Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, February 26, 2014

ထောင်ကိုးနှစ်ကျသွားပြီဖြစ်တဲ့ As I Lay Dying အဆိုတော်

As I Lay Dying အဖွဲ့ရဲ့အဆိုတော် Tim Lambesis ဟာ သူ့ရဲ့ကွဲကွာနေတဲ့ဇနီးကိုသတ်ဖို့ ပူးပေါင်းကြံစဉ်မှုနဲ့တရားစွဲခံခဲ့ရတာဖြစ်ပြီး အပြစ်ရှိကြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။ ဒီဝန်ခံမှုကြောင်း Lambesis ဟာထောင်ဒဏ်ကိုးနှစ်ကျခံရပြီး ဒေါ်လာ ၁၀၀၀၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ပြစ်ဒဏ်ကိုမေလ ၂ ရက်နေ့စတင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က Lambesis ဟာသူနဲ့ကွဲကွာနေတဲ့ဇနီးဖြစ်သူကို သတ်ဖို့ကြေးစားလူသတ်သမား ငှားဖို့ကြိုးစားခဲ့တဲ့အတွက်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဇနီးဖြစ်သူ Meggan Lambesis ဟာ Tim Lambesis နဲ့ ကလေးသုံးယောက် ထွန်းကားခဲ့တဲ့ မိခင်လည်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက သူ့ကိုတရားဝင်ကွာရှင်းပြတ်ဆဲခွင့်တောင်းခဲ့သူပါ။
ကြေးစားလူသတ်သမားဆိုသူဟာ လျှို့ဝှက်စုံစမ်းနေတဲ့ ရဲဖြစ်နေခဲ့ပြီး  ဒီအမှုကိုကြားနာနေဆဲမှာ Lambesis ဟာ ဒေါ်လာ ၂ သန်းအာမခံကြေးပေးပြီး နေအိမ်အကျယ်ချုပ်အဖြစ်နေခဲ့ရတာဖြစ်ပါတယ်။
As I Lay Dying ရဲ့ကျန်အဖွဲ့ဝင်တွေကတော့ Lambesis ရဲ့အမှုနဲ့ပါတ်သတ်ပြီးမှတ်ချက်မပေးသေးပါဘူး။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
 လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment