
Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာ 
လှုပ်ရှားမှုများစွာနဲ့ မအားမလပ် ဖြစ်နေသူပါ။ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ 
သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ‘အခု မိုးစက် လောလောဆယ် 
ဖေဖော်ဝါရီတစ်လလုံးက ခရီးသွားမှာ ဖြစ်တဲ့အတွက် မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။
 မတ်လအတွက် ထွက်မှာပေါ့။ ပြီးတဲ့အခါ ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင် 
ခုနကပြောတဲ့ ယိုးဒယားနယ်စပ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်းက 
မထွက်သေးတဲ့အတွက် သေချာတော့ မသိသေးဘူးပေါ့နော်။ ခရီးက USနဲ့ 
ကိုးရီယားသွားမယ်’လို့ သူမက ပြောပါတယ်။
လာမဲ့ချစ်သူများနေ့ကို သူမဘယ်လို ဖြတ်သန်းမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း 
သူမက ‘ချစ်သူများ နေ့က မိုးစက်အတွက် ကျန်တဲ့နေ့တွေနဲ့အတူတူပါပဲ။ 
အရင်နှစ်တွေလဲ တူတူပါပဲ။ မိုးစက်ခံ ယူထားတာက ဘယ်နေ့မဆို 
ပျော်အောင်ဖြတ်သန်းပါတယ်။ ထူးထူးခြားခြားကြီးမရှိပါဘူး။ ချစ်သူများနေ့မှာ 
ဘာအမှတ်တရမှ မရှိပါဘူ။ သူများကိုပေးဖို့လဲ မရှိပါဘူး။ အချစ်ဆိုတာ နဲနဲတော့ 
ပြောရခက်မယ။် နားလည်ဖို့အတွက် အများကြီး လိုဦးမယ်လို့ထင်ပါတယ်။ မိုးစက်က 
ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အိမ်ထောင်ရေးက စဥ်းစားမယ်။ 
မစဉ်းစားဘူးဆိုတာထက် ရေစက်ရှိမရှိ ကိုယ့်ကိုကိုယ်လဲ အခွင့်အရေးပေးတယ်။ 
သူများကိုလဲ အခွင့်အရေးပေးတယ်။ ပြုကိုပြုရမယ်လို့တော့ မခံယူထားပါဘူး။ 
ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်၁ပါ။ မိသားစုကလဲ
 တားမြစ်ထားတာမျိုး မရှိပါဘူး။ လူတစ်ယောက်က ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပဲလေ။ 
ဘယ်သူရယ်လို့တော့ သတ်မှတ်မထား ပါဘူး။ ရေစက်ရှိတဲ့သူနဲ့ပေါ့နော်။ မရှိရင်လဲ 
ဘယ်သူနဲ့မှမဖြစ်ဘူးပေါ့။ မိုးစက်က အချက်အလက်တွေနဲ့ သတ်မှတ်ထားတာမျိုးလဲ 
မရှိပါဘူး’တဲ့။
Trend Myanmar

 
 


 

 
 
No comments:
Post a Comment