
ယခုလ ၁၈ ရက်နေ့၌ စတင်အသုံးပြုခွင့်ပေးခဲ့သည့် Myanmar Mobile Money 
ဝန်ဆောင်မှုသည် လုံခြုံရေးအရ စိတ်ချရသည့်အပြင် ကြိုတင်စမ်းသပ်မှုများအဖြစ် 
Haker များ အပါအဝင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် 
စစ်ဆေးခဲ့ကြောင်း သိရသည်။   “ဒီ Platform က ကမ္ဘာမှာ Mobile Money ကို 
ဦးဆောင်နေတဲ့ ကုမ္ပဏီ ၃ ခုထဲက တစ်ခုကိုသုံးထားတာ။ 
 နည်းပညာကလည်း အမေရိကန် 
ပြင်သစ်နည်းပညာတွေပါ။ Mobile Money ဆိုပေမယ့်လည်း အင်တာနက်စနစ် 
တစ်ခုတည်းကိုပဲ အခြေခံထားတာမဟုတ်ဘူး” Myanmar Mobile Money ဝန်ဆောင်မှု၏ CEO
 ဖြစ်သူ ကိုကျော်ထူးလင်းက ပြောသည်။ 
 မိုဘိုင်းဖုန်းပျောက်ဆုံးခြင်းနှင့် 
ငွေကြေးများ မှားယွင်းပို့မိသည့်အခါလည်း Call Center 1212 သို့ 
ဆက်သွယ်အကြောင်းကြားသည်နှင့် တစ်ပြိုင်နက်ဆုံးရှုံးမှု မရှိအောင် 
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Mobile Money သည် နည်းပညာအရ 
လုံခြုံစိတ်ချရသည်သာမက ငွေကြေးအနေဖြင့်လည်း ဗဟို ဘဏ်၏ လက်အောက်၌ 
လုပ်ကိုင်ဆောင်ရွက်နေသည့်အတွက် စိတ်ချယုံကြည်ရကြောင်း သိရသည်။
   
အဆိုပါစနစ်သည် လုံခြုံစိတ်ချရမှုရှိရန်အတွက် ငွေကြေးများလွှဲပြောင်းသည်ကိုသာ 
ပုံမှန်အားဖြင့် လွှဲပြောင်းနိုင်သော်လည်း ငွေကြေးထုတ်ယူသည့်အခါ  Register 
ပြုလုပ်ပြီးမှသာ Agent များထံ၌ ထုတ်ယူနိုင်မည်ဟုသိရပြီး 
အသုံးပြုသူများ၏အခက်အခဲနှင့် အခြားသော ဝန်ဆောင်မှုများပေးရန်အတွက် 
mpay.myanmarmobilemoney.com ကို Portal အဖြစ် လွှင့်တင်ထားကြောင်း သိရသည်။
   Myanmar Mobile Money ဝန်ဆောင်မှုကို ၃ လကျော် အကြာကတည်းက 
လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကြိုတင်စမ်းသပ်မှုများ 
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ငွေကြေးဆိုင်ရာ 
ပေးချေမှုများနှင့် ငွေကြေးဆိုင်ရာ လွှဲပြောင်းခြင်းများကို ယုံကြည်စွာ 
ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းက ပြောဆိုထားသည်။   
 
 မြင့်ကျော်လှိုင်
Internet Journal
Internet Journal

 
 


 

 
 
No comments:
Post a Comment