ခဏ ခဏ စိတ်ကောက်လွန်းရင်တော့ နောက်ပိုင်းမှာ အဖုအထစ်လေးတွေ ရှိလာပါလိမ့်မယ် ၊ စချစ်ခါစ မှာတော့ ချစ်လို့ ခွင်လွတ်ပေးနိုင်ပေမဲ့ ၊ ကြိမ်ဖန်များလာရင်တော့ သည်းခံနိုင်မှာမဟုတ်ဘူးနော် ၊ လူဘဲဗျာ ၊ ကျောက်တုံးမှ မဟုတ်တာ ၊ ကျောက်တုံးကျောက်ခဲတွေတောင်မှ ပွတ်ပါများရင် သေးသွား အမှုန့်ဖြစ်သွားသေးတာဘဲမဟုတ်လား ၊ သည်းခံနိုင်မှုဆိုတာ အတိုင်းအတာတစ်ခုအထိဘဲရှိပါတယ် ၊ နောက်ပိုင်းမှာ ကိုယ့်ကို ငြီးငွေ့သွားပြီး ထွက်ပေါက်ရှာသွားတာမျိုးတွေဖြစ်လာလိမ့်မယ်နော် (စိတ်ကောက်တက်သူများ သတိထား ) ၊ လူတိုင်းဟာ ခန္တီပါရမီနဲ့ ပြည်စုံတဲ့ လူတွေ မဟုတ်တဲ့အတွက် အရာရာကိုတော့ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး ။
ဥပမာပြောရရင်တော့
ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက် ကြိုးတစ်ချောင်းကို အစွန်းနှစ်ဖက်စီကဆွဲနေသလိုဘဲ နှစ်ဖက်လုံးက တင်းတင်းဆွဲရင် ကြိုးက ပြတ်ထွက်သွားမယ် ၊ နှစ်ဖက်လုံးလျော့လွန်းနေပြန်ရင်
လည်း ကြိုးကကြာလာရင် ဆွေးပြီးပြတ်သွားမှာဘဲ ၊ ဒီတော့ တစ်ဖက်ကတင်းရင် တစ်ဖက်ကလျော့ပေးလိုက် ၊ ဒီဘက်ကတင်းရင် ဟိုဘက်ကလျော့ပေးလိုက် ၊ ဒါဆိုရင် အဲဒီကြိုးဟာ ဘယ်နည်းနဲ့ မှ ပြတ်နိုင်စရာ အကြောင်းမရှိပါဘူး ချစ်သူတွေမှာလည်း တူတူပါဘဲ ၊ တစ်ဦးက တင်းနေရင် တစ်ဦးက လျော့ပေးလိုက်တာ အကောင်းဆုံးပါဘဲ ၊ နှစ်ဦးလုံးက တင်းနေရင်တော့ စိတ်မကောင်းစရာတွေဘဲ ဖြစ်လာပါလိမ့်မယ် ၊ အချစ်စစ်တို့လျှောက်ရမဲ့ လမ်းသည် ဘယ်သောအခါမှ မဖြောင့်ဖြူး ၊ သိပ်ကိုမှန်တဲ့စကားလေးပါ ချစ်သူတွေ လျှောက်ရမဲ့ လမ်းဟာ အလွန်ကြမ်းတမ်းပါလိမ့်မယ် ကြုံတွေ့လာမဲ့ ပြသာနာတွေ အခက်ခဲတွေ ကို ကြောက်ပြီး ပုန်းရှောင်တာမျိုးတော့ မလုပ်မိပါစေနဲ့ ၊ ကိုယ်ချစ်သူရှေ့မှာ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်လိုက်ပါ။
အထူးသဖြင့် ယောက်ျားလေးတွေကို ဦးတည်ပြောချင်ပါတယ် ၊
ချစ်သူတွေမှာ ပထမဆုံးကြုံတွေ့ရမဲ့ ပြသာနာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ နားလည်မှုဟာ ချစ်သူတွေအတွက် အလွန်အရေးကြီးပါတယ် ၊ သတိထားရမဲ့ အချက်ကလေးတွေ ရှိပါတယ် ၊ အမျိုးသားတွေ ကိုယ့်ချစ်သူနဲ့တွေ့တဲ့ အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောမိပါစေနဲ့ ၊ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားလေး ၊ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးကို အစဉ်ပြောပေးရပါမယ် ၊ အချိန်တိုင်းကြီး ၊ နေတိုင်း ပြောရမယ်လို့လည်း မဆိုလိုပါဘူး ၊ ပြောပါများလာရင်လည်း ရိုးသွာတာတွေ မလေးနက်တာတွေ ဖြစ်လာပါလိမ့်မယ် ၊ ကိုယ့်ချစ်သူရဲ့ မွေးနေ့ ၊ ကိုယ်ကို့ အဖြေပေးတဲ့ နေ့ အဲဒီနေ့ တွေကိုတော့ စွဲစွဲမြဲမှတ်ထားဖို့တော့ အရေးကြီးပါတယ် ၊ တခြားဟာတွေ အမှတ်မရရင် နေပါစေ ၊ ဒီ နှစ်ရက်ကိုတော့ ဦးနှောက်ထဲမှာ စွဲနေဖို့လိုအပ်ပါတယ် ၊ ကိုယ့်ချစ်သူအတွက် ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်း သိစေဖို့ မထင်မှတ်တာလေးတွေ ၊ အံသြစေတာလေးတွေ ကို မကြာခဏဖန်တီးပေးသင့်ပါတယ် ၊ ဒါမှလည်း ကိုယ့်ချစ်သူက ကိုယ့်ဆီမှာဘဲ စိတ်ရောက်နေမှာပါ သာယာနေမှာပါ ၊ တခြားသော သူစိမ်းတစ်ယောက်စီ စိတ်ရောက်နေတာမျိုးလုံးဝအဖြစ်
မခံပါနဲ့ ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကိုယ့်ဘက်မှာရှိနေဖို့ အလွန်အရေးကြီးပါတယ် ။
အရေးကြီးတဲ့ နောက်တစ်ချက် ၊ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု ၊ အလွန်အရေးပါ ပါတယ် ၊ (အသွင်တူမှ အိမ်သူဖြစ်မယ် ) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား ၊ အဓိပ္ပာယ်ကိုကော သေချာသိပါသလား ၊ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထားမတိုက်ဆိုင်တဲ့ ပြသာနာလေးတွေရှိပါတယ် ၊ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့ ၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့ ၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှားပြသာနာလေးတွေက အစ ပြသာနာရှာတက်ကြတယ် ၊ အသွင်တူမှအိမ်သူဖြစ်မှာ ဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်တာလွဲပြီး ဒီလိုပြသာနာလေးတွေ ဖြစ်လာတာပါ ၊ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ ၊ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာစဉ်းစားကြည့်ပါ အသွင်တူမှလို့ပြောတာပါ အကြိုက်တူမှ လို့ပြောတာ မဟုတ်ပါဘူး ၊ အသွင်တူတယ်ဆိုတာကလည်း ၊ သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဖြစ်အောင်လုပ်ပေးနိုင်တာေ
လးတွေ ၊ စတာတွေပါ ၊ အကြိုက်ချင်းတူမှ ဘာညာဆိုတာ အယူသီးမှုတစ်ခုပါဘဲ ၊ အသွင်တူဖို့ ဆိုတာကလည်း ၊ လူတွေဟာ မွေးလာကတည်းက လူတစ်ကိုယ် စိတ်တစ်မျိုး ဗီဇတစ်ခုစီပါလာတက်ကြပါတယ် ၊ ဒါကြောင့် လူလူချင်း အသွင်တူဖို့ဆိုတာ မလွယ်ပါဘူး ၊ ဒါဆို ဘယ်လိုမျိုး ဘယ်ချိန်မှာ အသွင်တူတယ်လို့ခေါ်နိုင်သလဲ ၊ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးလိုပါဘဲ ၊ လူတွေဟာ ကိုယ်နဲ့ နီးစပ်ရာကို အတုယူ ပြုမူ တက်ကြပါတယ် ၊ တခြားသော လူတစ်ယောက်နှင့် အနေနီးလေ တခြားသူရဲ့ အပြုအမူ ပြောပုံဆိုပုံတွေ ဟာ ကိုယ်ဆီမှာ ပါလာတက်လေပါဘဲ ၊ ကျွန်တော်ဆိုလိုချင်တာက ၊ ကိုယ်ချစ်သူနဲ့ စ ချစ်ခါစမှာတော့ ဘယ်လိုမှ အသွင်မတူနိုင်ပါဘူး ၊ ဒါကို စိတ်သောကတစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့ ၊ ဒါပေမဲ့ အချိန်ကြလာတာနှင့်မျှ ၊ ရည်စားသက်တမ်းကြာလာပြီး မိမိချစ်သူနဲ့အနေနီးလာတာနဲ့အမျှ ၊ သူ့ရဲ့ ပြောပုံဆိုပုံလေးတွေ ၊ သူလုပ်တက်တဲ့ အပြုအမူလေးတွေက ကိုယ့်ဆီမှာ လာပြီး ပြုမှုလာပါတယ် လုပ်ဆာင်လာပါတယ် ၊ အဲဒီအချိန်ကြမှဘဲ အသွင်တူမှ အိမ်သူဖြစ်မယ် ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ်ပေါ်လွင်လာတာပါ ။

အချစ်ဦးတို့အတွက်
တချို့ကျသော်လည်း ဒီလိုရှိတယ်ဗျ.ကျွန်တော့်သူငယ်
ချင်းတစ်ယောက်လည်း မိန်းကလေးတစ်ယောက်ကြောင့် စိတ်ခံစားခဲ့ရဖူးတယ်.ရှင်းရှင်းပြောရရင်တော့ အသည်းကွဲတာပေါ့ဗျာ.အဲဒီအချိန်မှာ သူကမိန်းမတွေကို မုန်းတယ်.ဘယ်သူတွေ ရှင်းပြရှင်းပြလက်မခံဘူး။ ဒီတော့ ကျွန်တော်လည်း မနည်းပြောပြခဲ့ရတယ် ။
ကျွန်တော်ပြောချင်တာကတော့ လောကမှာ မိမိအပေါ်နားလည်ပေးနိုင်တဲ့သူ ရှိသလို နားမလည်ပေးနိုင်သူလည်း ရှိနေနိုင်ပါတယ်။ဒါပေမယ့် ဒဏ်ရာတိုင်းမှာတော့ အမာရွတ်ဆိုတာ ကျန်စမြဲပါဘဲ။ဒါပေမယ့် ဒီအမာရွတ်ကိုကြည့်ပြီး အတိတ်က အရာတွေကိုတမ်းတနေမည့်အစား နောက်ထပ်တစ်ကြိမ် မကြုံနိုင်အောင် ဖန်းတီးတာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။နောက်ပြီး တယူသန်မုန်းတီးမှုဆိုတာ မထားရှိသင့်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။
ဒါ့ကြောင့် ချစ်သူတွေမှာ အရေးကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့နဲ့ ယုံကြည်မှုရှိဖို့ပါဘဲ ၊ ဒီနှစ်ချက်သာ သင်တို့ဆီမှာရှိမယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ဘ၀ခရီးကြမ်းကို ချစ်သူလက်တွဲပြီး အတူလျှောက်လှမ်းနိုင်မှာပါဗျာ။

ချစ်သူတိုင်း ပေါင်းဖက်စုံမက်နိုင်ပါစေ။ ဟိဟိဟိ  အဟိ အဟိ အဟိ

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment