Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, February 19, 2014

အမ်းမရိတ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့ရတဲ့အာဆင်နယ်၊ အိမ်ရှင်အသင်းတွေ အကုန်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်များ

မနှစ်က ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီနှစ်မှာလည်း အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ၀ -၂ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ ပထမပိုင်းမှာ အရမ်းကောင်းမွန်ခဲ့ပြီး ဧည့်သည်အသင်းကို တိုက်စစ်ဆင် ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ်မှာတင် အာဆင်နယ်အသင်း ပယ်နယ်တီတစ်လုံးရရှိခဲ့ပြီး အိုဇေး ကန်သွင်းယူခဲ့ရာမှာ ဘိုင်ယန်ဂိုးသမား နူအာ က ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီပယ်နယ်တီသာ ၀င်ခဲ့မယ် ဆိုရင် ကစားပွဲရလဒ်ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်မှာဖြစ်ပြီး အိုဇေးရဲ့ ပေါ့ဆတဲ့ကန်ချက်ကြောင့် ဂန်းနားတို့ အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးခဲ့ရပါတယ်။ ဘိုင်ယန်မြုးနစ်အသင်းကလည်း ဂေါ့ဇီ၊ ဖိလစ်လမ်း၊ ရော်ဘင်၊ တို့ တောင်ပံကနေ တစ်ဟုန်ထိုးတိုက်စစ်ဆင်ပြီး အာဆင်နယ်နောက်တန်းကို အလုပ်များစေခဲ့ပါတယ်။ ပထမပိုင်းအစဟာ နှစ်သင်းလုံးတိုက်စစ်ဆင်ကစားပုံကြောင့် ပွဲကြည့်ပရိသတ်တွေ အကြိုက်တွေ့ ခဲ့ပြီး ရင်ခုန်စရာကောင်းခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာ အာဆင်နယ်နောက်ခံလူ ဂစ်ဘ် ဒဏ်ရာရရှိသွားခဲ့လို့ မွန်ရီယယ် အစားဝင်ကစားခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာတော့ အာဆင်နယ်ဂိုးဧရိယာထဲ ပြေးဝင်လာတဲ့ ဘိုင်ယန်ကစားသမား ရော်ဘင်ကို ဂိုးသမား Szczesny ပြေးထွက်ပုတ်ခဲ့ရာမှာ ပယ်နယ်တီ ပေးလိုက်ရပြီး ဂိုးသမား Szczesny တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီပယ်နယ်တီကို ဘိုင်ယန် ကစားသမား Alaba သွင်းယူခဲ့ပေမယ့် ဘေးထွက်သွားခဲ့ပါတယ်။ အထုတ်ခံလိုက်ရတဲ့ ဂိုးသမားနေရာအတွက် တိုက်စစ်ကစားသမား ကာဇိုလာကို ဂိုးသမား ဖေဘီယန်စကီးနဲ့ လဲလိုက်ရပြီး အာဆင်နယ်ရဲ့ ကစားအားလည်း ထိုးကျသွားခဲ့ပါတယ်။ အီတလီဒိုင်လူကြီး နီကိုလာရစ်ဇိုလီ ရဲ့ တိုက်ရိုက်အနီကတ်ဟာ အာဆင်နယ်အသင်း အတွက် ဆိုးဆိုးရွားရွားထိခိုက်စေခဲ့တာပါ။ ၁၀ ယောက် ကျန် အာဆင်နယ်ဟာ တိုက်စစ်အားကောင်းတဲ့ ဘိုင်ယန်မြူးနစ်ကစားကွက်ကို အတတ်နိုင်ဆုံးဟန့် တားခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် ၅၃ မိနစ်မှာ ဖိလစ်လမ်း ပေးပို့ တဲ့ ဘောလုံးကို ဘိုင်ယန်ကစားသမား တိုနီခရော့စ် က ဂိုးဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းကာ ဧည့်သည်အသင်းကို အဖွင့်ဂိုး ရရှိစေခဲ့ပါတယ်။ တစ်ဂိုးပေးလိုက်ရတဲ့ အာဆင်နယ်ဟာ စိတ်ဓာတ်သိသိသာသာ ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းပွဲချိန်အားလုံးကို ဘိုင်ယန်မြုးနစ်အသင်းကသာ စိုးမိုးထားခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ်မှာတော့ လူစားဝင်လာတဲ့ သောမတ်စ်မူလာ က ဖိလစ်လမ်းရဲ့ ပေးပို့ မှုကို ခေါင်းတိုက်သွင်းယူခဲ့ပြီး ၀ - ၂ ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။
တစ်ဖက် ပွဲစဉ်အဖြစ် အေစီမီလန် အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ စပိန်ကလပ် အက်သလက်တီကို က ဒီယေဂိုကော်စတာ ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူကာ ၀ - ၁ နဲ့  နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ် လေးပွဲ ကျင်းပပြီးစီးခဲ့ရာမှာ အိမ်ရှင်အသင်းတွေ အကုန်ရှုံးနိမ့်ခဲ့ပြီး တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

No comments:

Post a Comment