Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, February 18, 2014

MNL-2 အမှတ်ပေးဇယားကို ရှုံးပွဲမရှိ၊ ပေးဂိုးမရှိဖြင့် ဟံသာဝတီ ဆက်လက်ဦးဆောင်

၂၀၁၄ မြန်မာနေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၃)ပွဲကစားအပြီးတွင် ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းသည် သုံးပွဲဆက်အနိုင်ရရှိကာ ရမှတ်ကိုးမှတ်ဖြင့် Best United အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

ပွဲစဉ်(၃) တွင် ဟံသာဝတီအသင်းအနေဖြင့် မြန်မာ့လက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးအမှတ်ပေးဇယားကိုလည်း နှစ်ပတ်ဆက် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဟံသာဝတီ အသင်းအနေဖြင့် အနိုင်ရရှိခဲ့သည့် သုံးပွဲတွင် ရဂိုး ၁၂ ဂိုးထိရရှိခဲ့ပြီး လက်ရှိအချိန်ထိ လိဂ်-၂ ဘောလုံးပြိုင် ပွဲတွင် ပေးဂိုးမရှိသည့်စံချိန်ကို ထိန်းသိမ်းထားသည့် တစ်သင်းတည်းသောအသင်း ဖြစ်သည်။

ဒုတိယနေရာမှ Best United အသင်းမှာလည်း ပွဲစဉ် (၃) တွင် ဒဂုံအက်ဖ်စီအသင်း ကို ၂-၁ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ဇယားထိပ်မှ ဟံသာဝတီအသင်းကို ဆက်လက်ဖိအားပေးနေသည်။ အခြားပွဲစဉ်များတွင် မြ၀တီ အသင်းက Horizon အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မောရ၀တီအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။ နေရှင်နယ်လိဂ်-၂ ပွဲစဉ်(၄) ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၁၊ ၂၂၊ ၂၃ ရက်များတွင် ဆက်လက်ကစားမည်ဖြစ်ပြီး ပွဲစဉ် (၃) တွင် မောရ၀တီအသင်းနှင့် ဟံသာဝတီအသင်း၊ ရခိုင်ယူနိုက်တက်အသင်းနှင့် Horizon အသင်း၊ မြ၀တီအသင်းနှင့် Best United အသင်း၊ ဒဂုံအက်ဖ်စီအသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်း၊ ယူ-၁၉အသင်းနှင့် တက္ကသိုလ်လက်ရွေး စင်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် အသင်း (၁၁) သင်း ပါဝင်ယှဉ်ပြိုင်နေသည်။

Ref & Credit : Mizzima - News in Burmese

No comments:

Post a Comment