တမူး၊ ဖေဖော်ဝါရီ ၉
နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဖြင့် အထူးစည်ပင် ဖွဲ့ဖြိုးလျက်ရှိသော
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ၊ ဆ လိုင်းဘက်ကွင်းတွင်
လွန်ခဲ့သော နှစ်လနီးပါးခန့်က မယားပါသားဖြစ်သူမှ ပထွေးဖြစ်သူကို
ဓားဖြင့်ခုတ်သတ်၍ အလောင်း ဖျောက်ထားသည့် ပြစ်မှုဆိုင်ရာ ကိစ္စအား ယခုလ ၈
ရက်နေ့ မနက် ၃ နာရီအချိန်က အမှုဖွင့် အရေးယူ လိုက်ပြီး ဖြစ်ကြောင်း
စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့မနက်တွင် ပြောကြားသည်။
လွန်ခဲ့သော နှစ်လနီးပါးခန့်က တမူးမြို့နယ်တွင် မိသားစုရေး
ပြဿနာနှင့်ပတ်သက်၍ မယားပါသားဖြစ်သူမှ ပထွေးဖြစ်သူကို ညအချိန်တွင်
ဓားဖြင့်ခုတ်သတ်၍ သေဆုံးသူ၏ အလောင်းအား ဖျောက်ဖျက်ထားသည်ဟု ကောလဟလ
သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းနှင့် ပတ်သက်၍ တမူးဒေသခံ
ရဲတပ်ဖွဲ့ဝင်များမှ သတင်းအတည်ပြုချက် ရရှိနိုင်ရန် ဖြစ်နိုင် ချေရှိသော
နေရာအရပ်များတွင် ဒေသခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
ပူးပေါင်း၍ စောင့်ကြပ်သတင်းရယူ ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုသို့ သတင်းရယူနေစဉ်တွင် ယခုလ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင်
ဆရာစံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင် ဆိုသူထံ ၎င်း မိတ်ဆွေတစ်ဦးမှ
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဆက်သွယ်ပြောကြားလာသည့်အတွက် မှတ်တမ်းများရယူကာ
သက် ဆိုင်ရာသို့ ဆက်လက်၍ တင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက်
ရဲတပ်ဖွဲ့ဝင်များသည် ၎င်းသတင်းအား အတည်ပြုနိုင်ရန် စနစ်တကျ တာဝန်ချထား၍
စုံစမ်းဖော်ထုတ်ရာတွင် သေဆုံးသူအား ဖျောက်ဖျက်ထားသည့် အလောင်းကို
စီစစ်တွေ့ရှိခဲ့ရ သည်ဟု နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ဖျောက်ဖျက်ပစ်ခြင်းခံထားရသော သေဆုံးသူမှာ တမူးမြို့နယ် မန်မော်ကျေးရွာနေ
ဦးတင်ထွန်းနိုင် အသက်(၅၃)နှစ် ဆိုသူ ဖြစ်ကြောင်း သက်ဆိုင်ရာ၏
စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။ ထိုသူသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာလ ၁၁ ရက်နေ့ည ၉ နာရီ အချိန်က ဆလိုင်းဘက်ကွင်းရှိ နွားတဲအနီးတွင်
မယားပါသားဖြစ်သူ ကိုဖိုးချင်း(ခ) အောင်ဇော်ဦး အသက်(၂၃)နှစ်ဆိုသူမှ
ဓားဖြင့်ခုတ်သတ်ခဲ့ပြီး သေဆုံးသူ ပထွေး၏ အလောင်းအား နောင်ကွန်းလယ်
ကွင်းရှိခုတ်လှဲထား သည့် ထောက်ကြံ့ပင်အောက်တွင်
မြေမြုတ်ဖျောက်ဖျက်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပထွေးဖြစ်သူအား ဓားဖြင့်ခုတ်သတ်၍ အလောင်းအား
ဖျောက်ဖျက်ပစ်ခဲ့သူအပေါ် ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရန်
တမူးမြို့မရဲစခန်း၏ ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၁/ ၂၀၁၄ (ပ) ၁၄/၂၀၁၄
ပြစ်မှုပုဒ်မ ၃၀၂/ ၂၀၁ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ။
သတင်း၊ ကိုတိုးကြီး (FACEBOOK)
Monday, February 10, 2014
တမူးမြို့နယ်တွင် မယားပါသားက ပထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထား
Subscribe to:
Post Comments (Atom)
Monday, February 10, 2014
တမူးမြို့နယ်တွင် မယားပါသားက ပထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထား
တမူး၊ ဖေဖော်ဝါရီ ၉
နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဖြင့် အထူးစည်ပင် ဖွဲ့ဖြိုးလျက်ရှိသော စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ၊ ဆ လိုင်းဘက်ကွင်းတွင် လွန်ခဲ့သော နှစ်လနီးပါးခန့်က မယားပါသားဖြစ်သူမှ ပထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ်၍ အလောင်း ဖျောက်ထားသည့် ပြစ်မှုဆိုင်ရာ ကိစ္စအား ယခုလ ၈ ရက်နေ့ မနက် ၃ နာရီအချိန်က အမှုဖွင့် အရေးယူ လိုက်ပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့မနက်တွင် ပြောကြားသည်။
လွန်ခဲ့သော နှစ်လနီးပါးခန့်က တမူးမြို့နယ်တွင် မိသားစုရေး ပြဿနာနှင့်ပတ်သက်၍ မယားပါသားဖြစ်သူမှ ပထွေးဖြစ်သူကို ညအချိန်တွင် ဓားဖြင့်ခုတ်သတ်၍ သေဆုံးသူ၏ အလောင်းအား ဖျောက်ဖျက်ထားသည်ဟု ကောလဟလ သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းနှင့် ပတ်သက်၍ တမူးဒေသခံ ရဲတပ်ဖွဲ့ဝင်များမှ သတင်းအတည်ပြုချက် ရရှိနိုင်ရန် ဖြစ်နိုင် ချေရှိသော နေရာအရပ်များတွင် ဒေသခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စောင့်ကြပ်သတင်းရယူ ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုသို့ သတင်းရယူနေစဉ်တွင် ယခုလ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဆရာစံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင် ဆိုသူထံ ၎င်း မိတ်ဆွေတစ်ဦးမှ အဆိုပါ သတင်းနှင့်ပတ်သက်၍ ဆက်သွယ်ပြောကြားလာသည့်အတွက် မှတ်တမ်းများရယူကာ သက် ဆိုင်ရာသို့ ဆက်လက်၍ တင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းသတင်းအား အတည်ပြုနိုင်ရန် စနစ်တကျ တာဝန်ချထား၍ စုံစမ်းဖော်ထုတ်ရာတွင် သေဆုံးသူအား ဖျောက်ဖျက်ထားသည့် အလောင်းကို စီစစ်တွေ့ရှိခဲ့ရ သည်ဟု နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ဖျောက်ဖျက်ပစ်ခြင်းခံထားရသော သေဆုံးသူမှာ တမူးမြို့နယ် မန်မော်ကျေးရွာနေ ဦးတင်ထွန်းနိုင် အသက်(၅၃)နှစ် ဆိုသူ ဖြစ်ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။ ထိုသူသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ည ၉ နာရီ အချိန်က ဆလိုင်းဘက်ကွင်းရှိ နွားတဲအနီးတွင် မယားပါသားဖြစ်သူ ကိုဖိုးချင်း(ခ) အောင်ဇော်ဦး အသက်(၂၃)နှစ်ဆိုသူမှ ဓားဖြင့်ခုတ်သတ်ခဲ့ပြီး သေဆုံးသူ ပထွေး၏ အလောင်းအား နောင်ကွန်းလယ် ကွင်းရှိခုတ်လှဲထား သည့် ထောက်ကြံ့ပင်အောက်တွင် မြေမြုတ်ဖျောက်ဖျက်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပထွေးဖြစ်သူအား ဓားဖြင့်ခုတ်သတ်၍ အလောင်းအား ဖျောက်ဖျက်ပစ်ခဲ့သူအပေါ် ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရန် တမူးမြို့မရဲစခန်း၏ ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၁/ ၂၀၁၄ (ပ) ၁၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/ ၂၀၁ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ။

No comments:
Post a Comment