Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, February 27, 2014

မန်ချက်စတာယူနိုက်တက်၏ ပရီးမီးယားလိဂ်ဆုဖလားကြီးကို မြန်မာနိုင်ငံတွင် မတ်လ4ရက်နေ့ ပြသမည်

 မြန်မာဘောလုံးပရိသတ်များအထူးကြိုက်နှစ်သက်အားပေးနေသည့်
မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်း၏ ပရီးမီးယားလိဂ်ဆုဖလားကြီးကို
မတ်လ(၄)ရက်နေ့တွင်မြန်မာနိုင်ငံတွင် ပရိသတ်များကိုပြသသွားမည်ဟုသိရသည်။
ကမ္ဘာတစ်ဝန်းသို့ DHL၏ပံ့ပိုးမှုဖြင့်မန်ချက်စတာယူနိုက်တက်၏ ပရီးမီးယားလိဂ်ဆုဖလား
ကိုလှည့်လည်ပြသနေပြီး အရှေ့တောင်အာရှခရီးစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ်မြန်မာနိုင်ငံသို့
ယင်းဖလားရောက်ရှိပြသခြင်းဖြစ်သည်။
အင်္ဂလန်ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တွင်အမှတ်ပေးဖလားအကြိမ်(၂၀)ရရှိထားနိုင်သည့်မန်ယူအသင်းသည် မြန်မာနိုင်ငံတွင် မတ်လ(၄)ရက်နေ့တွင် ရွှေတိဂုံဘုရားရင်ပြင်တွင် ညနေ(၅)နာရိမှစတင်ကာ ဆုဖလားအားပြသသွားရန်စီစဉ်ထားသည်ဟု ယင်းအသင်း၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါဖလားပြသမှုအထိန်းအမှတ်အဖြစ် မန်ယူ၏ဂန္ထ၀င်ကစားသမားဖြစ်သူ အင်ဒီကိုးလ်ကတက်ရောက်ဖွင့်လှစ်သွားမည်ဖြစ်သည်။ အင်ဒီကိုးလ်အနေဖြင့် မြန်မာနိုင်ငံတွင် ယခင်က ပြုလုပ်ခဲ့သော မန်ယူဂန္ထ၀င်ကစားသမားများပါဝင်သည့် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင်ပါဝင်ကစားခဲ့ဖူးသူလည်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ကမ္ဘာ့ဖလားဆုကြီးလာရောက်ပြသပြီးနောက် အထင်ရှားဆုံးဆုဖလားတစ်ခုလာရောက်ပြသခြင်းဖြစ်သည်ဟုလည်းသိရသည်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment