Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 22, 2014

ပန်းရောင်လက်သည်း ခြယ်သရာဝယ်

လွယ်ကူပြီး ဆန်းသစ်တဲ့လက်သည်းအလှဒီဇိုင်းမျိုး ဖန်တီးကြည့်ချင်တယ်ဆိုရင်တော့ ပန်းရောင်လက်သည်းခြယ်သနည်းအသစ်ကို ပြောပြပေးလိုက်ပါတယ်။ လှလည်းလှ၊ အထာလည်းကျဆိုတော့ ပျိုမေတွေ နှစ်ခြိုက်ကြမှာပါနော်။

၁။ပထမဆုံးအနေနဲ့ လက်သည်းကို ကိုယ်လိုရာပုံသွင်းပါ။ လေးထောင့်၊ ဒါမှမဟုတ် ဘဲဥပုံသဏ္ဍန်စသဖြင့် ကြိုက်နှစ်သက်ရာပုံသွင်းပြီး base coat ဆိုးပါ။ အဲ့ဒီနောက်မှာတော့ ပုံမှပြထားတဲ့အတိုင်း အဖြူရောင် ထပ်ဆိုးလိုက်ပါ။
၂။အဲ့ဒီနောက်မှာ ကိုယ်ရွေးချယ်ထားတဲ့ ပန်းနုရောင်လက်သည်းနီကို ဆိုးလိုက်ပါ။ ဆိုးတဲ့အခါ အရင်းနားကို အနည်းငယ် ချန်ထားပြီး အဖျားတွေကိုတော့ အားလုံးဆိုးလိုက်လို့ရပါတယ်။
၃။တတိယအဆင့်အနေနဲ့ အဖြူရောင် အနားသတ်လေးတွေကို ပုံမှာပြထားတဲ့အတိုင်း ထပ်ဆိုးပေးပါ။ ဒီလိုဆိုးတဲ့အခါ သုံးတဲ့ ဘရက်ရှ်ကတော့ striper ဘရက်ရှ်ဖြစ်နေဖို့ လိုပါတယ်။
၎။အဲ့ဒါပြီးရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ top coat အကြည်လေးဆိုးပြီး အပြီးသတ်လိုက်ပါတော့။
Ref:cosmopolitan.com

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment