> လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-
>
> အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
> အမျိုးသမီး- ဟင်းနော်....ထားသွားလိုက်ရမလား?
> အမျိုးသား- အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
> အမျိုးသမီး-- တကယ် ချစ်ရဲ့ လားဟင်?
> အမျိုးသား- ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
> အမျိုးသမီး- ကျွန်မကို အရူးလုပ်မှာလား
> အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
> အမျိုးသမီး- ကျွန်မကို နမ်းချင်သလား ဟင်?
> အမျိုးသား- အချိန်မရွေးပဲ
> အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
> အမျိုးသား- မင်းရူးများရူးနေလားကွာ
> အမျိုးသမီး- ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
> အမျိုးသား- အင်း
> အမျိုးသမီး- မောင်ရယ်...
>
> လက်ထပ်ပြီးတဲ့အခါ....
>
> အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ ဒီအတိုင်းပါပဲ။
တုံးလို့ကြိုက်
ဧဒင်ဥယျာဉ်တွင်ဖြစ်သည်။
အာဒံက ဘုရားသခင်ကိုမေး၏ ။
" ဘာကြောင့်များ ဧဝကို သိပ်လှအောင်ဖန်တီးခဲ့ရတာလည်း ဘုရား"
" မင်း အာရုံစိုက်မိအောင်လို့"
"ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှ မင်း သူ့ကိုချစ်မိမှာပေါ့"
ဤအချက်ကို အာဒံသည် ခေတ္တမျှစဉ်းစား၏ ။
"ဒါဖြင့် ဘာကြောင့်များ ဧဝကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှပဲ မင်းကို ကြိုက်တော့မှာပေါ့ကွာ"ဟူသတည်း...။
ငါ့ဟာကွ
ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်အိပ်ခန်းကို
ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြငွေသည်
တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏ ။မန်နေဂျာက ထိုအခန်းသို့
သမီးရည်းစား စုံတွဲတတွဲအတွက် နေရာပေးလိုက်၏ ။ မိမိနေရမည့်
အခန်းသို့ရောက်ခါမှ ယခင်အခန်းတွင် ကုတင်ခြေရင်း၌ မိမိ၏
ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏။ထို့ကြောင့် ထီးပြန်ယူရန်
ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက် တံခါးသို့အရောက်တွင် အတွင်းမှ
သမီးရည်းစားစုံတွဲ၏ စကားပြောသံများကို ကြားရသဖြင့် ခေတ္တနားစွင့်မိ၏ ။
" ခင်ရယ်၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလည်းဟင်"
" အို...မောင့်ဟာပေါ့ မောင်ကလည်း.."
" ဟောဒီ သမင်မျက်လုံးလေးကရော"
" မောင့်ဟာပဲပေါ့"
" ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်"
" မောင့်ဟာ၊မောင့်ဟာ"
" ဒီဆင်ဆွယ်လို လက်မောင်းလေးကရော"
" အို ...မောင့်ဟာပဲပေါ့"
ထိုကဲ့သို့ မေးလာရာ ပဉ္စငါးပါး ကုန်ခါနီးလာ၏ ။ အပြင်ကနားထောင်နေသော
ကိုမြငွေ အတော်ကို စိုးရိမ်စိတ်ဝင်လာ၏ ။ ထို့ကြောင့် အပြင်မှ နေ၍
လှမ်းအော်ပြောလိုက်လေ၏ ။
"အထဲက ကျေးဇူးရှင်လေး၊ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့
မင်းဟာမဟုတ်ဘူးနော်၊ အဲ့ဒါ ငါ့ဟာကွ" တဲ့.....
ကျုပ်ကိုလည်း ကုပေးပါလား
ပန်းခြံတစ်ခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ
ထိုင်နေ၏ ။ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏ ။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို အဘိုးကြီး အတိုင်းသား
ကြားနေရ၏ ။
"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်.."
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏ ။ ထို့နောက်..
"မူးသေးလားဟင်..."
"ဟင့်အင်း၊ ပျောက်သွားပြီ..."
အတန်ကြာသောအခါ မိန်းခလေးက..
"မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ..."
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ ။
"ဘယ်လိုနေသေးလည်း"
"အင်း၊ သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏ ။ တစ်ဖက်တွင် ထိုင်နေသော
အဖိုးကြီး အတော်ကို နားကြားပြင်းကပ်လာ၏ ။ ထို့ကြောင့် လှမ်းပြောလိုက်၏ ။
"ဟေ့ ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွာ၊ ဦးမှာ
လိပ်ခေါင်းဖြစ်နေလို့" တဲ့
လှောင်တာလေလား
ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူးချစ်နေကြ၏ ။
ချစ်စကားလေးတွေလည်း တီတီတာတာပေါ့။
"ဟိုအရင်ကလေ မောင်က တစ်ယောက်ထည်းသီးသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ၊
အခုတော့ မောင့်စိတ်တွေပြောင်းလာရပါပြီ။ မောင့်အတွက် သစ္စာရှိတဲ့
အဖော်တစ်ယောက်ကို လိုချင်လာပြီ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့
ကြိုနေမဲ့သူ တစ်ဦးဦး ရှိနေစေချင်ပြီ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့
မောင့်ကို ကြည့်မယ့် တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ်"
မိန်းခလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏်...
"လာမောင်၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင်
သွားဝယ်ကြမယ်နော် "တဲ့......
လက်တွေ့သမားကွ
ရထားပေါ်မှ စကားဝိုင်းတွင် လူတယောက်က ပြောသည်။
ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ “ကပ္ပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ”
ဒုတိယလူက ထောက်ခံပြောသည်။
ဟုတ်တယ်။ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး “လူစွမ်းကောင်း သုံးယောက် စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ”
ဤတွင်တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်လာပြီး ရေတောင်းသောက်သည်။
“ဟေ့လူ… ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား”
ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ။
တလောကပဲ သူ “အလီဘာဘာနဲ့ ခိုးသားလေးဆယ်” စာအုပ်ကို ဖတ်ထားတယ်ဗျာ.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗိုလ်ချုပ်ကြီး
အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။
“မောင်ပီတာ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့ က လေ့ကျင့်ဖို့ လေ့ကျင့်ခန်း စာအုပ်မပါပဲ ကျောင်းကိုလာတယ်။
ဒီနေ့ ကျောင်းသုံးစာအုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”
“သိပါတယ်၊.... ဗိုလ်ချုပ်ကြီးပါ ဆရာမ....”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Jack,Queen,King
ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူ လက်ညှိုးထောင်ပါ”
ပီတာလေးလက်ညှိုးထောင်သည်။
“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”
“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”
“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”
“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”
“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မထူးပါဘူး
ငရဲ နဲ့ နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။
“အားလုံး တန်းစီလိုက်ကြစမ်း။ ကိုင်း… ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တစ်ကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးရပ်စမ်း”
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့် ပေးလိုက်သည်။
“အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်”

ပိန်နည်း
အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။
“ဒေါက်တာ….. ပိန်ဖို့ အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်”
“ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ”
“တစ်နေ့  ဘယ်နှစ်ကြိမ် လုပ်ရမလဲ”
“ခင်ဗျားကို အစာစားဖို့  ဖိတ်ခေါ်တဲ့ အခါတိုင်း”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရှင်က ကျွန်မကို တစ်ကယ်ချစ်လို့လား"
"ချစ်တာပေါ့"
"ကျွန်မသေရင် ရှင်ငိုမှာလား"
"ငိုမှာပေါ့"
"ဘယ်လောက်ငိုမှာလည်း၊ မယုံပါဘူးနော်..၊ လက်တွေ့ငိုပြ..."
"ဒါဆို အရင်သေပြလေ"

ရေလာမြောင်းပေး
"ရှင် ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော်"
"ကိုယ် မင်းကို မနမ်းရပါလား"
"ဟုတ်ပါတယ်၊ တကတည်းမှပဲ....နမ်းမယ်ဆိုရင်ြေ ပာတာပါ...."
ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး"ရှင် ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော်"
"ကိုယ် မင်းကို မနမ်းရပါလား"
"ဟုတ်ပါတယ်၊ တကတည်းမှပဲ....နမ်းမယ်ဆိုရင်ြေ
ရထားပေါ်မှ စကားဝိုင်းတွင် လူတယောက်က ပြောသည်။
ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ “ကပ္ပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ”
ဒုတိယလူက ထောက်ခံပြောသည်။
ဟုတ်တယ်။ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး “လူစွမ်းကောင်း သုံးယောက် စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ”
ဤတွင်တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်လာပြီး ရေတောင်းသောက်သည်။
“ဟေ့လူ… ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား”
ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ။
တလောကပဲ သူ “အလီဘာဘာနဲ့ ခိုးသားလေးဆယ်” စာအုပ်ကို ဖတ်ထားတယ်ဗျာ.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗိုလ်ချုပ်ကြီး
အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။
“မောင်ပီတာ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့ က လေ့ကျင့်ဖို့ လေ့ကျင့်ခန်း စာအုပ်မပါပဲ ကျောင်းကိုလာတယ်။
ဒီနေ့ ကျောင်းသုံးစာအုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”
“သိပါတယ်၊.... ဗိုလ်ချုပ်ကြီးပါ ဆရာမ....”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Jack,Queen,King
ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူ လက်ညှိုးထောင်ပါ”
ပီတာလေးလက်ညှိုးထောင်သည်။
“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”
“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”
“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”
“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”
“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မထူးပါဘူး
ငရဲ နဲ့ နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။
“အားလုံး တန်းစီလိုက်ကြစမ်း။ ကိုင်း… ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တစ်ကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးရပ်စမ်း”
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့် ပေးလိုက်သည်။
“အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပိန်နည်း
အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။
“ဒေါက်တာ….. ပိန်ဖို့ အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်”
“ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ”
“တစ်နေ့  ဘယ်နှစ်ကြိမ် လုပ်ရမလဲ”
“ခင်ဗျားကို အစာစားဖို့  ဖိတ်ခေါ်တဲ့ အခါတိုင်း”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိုးရိုးလေးတွေးကြပါဗျာ...
တစ်ခါတုန်းကအမျိုးသမီးနှစ်ယောက်ဟာနိုက်ကလပ်တစ်ခုကိုသွားကြသတဲ့
ဖြစ်ချင်တော့အဲဒီနေ့မှာပဲ ဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ အခမဲ့သောက်သုံးခွင့်ပေးတာနှင့်
ကြုံနေပါရော။ ဒါနဲ့အမုန်းကဲပြီးအပီသောက်လိုက်
ကြပါသတဲ့မူးမူးနဲ့လမ်းလျှောက်အပြန်လမ်းမှာ
ရှူးရှူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။ဒါနဲ့ဘေးဘီကိုကြည့်လိုက်တော့
သင်ချိုင်းတစ်ခုတွေ့ပါသတဲ့။
ပထမအမျိုးသမီး။ ။ဒီထဲမှာလူရှင်းတယ် ၀င်ပေါက်လိုက်ကြရအောင်…။
ဒုတိယအမျိုးသမီး။ ။ကြာသလားလို့လုပ်လိုက်လေ…။
အဲဒီလိုနဲ့မူးမူးနဲ့ရူးရူးပေါက်လိုက်ကြတာ ခြေထောက်တွေစိုစိုရွှဲကုန်ပါလေရော။
ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့အတွင်းခံဘောင်းဘီကိုချွတ်ပြီးသန့်ရှင်းရေးလုပ်ကာ
ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။
ဒုတိယအမျိုးသမီးမှာတော့ သူယောင်္ကျားဝယ်ပေးလိုက်တဲ့ အသစ်ဂျပ်ချွတ်လေးဆိုတော့
မလုပ်ရက်ဖူးဖြစ်နေတယ်..ဒါနဲ့အုတ်ဂူပေါ်မှာတွေ့တဲ့အနီရောင် ဖဲကြိုးပြားတစ်ခုကိုယူပြီးသန့်ရှင်းရေး
လုပ်ခဲ့ပါတယ်..။ ဖြစ်ချင်တော့ကိစ္စတွေပြီးလို့ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာ ဖဲကြိုးအနီလေးဟာ
ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော…။
ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲသူတို့ရဲ့ ခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ
ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့ ။
ပထမခင်ပွန်း ။ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဟေ့..။
ဒီနေ့ငါ့မိန်းမပြန်လာတော့အတွင်းခံဘောင်းဘီပါမလာဘူးကွာ…တစ်ခုခုတော့တစ်ခုခုပဲ။
ဒုတိယခင်ပွန်း။ ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင်ရူးချင်နေပြီ ။
ငါ့မိန်းမပြန်လာတော့ဂုဏ်ပြုစာတန်းတောင်ပါလာသေးတယ်။ ဘာတဲ့
“ခင်ဗျားကို ကျုပ်တို့တပ်စုတစ်ခုလုံးက မှတ်မှတ်ရရရှိနေမှာပါ " တဲ့ကွာ။ ။
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment