မြို့နယ်၊ ရွာသာကြီးသားသတ်ရုံ၊ စည်ပင်ဝန်ထမ်းလိုင်းရှေ့တွင် ဦးအောင်လွင်၊ ဗေဒင်ဆရာ၊ အမရပူရမြို့နေသူသည် အရှည်ကြီး၊ သီဟ
တို့(၂)ဦးနှင့် ဗေဒင်ကိစ္စငြင်းခုံကြရာမှစကားများကြစဉ် အရှည်ကြီး မှ အသင့်ပါလာသော အရှည်(၁)ပေခန့်ရှိ ၀ါးရိုးတပ်ဓါးဖြင့်ထိုးခဲ့သဖြင့် ဦးအောင်လွင်တွင် ၀ဲလက်ချောင်းများပြတ်ရှဒဏ်ရာ၊ သီဟမှ အရှည်ကြီး၏ဓါးအားယူကာ ထပ်မံထိုးခဲ့သဖြင့် လည်ပင်း၌ပြတ်ရှဒဏ်ရာ (၁)ချက်တို့ရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါဝန်ထမ်းလိုင်းနေ ဦးအောင်လွင်၏တူဖြစ်သူ ကိုစိုးငြိမ်းမှ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် အရှည်ကြီးနှင့် သီဟ တို့(၂)ဦးအား ဒဂုံအရှေ့မြို့မရဲစခန်း (ပ)၇၈/၂၀၁၄၊ ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref & Credit : Yangon Police




No comments:
Post a Comment