
အနုပညာလှုပ်ရှားမှုများနဲ့ အနည်းငယ်အလှမ်းဝေးနေသလို ထင်ရတဲ့ ဆောင်းယွန်းစံက 
အခုနောက်ပိုင်းမှာ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်လာတာကြောင့် 
သူမနဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းကြည့်လိုက်တဲ့အခါ သူမက 
‘အခုကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေပါတယ်။ ကြော်ငြာက
 ငွေဆောင်မှာ ACE ကြော်ငြာ ရိုက်ထားပါတယ်။ ပြီးတော့ ဆိုင်ကယ်ကြော်ငြာ 
ရိုက်ထားတယ်။ ဆီဆိုင်ကြော်ငြာ ရိုက်ထားပါတယ်။ ဇာတ်လမ်းတွဲက အပိုင်းဖြတ်ပြီး
 ရိုက်မဲ့ဇာတ်လမ်းတွဲပါ’တဲ့။
လာမဲ့ချစ်သူများနေ့ကို သူမဖြတ်သန်းဖြစ်မဲ့အကြောင်းကိုတော့ ‘တောင်ငူမှာ 
ပွဲနဲ့ရှိနေမှာပါ။ ချစ်သူများနေ့ကို အလုပ်နဲ့ပဲဖြတ်သန်းဖြစ်မှာပါ။ 
ချစ်သူများနေ့မှာလဲ လက်ဆောင်တစ်ခါမှ မရဖူးဘူး။ ဒီနှစ်လဲ မရှိသေးပါဘူး။ 
အချစ်ဆိုတာ ၅၂၈ ကအေးမြတယ်။ ၁၅၀၀က ပူလောင်တယ်။ ဒီလောက်ပဲသိပါတယ။် 
အချစ်ကိုနားမလည်သေးပါဘူး။ လောလောဆယ်တော့ အနုပညာအလုပ်တွေ 
နဲ့ပဲဆက်လုပ်နေမှာပါ။ နောက်ပိုင်းမှပဲ အချစ်ရေးကို စဉ်းစားဖြစ်ပါမယ်။ 
ညီမ၂၆လောက်မှ အိမ်ထောင်ရေး ဖက်ကို စဉ်းစားဖြစ်မှာပါ။ ဒီ၂၀၁၄ ထဲမှာ 
အနုပညာအစ်မတွေ မင်္ဂလာဆောင်ကြတဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်။ 
အိမ်ထောင်ဖက်ကိုတော့ ညီမအပေါ် စိတ်ထားကောင်းရင် ရပါပြီ။ အပြင်လောကကလူပဲ 
ရွေးချယ်ဖြစ်မယ်ထင်ပါတယ်’လို့ သူမက ပြောပါတယ်။
Trend Myanmar

 
 


 

 
 
No comments:
Post a Comment