
ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Miss Asia Pacific World 2014 အလှမယ် 
ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုအလှမယ်အဖြစ် မေမြတ်နိုးက 
ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
“မေမြတ်နိုးက အစ်မတို့သင်တန်းကျောင်းမှာ လာတက်နေတဲ့သူပါ။ အစ်မတို့ဘက်က 
အကောင်းဆုံး လေ့ကျင့်ပေးသွားမှာပါ”ဟု Miss Globe Myanmar Organization မှ 
မလှနုထွန်းက ပြောသည်။
မေမြတ်နိုးသည် Channel-7 ရုပ်သံလိုင်း၏ အစီအစဉ်တစ်ခုဖြစ်သည့် အိပ်မက်ဆုံရာ 
သီချင်းဆိုပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ 
ယင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကိုရီးယား 
သမ္မတကိုယ်တိုင် လက်ခံသဘောကျခြင်းကြောင့် သွားရောက်ယှဉ်ပြိုင်ခွင့်ရခြင်း 
ဖြစ်သည့်အပြင် Miss Asia Pacific World မှလည်း အရည်အသွေးရှိသည့် 
မေမြတ်နိုးကို ရွေးချယ်ခဲ့ခြင်းကြောင့် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 
Miss Asia Pacific World ပြိုင်ပွဲကို အစပထမတွင် ထားထက်ထက်ဝင်ရောက် 
ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော်လည်း ယင်းသည် Miss Grand international 
ပြိုင်ပွဲကို ၀င်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းကြောင့် 
မပြိုင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုဝင်ရောက် 
ယှဉ်ပြိုင်ခြင်းသည် ပထမ ဆုံးအကြိမ် ဖြစ်သည်။
Miss Asia Pacific World ပြိုင်ပွဲသည် ကိုယ်ရည်ကိုယ်သွေးရှိသူများကိုသာ 
ဦးစားပေး ယှဉ်ပြိုင်ရမည်ဖြစ် ပြီး အရပ်က ငါးပေ ခုနစ်လက်မရှိရမည် ဖြစ်သည်။ 
ယခုဝင် ရောက်ယှဉ်ပြိုင်မည့် မေမြတ်နိုးသည် နိုင်ငံ တကာအရပ် 
ပြည့်မီသွားခြင်းကြောင့် ကိုရီးယားနိုင်ငံကို 
မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ် ပြိုင်ရခြင်း ဖြစ်သည်။
Miss Asia Pacific World 2014 သည် တောင်ကိုရီးယားနိုင်ငံတွင် မေ ၁၉ ရက်၌ 
နှစ်စဉ်ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် 
သွားရောက်မည့် မေမြတ်နိုးသည် မေ ၁၅ ရက်တွင် ကိုရီးယား နိုင်ငံသို့ 
သွားရောက်ရမည် ဖြစ်သည်။
Miss Asia Pacific World ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် 
တောင်ကိုရီးယားနိုင်ငံ Busan မြို့၌ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၂၊ ၂၀၁၃ 
ခုနှစ်တွင် ဆိုးလ်မြို့၌ ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။
ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့်Miss Asia Pacific World 2011 ဆုကို 
ယူကရိန်းနိုင်ငံမှDiana Starkova က ရရှိခဲ့ပြီးMiss Asia Pacific World 
2012 ဆုကို အိန်္ဒိယနိုင်ငံမှHimangini Singh Yaduက ရရှိခဲ့ခြင်းဖြစ်သည်။ 
၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့်Miss Asia Pacific World 2013 ဆုကိုလည်း 
အိန်္ဒိယနိုင်ငံကSrishti Rana ရရှိခဲ့ခြင်း ဖြစ်သည်။
Mizzima - News in Burmese

 
 


 

 
 
No comments:
Post a Comment