UEFA
ရဲ့ နည်းပြသင်တန်းအစီအစဉ်တွေကို ညွှန်ကြားကြီးကြပ်ဖို့ အတွက်
ဆာအဲလက်စ်ဖာဂူဆန်ကို UEFA နည်းပြသင်တန်း သံအမတ် အဖြစ် ခန့် အပ်လိုက်ပါတယ်။
ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း
ဖာဂူဆန်ကို ဒီရာထူးမှာ တာဝန်ယူပေးဖို့ ကမ်းလှမ်း ခဲ့တာပါ။ ဖာဂူဆန်ဟာ
နှစ်စဉ် စက်တင်ဘာလတိုင်းမှာ ကျင်းပတဲ့ ကလပ်အသင်းနည်းပြအကျော်မော်တွေရဲ့
ညီလာခံမှာ သဘာပတိအဖြစ်ပါ တာဝန်ယူရမှာဖြစ်ပါတယ်။
“ ဒီ တာဝန်ကို လက်ခံဖို့ ဟာ ဂုဏ်ယူစရာအခွင့်အရေးတစ်ခုပါပဲ။ ကျွန်တော်လည်း ပျော်ရွှင်ကျေနပ်တဲ့ အလုပ်တစ်ခုပါပဲ။” လို့ ဆာအဲလက်စ်ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။
မန်ချက်စတာအသင်းကို ၂၇ နှစ်တိုင် တာဝန်ယူ အောင်မြင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ ပြီးနောက် လွန်ခဲ့တဲ့ နှစ် မေလက အနားယူခဲ့တဲ့ ဖာဂူဆန်ဟာ အခုလက်ရှိမှာလည်း မန်ယူအသင်းရဲ့ ကလပ်ဘုတ်အဖွဲ့ မှာ ဒါရိုက်တာရာထူးကို တာဝန်ယူထားပါတယ်။
အသက် ၇၂ နှစ်အရွယ် စကော့လူမျိုး နည်းပြဟာ အိုးထရက်ဖို့ ဒ်မှာ ဆုတံဆိပ်ဖလားပေါင်း ၃၈ ခုကို ရယုနိုင်ခဲ့ပါတယ်။
Ref: foxsports.com

No comments:
Post a Comment