အောင်ကျော်နှင့် ခင်အောင်သည် ငယ်စဉ်ကတည်းက စားဖော်သောက်ဖက် နွားကျောင်းဖော် နွားကျောင်းဖက်၊ ရည်းစားပိုးသည့်အခါတွင်လည်း အတူတူ၊ သို့သော် အလွန်ချစ်ခင်ကြသည်။
ယခုရေးမည့် ဖြစ်ရပ်သည် ခင်အောင် သေဆုံးပြီးနောက်နေ့ပင်မကူးသေးပေ
သေဆုံးသူ ခင်အောင့်တွင် အကျင့်တစ်ခုရှိသည်။ စကားပြောလျှင်လက်တို့ လက်ပါ ပြီးပြောသည့် အကျင့်ပင်တည်း။
အောင်ကျော်သည် သေဆုံးသူ ခင်အောင်အား ညစဉ်ညတိုင်းလိုလို လာခေါ်လေ့ရှိသည်။ ထိုသို့လာခေါ်ရာတွင် အိမ်ထဲသို့ မ၀င်။ အိမ်ရှေ့မှသာ အော်ခေါ်တတ်သည်။
အောင်ကျော် စိတ်မကောင်းခြင်းများစွာဖြင့် ခင်အောင့်အိမ်မှ အပြန် ၀င်းပေါက်၏ အလွန်နားသို့ အရောက်တွင် လေတိုက်သံလိုက်လိုလို လေတိုးတာလိုလို ခံစားမိလိုက်သည်။ သို့သော် သစ်ရွက်မျှပင် မလှုပ်ပါချေ။
အောင်ကျော် နည်းနည်းတော့ လန့်သလို ဖြစ်သွားသည်။ ထိုမှ စိတ်ကို ပြန်တင်းပြီး သကာလ ခေါင်းငိုက်စိုက်ချလျက် ရွာလမ်းမကြီးအတိုင်း သူ့နေအိမ်သို့ ပြန်ခဲ့သည်။ သူနှင့် ကစားဖော် ကစားဖက် စားဖော်သောက်ဖက်၊ သူငယ်ချင်း ခင်အောင်သည် အားလုံးကို ကျောခိုင်းသွားခဲ့ပြီလေ။ ရင်ထဲတွင် တစ်ဆို့နေသည်။
" ဟာ .. ဟိုကောင် အောင်ကျော်ပါလား ၊ ဒီကောင့် ငါ့ကို အရင်လို အော်မခေါ်ပဲ ငါ့အိမ်ဝင်းထဲကတောင် ပြန်ထွက်လာပါရော အောင်ကျော် ဟေ့ အောင်ကျော် "
" .................. "
" ဟာ ဒီကောင် အောင်ကျော် ဘာတွေများ စိတ်ညစ်နေပါလိမ့်ကွာ ငါခေါ်တာကို မကြာဘူး ဟေးးးးကောင် အောင်ကျော် "
အောင်ကျော် ကား ရပ်၍ပင်မျှမကြည့်၊ ကြားလည်း မကြားပါချေ။
" ဟာ ဒီကောင်ကွာ ၊ ငါခေါ်နေတယ်ကွ အောင်ကျော်ရ " ပြောပြောဆိုဆို စကားပြောလျှင် လက်ပါတတ်သော ခင်အောင်သည် သူ့အား မမြင်ကျောခိုင်း၍ သွားသော သူငယ်ချင်း အောင်ကျော်၏နောက်သို့ လိုက်သွားရင်းမှ " ဟေ့ကောင် " ဟု ပြောပြောဆိုဆို အောင်ကျော်၏ နောက်ကျောသို့ !!! ဘုန်း !!!!
!!!! အားးးးးးးးးးးးးးးးးးးးးးးးးး !!!! " မှတ်ပလားကွ၊ ငါခေါ်တာကို မကြားတဲ့ကောင် "
ကျောပြင်တွင် ပူကနဲ့ ဖြစ်သွားပြီးနောက် အောင်ကျော်မှာ ရှေ့သို့ မှောက်ထိုးလဲကျသွားသည်။ ခင်အောင်သည် သူလက်လွန်သွားတာကို သိသည်နှင့် လဲကျသွားသော အောင်ကျော့်ဘေးနားသို့ ရောက်ရှိသွားပြီး အောင်ကျော်အား ဆွဲထူရန် လက်လှမ်းလိုက်စဉ် သူ၏ လက်တို့သည် အောင်ကျော့်အား ဆုတ်ကိုင်၍ မရကြောင်း သိလိုက်ရတော့သည်။
" ဟာ ဘယ်လိုဖြစ်တာလဲ ၊ ဟာ ငါ ... ငါ ... ဘယ်နှယ့်ပါလိမ့်၊ စောစောကပဲ ငါရိုက်လိုက်လို့ ဒီကောင် မှောက်ထိုးကျသွားသေးတာ အခု ငါ ... ငါ သူ့ကို ကိုင်မရတော့ပါလား ၊ ဟေ့ကောင် အောင်ကျော် ထကွာ ဆောရီးကွာ ငါ လက်လွန်သွားတယ် တောင်းပန်တယ် သူငယ်ချင်း ထထ "
ခင်အောင်သည် ပြောပြောဆိုဆို အောင်ကျော်အား ထပ်မံ၍ ထူပွေ့ပြန်သည်။ သို့သော် သူ့လက်များသည် အောင်ကျော့်ပခုံးကိုသာ ကျော်သွားပြန်လေသည်။ အောင်ကျော်ကား သတိလစ်နေပေပြီ။
" ၀ုတ် .. ၀ုတ် .. ၀ုတ် " ခွေးဟောင်သံများက ဆူညံလှသည်။ ခွေးများသည် ခင်အောင့်ဘေးနားသို့ ပတ်ခြာလည်ထိုး၍ ဟောင်နေသည်။
တောင် .... တောင် .... တောင် ..... ရပ်ထဲမှအခေါ် ဘထွေးလေး ဦးသင်း သည် တောင်ဝှေးလေး ကိုင်ပြီး ထိုနေရာသို့ လမ်းလျှောက်လာလေသည်။
" အယ် ... ခွေးတွေ ဟောင်လှချည်လားဟ သွားစမ်း ရှူး ရှူး " ဘထွေးလေးမှ လမ်းလျှောက်ရင်း ခွေးမောင်းရင်း သူတို့နားသို့ ရောက်လာလေသည်။ သို့သော် မျက်စေ့မှုန်သော ဘထွေးလေးသည် ညအချိန်တွင် ပို၍သာ မမြင်ပေ။ ထို့ကြောင့် မှောင်ထဲတွင် တောင်ဝှေးအားကိုးဖြင့် ၀ိုးတ၀ါးသာ စမ်း၍သွားနေခြင်းဖြစ်သည်။
ခင်အောင့်အသုဘကို မေးရန် ၀င်းအတွင်းသို့ လှမ်းဝင်သွားမည်အပြု ..... ခင်အောင်မှ " ဘထွေးလေး ဘထွေးလေး ခဏ ခဏ ရှေ့မှာ အောင်ကျော်လဲနေတယ်ဗျ။ ကျုပ်လည်း သူ့ကို ကိုင်လို့မရတော့ဘူး၊ ဘာတွေလဲဗျာ ကျုပ်ကို ပြောစမ်းပါဦး ရှေ့မှာ အောင်ကျော်လဲနေတယ် ခလုတ်တိုက်မိဦးမယ်ဗျ "
ဘထွေးလေးသည် ရှေ့မှ ကာထားသော ခင်အောင်အား ၀င်တိုက်သွားလေသည်။ သို့သော် ဘထွေးလေး ယိုင်မသွားပါ။ ခင်အောင်မှာ သူ့ခန္ဓာကိုယ်အား ဖြတ်ဖောက်တိုးဝင်သွားသော ဘထွေးလေးကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့သည်။
!!! ဘုတ် !!! " ဟဲ့ အနိစ္စ၊ ဘာကြီးတုန်း ၊ မှန်း .... ဟေ ... အောင်ကျော်ပါလားဟ၊ ဟ ကောင်လေး၊ ခင်အောင်သေလို့ မင်း အဲသလောက် သောက်ရသလားဟ ထစမ်း ထထ "
" ဟင် !!! ခင်အောင်သေလို့ ဆိုပါလား၊ ဟာ ငါ ... ငါ ... ငါသေသွားပြီလား "
ဘထွေးလေးသည် ခင်အောင်၏ အိမ်ထဲသို့ လှမ်းအော်ခေါ်သည်။ လူများထွက်လာသောအခါ လဲကျနေသော အောင်ကျော်အား တွေ့လိုက်လေသည်။ အောင်ကျော်ကား သတိပင် မလည်သေးချေ။
" သြော် အောင်ကျော်နှယ် ခုလေးတင် အိမ်ပြန်တော့မယ်ဆိုပြီးတော့ မျက်ရည်လေး စို့တို့ စို့တို့နဲ့ အခုတင်ထွက်သွားတာဗျ ... ဘယ့်နှယ် အိမ်ပေါက်ဝနားကျမှ လဲကျရတယ်လို့၊ " " သားရေ .. လူလေးခင်အောင် .. မင်းသူငယ်ချင်း မင်းကို ဘယ်လောက်ခင်တွယ်သလဲ ထကြည့်ပါဦး ခင်အောင်ရဲ့ အဟီးအီး " " ဟာ ဒါ .. ငါ့ အမေအသံပဲ အိမ်ထဲကနေ အော်ငိုနေတာ "
" ကဲကဲ လုပ်ကြဟေ့ အောင်ကျော့်ကို လာထမ်းကြဦး၊ ရွာကျောင်းက ဆရာတော်ဆီပို့ကြစမ်း၊ ကြည့်ရတာ ပုံမှန်တော့ မဟုတ်လောက်ဘူးနော်၊ စောစောက ကြားကြလား ခွေးတွေ အူလို့ "
" အဖေ ၊ အမေ့ ၊ ဟာ ... ဘထွေးလေး၊ လုပ်ကြပါဦး ကျုပ်လေ ခင်အောင်လေဗျာ ၊ အာ .... ကျုပ်ပြောတာ ဘာမှလည်း ပြန်မပြောကြဘူး "
..............................
ခင်အောင့်လက်ချက်ဖြင့် လဲကျနေသော အောင်ကျော်အား ခင်အောင့်ဖခင်မှ ထမ်း၍ ရွာဦးကျောင်းဆရာတော်ထံသို့ ပို့လေတော့သည်။ ဆရာတော့်ဆီရောက်သည့်တိုင် အောင်ကျော်ကား သတိမလည်လာသေး။
ဆရာတော်မှ ရေမန်းအဓိဌာန်ဖြင့် အောင်ကျော်တစ်ကိုယ်လုံးအား ပက်ဖြန်းလိုက်သောအခါမှ .... " အား ... နာတယ် နာတယ် " ငြိမ်သက်နေရာမှ ရုတ်တရက် ထအော်လေတော့သည်။
" ကလေး အောင်ကျော် သတိထားနော် ... မင်း ဘယ်မှာနာတာလဲ ဘယ်နားတုန်း နာတာက " " ကျုပ် ကျော ... ကျုပ်ကျောကို ခင်အောင် ပုတ်တယ်ဗျ၊ ဒီကောင် ကျုပ်ကို ဒေါသတကြီး အော်တာကိုလည်း ကြားလိုက်တယ်။ သေချာတယ် ဒီကောင့်အသံ။ ဟေ့ကောင် မင်း ငါ့ကို ဘာမှ မလုပ်နဲ့နော် မင်း မနောက်နဲ့ " အောင်ကျော်မှာ ကယောင်ကတမ်းဖြင့် လျှောက်အော်နေလေသည်။
" ကဲ ဒကားလေး ကျောကို ဘဘုန်းကို ပြစမ်းပါဦး၊ သည်းခံကွယ်၊ စိတ်ငြိမ်ငြိမ်ထား ဒကာလေး " ဘထွေးလေးမှ အောင်ကျော့်အကျီ င်္အား ပင့်တင်လိုက်သော အခါဝယ် ...
အောင်ကျော့် ကျောပြင် ခလယ်တည့်တည့်နေရာတွင် ကားကားကြီးအနေအထားဖြင့် ထင်လျက်ရှိသော ညိုပုတ်ပုတ် လက်ငါးချောင်းရာကို တွေ့ရလေတော့သည်။
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment