Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Sunday, March 2, 2014

သာယာတဲ့ ကမ္ဘာ ဆိုတဲ့ ဒုတိယမြောက်တစ်ကိုယ်တော်ခွေကို မတ်လ၆ရက်နေ့မှာ ထွက်ရှိမယ်လို့ ဆိုတဲ့ အဆိုတော် မေသူ

 ၂၀၀၈ခုနှစ်မှာ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီး စတင်ထွက်ရှိခဲ့ပြီး နောက်ပိုင်းမှာ စုံတွဲတေးသီချင်းတွေ၊ အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေး မှုကို လက်ခံရရှိခဲ့တဲ့ အဆိုတော်မေသူကို သူ့ရဲ့ဒုတိယမြောက်တစ်ကိုယ်တော် တေးစီးရီးပြင်ဆင်ပုံနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ဒီအခွေလေးကို ၂နှစ်လောက် အချိန်ယူပြီး လုပ်ခဲ့ ရပါတယ်။ ၂နှစ်လောက်ကြာတယ်ဆိုတာကလည်း သီချင်းတွေကိုသေချာရွေးပြီး စိတ်ကြိုက် ပြင်ဆင်နေတာကြောင့်ပါ။ မကြိုက်တဲ့ သီချင်းတွေကိုလည်း ပြန်ဖြုတ်လိုက်၊ ပြန်ရွေးလိုက်နဲ့ပဲ ကြာသွားတာပါ။ ဒုတိယ တေးစီးရီးအတွက် သာယာတဲ့ကမ္ဘာ ဆိုပြီးတော့ Tittle ပေးထားပါတယ်။ အဲဒီ့အခွေလေးထဲမှာ Featuring အနေနဲ့ ကိုဟဲလေး၊ ဥာဏ်လင်းအောင် နဲ့ လွှမ်းပိုင်တို့က ပါဝင် သီဆိုပေးထားပါတယ်။ တေးရေးတွေက စံပီး၊ ဇဝါ၊ ရေမွန်၊ အောင်လ၊ ဒီယံ၊ သားသား၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ စောရှိုင်းနှင့် ကိုဇင်ဗိုတို့က ရေးပေးထားပါတယ်။ ဒီအခွေလေးမှာလည်း ပေါ့ပ် သီချင်း ပုံစံမျိုးလေးတွေပဲများပါတယ်။ မတ်လ ၆ရက်နေ့မှာ ရတနာမြိုင်တေးသံသွင်းကနေ တစ်နိုင်ငံကို ဖြန့်ချိပေးတော့မှာပါ။ သာယာတဲ့ကမ္ဘာ တေးစီးရီးကို သင်္ကြန်မတိုင်ခင် အမြန်လုပ်ဖြစ်၊ ထွက်ဖြစ်လိုက်တော့ ပရိုမိုးရှင်း အစီအစဉ်ကို မလုပ်ဖြစ်တော့ဘူး။ ဒါပေမဲ့ ဗီစီဒီထွက်တဲ့ အချိန်ကျရင် တော့ပရိသတ်နဲ့အတူ ပရိုမိုးရှင်းကို ထူးထူးခြားခြားလေး လုပ်သွားမယ်လို့တော့ စဉ်းစားထားပါတယ်’ လို့ သူမက ဆိုပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment