Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 22, 2014

မကြာခင်မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ဇာတ်ကားတွေ ရိုက်သွားမယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ဘေဘီမောင်

 ခန္ဓာကိုယ် အချိုးအဆစ်အလှတွေနဲ့ သူမရဲ့ဖိုတိုရိုက်ချက်အလန်းစားတွေက ပရိသတ်တွေကို အရမ်းဆွဲဆောင်နိုင်ခဲ့တဲ့ မော်ဒယ်လ် ဘေဘီမောင်ကို လတ်တလော အနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ သူမက ‘ညီမ လတ်တလောမှာ သင်္ကြန်မရောက်ခင် နှစ်ပတ်လောက်က ကိုဟိန်းဝေယံ၊ မမိုးဟေကိုတို့နဲ့ ဇာတ်ကားတစ်ကား ရိုက်ထားပါတယ်။ ပြီးတော့ ကိုပြေတီဦး၊ မချစ်သုဝေတို့နဲ့လည်း ရိုက်ထားပါတယ်။ တစ်ခြား နောက်ထပ်ရိုက်ပြီးသွားလို့ ထွက်ထားတဲ့ ကားတွေရှိသလို၊ မထွက်ရသေးတာတွေလည်း ရှိပါတယ်။ ရှိုးပွဲတွေ တော်တော်များများ လျှောက်ဖြစ်တယ်။ မဝိုင်းစုရဲ့ အာဘွားဗီစီဒီအတွက် ရိုက်နေပါတယ်။ သင်္ကြန်ပြီးရင် ခေါင်းဆောင်မင်းသမီး နေရာကနေ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါမယ်။ ဘယ်ထုတ်လုပ်ရေးနဲ့ဆိုပြီး စာချုပ်ချုပ်ပြီး ရိုက်တာတော့ မဟုတ်ပါဘူး။ လပ်ကီးပဲလေ့စ် ထုတ်လုပ်ရေးကနေ ညီမကို တစ်ကားလောက် ရိုက်ကြည့်ချင်တယ်။ အဲဒီ့ကနေမှ ညီမရဲ့ကြိုးစားအားထုတ်မှု ရလာဒ်ကို ကြည့်ပြီးတော့ ဆက်ပြီး စီစဉ်ပေးသွားမယ်လို့တော့ ပြောပါတယ်’တဲ့။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment