Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, February 25, 2014

ဖြစ်ရပ်မှန် အမုန်းဇာတ်လမ်း (အမုန်းတုနဲ့ စွဲလန်းရူး)

ငါနင့်ကို အရမ်းမုန်းတယ်။
ညစဉ်ညတိုင်း မျက်ရည်တွေနဲ့ အိပ်ပျော်ရအောင်လုပ်တဲ့ နင့်ကိုမုန်းတယ်။ ငါ့ကို ပိုနာကျင်စေတာမို့ ကျလာတဲ့မျက်ရည်စက်တိုင်းအတွက် နင့်ကို ငါမုန်းတယ်။ ငါနှလုံးသွေးတွေ အေးခဲသွားအောင်လုပ်ခဲ့တဲ့ နင့်ကို မုန်းတယ်။
အရာရာတိုင်းက နင့်ကိုပြန်သတိရအောင် လုပ်တဲ့အတွက် နင့်ကိုမုန်းတယ်။ အသက်ရှူမ၀ စေတဲ့ နင့်နာမည်ကို မုန်းတယ်။ နင့်နာမည်ကို ကြားလိုက်တိုင်း ငါ့အတွက် မနက်ဖြန်တွေ ပျောက်ဆုံးသွားတယ်။ အမှတ်တမဲ့ ကြည့်လိုက်တဲ့ အရာတိုင်းမှာ အလင်းပြန်နေတဲ့ နင့်ရဲ့ အရိပ်မည်းမည်းကို မုန်းတယ်။
နင်နဲ့ချစ်ခဲ့မိတဲ့အတွက်လဲ နင့်ကိုမုန်းတယ်။ နင်မရှိပဲနဲ့ မရပ်တည်နိုင်လို့ နင့်ကိုမုန်းတယ်။ ငါ့နှလုံးသားကို ခိုးယူသွားပြီး တခြားတစ်ယောက်ကို ထပ်ချစ်လို့မရတော့အောင် လုပ်ခဲ့တဲ့ နင့်ကိုမုန်းတယ်။ ငါ့နဲ့ဝေးနေတဲ့ နင် နဲ့ ငါ့ကိုလောင်မြှိုက်နေတဲ့ အမှတ်သညာတွေကို မုန်းတယ်။
နင်မရှိလို့ ငါ့ဘ၀ဟာ အဓိပ္ပါယ်မဲ့နေရတဲ့အတွက် နင့်ကို မုန်းတယ်။ လှပတဲ့အရာတိုင်းဟာ နင်နဲ့၊ ချစ်ခြင်းတရားနဲ့ ဆက်စပ်နေတဲ့အတွက် နင့်ကို ငါမုန်းတယ်။
ငါနင့်ကို အရမ်းချစ်တာလေ။ အဲ့ဒါက ငါ့ကို နာကျင်စေလို့ နင့်ကို ငါမုန်းတာ။

No comments:

Post a Comment