Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 1, 2014

သင်္ကြန်နီးလာရင် စိတ်တွေ လန်းဆန်းလာတယ်လို့ ပြောတဲ့ နန်းဆုဦး

 အနုပညာခြေလှမ်းတွေ ပိုစိပ်လာတဲ့ နန်းဆုဦးဟာ ခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ မနားတမ်းရိုက်ကူးလာရသူပါ။ သရုပ်ဆောင်ပိုင်းရော၊ ဖက်ရှင်ဘက်မှာပါ ပရိသတ်တွေ အားပေးလက်ခံလာတဲ့ သူမနဲ့ တွေ့ဆုံခိုက် သင်္ကြန်နဲ့ပတ်သက်တဲ့ ဖီလင်လေးတွေရယ်၊ ငယ်ဘ၀ စိတ်ခံစားချက်အကြောင်းလေးတွေပါ မေးမြန်းဖြစ်တဲ့အခါ ‘သင်္ကြန်နား ရောက်ခါနီးကျတော့ စိတ်တွေ လန်းဆန်းတယ်။ ဥပမာ ခရီးထွက်ခါနီး နားရတော့မဲ့ စိတ်ခံစားမှုလေးဆိုတော့ စိတ်လန်းဆန်းမှုကို ဖြစ်စေတယ်။ ဖြစ်နေကျ ဖီလင်တွေမျိုးတော့ မဟုတ်ဘူးပေါ့။ ထူးခြားနေတယ်။ အရင်နှစ်တွေတုန်းကတော့  သင်္ကြန်ဆိုရင် သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာ များတယ်။ ကားနဲ့လျှောက်လည်တယ်။ မဏ္ဍပ်တွေ ထိုင်ဖြစ်တယ်။ ဒီအလုပ်လုပ်တဲ့အခါ သူငယ်ချင်းတွေကို အချိန်သိပ်မပေးနိုင်တော့ဘူး။ အလုပ်က တနေကုန်ဆိုတဲ့အခါကျတော့လေ။ အလုပ်ဆက်တိုက် လုပ်ဖြစ်နေတဲ့ခါကျတော့ အလုပ်နဲ့ပတ်သတ်တာတွေကို ခေါင်းထဲထည့်ထားပြီး ပြန်စဉ်းစားတာမျိုးတွေပဲ ရှိပါတယ်။ ငယ်ဘ၀အမှတ်တရတုန်းကတော့ မှတ်မှတ်ရရ တစ်နှစ်ရှိခဲ့ဖူးတယ်။ အသက်၁၃နှစ်တုန်းက ဗုံးပေါက်တဲ့နှစ်ပေါ့။ မေမေက စိတ်မချလို့အပြင်ပေးမလွှတ်တော့ စိတ်ကောက်ပြီး သီချင်းနှစ်ပုဒ် ရေးဖြစ်သွားတယ်။ အဲ့ဒါကတော့ စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်နေမိတယ်။ ဒီနှစ်သင်္ကြန်က ဒီမှာပဲရှိရင်ရှိမယ်။ မရှိရင် ခရီးသွားဖြစ်မယ်ထင်တယ်။ မသေချာသေးဘူး။’လို့ သူမက ပြောပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment