ချယ်လ်ဆီးကြယ်ပွင့်
Eden Hazard ဟာ ပရီးမီးယားလိဂ်မှာ သူ့ ရဲ့ပထမဆုံးဟက်ထရစ် ကို နယူးကာဆယ်နဲ့ 
ပွဲမှာ သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပို
့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ရာသီကုန်ဆုံးဖို့ ပွဲစဉ် ၁၃ ပွဲသာ လိုတော့တဲ့ အချိန်မှာ ချယ်လ်ဆီးအသင်းက ရမှတ် ၅၆ ၊ အာဆင်နယ်အသင်းက ရမှတ် ၅၅ ၊ မန်စီးတီးက ရမှတ် ၅၄ ၊ လီဗာပူးလ်အသင်းက ရမှတ် ၅၀ နဲ့ အစဉ်လိုက် ရပ်တည်လျက်ရှိပါတယ်။
နယူးကာဆယ်ကို အနိုင်ရပြီး ပရီးမီးယားလိဂ်ထိပ်ဆုံးတက်ရောက်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟို က မန်စီးတီးအသင်းဟာ ဖလားရရှိဖို့ အကောင်းဆုံးဖြစ်နေတယ်လို့  ပြောဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား Hazard က
“ ကျွန်တော် ညအိပ်ရာဝင်တိုင်း အိပ်မက်မက်နေတာကတော့ လိဂ်ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိဖို့ ပါ။ ရာသီကုန်ထိ အခုလို ထိပ်ဆုံးမှာဆက်ရှိနေမယ်လို့ ထင်ပါတယ်။ ဒီအသင်းအတွက် ကစားရတာ အရမ်း ကျေနပ်ဖို့ ကောင်းပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ မှာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ တွေ့ ဆုံခဲ့ကြပြီး ၅ - ၁ ဂိုးနဲ့ ကြိုးကြာနီတို့ က အပြတ်အသတ်အနိုင်ယူခဲ့ပါတယ်။ လက်ရှိချန်ပီယံမန်ယူကတော့ အဆင့် ၇ ကျိန်စာဆိုးက မတက်နိုင်သေးဘဲ ပေါ့ဆမှုကြောင့် အိုးထရက်ဖို့ ဒ်မှာ ဖူလ်ဟမ်ကို ၂ ဂိုး ၂ ဂိုးနဲ့ သရေကျခဲ့ပါတယ်။
Ref: bbc.com

No comments:
Post a Comment