Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 22, 2014

Voice mail လျှောက်ချင်တဲ့ သယ်ရင်းတွေအတွက် ကျွန်တော်တစ်ခုလက်ဆောင်ပေးပါရစေ

အရင်က ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းနဲ့ Voice Mail လျှောက်ထာ အဆင်မပြေဘူးဗျ သူက Error တက်နေတယ် လေ MPT နဲ့အလုပ်လုပ်ရတာအဆင်မပြေဘူးဗျ အဲဒါကြောင့် ကြံဖန်ကြည့်တော့ အွန်လိုင်းပေါ်ကအစ်ကိုတစ်ယောက်နဲ့စကားပြောဖြစ်သွားတယ်ဗျ အဲဒီ့မှာဆော့ဝဲလ်တွေအကြောင်းပြောဖြစ်တော့ သူက ဆော့ဝဲလ်တစ်ခုပေးတယ် စက္ကန့် ၃၀ နေရင် ဖုန်းကိုင်ပေးတဲ့ app လေးပါ

မိမိဆီဖုန်းလာတဲ့အခါ စက္ကန့် ၃၀ ကြာသည်ထိ မကိုင်ပါက အလိုလို answer လုပ်ပေးပြီး တစ်ဘက်မှပြော စကားများကို recording လုပ်ပေးထားပါလိမ့်မယ်…Notication bar မှာလည်း ဘယ်ဖုန်းနံပါတ်က လာတယ်၊ ဘယ်ဖိုင်မှာသိမ်းထားတယ် ဆိုတာတွေ့ရပါမယ်…အဲဒီဖိုင်ကိုဖွင့်ပြီး တစ်ဘက်ကမှာထားသမျှပြန် ဖွင့်ပြီး နားထောင်နိုင်ပါတယ်…APK ၂ခု install လုပ်ရပါမယ်။ CallRecorder.apk နဲ့ AnswerCall.apk ဖြစ်ပါတယ်…
CallRecorder.apk က အခြားသူရေးထားတဲ့ APK ဖြစ်ပါတယ်…AnswerCall.apk နဲ့တွဲသုံးရမှာဖြစ်ပါတယ်…
အားသားချက်ကတော့ MPT ကို Voice mail အသုံးပြုခလစဉ်ကြေးပေးစရာမလိုပါ…  အားနည်းချက်ကတော့ ဖုန်းလာတာကိုမသိလိုက်ဘဲ စက္ကန့် ၃၀ ကြာတဲ့အခါ အလိုလိုဖြေကြားပေးမှာဖြစ်တဲ့အတွက် မိမိဒီဘက်မှာ (မသိဘဲအမှုမဲ့အမှတ်မဲ့) ပြောဆိုနေမိသမျှ တစ်ဘက်ဖုန်းခေါ်သူကကြားသွားမှာဖြစ်ပါတယ်…
ချင့်ချိန်ပြီးသုံးကြပါ…
ဒါလည်း Voice Mail တစ်ခုမဟုတ်ဘူးလားဗျာ

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment